အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့ အကြံပေးချက်များ

#POINT #PointYouthPlatform

မင်းရဲ့အောင်မြင်မှုကို တိုးတက်စေမယ့် နည်းလမ်း(၈) ချက်

မင်းကအချိန်ကို ဘယ်လိုမျိုး ပိုင်းခြားထားပါစေ တစ်ရက်မှာ ၂၄ နာရီပဲ ရှိပါတယ်။ အချိန်ဆိုတာ ကန့်သတ်ချက်ရှိတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ အချိန်များများအသုံးပြုနိုင်ဖို့က မင်းရဲ့တာဝန်ပါပဲ။

မင်းကငွေကြေးဆုံးရှုံးသွားခဲ့ရင် ဒါကိုပြန်ရနိုင်မယ့် အခွင့်အရေးတစ်ခု ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်လည်အစားထိုးလို့မရနိုင်ပါဘူး။

နေ့ရက်တွေမှာ အချိန်တွေကို ပေါင်းထည့်ပေးလို့မရနိုင်ပေမယ့် ကျွန်တော်မင်းကို အချိန်စီမံမှုရဲ့အရေးပါပုံကို နားလည်အောင် ကူညီပေးနိုင်ပါတယ်။ အချိန်စီမံမှုဆိုတာက မင်းမှာရှိတဲ့အချိန်တွေကို အများဆုံးအသုံးချနိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကစွန့်ဦးတီထွင်သူတွေအတွက်ပဲ ကျွမ်းကျင်ထားရမယ့်အရာမဟုတ်ပါဘူး။ လူတိုင်းက အချိန်စီမံမှုကနေ ကန့်သတ်ထားတဲ့အရင်းအမြစ်တွေကို ပိုထိထိရောက်ရောက် အသုံးပြုနိုင်မယ့် အကျိုးကျေးဇူးတွေရလာနိုုင်ပါတယ်။

အချိန်စီမံမှုရဲ့အရေးပါပုံ

အချိန်စီမံမှုရဲ့အရေးပါပုံက မင်းရဲ့ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းခွင်ဘဝတွေကို ဘယ်လောက်သက်ရောက်မှုရှိလဲဆိုတဲ့ အပေါ်မှာ ရောက်လာပါတယ်။ အချိန်စီမံမှုဆိုတာ အချိန်တိုင်း အကောင်းဆုံးအသုံးချနိုင်စေရန် မင်းရဲ့နေ့ရက်တွေကို သေချာစီမံတာပဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့အချိန်စီမံမှုက မင်းရဲ့လုပ်ငန်းခွင်နဲ့အိမ်ကဘဝလေးကို ကောင်းမွန်တဲ့ဟန်ချက်တစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ အချိန်စီမံမှုကို ကောင်းကောင်းမလုပ်နိုင်တဲ့အကျိုးဆက်တွေမှာ စိတ်ဖိစီးမှုတွေနဲ့နေထိုင်ရခြင်းတွေရယ် သတ်မှတ်ရက်ကိုလွဲချော်ခြင်းတွေရယ် ပါဝင်ပါတယ်။

အရင်က အချိန်စီမံမှုကို မလုပ်နိုင်ခဲ့ရင်တောင်မှ ပြောင်းလဲဖို့အတွက် ဘယ်တော့မှနောက်မကျသေးပါဘူး။ မင်းရဲ့အချိန်တွေကို ကောင်းကောင်းအသုံးချနိုင်စေဖို့ သတ်မှတ်ရက်တွေ ချမှတ်ထားပါ။ တစ်စုတစည်းထဲလုပ်ပါ။ တာဝန်တွေကို ခွဲဝေပါ။ မင်းလုပ်ရမယ့်စာရင်းတွေမှာ ဦးစားပေးသတ်မှတ်ပါ။

အချိန်စီမံမှုက မင်းအတွက် ဘာကြောင့်အရေးပါသလဲ။

မှန်ကန်တဲ့အချိန်စီမံမှုတွေနဲ့ဆိုရင် မင်းက အချိန်စီမံမှုကောင်းကောင်းကနေရလာမယ့် အကျိုးကျေးဇူးအများကြီးကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ အချိန်ကိုပိုပြီး ဘာကြောင့် ကောင်းကောင်းစီမံသင့်လဲဆိုတဲ့ အကြောင်းအရင်း ၈ ချက်ကို ဖော်ပြပေးလိုက်ပါ။

၁။ အချိန်တိုအတွင်းမှာ အလုပ်များများ ပြီးအောင်လုပ်ပါ။

အချိန်ကိုဘယ်လိုစီမံရမလဲဆိုတာကို မင်းသိတယ်ဆိုတာက အချိန်တိုအတွင်းမှာ အများကြီးပိုလုပ်နိုင်တယ်ဆိုတာကို ဆိုလိုတာပါပဲ။ မင်းကသေချာအာရုံစိုက်နေတဲ့အခါမှာ ဘယ်လောက်ထိအလုပ်ပိုပြီးလဲဆိုတာကို တွေးကြည့်ပါ။

