လုပ်ငန်းခွင်တိုးတက်ရေး ကုမ္ပဏီတွင်း ဓလေ့ထုံးစံတွေကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း ( ၃ ) သွယ်

*** Unicode ***

ဈေးကွက်ယှဉ်ပြိုင်မှုတွေ များလာတာနဲ့ အမျှ ကုမ္ပဏီတွေဘက်ကလည်း ဝန်ထမ်းကောင်းတွေ တည်မြဲဖို့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်လာကြပါတယ်။ ပိုမိုကောင်းမွန် ပျော်ရှွင်တဲ့ လုပ်ငန်းခွင်လေး ဖြစ်လာဖို့ ရည်ရွယ်ပြီး ကုမ္ပဏီတွေအတွက် နည်းလမ်း သုံး ခုကို မျှဝေပေးလိုက်ပါတယ်။

( ၁ ) လုပ်ငန်းရည်ရွယ်ချက်ကို အဓိက အာရုံစိုက်ပါ။

လူအများစုကတော့ သူတို့ အသက်မွေးဝမ်းကြောင်းအလုပ်ရွေးချယ်မှုကို သူတို့ရဲ့ကိုယ်ရေးကိုယ်တာအဖြစ် သတ်မှတ်ကြတယ်။ ၇၃ ရာခိုင်နှုန်းသော ဝန်ထမ်းများသည် အလုပ်ပေါ်မှာ ရည်ရွယ်ချက် ပြင်းထန်ကြတယ်။ ယနေ့ခေတ် ဝန်ထမ်းများသည် အလုပ်ကို သူတို့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြင်ကြတယ်။

ဒါကြောင့်ပဲ သူတို့အလုပ်ပေါ်မှာ သူတို့ရဲ့တန်ဖိုး ၊ စိတ်ဝင်စားမှု၊ ဉာဏ်ကွန့်မြူးနိုင်မှု တွေ အကျိုးသက်ရောက်စေရန် အလုပ်လုပ်ကြတယ် လို့ လေ့လာချက်တစ်ခုတွေ တွေ့ရှိခဲ့တယ်။ အောင်မြင်တဲ့ ကုမ္ပဏီများသည် သူတို့ဓလေ့ထုံးစံအားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးကြတယ်။

ဘယ်အရာတွေက ကိုယ့်ကို မောင်းနှင်နိုင်မလဲ၊ ဘယ်နေရာမှာမင်းရဲ့ အကောင်းဆုံးတန်ဖိုးတွေကို ပေါင်းထည့်နိုင်မလဲ၊ ဘာကြောင့် ဒီအလုပ်ကိုလုပ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလာတဲ့အချိန်မှာ မင်းက ကုမ္ပဏီရဲ့မတူညီတဲ့အရာတွေကို ဖန်တီးဖို့နဲ့ ကျွန်တော်တို့အလုပ်လုပ်ပေးနေတဲ့ အဇွဲ့အစည်းတွေမှာ အာရုံစိုက်လာနိုင်ပါတယ်။

Airbnb က ကောင်းမွန်တဲ့ ဥပမာပေးခဲ့တယ်။ ကုမ္ပဏီ၏ သင်္ကတေမှာ Belong Anywhere ဖြစ်ပြီး သူတို့ဝန်ထမ်းတွေရဲ့ နေ့စဉ်အတွေ့အကြံူတွေနဲ့အတူ ရည်ရွယ်ချက်တွေညှိုနှိုင်းပေးဖို့ ဆိုတဲ့ မစ်ရှင်တစ်ခု ဆောင်ရွက်ထားပါတယ်။ ကုမ္ပဏီသည် HR ဌာနကို Employee Experience အဖြစ်မြင့်တင်ပေးပြီး ထိုအဖွဲ့က ကုမ္ပဏီရဲ့ဓလေ့ထုံးစံအသစ်တွေကိုပါ ဖန်တီးပေးဖို့ အာရုံစိုက်ပေးပါတယ်။

