ဘဝမှာ ဘယ်လိုပြောင်းလဲမှုတွေက သင့်ကို အကောင်းဆုံး ဖြစ်လာစေမလဲ။

#POINT #PointYouthPlatform

ဒီအကြောင်းအရာက ဘဝမှာ ဘယ်လိုပြောင်းလဲမှုတွေလုပ်ရမလဲဆိုတာကို အဆင့်လေးဆင့်နဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မင်းကဒါကိုလိုက်နာလုပ်ဆောင်မယ်ဆိုရင် မင်းကပင်ပန်းပြီး ပျင်းရိနေရင်တောင်မှ အောင်မြင်မှုနဲ့ နီးစပ်လာတော့မှာပါ။
ပထမဆင့်က စိတ်ဓာတ်တက်ကြွမှုကို မြင့်တက်လာစေပြီး မဆီလျော်တာတွေကို ဖယ်ရှားပစ်လိုက်ပါ။ လူအများစုက ဘဝမှာ ပြောင်းလဲမှုတွေ လုပ်ချင်တဲ့အခါမှာ လုပ်ရမယ့်စာရင်းတွေနဲ့ အစီအစဉ်တွေကို လုပ်ဖို့ အာရုံစိုက်ရပါမယ်။ ဘာတွေမှားနေလဲ ဘာတွေ ကောင်းကောင်းဖြစ်နေလဲ ဘာတွေလိုချင်နေလဲဆိုတာတွေကို ထပ်ခါ ထပ်ခါတွေးမိနေပါတယ်။
စိတ်စွမ်းအားနဲ့ စိတ်ဓာတ်တက်ကြွမှုတို့က ခံစားချက်တွေပါ။ ခံစားချက်တွေက ဝိုးတိုးဝါးတားနဲ့ အားထားလို့မရပါဘူး။ အဲ့ဒီအစား မင်းလုပ်သင့်တာက အကောင်းဆုံးပတ်ဝန်းကျင်မှာ မင်းရဲ့ပြစ်ချက်တွေကို ဖြေဖျောက်ဖို့ အာရုံစိုက်ထားပါ။
ဒီစာရင်းကနေ ပထမဆုံး တစ်ခုကို အရင်လုပ်မယ်ဆိုရင် မင်းဘဝကို မင်းပြောင်းလဲချင်လောက်စေမယ့် အကောင်းဆုံးပတ်ဝန်းကျင်ကို ရှာကြည့်လိုက်ပါ။ ဥပမာဆိုရင် မင်းက မင်းရဲ့အလုပ်နဲ့ပတ်သတ်ပြီး ပိုကောင်းတဲ့ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ပါ။ အလုပ်ကို အိမ်မှာမလုပ်ပဲ အနီးအနားက အလုပ်လုပ်လို့ရနိုင်မယ့် နေရာတစ်ခုကို သွားလိုက်ပါ။
လူတွေက သူတို့ရဲ့အကောင်းဆုံးပုံစံကို မမြင်ရတဲ့ အကြောင်းအရင်းက သူတို့အပြုအမူတွေပေါ်ကို သက်ရောက်နေတဲ့ ပတ်ဝန်းကျင်ရဲ့စွမ်းအားကို သူတို့အထင်သေးခဲ့လို့ပါပဲ။ မင်းမှာလဲ ပြစ်ချက်ရှိတယ် မင်းကစိတ်အနှောက်အယှက်တွေလဲ ဖြစ်နိုင်တယ်ဆိုတာကို လက်ခံထားပါ။ မင်းလုပ်နိုင်မယ့်အကောင်းဆုံးအရာလား။ ပတ်ဝန်းကျင်ကို ပြောင်းလဲလိုက်ပါ။
ဒုတိယအဆင့်အနေနဲ့ မင်းကို ကူညီပေးနိုင်မယ့် ထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို ခေါ်ထားပါ။ လူမှုကွန်ရက်မှာ ဒါကိုဖွင့်ထားပြီး မင်းက ကောင်းမွန်တဲ့အဆက်အသွယ်တွေကို ရနိုင်ပါတယ်။ ဒီမက်ဆေ့ကို မင်းသိပြီးသားလူတစ်ယောက်ဆီကိုပို့လိုက်ပါ။ သူကမင်းဘဝကို ပြောင်းလဲရာမှာ ကူညီပေးမယ်လို့ မင်းယုံကြည်ရသူတစ်ယောက်ဖြစ်ပါစေ။ ငါမင်းကို ပွင့်ပွင့်လင်းလင်းပြောလို့ရနိုင်မလား။ ငါ့မှာဒါတွေ ရှိနေပြီ။ ငါ့ဘဝမှာ ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေပြီလို့ စာပို့ပေးလိုက်ပါ။