အချိန်တွေကို ပိုင်းခြားပြီး လုပ်ဆောင်ရမယ့်တာဝန်တွေနဲ့ တွဲစပ်ပေးတာလဲ အချိန်တိုအတွင်းမှာ ပိုပြီးနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ အစည်းအဝေးတွေကြား ဆယ်မိနစ်လေးမှာ ခက်ခဲတဲ့အလုပ်တွေကို လုပ်မယ့်အစား ပိုလွယ်ကူတဲ့ တာဝန်တစ်ခုကို လုပ်ဆောင်လိုက်ပါ။ ဒီလိုပိုကြီးမားတဲ့ လုပ်ဆောင်ချက်တွေအတွက်က အာရုံစူးစိုက်မှု လိုအပ်တယ်လေ။

မင်းရဲ့အချိန်ကို ပိုကောင်းကောင်းအသုံးပြုပြီး မင်းရဲ့နေ့ရက်တွေမှာ အချိန်ပိုတစ်နာရီထွက်လာမယ်ဆိုရင် မင်းကနှစ်တိုင်း အလုပ်မှာ နာရီပေါင်း၂၅၀ အချိန်ပိုထွက်လာနိုင်ပါတယ်။

၂။ လုပ်ငန်းခွင်မှာ အလုပ်ပြီးစီးအောင်လုပ်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ဖြတ်သန်းလိုက်ပါ။

အလုပ်တွေ အရမ်းရှုတ်ပြီး ဘာအလုပ်မှ မပြီးတဲ့ နေ့လောက် စိတ်တိုစရာကောင်းတာ မရှိတော့ပါဘူး။ အလုပ်ပြီးမြောက်တဲ့ခံစားချက်က အလုပ်မှာ စိတ်ဓာတ်တက်ကြွမှုကို ပေးနိုင်ပါတယ်။ အိမ်မှာလဲ ဒါက အေးအေးဆေးဆေးနားနိုင်ပြီး အချိန်တွေကို ကုန်ဆုံးနိုင်ပါတယ်။

၃။ မပြတ်သားမှုတွေကို အဆုံးသတ်ပါ။

မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့တာလားဆိုတဲ့ စိုးရိမ်မှုတွေကလဲ အချိန်ကုန်ဆုံးစေပါတယ်။ ဆုံးဖြတ်ချက်ကြီးတွေက အချိန်တွေအများကြီးယူရပါတယ်။ ဒါပေမယ့် နေ့တိုင်းလုပ်နေရတဲ့ ဆုံးဖြတ်ချက်သေးသေးလေးတွေက မင်းရဲ့အချိန်ကို အများကြီးကုန်ဆုံးသွားစေနိုင်ပါတယ်။ မင်းရဲ့လုပ်ရမယ့်စာရင်းမှာ နောက်ထပ်ဘာလုပ်ရမလဲဆုံးဖြတ်တာက အချိန်တွေအများကြီးကုန်ဆုံးစေနိုင်ပါတယ်။

မင်းကဘာလုပ်ရမလဲဆိုတာကို စာရင်းကိုစိုက်ကြည့်နေမယ့်အစား အစီအစဉ်တွေကို ပုံမှန်လုပ်ဆောင်တတ်ဖို့ ဖန်တီးထားပါ။ ဒီလိုလုပ်မယ်ဆိုရင် နောက်ထပ်ဘာလုပ်ရမလဲဆိုတာကို ကိုယ့်ကိုယ်ကိုပြန်မေးရင်းနဲ့ မင်းရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ မကုန်ဆုံးနိုင်တော့ပါဘူး။

၄။ ပန်းတိုင်တွေဆီ မြန်မြန်လျှောက်လှမ်းပါ။

လူအများစုက လျှောက်လှမ်းစရာ ပန်းတိုင်ကြီးတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် အချိန်စီမံမှုရဲ့အရေးပါပုံကို နားမလည်ထားပဲ ဒီပန်းတိုင်တွေက ဒီအတိုင်းအလှပြဖို့ပဲ ဖြစ်နေမှာပါပဲ။

ဥပမာဆိုရင် မင်းရဲ့ပန်းတိုင်တစ်ခုက ပိုကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံတစ်ခုကို ဦးဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မင်းမှာ အားကစားခန်းမကိုသွားဖို့ အချိန်တွေဖဲ့မပေးနိုင်ဖြစ်နေပါတယ်။ တကယ်တော့ မင်းလိုအပ်နေတဲ့ အချိန်တွေဆိုတာ ရှိနေပြီးသားပါ။ မင်းကဒါကို ရှာဖွေဖို့ပဲ လိုအပ်နေတာပါ။ မင်းရဲ့ကျန်းမာရေးကို ပိုကောင်းမွန်လာစေမယ့် အချိန်ကို ရှာဖွေလိုက်မယ်ဆိုရင် မင်းက လိုအပ်တဲ့ပြောင်းလဲမှုတွေကို မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်ပါတယ်။