How Intergrating Brand and Culture Powers the World’s Greatest Companies ၏စာရေးဆရာ Denise Yohn ၏အဆိုအရ ကျွမ်းကျင်မှုမြင့်တင်ပေးခြင်း၊ အစားအစာ၊ နေရာထိုင်ခင်း၊ လူသစ်အဖွဲ့သစ် တို့ပါဝင်တဲ့ Airbnb ၏ ဝန်ထမ်းတစ်ယောက်ခြင်း၏ ဝန်ထမ်းသက်တမ်းနဲ့ ဆက်သွယ်တဲ့ တာဝန်ယူမှု၊ လုပ်ငန်းဆောင်တာတွေကိုပါ ဖန်တီးပေးရပါတယ်။

Yohn ရဲ့ အဆိုအရ ဥပမာ ရုံးခန်းအပြင်အဆင်၊ မီးဖိုချောင်၊ စာကြည့်ခန်း၊ ဥယျာဉ်နေရာ၊ ပါတီပြုလုပ်ရန် နှင့် Airbnb ပြုလုပ်တဲ့ စီးပွားရေး ဆိုင်ရာ အခမ်းအနားများကျင်းပတဲ့ နေရာများအထိ ဝန်ထမ်းတွေ ပျော်ရွှင်တဲ့ နေရာတွေ ဖြစ်ဖို့ အသစ်အဆန်းတွေ ဖန်တီးပေးဖို့ပါ။

ကုမ္ပဏီရဲ့ရည်ရွယ်ချက်တွေက ဝန်ထမ်းတွေနဲ့ တစ်သားတည်းဖြစ်အောင်ကူညီပေးရုံသာမက သူတို့က ကုမ္ပဏိီနဲ့ သက်ဆိုင်တဲ့ဆိုတာကိုပါ ခံစားစေပါတယ်။ ဝန်ထမ်းများကို သူတို့၏ကုန်ပစ္စည်း တံဆိပ်အကြောင်းတခြားသူတွေကို ရှင်းပြရာမှာလည်း လွယ်ကူအောင် ပြုလုပ်ပေးပါတယ်။

( ၂ ) အလုပ်နဲ့ ဘဝ ညီမျှမှု ရှိနေအောင်လည်း ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

၇၅ ရာခိုင်နှုန်းသော ဝန်ထန်းတွေက ပိုကောင်းတဲ့ လုပ်ငန်းခွင်ဘဝရှိခြင်းက သူတို့ကို ပိုပြီး ဆွဲဆောင်နိုင်တယ်ဆိုတဲ့ အကြောင်းပြောခဲ့တယ်။ သူတို့အလုပ်မှာ ကျေနပ်တယ်ဆို ဝန်ထမ်းတွေက ကုမ္ပဏီအပေါ်မှာ ပိုသစ္စာရှိလာပါလိမ့်မယ်။သူတို့ကုမ္ပဏိီရဲ့အမျိုးမျိုးသော ဓလေ့ထုံးစံတွေကို ထည့်သွင်းကြတယ်။

Ciso သည် အလုပ်နှင့်ဘဝညီမျှတဲ့ အလုပ်လုပ်ရန်အကောင်းဆုံး နေရာ ၅ ခုထဲမှာ တစ်ခုဖြစ်သည်။ ထိုနေရာတွေ ဝန်ထမ်းများသည် သူတို့ အထက်လူကြီးဆီမှ လက်ခံရရှိခဲ့တဲ့ ထောက်ပံ့မှုတွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုကြတယ်။ သက်သက်သာသာ လုပ်ရတာတွေ၊ နားချိန်တွေ ရတာတွေကို ပြောကြတယ်။ ဝန်ထမ်းများ၏ မွေးနေ့ပိတ်ရက်မှာတောင်မှာ လစာရခြင်းကြောင့်ဖြစ်တယ်။

Healthcare consulting firm Vynamic အခြားသော အလုပ်နဲ့ဘဝညီမျှတဲ့ ကုမ္ပဏီဖြစ်တယ်။ဥက္ကဋ္ဌဌ Dan Calista သည် ဝန်ထမ်းများကို ၁၀ နာရီကနေ မနက် ၆ နာရီအတွင်း အီမေးလ်မပို့ရ အမိန့်ထုတ်ထားသည်။ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်တာကို ထိန်းချုပ်ချင်လို့မဟုတ်ဘူးလို့ပြောခဲ့တယ်။ တကယ်လို့ မင်းကညဘက်အလုပ်လုပ်သူဆိုရင်တော့ မင်းလုပ်နိုင်ပါတယ်။

