သန်းကြွယ်သူဌေးဖြစ်ချင်ရင် ဒီအကျင့်ဆိုး(၄)ခုကို ဖျောက်လိုက်ပါ။

#POINT #PointYouthPlatform

အောင်မြင်မှုဆိုတာ အတွေးအခေါ်အလေ့အထတွေနဲ့ သက်ဆိုင်ပါတယ်။ အောင်မြင်ဖို့သင်ချမှတ်ထားတဲ့ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေရောက်ရှိဖို့ ဇွဲရှိရှိနဲ့လုပ်ဆောင်ရပါမယ်။ ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်ဖို့ သင့်ဘဝမှာဖျောက်ဖျက်သင့်တဲ့ အလေအကျင့်တွေရှိပါတယ်။ ဒါမှသာ အခွင့်အရေးပေးတဲ့အခါ ဆုပ်ကိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။
သင့်ဘဝထဲကနေ လုံးဝဖယ်ဖျောက်သင့်တဲ့ အလေ့အကျင့်(၄)ခုကိုအောက်ပါအတိုင်း စာရင်းပြုစုထားပါတယ်။ sဒီအကျင့်(၄)ခုကိုဖျောက်ဖျက်ပစ်မယ်ဆိုရင် စီးပွားရေးနယ်ပယ်မှာအောင်မြင်ရုံသာမက မိသားစု သူငယ်ချင်းတွေနဲ့လည်း အချိန်ပိုပေးနိုင်မှာဖြစ်ပြီး ရေရှည်မှာ သင့်ကိုပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

၁။ ရည်မှန်းထားတာထက် ပိုဖြစ်မြောက်အောင်ကြိုးစားပါ။

 

ဘဝမှာအရာရာတိုင်းဟာ ကြိုးစားဖို့ထိုက်တန်ပါတယ်။ အောင်မြင်မှုအနည်းငယ်သာရရှိလို့ သင့်ရည်မှန်းချက် အရှုံးပေးလိုက်စရာမလိုပါဘူး။ ရည်မှန်းချက်တွေမရောက်မချင်း ဆက်လက်ကြိုးစားပါ။ဒီလိုအလုပ်စိတ်ဓာတ်ရှိမယ်ဆိုရင် သင်ကလွဲလို့ သင့်ကို ရပ်တန့်နိုင်မယ့်သူ မရှိတော့ပါဘူး။ ကျွန်တော်ကတော့ အမြဲတမ်းတတ်စွမ်းလောက်တဲ့ စံချိန်တွေကိုပဲချမှတ်ပါတယ်။ရည်မှန်းချက်ကြီးတာ ကောင်းပါတယ်။ ခဏခဏကျရှုံးနေမယ်ဆိုရင်တော့ စိတ်ဓာတ်ကျပြီး အလုပ်လုပ်ချင်စိတ်ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

၂။ အလုပ်အများကြီး မလုပ်ပါနဲ့၊ တစ်ခုခုကိုအာရုံစိုက်ပါ။

လေ့လာတွေ့ရှိချက်အရ ၉၈%သောလူတွေက အလုပ်အများကြီးကို တစ်ပြိုင်တည်းမလုပ်ဆောင်နိုင်ကြပါဘူး။ မိမိကိုယ်ကို အလုပ်အများကြီးလုပ်ဆောင်နိုင်တယ်လို့ ထင်တဲ့လူတွေက အဆိုးဆုံးပဲဖြစ်ပါတယ်။ အလုပ်အများကြီးကို တစ်ပြိုင်နက်လုပ်ဆောင်သူတွေမှာ အလုပ်တစ်ခုကတစ်ခု ပြောင်းလဲလုပ်ဆောင်တဲ့အခါ ကျိုးကြောင်းမဆီလျော်တဲ့ သတင်းအချက်အလက်တွေ အတွေးအခေါ်တွေ ပေါ်ပေါက်လာတတ်တယ်လို့ Stanford သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
သင့်အလုပ်တွေ ဖြစ်ဖြစ်မြောက်မြောက်ပြီးချင်တယ်ဆိုရင်တော့ သင့်ရဲ့computerမှာရှိတဲ့ tabတွေအကုန်ပိတ်ပြီး သုံးနေတဲ့tabတစ်ခုသာ ဖွင့်ထားပါ။ notification တွေပိတ်ထားပြီး လုပ်နေတဲ့အလုပ်ကို ၁၀ဝရာခိုင်နှုန်းအာရုံစိုက်ထားပါ။ သင်အလုပ်တွေအများကြီးပြီးတာကို တွေ့ရပါလိမ့်မယ်။

၃။အလုပ်လုပ်နေတုန်း social mediaတွေ စစ်ဆေးတာကို ရှောင်ကြည်ပါ။

Social Media စင်္ကြဟာ Link ပေါင်းများစွာ သတင်းပေါင်းများစွာနဲ့ သင့်ကိုရုန်းမထွက်နိုင်အောင် ပြုလုပ်ထားတဲ့ ဝင်္ကပါကြီးတစ်ခုသာ ဖြစ်ပါတယ်။ အားလပ်ချိန်မှာ facebookတွေ instagramတွေ စစ်ဆေးနေမယ့်အစား နောက်ဆုံးပေါ်သတင်းတွေ ရှာပြီးဖတ်ပါ။ အခြားသူတွေနဲ့ စကားပြောတဲ့အခါ အဓိပ္ပာယ်ရှိတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ဝေငှနိုင်မှာဖြစ်ပါတယ်။

၄။ သင့်ကိုယ်သင် ဘယ်သူနဲ့မှ မနှိုုင်းယှဉ်ပါနဲ့။

ဒါဟာ အတောမသတ်နိုင်တဲ့အရာပါပဲ။ သင့်ထက် ပိုပြီးထူးချွန်တဲ့သူ၊ ချမ်းသာတဲ့သူ၊ အောင်မြင်တဲ့သူ၊ ရုပ်ရည်ချောမောတဲ့သူဆိုတာ ရှိမြဲရှိနေမှာပါပဲ။ ဒီလိုလျှောက်နှိုင်းယှဉ်နေခြင်းဟာ စိတ်အာရုံထွေပြားစေပါတယ်။ သင့်ကိုယ်သင်အပေါ်ပဲ အာရုံစိုက်ပါ။ အရေးကြီးဆုံးကတော့ လွယ်ကူတဲ့ ရည်မှန်းချက်ပန်းတိုင်ငယ်လေးတွေကို အလေးထားပြီး အောင်မြင်အောင်ပြုလုပ်ပါ။ အောင်မြင်မှုဆိုတာ မလွဲမသွေရရှိမှာဖြစ်ပါတယ်။

Translator : Su Myat

Current

Leave a Reply

Your email address will not be published. Required fields are marked *