၅။ ယုံကြည်မှုတွေ တိုးအောင်လုပ်ပါ။

အချိန်စီမံမှုက မင်းရဲ့ယုံကြည်မှုကိုလဲ ပိုတိုးတက်လာစေပါတယ်။ မင်းမှာ ဒီလိုလုပ်ဖို့ အချိန်ရှိမယ်ဆိုရင် မင်းကိုယ်မင်းပိုပြီးတော့ ကောင်းကောင်းဂရုစိုက်လာနိုင်ပါပြီ။ မင်းကအလုပ်ထဲမှာ ခြေမချခင်မှာတောင်မှ မင်းကယုံကြည်မှု ကောင်းကောင်းရနေသလို ခံစားရမှာပါ။

ဒါ့အပြင် တာဝန်ပြီးမြောက်မှုကနေ မင်းကပုံမှန်ယုံကြည်မှုတွေကို ရလာမှာပါ။ သတ်မှတ်ရက်မှာ အချိန်ကိုက်ပြီးဆုံးအောင် လုပ်နိုင်တာနဲ့ မျှော်လင့်ချက်တွေကို ကျော်လွန်သွားစေတာက ကြီးမားတဲ့ စိတ်ခွန်အား နှိုးဆော်ပေးသူတစ်ယောက်ပါပဲ။ ပြောင်းပြန်ပြောရမယ်ဆိုရင် သတ်မှတ်ရက်တွေမှာ မပြီးဆုံးတာတွေနဲ့ မျှော်လင့်ချက်ကို အောင်မြင်စေဖို့ ရုန်းကန်နေရတာတွေက ပင်ပန်းစေမှာပါပဲ။

၆။ ပန်းတိုင်ကိုရောက်ဖို့ အားအင်တွေကို ပိုရရှိအောင်လုပ်ပါ။

အမြဲတမ်းစိတ်ဖိစီးမှုရပြီး ပင်ပန်းနေမယ်ဆိုရင် ဆိုးရွားနေမှာပါ။ ဒါကမင်းကို စိန်ခေါ်မှုအသစ်တွေကို လုပ်ဆောင်ဖို့လဲ ခက်ခဲနေစေမှာပါ။ မင်းရဲ့အလုပ်လုပ်တဲ့နှုန်းထားက မင်းရဲ့အလုပ်ကို ပိုတိုးတက်လာစေဖို့ ကျွမ်းကျင်မှုအသစ်တွေ တည်ဆောက်ရမယ့် အချိန်တွေကို မင်းကိုပေးပါတယ်။

ဒါကအလုပ်ကိုပဲ သက်ရောက်တာ မဟုတ်ပါဘူး။ မင်းကအားအင်ပြည့်ဝနေတဲ့အခါမှာ ဘဝကြီးက ဘယ်လောက်ထိအောင် စိတ်လှုပ်ရှားစရာကောင်းနေမလဲဆိုတာကို တွေးကြည့်လိုက်ပါ။ ထိုင်ခုံပေါ်မှာ ထိုင်နေမယ့်အစား စွန့်စားမှုတွေနဲ့ ခရီးတစ်ခုခုကိုသွားလိုက်ပါ။ ဒါမှမဟုတ် ဝါသနာပါတဲ့အရာတစ်ခုခုကို အားအင်အပြည့်နဲ့ လုပ်ဆောင်လိုက်ပါ။

၇။ မင်းသဘောကျတဲ့အရာတွေကို လုပ်ဖို့ ပိုအချိန်ယူပါ။

မင်းက အိပ်ဖို့ စားဖို့ အလုပ်လုပ်ဖို့ သွားလာဖို့နဲ့ မင်းရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အချိန်တွေကို ထည့်သွင်းစဉ်းစားပြီးတော့ တစ်ရက်ကို လေးနာရီလောက် မင်းသဘောကျတဲ့အရာကို စိတ်နှစ်ပြီးတော့ လုပ်ဆောင်လိုက်ပါ။

အချိန်ကို ဘယ်လိုစီမံရမလဲဆိုတာကို သင်ယူခြင်းဖြင့် မင်းက ကိုယ်ကိုယ့်ကိုတိုးတက်လာစေဖို့ လုပ်ဆောင်ရာမှာ အခွင့်အရေးတွေ ပိုရလာနိုင်ပါတယ်။ ပြီးတော့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဆီမှာ သွားရောက်လည်ပတ်ဖို့ အချိန်တွေ ပိုရလာပါလိမ့်မယ်။ ဒီအချိန်လေးက အဖိုးဖြတ်လို့မရနိုင်ပါဘူး။

