သူငယ်ချင်းတွေရှိနေပေမယ့် အထီးကျန်တယ်လို့ ခံစားရတဲ့ အကြောင်းအရင်း (၄) ခု

#POINTYouthMagazine #POINT

သူငယ်ချင်းတွေရှိပေမယ့်လည်း တစ်ယောက်ထဲ အထီးကျန်နေတယ် လို့ခံစားနေရပါသလား။ ဒါမျိုးက တစ်ခါတစ်ရံ ဖြစ်တတ်တဲ့ ခံစားချက်ပါ။ ဘာဖြစ်လို့ ဒီလိုခံစားရတယ်ဆိုတဲ့ အကြောင်းအရင်းလေးခုကို ဖော်ပြလိုက်ပါတယ်။

၁။ သူငယ်ချင်းတွေနဲ့ အတူတူ သွားလာပြီး ပျော်ရွှင် ရယ်မောတတ် ကြပေမယ့်လည်း တစ်ခါတစ်လေ ကိစ္စတစ်ခုခုမှာ ကိုယ့်ခံစားချက်နဲ့ ထပ်တူမကျဘူးလို့ထင်ပြီး သဘောထားမတိုက်ဆိုင်ဘူးလို့ ယူဆမိချိန်မှာ အထီးကျန်သလို ခံစားရပါတယ်။ ဒါကို သတိပြုပါ။

၂။ တစ်ယောက်ထဲ သီးသန့်နေတတ်တဲ့ သဘောသဘာဝရှိသူဟာ အပေါင်းအသင်းကို မခင်တွယ်တတ်ပါ ဘူး။ ဒါက သူ့အကျင့်ဖြစ်နေ လို့ပါ။ ဒါပေမယ့် အနေကြာလာတာနဲ့အမျှ မသိစိတ်က ကိုယ့်ကို အဆက်အဆံ လုပ်မယ့်သူမရှိဘူးလို့ ခံယူလာလို့ အထီးကျန်စိတ် ဖြစ်မှန်မသိ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ အဲဒီသဘာဝ ရှိတာကိုသိရင် သတိပြုပြင်ဆင်ပေးပါ။

၃။ ကိုယ့်အကြောင်းကို ဖုံးကွယ်တတ်တာ လူ့သဘာဝပါ။ ဒါကြောင့် သူများကို မပြောဘဲ နေတာကြာလာရင် အထီးကျန်လာမှာပါ။ ဒါကြောင့် ယုံကြည်ရလောက်တယ်လို့ ယူဆမိတဲ့ သူငယ်ချင်းတစ်ယောက်လောက် ကို ကိုယ့်အခက်အခဲတွေ ပြောပြတိုင်ပင်သင့်ပါတယ်။ ဒါမှလည်း သူငယ်ချင်းက နားလည်လာပြီး အကြံဉာဏ်ကောင်းလေးတွေပေးလာ မှာပါ။ ဒါဆိုရင် အထီးကျန်မှုကို မခံစားရတော့ပါဘူး။

၄။ တစ်ယောက်ထဲ Facebook၊ Instragram အစရှိတဲ့ လူမှုကွန် ယက်တွေကို နေ့ရှိသ၍ စွဲစွဲမြဲမြဲသုံးနေရင် အပေါင်းအသင်းမရှိတော့ဘဲ တစ်ယောက်ထဲဖြစ်လာမှာ သေချာပါတယ်။ ပိုဆိုးတာက ဒီလူမှုကွန် ယက်တွေမှာ တွေ့တဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်းနှိုင်းယှဉ် ကြည့်တတ်ပြီး စိတ်တိုင်းမကျဖြစ်လာတတ်သလို ပြောဆို တိုင်ပင်ရမယ့်သူလည်း မရှိတာကြောင့် အထီးကျန်တဲ့ခံစားချက်ကို ခံစားရမှန်းမသိ ခံစားလာရမှာပါ။ ဒါကြောင့် လူမှုကွန်ယက်ကို အကန့်အသတ်နဲ့ သုံးပေးပါ။ အကောင်းဆုံးက ကိုယ့်သူငယ်ချင်းတွေနဲ့ ပြောဆိုဆွေးနွေး ငြင်းခုံတာတွေ လုပ်ပေးပါ။ ပျော်စရာကောင်းပါတယ်။