လူတွေက သူတို့ဘဝကို သူတို့ဘာသာပြောင်းလဲဖို့ ကြိုးစားတဲ့အတွက်ကြောင့် ဘဝကို ပြောင်းလဲမှုမလုပ်နိုင်ကြတာပါ။ ဒါပေမယ့် အမြဲတမ်းဒီလိုပဲ ဖြစ်နေရမှာတော့ မဟုတ်ဘူးလေ။ မင်းကိုကူညီပေးဖို့အတွက် လူတွေကို ခေါ်လို့ရနိုင်ပါတယ်။ ဒါကိုလုပ်ခြင်းအားဖြင့် မင်းမှာရှိနေတဲ့ စိတ်ဓာတ်အတက်အကျကို သေချာဂရုစိုက်နိုင်ပါပြီ။ ဒီလိုအပြုအမူတွေကို လူတွေက မြင်တဲ့အချိန်မှာ ပျော်ပျော်ကြီးကူညီချင်ကြတဲ့အပြင် သူတို့ဘဝကိုပြောင်းလဲဖို့လဲ စိတ်ဓာတ်နှိုးကြားမှုတွေ ရလာနိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ မင်းရဲ့ဘဝတင်မကပဲ တခြားသူတွေရဲ့ဘဝကိုပါ ပြောင်းလဲပေးလာနိုင်ပါတယ်။
တတိယအနေနဲ့ အကျင့်ကောင်းတွေကို တည်ဆောက်ဖို့ပါပဲ။ မင်းရဲ့ဘဝကို ပြောင်းလဲဖို့ဆိုတာက မင်းရဲ့အကျင့်ကို ပြောင်းလဲဖို့ပါပဲ။ အကျင့်တွေက နေ့တိုင်း မင်းလုပ်နေတဲ့ အမူအကျင့်တွေပါပဲ။ နာရီတွေအလုပ်လုပ်သလိုပေါ့။ ဒါကိုလုပ်ဖို့ စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဖို့ မလိုအပ်ပါဘူး။ တစ်ချို့အကျင့်တွေက မင်းကို ပြောင်းလဲပေးဖို့ ကူညီပေးနိုင်သလို တစ်ချို့အကျင့်တွေက မင်းကို ရပ်တန့်သွားစေနိုင်ပါတယ်။ မင်းရဲ့အကျင့်ဆိုးတွေနေရာမှာ အကျင့်ကောင်းတွေကို အစားထိုးဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက သူတို့ကို အဝတ်ဟောင်းတွေလို သဘောထားလိုက်ပါ။ တီရှပ်အကျီတွေ ဟောင်းနွမ်းစုတ်ပြတ်ပြီး ဒိတ်အောက်သွားရင် ဘာဖြစ်လဲ။ အသစ်တွေနဲ့ တစ်ဖန်အစားထိုးလိုက်တယ်လေ။ မင်းရဲ့အကျင့်တွေကိုလဲ အဲ့လိုပဲလုပ်ပါ။ ပိုကောင်းတဲ့အရာတွေနဲ့ အစားထိုးလိုက်ပါ။ သေးသေးလေးနဲ့စတင်လိုက်ပါ။ ပြီးရင် ခက်ခဲတဲ့အဆင့်တွေကို ကျော်ဖြတ်ရင်း ဘဝကို ဖြတ်သန်းလိုက်ပါ။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *