သကြားစားသုံးခြင်းကို ဘယ်လိုရပ်တန့်ရမလဲ

#Point #PointYouthPlatform

သင့်အတွက်သကြားများများစားခြင်းကကောင်းသလား။ ဒါမှမဟုတ် သကြားကို ရှောင်ကြည်ခြင်းက ကောင်းသလား။
သကြားလုံးဝမစားသုံးခြင်းထက် သကြားနည်းနည်းစားခြင်းက အစာစားမြိန်စေပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရ လူအများစုက သကြားစားခြင်းကို ရပ်တန့်လိုက်ခြင်းက ပိုမိုကောင်းမွန်ပါတယ်လို့ ထွက်ဆိုထားပါတယ်။

အရင်ဆုံးမေးသင့်တဲ့ မေးခွန်းကတော့ ဘာကြောင့် သကြားဟာ အရေးပါသလဲဆိုတာပဲ ဖြစ်ပါတယ်။ သင်သကြားစားသုံးခြင်းကိုလျော့ချပြီး ကောင်းမွန်တဲ့အစားအစာတွေကို ဘယ်လိုရွေးချယ်စားသုံးမလဲ။

အချိုတွေအများကြီးမစားဘဲနဲ့ သင့်ဘဝကို ဘယ်လိုချိုသာအောင်ထိန်းသိမ်းမလဲ။

ယနေ့ခေတ်အစားအစာတွေထဲမှာ သကြားက နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေပါတယ်။ သူတို့က အသားညုပ်ပေါင်မုန့်၊ ကြက်စွပ်ပြုတ်၊ ဆားရည်စိမ်ထားသောဟင်းသီးဟင်းရွက်တွေ၊ အသုပ်တွေ၊ မုန့်ကြွပ်တွေ၊ ဒိန်ချဉ်၊ Cereal တွေ၊Soda သောက်စရာတွေ နဲ့ အချိုပွဲတွေမှာလည်း ပါဝင်ပါတယ်။

ချိုစေသောအရာများထည့်ထားသောအစားတွေကို အလွန်အကျွံစားသုံးဖို့ လွယ်ကူပါသည်။ သူတို့က အရသာရှိပြီး ကယ်လိုရီအမြင့်ဆုံးဖြစ်ပေမယ့် ဗိုက်မပြည့်တဲ့ အစားအစာတွေဖြစ်ပြီး အစာတွေပိုမိုစားချင်လာအောင်လှည့်စားနိုင်ပါတယ်။

ကျွန်တော်တို့တွေကို ကျွန်တော်တို့ရဲ့မီးဖိုချောင်တွေ၊ စားသောက်ဆိုင်တွေ၊ ကျောင်းတွေနဲ့ ရုံးခန်းတွေမှာ အချိုများတဲ့ အစားအသောက်တွေက ဝန်းရံနေပါတယ်။ အချိုတွေ စားသုံးခြင်းထက် တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ လတ်ဆက်တဲ့ အသီးအနှံတွေနဲ့ တည်ခင်းသင့်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်က အလွန်အမင်းဝတဲ့ရောဂါက သကြားကြောင့်ဖြစ်ရပါတယ်လို့ ပညာရှင်တွေက ပြောတဲ့အခါ သကြားစက်ရုံတွေက ဦးဆောင်ပြီးတော့ သကြားကြောင့်မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။

အဝလွန်ခြင်းဟာအဆီကြောင့်ဖြစ်တယ်လို့ထင်ကြပါတယ်။ အမေရိကန်နိုင်ငံက ဝိတ်ချဖို့ ကြိုးစားနေသူတွေတောင်မှ သကြားစားသုံးခြင်းကိုမြှင့်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သုသေသနပြုချက်အရ ကာဗွန်ဟိုက်ဒရိတ် Carbonhydrate ကိုပုံမှန်ထက်အလွန်အကျွံစားသုံးခြင်းနဲ့ သကြားကိုပုံမှန်စားသုံးခြင်းက ယခုခေတ်အစားအစာလွဲမှားစွာ စားသုံးနေခြင်းရဲ့ နံပါတ် (၁) ပြသနာဖြစ်သည်။

သကြားက ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သကြားက အန္တရာယ်ဖြစ်စေတဲ့အတွက် လျော့သုံးဖို့ ကြိုးစားသူကတော့ အလွန်နည်းနေပါသေးတယ်။

သကြားပွင့်၊ အလွန်ချိုတဲ့ကောက်ပဲသီနှံတွေကရတေဲ့ဖျော်ရည်၊ ပျားရည်တွေလို ချိုတဲ့အရာတွေကို လိုတာထက်ပိုမိုစာသုံးခြင်း မပြုလုပ်သင့်ကြောင်းကျန်းမာရေးကျွမ်းကျင်သူတွေက ထောက်ခံထားပါတယ်။

သဘာဝသစ်သီးတွေဟင်းသီးဟင်းရွက်တွေနဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးနေရတဲ့အတွက် သကြားဓါတ်လျော့နည်းမှာကို စိတ်ပူစရာမလိုအပ်ပါဘူး။ ဒါပေမယ့် လူအများစုက သဘာဝအလျောက်ဖြစ်တဲ့ သကြားကို အလွန်အကျွံမစားကြပါဘူးလို့ New York တက္ကသိုလ်က Marion Nestle က ပြောပါတယ်။

အရွယ်ရောက်သူတွေက တစ်နေ့လျှင် သကြားပါဝင်သောအရာ ၁၅ ဂရမ် (သို့) လက်ဘက်စားဇွန်း ၁၂ဇွန်းထက်ပိုမစားသင့်ပါ။၂၅ဂရမ်ဝန်းကျင်လောက်စားသုံးခြင်းကကျန်းမာရေးအတွက်ပိို်ုကောင်းမွန်စေပါတယ်။

Writer & Translator : Cherry

Current

Leave a Reply

Your email address will not be published. Required fields are marked *