ပျက်စီးနေတဲ့ဆံသားများကို ဆေးဖက်ဝင်အိမ်သုံးပစ္စည်းများနဲ့ ကုသခြင်း

#Point #PointYouthPlatform

ပျက်စီးနေတဲ့ ဆံသားကို ဆေးဖက်ဝင်အိမ်သုံးပစ္စည်းတွေနဲ့ ကောင်းမွန်အောင်ပြုလုပ်နိုင်ပါတယ်။

အိမ်သုံးဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ကုသခြင်းက ပျက်စီးနေတဲ့ဆံသားတွေကို သိပ္ပံနည်းကျဖန်တီးထားတဲ့ H2နဲ့ အပူဓာတ်ပေးသလို တူညီတဲ့ရလဒ်တော့ မရနိုင်ပါဘူး။

ဒါပေမဲ့သူတို့က ဆံသားတွေကို ပြန်လည်မြန်မြန်ရှင်သန်လာအောင် ပြုလုပ်ပေးပါတယ်။

ပျက်စီးနေတဲ့ ဆံသားတွေကို မရောနိစ်နဲ့ ကုသနည်း

ပျက်စီးနေသောဆံသားတွေကိုကုသဖို့ အမျိုးမျိုးသောသဘာဝအိမ်သုံးဆေးဖက်ဝင်ပစ္စည်းတွေက သင့်အိမ်မှာရှိပြီးသားပါ။

ဆံသားပျက်စီးမှုကို အိမ်သုံဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ကုသဖို့ အလွန်ရိုးရှင်းတဲ့ နည်းလမ်းကတော ့ မရောနိစ်နဲ့ကုသနည်းပဲ ဖြစ်ပါတယ်။

ညအိပ်ယာမဝင်ခင် သင့်ရဲ့ဆံသားများပေါ်မှာ မရာနိစ်သုတ်လိမ်းပါ။ မရောနိစ်သုတ်ထားသောဆံပင်ကို တညလုံးထားပြီး မနက်အိပ်ယာထချိန်တွင် ခေါင်းလျှော်ချပါ။

ပျက်စီးနေတဲ့ ဆံသားတွေကို ပျားရည်နဲ့ ကြက်ဥနဲ့ ကုသနည်း

ဒုတိယနည်းလမ်းကတော့။ ။ကြက်ဥနှင့်ပျားရည်ကိုရောမွှေပြီး သင့်ရဲ့ဆံသားများကိုသုတ်လိမ်းပါ။ (၁၀) မိနစ်ခန့်ထားပြီးနောက် ခေါင်းလျှော်ပါ။

ထိုနည်းလမ်း(၂)ခုလုံးက ပျက်စီးနေတဲ့ ဆံသားတွေအတွက် လျင်မြန်စွာကုသပေးတဲ့ အိမ်သုံးဆေးဖက်ဝင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ပျက်စီးနေတဲ့ဆံသားတွေကို ကြက်ဥအကာနဲ့ ကုသနည်း

ကြက်ဥအကာနဲ့ ကုသခြင်းက ပျက်စီးနေတဲ့ ဆံသားတွေအတွက် ထင်ရှားတဲ့ အိမ်သုံးဆေးဖက်ဝင်ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

ကြက်ဥတစ်လုံကို ဂရုစိုက်ခွဲပြီး ကြက်ဥအကာတွေကို ပန်းကန်လုံးသေးသေးတစ်လုံးထဲမှာထည့်ပ။ါ အတွင်းထဲမှာ ကြက်ဥအနှစ်များကျန်ရှိနေပါလိမ့်မယ်။ ကြက်ဥအကာကိုခရင်း(သို့) ကြက်ဥခေါက်တန်ဖြင့်ခေါက်ပါ။ ကြက်ဥအနှစ်ကို ရေအနည်းငယ်ရောပြီး ကျေအောင်မွှေပါ။ ပြီးနောက်ကြက်ဥအခွံကို ကြိတ်စက်ထဲသို့ လာင်းထည့်ပါ။

ရေနွေးနဲ့ လျှော်ထားတဲ့ သင့်ဆံပင်ကို ရောထားတဲ့ ကြက်ဥတွေ သုတ်လိမ်းပါ။ သုတ်လိမ်းရာမှာ ဆံပင်တွေကိုနှိပ်နယ်ပြီး ရေအေးနဲ့ဆေးချပါ။

ဒီနည်းလမ်းကလည်း ဆံပင်ပျက်စီးတာကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ အိမ်သုံးဆေးနည်းတစ်ခုပဲ ဖြစ်ပါတယ်။

Writer & Translator : Cherry

Current

Leave a Reply

Your email address will not be published. Required fields are marked *