Writer & Translator : Cherry

*** Unicode ***

#POINTYouthMagazine #POINT

သူငယ်ချင်းတွေရှိပေမယ့်လည်း တစ်ယောက်ထဲ အထီးကျန်နေတယ် လို့ခံစားနေရပါသလား။ ဒါမျိုးက တစ်ခါတစ်ရံ ဖြစ်တတ်တဲ့ ခံစားချက်ပါ။ ဘာဖြစ်လို့ ဒီလိုခံစားရတယ်ဆိုတဲ့ အကြောင်းအရင်းလေးခုကို ဖော်ပြလိုက်ပါတယ်။…

၁။ သူငယ်ချင်းတွေနဲ့ အတူတူ သွားလာပြီး ပျော်ရွှင် ရယ်မောတတ် ကြပေမယ့်လည်း တစ်ခါတစ်လေ ကိစ္စတစ်ခုခုမှာ ကိုယ့်ခံစားချက်နဲ့ ထပ်တူမကျဘူးလို့ထင်ပြီး သဘောထားမတိုက်ဆိုင်ဘူးလို့ ယူဆမိချိန်မှာ အထီးကျန်သလို ခံစားရပါတယ်။ ဒါကို သတိပြုပါ။…

၂။ တစ်ယောက်ထဲ သီးသန့်နေတတ်တဲ့ သဘောသဘာဝရှိသူဟာ အပေါင်းအသင်းကို မခင်တွယ်တတ်ပါ ဘူး။ ဒါက သူ့အကျင့်ဖြစ်နေ လို့ပါ။ ဒါပေမယ့် အနေကြာလာတာနဲ့အမျှ မသိစိတ်က ကိုယ့်ကို အဆက်အဆံ လုပ်မယ့်သူမရှိဘူးလို့ ခံယူလာလို့ အထီးကျန်စိတ် ဖြစ်မှန်မသိ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ အဲဒီသဘာဝ ရှိတာကိုသိရင် သတိပြုပြင်ဆင်ပေးပါ။…

၃။ ကိုယ့်အကြောင်းကို ဖုံးကွယ်တတ်တာ လူ့သဘာဝပါ။ ဒါကြောင့် သူများကို မပြောဘဲ နေတာကြာလာရင် အထီးကျန်လာမှာပါ။ ဒါကြောင့် ယုံကြည်ရလောက်တယ်လို့ ယူဆမိတဲ့ သူငယ်ချင်းတစ်ယောက်လောက် ကို ကိုယ့်အခက်အခဲတွေ ပြောပြတိုင်ပင်သင့်ပါတယ်။ ဒါမှလည်း သူငယ်ချင်းက နားလည်လာပြီး အကြံဉာဏ်ကောင်းလေးတွေပေးလာ မှာပါ။ ဒါဆိုရင် အထီးကျန်မှုကို မခံစားရတော့ပါဘူး။…

၄။ တစ်ယောက်ထဲ Facebook၊ Instragram အစရှိတဲ့ လူမှုကွန် ယက်တွေကို နေ့ရှိသ၍ စွဲစွဲမြဲမြဲသုံးနေရင် အပေါင်းအသင်းမရှိတော့ဘဲ တစ်ယောက်ထဲဖြစ်လာမှာ သေချာပါတယ်။ ပိုဆိုးတာက ဒီလူမှုကွန် ယက်တွေမှာ တွေ့တဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်းနှိုင်းယှဉ် ကြည့်တတ်ပြီး စိတ်တိုင်းမကျဖြစ်လာတတ်သလို ပြောဆို တိုင်ပင်ရမယ့်သူလည်း မရှိတာကြောင့် အထီးကျန်တဲ့ခံစားချက်ကို ခံစားရမှန်းမသိ ခံစားလာရမှာပါ။

ဒါကြောင့် လူမှုကွန်ယက်ကို အကန့်အသတ်နဲ့ သုံးပေးပါ။ အကောင်းဆုံးက ကိုယ့်သူငယ်ချင်းတွေနဲ့ ပြောဆိုဆွေးနွေး ငြင်းခုံတာတွေ လုပ်ပေးပါ။ ပျော်စရာကောင်းပါတယ်။

Writer & Translator : Cherry

Current

Leave a Reply

Your email address will not be published. Required fields are marked *