မနက်အိပ်ယာထပြီး အစာမစားမီ ရေသောက်ခြင်းရဲ့ ကောင်းကျိုး(၈)ချက်

ဂျပန်အမျိုးသမီးတွေ ကျန်းမာသွယ်လျပြီး နုပျိုနေတာဟာ မနက်အိပ်ယာနိုးပြီးပြီးချင်း ရေသောက်လို့ပါ။ ဒီအလေ့အထဟာ ဂျပန်လူမျိုးတွေရဲ့ယဉ်ကျေးမှုအဖြစ် အမြစ်တွယ်နေပါပြီ။

ဒီလိုရေသောက်ခြင်းဟာ ခန္ဓာကိုယ်ကို သိပ္ပံနည်းကျကုသနိုင်တဲ့ ကုထုံးတစ်မျိုးပါ။ ဂျပန်လူမျိုးအများစုဟာ အဝလွန်နဲ့ ဆီးချိုရောဂါလို ကိုယ်ခန္ဓာပုံပျက်ပန်းပျက်ဖြစ်တဲ့ရောဂါဖြစ်ပွားမှု နည်းကြပါတယ်။

ဒါဟာ မနက်ပိုင်း အိပ်ယာထထချင်း ရေသောက်တဲ့အကျိုးပါ။ ဒီလိုရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ တစ်နေ့ တာရေဓာတ်ကိုပြည့်ဝစေပြီး ကျန်းမာတဲ့အနာဂတ်ဘဝကို ရစေမှာပါ။

လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ဒီနည်းကို ဂျပန်ရေသောက်နည်းလို့ လူသိများခဲ့ကြပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျမရှိဘဲ ကျန်းမာရေးအကျိုးများတဲ့ မနက်စောစောရေသောက်လို့ရလာမယ့် ကောင်းကျိုး (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်
အိပ်နေချိန် ခန္ဓာကိုယ်ဟာအညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေဖယ်ထုတ်ရန်ပြင်ဆင်နေပါတယ်။ မနက်စောစော အစာမစားခင် ရေသောက်ခြင်းက အန္တရာယ်ပေးမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အပံ့ဖြစ်ပြီး ကျန်းမာလန်းဆန်းစေပါတယ်။ ရေများများသောက်ခြင်းက ကြွက်သားနဲ့ သွေးဆဲလ်အသစ်တွေကို ထုတ်လုပ်ရာမှာ အကူအညီပေးပါတယ်။

၂။ အစာချေစနစ်ကို ပိုကောင်းစေပါတယ်
အစာအိမ်ထဲ အစာသစ်မရှိခင် ရေသောက်ခြင်းက အစာချေဖျက်မှုကို ပိုကောင်းစေပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းကိုသန့်စင်စေပြီး အာဟာရများကိုစုပ်ယူရန် ပိုမိုလွယ်ကူစေပါတယ်။
၃။ ကိုယ်အလေးချိန်ထိန်းရာမှာ အထောက်အပံ့ဖြစ်ပါတယ်
မနက်အစောပိုင်း ရေသောက်လို့ အစာချေစနစ်ကောင်းလာတာကြောင့် အလွန်အမင်း ဆာလောင်မှု မဖြစ်တာကြောင့် လိုအပ်သလောက်သာစားတဲ့အကျင့်လည်း ရလာပါတယ်။ ဒါကြောင့် အလွန်အကျွံစားလို့ ကိ်ုအလေးချိန်တက်ခြင်းကလည်း ကာကွယ်နိုင်ပါတယ်။

၄။ အစာမကြေဖြစ်ခြင်းကို လျော့ပါးစေပါတယ်
အစာမကြေဖြစ်တာဟာ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်များလို့ ဖြစ်တာပါ။ မနက်ပိုင်း အစာမစားခင် ရေသောက်ခြင်းက လွန်ကဲလာနိုင်တဲ့ အက်ဆစ်ဓာတ်ကို လျှော့ချပေးပါတယ်။ နောက်ပြီး အစာစားချင်စိတ်ကို လည်း ပုံမှန်အတိုင်း ဖြစ်စေပါတယ်။

၅။ အသားအရည် ကြည်လင်စေပါတယ်
ရေဓာတ်ခမ်းခြောက်ရင် အသားအရည်ပျက်စီးပြီး အမည်းစက်တွေဖြစ်လာနိုင်သလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော် လာတတ်ပါတယ်။အစာမစားခင် ရေ ၅၀ဝ မီလီလီတာသောက်မယ်ဆို ရင် သွေးလည်ပတ်မှုကောင်းလာပြီး ကြည်လင်တဲ့အသားအရည်လည်း ရလာမှာပါ။

၆။ ဆံပင်အလှကို ထိန်းသိမ်းပေးပါတယ်
ရေဓာတ်ခမ်းခြောက်မှုက ဆံပင်ရှည်မှုကို နှောင့်နှေးစေပါတယ်။ ရေများများသောက်ခြင်းက ဆံပင်အတွင်း သားကို အားကောင်းစေပြီး ဆံပင်ကျွတ်ဆပ်ခြင်းက ကာကွယ်ပေးမှာပါ။ အစာမစားမီရေသောက်ခြင်းက ဆံပင်ရှည်နှုန်း ကောင်းနိုင်သလို နူးညံ့ပျော့ပြောင်းတဲ့ ဆံသားကိုပါ ရစေပါတယ်။

၇။ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကာကွယ်ပေးပါတယ်။

မနက်အိပ်ယာထထခြင်း ရေပုံမှန်သောက်ရင် ကျောက်ကပ်မှာ အလွယ်တကူကျောက်မတည်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစာမစားခင်ရေသောက်ရင် ကျောက်ကပ်တွင်း ကျောက်တည်နိုင်တဲ့ အစာအိမ်တွင်းကအက်ဆစ်ဓာတ်တွေကို လျှော့ချပေးပြီး ဒီအက်ဆစ်တွေကြောင့်ဖြစ်လာ မယ့် ကျောက်ကပ်တွင်းကျောက်တည်ရောဂါကို ကာကွယ်ပေးပါတယ်။ နောက်ပြီး ဆီးလမ်းကြောင်းရောဂါ အမျိုးမျိုးကလည်း ကာကွယ်ပေးပါတယ်။

၈။ ကိုယ်ခံအားကောင်းစေပါတယ် အစာအိမ်ထဲမှာ အစာမရှိခင်ရေသောက်ရင် ကိုယ်ခံအားကောင်းပါတယ်။ ကိုယ်ခံအားကောင်းရင် ရောဂါအမျိုးမျိုးကို ကာကွယ်နိုင်ပြီး မကြာခဏဖျားနာခြင်းမှလည်း ကင်းဝေးပါလိမ့်မယ်။

 

# Point Cherry

Current

Leave a Reply

Your email address will not be published. Required fields are marked *