လူပျိုလူလွတ်တွေအတွက် facebook မှ မြှားနတ်မောင်အဖြစ် ဆောင်ရွက်ပေးတော့မည်။

မကြာသေးမီကမှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားမှုနဲ့ ပက်သက်ပြီး facebook ကပြသနာတွေရင်ဆိုင်ခဲ့ရပါတယ်။ ထိုပြသနာတွေကိုဖြေရှင်းပြီးတဲ့နောက်မှာ facebook founder Mark Zuckerberg က feature သစ်တစ်ခုကို ပြီးခဲ့တဲ့အင်္ဂါနေ့ကမှ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။

Facebook သုံးစွဲသူအနက် သန်း၂၀ဝမှာ single ဖြစ်နေသေးကြောင်းတွေ့ရှိရပါတယ်၊ ကျွန်တော်တို့ တစ်ခုခုတော့လုပ်ဆောင်သင့်ပြီလို့ facebook တည်ထောင်သူ Mark Zuckerberg ကဆိုပါတယ်။

လူမှုကွန်ယက်အပေါ်မှာ သန်းချီသောလူတွေ ဖူးစာဖက်ရှာရင်း အချိန်ကြာကြာ သုံးစွဲနိုင်အောင် facebook မှာdating service ကိုစတင်တီထွင်ခဲ့ကြောင်းဆိုပါတယ်။

ဒီသတင်းကိုကြေငြာပြီးတဲ့အခါ အခြားသော dating စီးပွားရေးကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေ သိသိသာသာ ကျဆင်းသွားပါတယ်။

facebook ကကြားခံ dating ကုမ္ပဏီအဖြစ် တည်ထောင်လိုက်ခြင်းက Dating website တည်ထောင်သူတွေနဲ့ mobile dating app တည်ထောင်သူတွေအတွက် အခက်အခဲတွေဖြစ်ပေါ်စေပါတယ်။

ပြုလုပ်ပုံကတော့ ရိုးရှင်းပါတယ်။ facebook application ရဲ့ညာဘက်ထောင့်မှာရှိတဲ့ heart icon ကိုနှိပ်ပြီး dating profile တစ်ခုပြုလုပ်ပါ။

Profile မှာသင့်ရဲ့ပထမဆုံးနာမည်ကိုသာ အသုံးပြုမှာဖြစ်ပါတယ်။ သင့်ရဲ့ profile အရ သင်ကြိုက်နှစ်သက်တဲ့အချက်တွေ၊ mutual friends တွေနဲ့ စိတ်ဝင်စားတဲ့အရာတွေပေါ်မူတည်ပြီး သင့်တော်တဲ့ ဖူးစာဖက်တွေကို ရွေးချယ်ပေးပါလိမ့်မယ်။

ထိုလူတွေထဲကမှ သင်စိတ်ဝင်စားတဲ့သူကို interest နှိပ်ပြီး စိတ်မဝင်စားရင် pass နှိပ်နိုင်ပါတယ်။

ဒီ feature ဟာ ရေရှည်လက်တွဲဖော်ရှာနေသူများအတွက်သာ ရည်ရွယ်ပါတယ်။ အပျော်လက်တွဲဖော် ရှာပေးခြင်းမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ထို dating service နဲ့ပက်သက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာ စိုးရိမ်စရာမလိုကြောင်း၊ သင့်ရဲ့ dating profile က အချက်အလက်တွေကို facebook မှအခြားသူငယ်ချင်းများ နဲ့ newsfeed မှာ ပေးမြင်မည် မဟုတ်ကြောင်း၊ dating service မှာ ပါဝင်သူတွေသာမြင်နိုင်မည်ဖြစ်ကြောင်း CEO Mark Zuckerberg ကဆိုပါတယ်။

သူရဲ့ရည်ရွယ်ချက်ကတော့ facebook social media platform ရဲ့ dating service မှာ လူပျိုလူလွတ်များ များများပါဝင်ဆင်နွှဲနိုင်ပြီး စုံတွဲများပေါ်ထွက်လာရေးအတွက် ပဲဖြစ်ပါတယ်။

အခြား social media ကမပေးစွမ်းနိုင်တဲ့ service တစ်ခုကိုပေးစွမ်းလို၍လည်းဖြစ်ပါတယ် လို့ dating service feature နဲ့ပက်သက်ပြီးပြောကြားခဲ့ပါတယ်။

By Su Myat

Current

Leave a Reply

Your email address will not be published. Required fields are marked *