မင်းအလုပ်လုပ်ချင်မှ လုပ်ပါလို့လဲ ပြောခဲ့တယ်။ ဒါပေမယ့် အီမေးလ်တော့မပို့ပါနဲ့။ ပိတ်ရက်တွေနဲ့ ညတွေမှာ အီးမေးကြောင့် ဖုန်းနဲ့မကွာဘဲ နေရမှာစိုးရိမ်လို့ ဖြစ်ပါတယ်။ သူတို့ ဘာမှ လွတ်သွားစရာမရှိဘဲ စိတ်ချလက်ချ အဆက်အသွယ်ဖြတ်နေနိုင်ရအောင်ပဲဖြစ်တယ်။

( ၃ ) စိတ်ဖိစီးမှုတွေ လျော့ချပြီး ဝန်ထမ်းတွေရဲ့ စွမ်းအင်ကို မြှင့်တင်ပေးသင့်ပါတယ်။

ကုမ္ပဏီကောင်းတွေက သောကြာနေ့ဆို သောက်စရာတွေ၊ စားစရာတွေ ဒါမှမဟုတ် ယောဂကျင့်လို့ရမယ့်အရာတွေနဲ့ ဆွဲဆောင်ကြတယ်။ ဝန်ထမ်းများက ရုံးမှာထားတဲ့ သောက်စရာတွေထက် ငွေရေးကြေးရေးမှာ စိတ်ချမ်းသာမှုရဖို့ကို ပိုအလိုရှိကြတယ်။ ဝန်ထမ်း ၅၅ ရာခိုင်နှုန်းကသာ သူတို့သတ်မှတ်ထားတဲ့ ဘဏ္ဍဍာရေးပန်းတိုင်သတ်မှတ်ချက်ကို ခံစားကြရတယ်။

နောက်ပြီး သူတို့ဘဏ္ဍဍာရေးကို ကူညီဖြေရှင်းပေးစေချင်တဲ့ ဝန်ထမ်းအရေအတွက်က ပိုပြီး တိုးပွားလာတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြခဲ့ပါတယ်။ကားကုမ္ပဏီပိုင်ရှင် Pitt Ohio သည် သူတို့ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းအတွက် အရေးပေါ်ငွေ ဒေါ်လာ ၁ဝဝဝ ထားပေးထားပါတယ်။

ဘဏ္ဍဍာရေးစိတ်ဖိစီးမှုရှိတဲ့ ကားမောင်းသမားတိုင်းက လမ်းမထက်မှာ အာရုံပြန့်လွယ်တာကို တွေ့ရှိပြီးနောက်ပိုင်း ထိုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်တာပဲဖြစ်တယ်။ ဝန်ထမ်းတွေရဲ့စွမ်းအင်ကိုမြင့်တင်ပေးရန် ကုမ္ပဏီသည် ဝန်ထမ်းများကို တစ်လလျှင် ၁၉ ဒေါ်လာစုပေးပြီး ၆ လာကြာတဲ့ ၅၆ ဒေါ်လာဆုချီးမြှင့်ခဲ့တယ်ဆိုပြီး Wall Street Journal ကတင်ပြခဲ့တယ်။

နောက် ၆ လကြာတဲ့အခါ နောက်ထပ် ၅၆ ဒေါ်လာ ထပ်ပေးပါတယ်။ ထို အစီအစဉ်ဟာ တော်တော်လေးကို နာမည်ကြီးခဲ့ပြီး ဝန်ထမ်းတစ်ဝက်ထက်ပါဝင်ခဲ့ပါတယ်။မျက်မှောက်ခေတ်ကာလအရ အလုပ်နဲ့ ဘဝက ဆက်စပ်ရောယှက်နေပါတယ်။ ကြီးမားတဲ့ ကုမ္ပဏီတွေရဲ့ ဓလေ့ထုံးစံက လူတိုင်းသည် ကိုယ်ရေးကိုယ်တာနဲ့ ကျွမ်းကျင်မှုကို ကောင်းမွန်စွာ မောင်းနှင်နိုင်ရန်ဖြစ်တယ်လို့ ဆိုကြပါတယ်။

