အခင်ဆုံးသူငယ်ချင်းနဲ့ ဒိတ်လုပ်သင့်တဲ့အကြောင်းရင်း (၇)ချက်

#Point #PointYouthPlatform

ချိန်းတွေ့တယ်ဆိုတာ ပျော်ဖို့ကောင်းပေမယ့် စိတ်ပင်ပန်းရပါတယ်။ သင့်အနားမှာနေပေးပြီး ရေရည်လက်တွဲနိုင်ဖို့ရာ ယုံကြည်ရမယ့်သူကို သင်တွေ့ချင်မှာပါ။ နေရခက်စေတဲ့ထွေရာလေးပါးစကားတွေ၊ သင့်တင့်လျောက်ပတ်အောင်ဟန်ဆောင်နေရတာတွေက ပထမဆုံးဒိတ်မှာ ဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။ သင်အခင်ဆုံးသူငယ်ချင်းနဲ့ ဘာကြောင့်ဒိတ်လုပ်ရတာလဲ။ သူကသင်နဲ့ရင်းနှီးပြီးသားဖြစ်သလို အကောင်းဆုံး၊ အဆိုးဆုံးဆိုတာတွေကို သူမြင်ဖူးပါတယ်။

(၁) ထိတ်လန့်စရာအကြောင်းတွေကို ပေါ့ပေါ့ပါးပါးပြောနိုင်ပါတယ်။

သူတို့ဟာသင်ကိုအခုရောအရင်ကရောရင်းနှီးပြီးသားပါ။စိတ်ရင်းအမှန်ကို သူတို့ကသိတယ်ဆိုရင် ထိတ်လန့်စရာတွေ၊ အရင်ရည်းစားအကြောင်းတွေ ပြောဆိုတဲ့အခါတွေမှာ အနေရခက်မနေတော့ပါဘူး။ သင်ဟာ တစ်ယောက်နဲ့တစ်ယောက်သိပြီးသားလို့ သင်နှစ်သက်တဲ့ပန်းတွေ၊ သကြားလုံးတွေ၊ ရုပ်ရှင်ကားတွေကို တွေကို သိပြီးသားဖြစ်ပါတယ်။

(၂) အချင်းချင်းကြားမှာ စိတ်ဖိစီးမှုမရှိနိုင်ပါဘူး

အချင်းချင်းကြားထဲမှာ သင်စိတ်နဲ့သင်နေလို့ရပါတယ်။ မိတ်ကပ်မရှိလည်း စိတ်ဖိစီးမှုတွေမရှိနိုင်သလို သူတို့ရှေ့မှာ ပထမဆုံးအကြိမ်ချွေးထွက်တာမျိုးတွေလဲ မရှိပါဘူး။ သူတို့ဟာ အထက်တန်းကျောင်းတုန်းက သင့်ကို အိမ်နေရင်းဝတ်စုံနဲ့ မြင်းပြီးသားပါ။

(၃) သင်လိုအပ်တဲ့အချိန်မှာသူတို့ကူညီပေးနိုင်ချေပိုများပါတယ်။

သင့်အဆိုးဝါးဆုံးအချိန်တွေမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးဆိုတာ သူသိပြီးသားပါ။ သင်အမုန်းဆုံးလုပ်ဖော်ကိုင်ဖက် အကြောငး်ကို သင့်စိတ်ထွက်ပေါက်အနေနဲ့ ပြောတာ သူတို့ကြားပြီးသားပါ။ သင်နေမကောင်းတဲ့အခါ အရက်တွေ အများကြီး သောက်တဲ့အခါ သင့်အတွက် သူက ဂရုစိုက်ပေးဖို့ အသင့်ပါပဲ။

(၄) မိဘတွေနဲ့ ရင်းနှီးပြီးသားသူတွေဖြစ်ပါတယ်။

သင့်မိဘတွေနဲ့ဆုံဖူးချင်ဆုံဖူးပါလိမ့်မယ်။ သင့်မိဘတွေဆီကိုသူစိမ်းအသစ်တစ်ယောက်မိတ်ဆက်ပေးတဲ့အခါ စိတ်ဖိစီးရဆုံးပါပဲ။ သင်တို့နှစ်ယောက်ကို ချစ်ခင်နှစ်သက်စွာပေါင်းဖက်နိုင်ဖို့ လိုလိုလားလားရှိတာကို သင်ဖြစ်စေချင်မှာပါ။ သူကအခင်ဆုံးသူငယ်ချင်းဆိုရင် စိတ်ပူစရာမလိုသလို သူတိိုိ့ကိုကြိုက်နှစ်သက်ပြီးသားပါ။

(၅) တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ အထူးကြိုးစားစရာမလိုပါဘူး

ပထမဆုံးချိန်းတွေ့တဲ့နေ့မှာပဲ တစ်ယောက်အကြောင်း တစ်ယောက်သိရဖို့ မေးခွန်းမြောက်များစွာမေးတဲ့အခါ အနေရခက်နေဖို့မလိုသလို တစ်ယောက်ဘဝရဲ့ တစိတ်တဒေသအဖြစ် တခြားတစ်ယောက်ရဲ့ ပင်ကိုစရိုက် လက်ခံနိုင်ကြပါတယ်။

(၆) အချင်းချင်းယုံကြည်မှုရှိပြီးသားသူတွေပါ။

သင်တို့အချင်းချင်းယုံကြည်မှု၊ သစ္စာရှိမှုတွေ ရရှိပြီးသားပါ။ တခဏလေးသူငယ်ချင်းဆိုပေမဲ့ ဘဝကိုအတူတူ ဖြတ်သန်းရမှာပါ။ ခက်ခဲတာဖြစ်ဖြစ် လွယ်ကူတာဖြစ်ဖြစ် သင်ဟာ တခြားတစ်ယောက်အတွက် ဆက်လက် တည်ရှိနေဦးမှာပါပဲ။

(၇) သူငယ်ချင်းတွေနဲ့လည်းအထူးမိတ်ဆက်ပေးဖို့မလိုပါဘူး။

မိဘတွေလိုပဲ သင်ဟာ သင့်သူငယ်ချင်းတွေ ချီးကျူးတာကို သင်ဖြစ်နိုင်သမျှလိ်ုချင်မှာပါ။ သူတို့က သူ့ကို ဆုံဖူးတယ်ဆိုရင် ချီးကျူးခံရဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ သင့်သူငယ်ချင်းအုပ်စုထဲက သူတစ်ယောက်ဆိုရင် သူငယ်ချင်းတွေက ထောက်ပံတာကို စိတ်ပူစရာမလိုသလို သူက လူကောင်းတစ်ယောက် ဆိုတာကိုလည်း သက်သေပြဖို့မလိုပါဘူး။

Writer & Translator : Shwe Yi

Current

Leave a Reply

Your email address will not be published. Required fields are marked *