၈။ စိတ်ဖိစီးမှုတွေကို လျော့ချပြီး လွန်ကဲနေတဲ့ ခံစားချက်တွေကို ရှောင်ရှားပါ။

မင်းရဲ့တစ်နေ့တာမှာ လုပ်ငန်းအတွက် နမူနာပုံစံတစ်ခုကို ဖန်တီးရဖို့ရယ် မင်းရဲ့ကလေးကိုလေ့ကျင့်ရေးကွင်းကို ခေါ်သွားပေးဖို့ရယ် အလုပ်မှာဆွေးနွေးမှုတွေကို ဦးဆောင်ဖို့ရယ် နဲ့ ဈေးဝယ်ထွက်ဖို့ရယ်တို့ တာဝန်တွေရှိတယ်ဆိုပါစို့။ မင်းရဲ့လုပ်ရမယ့်စာရင်းတွေအားလုံးက တန်းတူညီတူအရေးပါတဲ့အခါမှာ မင်းကစိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။

အချိန်စီမံမှုက မင်းလုပ်ရမယ့်အရာကို ကြည့်ပြီး အမျိုးအစားခွဲခြားကာ မင်းဆီကနေမျှော်လင့်ထားတဲ့အရာအားလုံးကို ဦးစားပေးလုပ်နိုင်စေပါတယ်။ မင်းက အလုပ်နဲ့သက်ဆိုင်တဲ့တာဝန်တွေနဲ့ ကိုယ်ရေးကိုယ်တာတာဝန်တွေကြားမှာ ထင်ရှားတဲ့အချက်ကို အသာလေးတွေ့မြင်လာနိုင်ပါတယ်။ မင်းကပိုထိရောက်လာနိုုင်စေဖို့ တစ်ချို့တာဝန်တွေကို ဘယ်လိုမျိုးခွဲခြားထားရမလဲဆိုတာကို သိလာနိုင်ပါလိမ့်မယ်။

ရလဒ်တွေက ပိုစိတ်တည်ငြိမ်လာစေပြီး တာဝန်တွေကို ပိုပြီးမြောက်လာစေပါတယ်။

မင်းရဲ့အချိန်ကိုစတင်စီမံခြင်း

အချိန်ဆိုတာ ကျွန်တော်တို့အတွက် အကန့်အသတ်မရှိတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အချိန်ကို ကောင်းကောင်းစီမံမယ်ဆိုရင် လူတိုင်းက သူတို့ကိုပေးထားတဲ့ အချိန်တွေကို များများအသုံးချနိုင်မှာပါ။ မင်းရဲ့အချိန်ကို မစီမံနိုင်ဘူးဆိုရင် အချိန်တွေအများကြီးအလဟသဆုံးရှုံးသွားတော့မှာပါ။ ဒီအချိန်တွေကို မင်းကဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။ အောင်မြင်မှုဆိုတာ ဖြစ်နိုင်ချေရှိတဲ့ကမ္ဘာတစ်ခုကို ဖွင့်လှစ်ပေးလိုက်တာပါပဲ။

အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်းအားဖြင့် မင်းက အလုပ်မှာ ယုံကြည်မှုပိုရှိလာပြီး ပိုထိထိရောက်ရောက် လုပ်နိုင်ဖို့ မျှော်လင့်ထားနိုင်ပါတယ်။ မင်းကအလုပ်မှာ အကောင်းဆုံးလုပ်နိုင်တဲ့အခါမှာ ခိုင်မာတဲ့ရည်ရွယ်ချက်တစ်ခုကို ခံစားလာရပါတယ်။

မင်းမိသားစုနဲ့အတူ ကုန်ဆုံးဖို့ အချိန်တွေပိုရလာမယ်။ မင်းရဲ့ကျန်းမာရေးကို ပိုဂရုစိုက်လာနိုင်ပါတယ်။ အားလုံးခြုံပြီးပြောရရင် မင်းရဲ့ဘဝကြီးကို သိသိသာသာ ပိုတိုးတက်လာစေပါတယ်။

အချိန်ကိုထိထိရောက်ရောက်စီမံမယ်ဆိုရင် မင်းကို အားအင်တွေပြည့်ဝလာစေမှာပါ။ ဒါက ဘဝမှာ ပျော်ရွှင်စွာ နေထိုင်လာနိုင်ပြီး မင်းရဲ့တစ်နေ့တာမှာ တွေ့ခဲ့တဲ့ စိတ်လှုပ်ရှားစရာအသစ်အဆန်းတွေကို လုပ်ဆောင်ကြည့်လာနိုင်မှာပါ။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *