
#POINTYouthMagazine #POINT
လွတ်လပ်စွာ ရယ်မောလိုက်ချိန်မှာ ရှုချင်စဖွယ် သွားလှလှလေးတွေရှိရင် တခြားသူတွေက ကိုယ့်ကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့် ဖြူဖွေးလှပတဲ့ သွားလေးတွေရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကို ကြည့်လိုက်ပါ။
…
၁။ ရှောင်သင့်တဲ့ အစားအသောက်ကို ရှောင်ကြဉ်ပါ
အနီရောင်ဝိုင်၊ ကော်ဖီနဲ့ လက်ဖက်ရည်ထဲက တစ်ခုခုကိုကြိုက်လို့ စွဲစွဲမြဲသောက်နေမယ် ဆိုရင်တော့ သွားတွေဖြူလာဖို့ ခက်ပါလိမ့်မယ်။ ဒါတွေကို အမြဲမသောက်ပါနဲ့။ သောက်ပြီးတိုင်း လည်း သွားမတိုက် နိုင်ရင်တောင်မှ အာလုပ်ကျင်းပေးပါ။ ဆေးလိပ်သောက်ပြီး တိုင်းလည်း အာလုပ်ကျင်းပါ။ အရောင်ပါတဲ့ ဟင်းအနှစ်၊ ပဲပိစပ်အနှစ်၊ ကိုလာနဲ့ အရောင်ပါအချိုရည်တွေ မကြာခဏ စားသောက်တာကို ရှောင်ကြဉ်ပါ။
…
၂။ သွားတိုက်တံကို အများဆုံး သုံးလပဲ သုံးပြီး ပုံမှန် အသစ်လဲပေးပါ။
သွားတိုက်တံကို အချိန်အကြာကြီးသုံးရင် ဘက်တီးရီးယားပိုးတွေ အမြဲခိုအောင်းတတ်တဲ့နေရာ ဖြစ် သွားနိုင်တာကြောင့် သုံးလထက် ပိုမသုံးပါနဲ့။ သွားတိုက်ပြီးတိုင်း သွားတိုက်တံကိုတတ်နိုင် သမျှ ခြောက်သွေ့နေအောင် ထားပေးပါ။
…
၃။ သွားတိုက်တိုင်း လျှာကိုပါ ဂရုတစိုက် တိုက်ပေးပါ။
သွားတိုက်ရင်းနဲ့ လျှာကိုလည်း ပွတ်တိုက်ပေးပါ။ ဒါဆိုရင် မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ အကြာကြီး မနေနိုင်တော့ပါဘူး။ ဖြစ်နိုင်ရင် လျှာတိုက်တံနဲ့တိုက်တာက ပိုကောင်းပါတယ်။ နောက်ပြီး ခံတွင်းအနံ့ကောင်း တဲ့ ဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။
…
၄။သွားသန့်ရှင်းစေတဲ့အသီးမျိုး စားပေးပါ။
မုန်လာဥနီနဲ့ ပန်းသီးကို ပုံမှန်စားပေးရင် သွားသန့်ရှင်းဖို့ အထောက်အပံ့ဖြစ်ပါတယ်။ ဟင်းသီး ဟင်းရွက် ပုံမှန်စားတာကလည်း သွားနဲ့ ခံတွင်း ကျန်းမာရေး ကောင်းပါတယ်။
…
၅။ တစ်ပတ်မှာ တစ်ကြိမ်လောက် ဆားနဲ့ သွားတိုက်ပါ။
တစ်ပတ်ကို တစ်ကြိမ် ဆားနဲ့သွားတိုက်ရင် သွားတွေ ဖြူပြီး ပိုမိုကြံ့ခိုင်လာပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါနဲ့လည်း တိုက်လို့ရပါတယ်။
…
၆။ ကွမ်းစားတာကို ဖြတ်လိုက်ပါ
ဒီအကြံကိုတော့ တော်တော်များများ ကြိုက်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အကျိုးရှိလို့ အကြံပေးတာပါ။ ကွမ်းစားလို့ သွားတွေညစ်ပတ် တာကို အကျယ်တဝင့် မရေးတော့ပါဘူး။ သေချာတာက သွားနဲ့ ခံတွင်း ကျန်းမာရေးသာမက ရေရှည်ကျန်းမာရေးအတွက်ပါ မကောင်းတာကြောင့် ဆင်ခြင်နိုင်ရင် အကျိုးမယုတ်ပါဘူး။
Writer & Translator : Shwe Yi
*** Unicode ***
#POINTYouthMagazine #POINT
လွတ်လပ်စွာ ရယ်မောလိုက်ချိန်မှာ ရှုချင်စဖွယ် သွားလှလှလေးတွေရှိရင် တခြားသူတွေက ကိုယ့်ကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့် ဖြူဖွေးလှပတဲ့ သွားလေးတွေရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကို ကြည့်လိုက်ပါ။…
၁။ ရှောင်သင့်တဲ့ အစားအသောက်ကို ရှောင်ကြဉ်ပါ
အနီရောင်ဝိုင်၊ ကော်ဖီနဲ့ လက်ဖက်ရည်ထဲက တစ်ခုခုကိုကြိုက်လို့ စွဲစွဲမြဲသောက်နေမယ် ဆိုရင်တော့ သွားတွေဖြူလာဖို့ ခက်ပါလိမ့်မယ်။ ဒါတွေကို အမြဲမသောက်ပါနဲ့။ သောက်ပြီးတိုင်း လည်း သွားမတိုက် နိုင်ရင်တောင်မှ အာလုပ်ကျင်းပေးပါ။ ဆေးလိပ်သောက်ပြီး တိုင်းလည်း အာလုပ်ကျင်းပါ။ အရောင်ပါတဲ့ ဟင်းအနှစ်၊ ပဲပိစပ်အနှစ်၊ ကိုလာနဲ့ အရောင်ပါအချိုရည်တွေ မကြာခဏ စားသောက်တာကို ရှောင်ကြဉ်ပါ။…
၂။ သွားတိုက်တံကို အများဆုံး သုံးလပဲ သုံးပြီး ပုံမှန် အသစ်လဲပေးပါ။
သွားတိုက်တံကို အချိန်အကြာကြီးသုံးရင် ဘက်တီးရီးယားပိုးတွေ အမြဲခိုအောင်းတတ်တဲ့နေရာ ဖြစ် သွားနိုင်တာကြောင့် သုံးလထက် ပိုမသုံးပါနဲ့။ သွားတိုက်ပြီးတိုင်း သွားတိုက်တံကိုတတ်နိုင် သမျှ ခြောက်သွေ့နေအောင် ထားပေးပါ။…
၃။ သွားတိုက်တိုင်း လျှာကိုပါ ဂရုတစိုက် တိုက်ပေးပါ။
သွားတိုက်ရင်းနဲ့ လျှာကိုလည်း ပွတ်တိုက်ပေးပါ။ ဒါဆိုရင် မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ အကြာကြီး မနေနိုင်တော့ပါဘူး။ ဖြစ်နိုင်ရင် လျှာတိုက်တံနဲ့တိုက်တာက ပိုကောင်းပါတယ်။ နောက်ပြီး ခံတွင်းအနံ့ကောင်း တဲ့ ဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။…
၄။သွားသန့်ရှင်းစေတဲ့အသီးမျိုး စားပေးပါ။
မုန်လာဥနီနဲ့ ပန်းသီးကို ပုံမှန်စားပေးရင် သွားသန့်ရှင်းဖို့ အထောက်အပံ့ဖြစ်ပါတယ်။ ဟင်းသီး ဟင်းရွက် ပုံမှန်စားတာကလည်း သွားနဲ့ ခံတွင်း ကျန်းမာရေး ကောင်းပါတယ်။…
၅။ တစ်ပတ်မှာ တစ်ကြိမ်လောက် ဆားနဲ့ သွားတိုက်ပါ။
တစ်ပတ်ကို တစ်ကြိမ် ဆားနဲ့သွားတိုက်ရင် သွားတွေ ဖြူပြီး ပိုမိုကြံ့ခိုင်လာပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါနဲ့လည်း တိုက်လို့ရပါတယ်။…
၆။ ကွမ်းစားတာကို ဖြတ်လိုက်ပါ
ဒီအကြံကိုတော့ တော်တော်များများ ကြိုက်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အကျိုးရှိလို့ အကြံပေးတာပါ။ ကွမ်းစားလို့ သွားတွေညစ်ပတ် တာကို အကျယ်တဝင့် မရေးတော့ပါဘူး။ သေချာတာက သွားနဲ့ ခံတွင်း ကျန်းမာရေးသာမက ရေရှည်ကျန်းမာရေးအတွက်ပါ မကောင်းတာကြောင့် ဆင်ခြင်နိုင်ရင် အကျိုးမယုတ်ပါဘူး။
Writer & Translator : Shwe Yi