—————————————————————————————————————————

ဈေးကွက်ယှဉ်ပြိုင်မှုတွေ များလာတာနဲ့ အမျှ ကုမ္ပဏီတွေဘက်ကလည်း ဝန်ထမ်းကောင်းတွေ တည်မြဲဖို့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်လာကြပါတယ်။

ပိုမိုကောင်းမွန် ပျော်ရွှင်တဲ့ လုပ်ငန်းခွင်လေး ဖြစ်လာဖို့ ရည်ရွယ်ပြီး ကုမ္ပဏီတွေအတွက် နည်းလမ်း သုံး ခုကို မျှဝေပေးလိုက်ပါတယ်။

( ၁ ) လုပ်ငန်းရည်ရွယ်ချက်ကို အဓိက အာရုံစိုက်ပါ။

လူအများစုကတော့ သူတို့ အသက်မွေးဝမ်းကြောင်းအလုပ်ရွေးချယ်မှုကို သူတို့ရဲ့ကိုယ်ရေးကိုယ်တာအဖြစ် သတ်မှတ်ကြတယ်။ ၇၃ ရာခိုင်နှုန်းသော ဝန်ထမ်းများသည် အလုပ်ပေါ်မှာ ရည်ရွယ်ချက် ပြင်းထန်ကြတယ်။ ယနေ့ခေတ် ဝန်ထမ်းများသည် အလုပ်ကို သူတို့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြင်ကြတယ်။ ဒါကြောင့်ပဲ သူတို့အလုပ်ပေါ်မှာ သူတို့ရဲ့တန်ဖိုး ၊ စိတ်ဝင်စားမှု၊ ဉာဏ်ကွန့်မြူးနိုင်မှု တွေ အကျိုးသက်ရောက်စေရန် အလုပ်လုပ်ကြတယ် လို့ လေ့လာချက်တစ်ခုတွေ တွေ့ရှိခဲ့တယ်။

အောင်မြင်တဲ့ ကုမ္ပဏီများသည် သူတို့ဓလေ့ထုံးစံအားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးကြတယ်။
ဘယ်အရာတွေက ကိုယ့်ကို မောင်းနှင်နိုင်မလဲ၊ ဘယ်နေရာမှာမင်းရဲ့ အကောင်းဆုံးတန်ဖိုးတွေကို ပေါင်းထည့်နိုင်မလဲ၊ ဘာကြောင့် ဒီအလုပ်ကိုလုပ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလာတဲ့အချိန်မှာ မင်းက ကုမ္ပဏီရဲ့မတူညီတဲ့အရာတွေကို ဖန်တီးဖို့နဲ့ ကျွန်တော်တို့အလုပ်လုပ်ပေးနေတဲ့ အဇွဲ့အစည်းတွေမှာ အာရုံစိုက်လာနိုင်ပါတယ်။

Airbnb က ကောင်းမွန်တဲ့ ဥပမာပေးခဲ့တယ်။ ကုမ္ပဏီ၏ သင်္ကေတမှာ Belong Anywhere ဖြစ်ပြီး သူတို့ဝန်ထမ်းတွေရဲ့ နေ့စဉ်အတွေ့အကြူံတွေနဲ့အတူ ရည်ရွယ်ချက်တွေညှိုနှိုင်းပေးဖို့ ဆိုတဲ့ မစ်ရှင်တစ်ခု ဆောင်ရွက်ထားပါတယ်။
ကုမ္ပဏီသည် HR ဌာနကို Employee Experience အဖြစ်မြင့်တင်ပေးပြီး ထိုအဖွဲ့က ကုမ္ပဏီရဲ့ဓလေ့ထုံးစံအသစ်တွေကိုပါ ဖန်တီးပေးဖို့ အာရုံစိုက်ပေးပါတယ်။

How Intergrating Brand and Culture Powers the World’s Greatest Companies ၏စာရေးဆရာ Denise Yohn ၏အဆိုအရ ကျွမ်းကျင်မှုမြင့်တင်ပေးခြင်း၊ အစားအစာ၊ နေရာထိုင်ခင်း၊ လူသစ်အဖွဲ့သစ် တို့ပါဝင်တဲ့ Airbnb ၏ ဝန်ထမ်းတစ်ယောက်ခြင်း၏ ဝန်ထမ်းသက်တမ်းနဲ့ ဆက်သွယ်တဲ့ တာဝန်ယူမှု၊ လုပ်ငန်းဆောင်တာတွေကိုပါ ဖန်တီးပေးရပါတယ်။

Yohn ရဲ့ အဆိုအရ ဥပမာ ရုံးခန်းအပြင်အဆင်၊ မီးဖိုချောင်၊ စာကြည့်ခန်း၊ ဥယျာဉ်နေရာ၊ ပါတီပြုလုပ်ရန် နှင့် Airbnb ပြုလုပ်တဲ့ စီးပွားရေး ဆိုင်ရာ အခမ်းအနားများကျင်းပတဲ့ နေရာများအထိ ဝန်ထမ်းတွေ ပျော်ရွှ့င်တဲ့ နေရာတွေ ဖြစ်ဖို့ အသစ်အဆန်းတွေ ဖန်တီးပေးဖို့ပါ။
ကုမ္ပဏီရဲ့ရည်ရွယ်ချက်တွေက ဝန်ထမ်းတွေနဲ့ တစ်သားတည်းဖြစ်အောင်ကူညီပေးရုံသာမက သူတို့က ကုမ္ပဏိီနဲ့ သက်ဆိုင်တဲ့ဆိုတာကိုပါ ခံစားစေပါတယ်။ ဝန်ထမ်းများကို သူတို့၏ကုန်ပစ္စည်း တံဆိပ်အကြောင်းတခြားသူတွေကို ရှင်းပြရာမှာလည်း လွယ်ကူအောင် ပြုလုပ်ပေးပါတယ်။

( ၂ ) အလုပ်နဲ့ ဘဝ ညီမျှမှု ရှိနေအောင်လည်း ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

၇၅ ရာခိုင်နှုန်းသော ဝန်ထန်းတွေက ပိုကောင်းတဲ့ လုပ်ငန်းခွင်ဘဝရှိခြင်းက သူတို့ကို ပိုပြီး ဆွဲဆောင်နိုင်တယ်ဆိုတဲ့ အကြောင်းပြောခဲ့တယ်။ သူတို့အလုပ်မှာ ကျေနပ်တယ်ဆို ဝန်ထမ်းတွေက ကုမ္ပဏီအပေါ်မှာ ပိုသစ္စာရှိလာပါလိမ့်မယ်။
သူတို့ကုမ္ပဏိီရဲ့အမျိုးမျိုးသော ဓလေ့ထုံးစံတွေကို ထည့်သွင်းကြတယ်။ Ciso သည် အလုပ်နှင့်ဘဝညီမျှတဲ့ အလုပ်လုပ်ရန်အကောင်းဆုံး နေရာ ၅ ခုထဲမှာ တစ်ခုဖြစ်သည်။ ထိုနေရာတွေ ဝန်ထမ်းများသည် သူတို့ အထက်လူကြီးဆီမှ လက်ခံရရှိခဲ့တဲ့ ထောက်ပံ့မှုတွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုကြတယ်။ သက်သက်သာသာ လုပ်ရတာတွေ၊ နားချိန်တွေ ရတာတွေကို ပြောကြတယ်။ ဝန်ထမ်းများ၏ မွေးနေ့ပိတ်ရက်မှာတောင်မှာ လစာရခြင်းကြောင့်ဖြစ်တယ်။
Healthcare consulting firm Vynamic အခြားသော အလုပ်နဲ့ဘဝညီမျှတဲ့ ကုမ္ပဏီဖြစ်တယ်။ဥက္ကဋ္ဌ Dan Calista သည် ဝန်ထမ်းများကို ၁၀ နာရီကနေ မနက် ၆ နာရီအတွင်း အီမေးလ်မပို့ရ အမိန့်ထုတ်ထားသည်။ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်တာကို ထိန်းချုပ်ချင်လို့မဟုတ်ဘူးလို့ပြောခဲ့တယ်။ တကယ်လို့ မင်းကညဘက်အလုပ်လုပ်သူဆိုရင်တော့ မင်းလုပ်နိုင်ပါတယ်။ မင်းအလုပ်လုပ်ချင်မှ လုပ်ပါလို့လဲ ပြောခဲ့တယ်။ ဒါပေမယ့် အီမေးလ်တော့မပို့ပါနဲ့။ ပိတ်ရက်တွေနဲ့ ညတွေမှာ အီးမေးကြောင့် ဖုန်းနဲ့မကွာဘဲ နေရမှာစိုးရိမ်လို့ ဖြစ်ပါတယ်။
သူတို့ ဘာမှ လွတ်သွားစရာမရှိဘဲ စိတ်ချလက်ချ အဆက်အသွယ်ဖြတ်နေနိုင်ရအောင်ပဲဖြစ်တယ်။

( ၃ ) စိတ်ဖိစီးမှုတွေ လျော့ချပြီး ဝန်ထမ်းတွေရဲ့ စွမ်းအင်ကို မြှင့်တင်ပေးသင့်ပါတယ်။

ကုမ္ပဏီကောင်းတွေက သောကြာနေ့ဆို သောက်စရာတွေ၊ စားစရာတွေ ဒါမှမဟုတ် ယောဂကျင့်လို့ရမယ့်အရာတွေနဲ့ ဆွဲဆောင်ကြတယ်။ ဝန်ထမ်းများက ရုံးမှာထားတဲ့ သောက်စရာတွေထက် ငွေရေးကြေးရေးမှာ စိတ်ချမ်းသာမှုရဖို့ကို ပိုအလိုရှိကြတယ်။ ဝန်ထမ်း ၅၅ ရာခိုင်နှုန်းကသာ သူတို့သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးပန်းတိုင်သတ်မှတ်ချက်ကို ခံစားကြရတယ်။ နောက်ပြီး သူတို့ဘဏ္ဍာရေးကို ကူညီဖြေရှင်းပေးစေချင်တဲ့ ဝန်ထမ်းအရေအတွက်က ပိုပြီး တိုးပွားလာတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြခဲ့ပါတယ်။

ကားကုမ္ပဏီပိုင်ရှင် Pitt Ohio သည် သူတို့ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းအတွက် အရေးပေါ်ငွေ ဒေါ်လာ ၁၀ဝ၀ ထားပေးထားပါတယ်။ ဘဏ္ဍာရေးစိတ်ဖိစီးမှုရှိတဲ့ ကားမောင်းသမားတိုင်းက လမ်းမထက်မှာ အာရုံပြန့်လွယ်တာကို တွေ့ရှိပြီးနောက်ပိုင်း ထိုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်တာပဲဖြစ်တယ်။ ဝန်ထမ်းတွေရဲ့စွမ်းအင်ကိုမြင့်တင်ပေးရန် ကုမ္ပဏီသည် ဝန်ထမ်းများကို တစ်လလျှင် ၁၉ ဒေါ်လာစုပေးပြီး ၆ လာကြာတဲ့ ၅၆ ဒေါ်လာဆုချီးမြှင့်ခဲ့တယ်ဆိုပြီး Wall Street Journal ကတင်ပြခဲ့တယ်။ နောက် ၆ လကြာတဲ့အခါ နောက်ထပ် ၅၆ ဒေါ်လာ ထပ်ပေးပါတယ်။ ထို အစီအစဉ်ဟာ တော်တော်လေးကို နာမည်ကြီးခဲ့ပြီး ဝန်ထမ်းတစ်ဝက်ထက်ပါဝင်ခဲ့ပါတယ်။

မျက်မှောက်ခေတ်ကာလအရ အလုပ်နဲ့ ဘဝက ဆက်စပ်ရောယှက်နေပါတယ်။ ကြီးမားတဲ့ ကုမ္ပဏီတွေရဲ့ ဓလေ့ထုံးစံက လူတိုင်းသည် ကိုယ်ရေးကိုယ်တာနဲ့ ကျွမ်းကျင်မှုကို ကောင်းမွန်စွာ မောင်းနှင်နိုင်ရန်ဖြစ်တယ်လို့ ဆိုကြပါတယ်။

Current, Startups

Leave a Reply

Your email address will not be published. Required fields are marked *