ရေများများသောက်သင့်တဲ့ အချက် ( ၄ ) ချက်

#POINTYouthPlatform #POINT

သင်ဝိတ်ချတဲ့အခါ ရေက များများသောက်သင့်တဲ့ ကယ်လိုရီဓါတ်အနည်းဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ခန္ဒာကိုယ်အရွယ်အစားပေါ် မူတည်ပြီး သင်နေ့စဉ် သောက်သုံးသင့်တဲ့ ရေပမာဏာလည်း မတူညီပါဘူး။

(၁) ကာယလေ့ကျင့်ခန်းလုပ်ရာမှာ ရေဓာတ်ပြည့်ဝမှ ဝိတ်ကျမှာဖြစ်ပါတယ်။

အကယ်၍ သင်ဟာရေဓာတ်ပြည့်ဝနေရင် ကာယလေ့ကျင့်ခန်းနှင့် ဝိတ်ကျစေဖို့ အထောက်အကူ ဖြစ်ပါတယ်။ သင်ရဲ့ခန္ဒကိုယ် အလေးချိန် ၂ရာခိုင်နှုန်း မကျသေးသ၍ ရေဆာမှာမဟုတ်ပါဘူးလို့ “The American Journal of Clinical Nutrition” ရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

(၂) ရေများများသောက်ခြင်းက အစာခြေဖျက်မှုစနစ်အားပိုကောင်းစေပါတယ်။

သင်ရေသောက်တိုင်း၊ အစာစားတိုင်းမှာ သင်ရဲ့ခန္ဓကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ The Journal of Endocrinology & Metabolism ဂျာနယ်ရဲ့လေ့လာချက်အရ ရေ၁၆အောင်စ သောက်သုံးခြင်းက အစာခြေဖျက်မှုစနစ် ၃၀ရာခိုင်နှုန်းကို လျော့ကျစေနိုင်ပါတယ်။ တစ်နေ့ရေ၁.၅လီတာ သောက်သုံးခြင်းဖြင့် ကယ်လိုရီ၂၀ဝလောင်ကျွမ်းစေတယ်လို့ သိရပါတယ်။

(၃) ရေသောက်ခြင်းကပိုဗိုက်ဆာစေပါတယ်။

ရေရဲ့အစွမး်သတ္တိက ဗိုက်ပြည့်စေဖို့ထက် ပိုပြီးဗိုက်ဆာစေပါတယ်။ အစာမရှိခြင်း၊ ဂလုပ်လုပ်မြည်ခြင်း၊ အားမရှိခြင်း၊ ရွှင်မြူးခြင်း၊ တတာတွေက ဗိုက်ဆာတယ်လို့ ခံစားရစေပါတယ်။ “University of Oxford” လေ့လာချက်အရ ကယ်လိုရီအနည်းငယ်ပါတဲ့ အစားမစားခင် မိနစ်၃၀အလို ရေ၁၆အောင်စသောက်ခြင်းဖြင့် ၂.၆ပေါင်ပိုပြီး ဝိတ်ကျစေပါတယ်။

(၄) တခြားအချိုရည်များသောက်သုံးခြင်းမှကင်းဝေးစေပါတယ်။

ဖျော်ရည်ယမကာနှိုင်းယှဉ်လိုက်ရင်တော့ ရေကပိုကောင်းပါတယ်။ BMC Public Health အဖွဲ့ရဲ့ လေ့လာချက်အရ ဖျော်ရည်ယမကာထဲမှာ ၃.၄အောင်စ ရေထည့်ခြင်းဖြင့် ကယ်လိုရီဝ.၇အောင်စလျော့ချ စေ နိုင်တယ်လို့သိရပါတယ်။

Writer & Translator : Shwe Yi

Current

Leave a Reply

Your email address will not be published. Required fields are marked *