လူသိနည်းတဲ့ နှုတ်ခမ်းနီနဲ့ပတ်သတ်တဲ့ အကြောင်းအရင်း (၁၀) ချက်

#POINT #PointYouthPlatform

နှုတ်ခမ်းနီကို မိန်းကလေးအများစု သဘောကျတတ်ပါတယ်။ နှုတ်ခမ်းနီဆိုးကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ မသိကြသေးတဲ့အချက်တွေက သူ့ရဲ့နောက်ကွယ်က သမိုင်းကြောင်းလေးတွေပါပဲ။ တစ်ချို့အချက်တွေက ရယ်စရာကောင်းပေမယ့် တစ်ချို့ကတော့ ထိတ်လန့်စရာပါပဲ။ ဒါကြောင့် နှုတ်ခမ်းနီအကြောင်း သိကောင်းစရာလေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။
၁။ နှုတ်ခမ်းနီဆိုတဲ့အသုံးအနှုန်းကို ၁၈၈၀ ထိအောင် အသုံးမပြုကြပေမယ့် နှုတ်ခမ်းနီကို ရှေးဟောင်းအီဂျစ်မှာ အရင်ထဲက အသုံးပြုနေကြပါတယ်တဲ့။ ကလီယိုပက်ထရာက သူ့နှုတ်ခမ်းနီကို ပိုးတောင်မာအနီတွေနဲ့ ပုရွတ်ဆိတ်တွေကို ကြိတ်ချေပြီး အသုံးပြုခဲ့တယ်လို့ ပြောထားပါတယ်။
၂။ တစ်ချိန်တုန်းက နှုတ်ခမ်းနီကို နေ့လည်စာ စားချိန်မှာ ဆိုးခွင့်ပြုထားပေမယ့် ညစာစားချိန်မှာ ဆိုးခွင့်မပေးခဲ့ပါဘူး။
၃။ ၁၉၂၀ ကအသံတိတ် ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ရင် သရုပ်ဆောင်တွေက ဘာကြောင့် နှုတ်ခမ်းနီအနက်ရောင်ကို ဆိုးကြတာလဲဆိုတာကို သိချင်နေကြမှာပါ။ ဒါကတော့ ရုပ်ရှင်စက်က အရောင်တွေနဲ့မရနိုင်ပဲ အနီရောင်နှုတ်ခမ်းနီကို အနက်အဖြစ်နဲ့ စာရင်းလုပ်ထားတဲ့အတွက်ကြောင့်ပါ။
၄။ နှုတ်ခမ်းနီအဖြူရောင်က အင်္ဂလန်မှာ ၁၉၆၀ မှာ Mod ဖက်ရှင် ပုံစံမျိုးအနေနဲ့ ရေပန်းစားခဲ့ပါတယ်။
၅။ အရောင်တောက်တောက်နှုတ်ခမ်းနီအချို့မှာ အရောင်တောက်ဖို့အတွက် ငါးအကြေးခွံတွေ ပါဝင်ရပါတယ်။
၆။ နေ့တိုင်း နှုတ်ခမ်းနီဆိုးတဲ့အမျိုးသမီးတွေက သူတို့ဘဝမှာ မရည်ရွယ်ဘဲ နှုတ်ခမ်းနီ လေးပေါင်လောက် စားမိကြတယ်လို့ပြောထားပါတယ်။ နှုတ်ခမ်းနီချစ်သူတို့ သတိပြုမိစေဖို့ပါ။
၇။ လေ့လာမှုတစ်ခုမှာ နှုတ်ခမ်းနီရောင်းအားက မိုးရွာတဲ့နေ့ရက်တွေမှာ ပိုအရောင်းတက်ပါတယ်တဲ့။
၈။ ၁၇၀ဝ ခုနှစ်မှာ အမျိုးသားတစ်ယောက်က ပိုးပန်းနေချိန်မှာ မိန်းကလေးက နှုတ်ခမ်းနီဆိုးထားရင် အိမ်ထောင်ရေးပျက်နိုင်တယ်လို့ ယူဆထားကြပါသတဲ့။
ဘယ်အချက်တွေက မင်းတို့ကို အံ့အားသင့်စေခဲ့လဲဆိုတာကို ကွန့်မန့်မှာ ပြောပေးခဲ့ကြနော်။

Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *