ပျက်စီးနေတဲ့ ဆံကေသာကို ထိန်းသိမ်းရန် နည်းလမ်းများ

၁။ ပျက်စီးနေတဲ့ ဆံပင်ကို စောစောစီးစီး ပြုပြင်ပါ။

ပျက်စီးနေတဲ့ ဆံပင်တွေကို မြန်မြန်ဆန်ဆန်ပဲ ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။ မှန်မှန်ကန်ကန် ဂရုစိုက်ပေးမယ်ဆိုရင် ဆံသားလေးတွေ ပြန်လည် ကောင်းမွန်လာပါလိမ့်မယ်။ ဆံသားပျက်စီးမှုကို သတိထားမိတာနဲ့ တတ်နိုင်သမျှ မြန်မြန်သာ ထိန်းသိမ်းပါ။ ဘာလို့လဲဆိုတော့ ပျက်စီးမှုတွေ ပြန့်နှံ့သွားတာနဲ့ မင်းဆံပင်ကို ဖြတ်ချဖို့အပြင် ရွေးချယ်စရာမရှိ ဖြစ်သွားနိုင်ပါတယ်။

၂။ ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို ညှပ်ပစ်ပါ။

ဆံပင်အဖျားက ကောက်ရိုးပုံစံဖြစ်နေမယ်ဆိုရင် ဆံသား ပြန်လည်ထိန်းသိမ်းမှု မလုပ်ခင်မှာ ညှပ်ပစ်ရပါမယ်။ တစ်ခါတလေမှာတော့ အဖျားတွေကို ညှိပစ်လိုက်ရုံနဲ့တင် ဆံပင်ပျက်စိးမှုကို ဖယ်ရှားပေးပြီးတော့ ဆံသားကို ပြန်လည်သန်မာလာစေပါတယ်။ အများကြီး ညှပ်ပစ်စရာ မလိုပါဘူး။

ဆံပင်ညှပ်တဲ့ကတ်ကြေးက မထက်ဘူးဆိုရင်တော့ မင်းဆံပင်က ပိုပြီးတော့ ပျက်စီးသွားပါလိမ့်မယ်။ ကတ်ကြေးကောင်းကောင်းကို အသုံးပြုဖို့ အရေးကြီးပါတယ်။

၃။ အပူပေးကိရိယာတွေကို ရှောင်ရှားပါ။

ပျက်စီးမှုကို သတိထားမိတာနဲ့ အပူပေးကိရိယာတွေ အားလုံးကို လွှင့်ပစ်ရမယ့် အချိန်ရောက်ပါပြီ။ ဒါမှမဟုတ် မင်းအလွယ်တကူမယူနိုင်တော့မယ့် တစ်နေရာရာမှာ ထားလိုက်ပါ။ အပူကိရိယာတွေကို အသုံးမပြုတာက ဆံပင်ပြန်ကောင်းလာဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။ ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပြီးတော့ အပူပေးပြီး ပုံသွင်းစရာမလိုတဲ့ ဆံပင်ပုံစံကိုပဲ ထားပါ။

၄။ ဓာတုပစ္စည်းတွေကို အသုံးပြုပြီးတော့ ဆံပင်ဆေးဆိုးခြင်းကို ရှောင်ကြဉ်ပါ။

ဓာတုပစ္စည်းတွေက မင်းဆံပင်ရဲ့အဆိုးဝါးဆုံးရန်သူပါပဲ။ ဆံပင်ဆေးဆိုးခြင်း၊ အရောင်ချွတ်ခြင်း၊ ပုံသွင်းခြင်းတွေ လုပ်တာက ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ပျက်စီးမှုတွေ ပျံ့နှံ့သွားရင် ပြန်ပြင်လို့မရတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ဆံပင်ပြန်ကောင်းလာတဲ့အထိ အနည်းဆုံးတော့ ဓာတုဆေးဝါးတွေ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ ဆိုင်တွေမှာ အသုံးပြုတာက ရောစပ်ထားတဲ့ ဓာတုဆေးတွေပါပဲ။ ဒါကြောင့် ဒါတွေနဲ့ ကင်းကင်းရှင်းရှင်းနေပြီးတော့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီးတော့ ဆံပင်ကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၅။ Sulfate မပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုပါ။

Sulfate ဒါမှမဟုတ် Sodium lauryl sulfate တို့လို ပြင်းထန်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုပါ။ သဘာဝ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုပါ။

ဓာတုပစ္စည်းတွေ ပါဝင်တဲ့ထုတ်ကုန်တွေက ဆံပင်ကို သန့်ရှင်းသွားစေပေမယ့် ဆံကေသာ စိုပြေမှုကို ဆုံးရှုံးသွားစေနိုင်ပြီး ပျက်စီးနေတဲ့ဆံသားတွေကို ပိုဆိုးဝါးသွားစေနိုင်ပါတယ်။ ပျက်စီးမှုတွေ ဖြစ်စေမယ့် ဓာတုဆေးဝါးတွေကို ရှောင်ရှားနိုင်ဖို့ ပြင်းထန်တဲ့ ဓာတုဆေးဝါးကင်းလွတ်တဲ့ ထုတ်ကုန်တွေကိုသာ ရွေးချယ်ပါ။

၆။ ပျက်စီးနေတဲ့ ဆံသားကို အုန်းဆီနဲ့ ပြန်လည်ပြုပြင်ပါ။

ဆံပင်ကို မကြာခဏ ဆီလိမ်းပေးတာက ဆံသားကျန်းမာရေး ကောင်းမွန်လာစေနိုင်ပါတယ်။ သံလွင်ဆီ၊ အုန်းဆီ၊ ကြက်ဆူဆီ တွေလို ဆီတွေကို အသုံးပြုပေးသင့်ပါတယ်။ ဆံပင်ကို ဆီလိမ်းထားပြီးတော့ ခေါင်းမလျှော်ခင် နှစ်နာရီကြာထားပေးရပါမယ်။

ဆီက ဆံသားကို ကာကွယ်မှု ပေးနိုင်ပါတယ်။ အုန်းဆီက ဆံသားတွေထဲကို စိမ့်ဝင်နိုင်ပါတယ်။ ကြက်ဆူဆီရဲ့ ပရိုတိန်းဓာတ်ကလည်း ပျက်စိးနေတဲ့ ဆံသားတွေကို ပိုကောင်းမွန်လာစေပါတယ်။

၇။ ပျက်စီးနေတဲ့ ဆံသားအတွက် သဘာဝအတိုင်း ကုသပါ။

ဆံပင်ပေါင်းတင်ဖို့ ကြက်ဥ၊ ပျားရည်၊ ဆီ၊ ထောပတ်သီး၊ ငှက်ပျောသီး စတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပါ။ ဆံသား ပြန်လည် ကောင်းမွန်လာ ပါလိမ့်မယ်။ ဓာတုပစ္စည်းတွေထက် သဘာဝပစ္စည်းတွေကို အမြဲတမ်း အသုံးပြုပါ။

၈။ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပါ။

မင်းဆံသားကို ပိုမိုသန်မာလာစေဖို့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ငါး၊ ကြက်ဥ၊ ဒိန်ချဉ် ပဲပိစပ်စတဲ့အစားအသောက်တွေကို စားသုံးပါ။ မင်းရဲ့ဆံပင်ကို ပရိုတိန်းဓာတ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပျက်စီးတဲ့အချိန်မှာ ပြန်လည်ပြုပြင်ဖို့ ပရိုတိန်းဓာတ်များများ လိုအပ်ပါတယ်။ Omega-3 လို အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပါ။ ဒါပေမယ့် ပရိုတိန်းဓာတ် လွန်ကဲလာခြင်းကလည်း ဆံသားတွေကို စိုပြေမှုနည်းပါးလာစေနိုင်ပြီး ဆံသားပျက်စီးစေနိ်ုင်ပါတယ်။ အိမ်မှာပြုလုပ်ထားတဲ့ ပျော့ဆေးတွေကို သုံးပြီးတော့ ဆံသားကိုစိုပြေအောင် ပြုလုပ်ရင်း ပရိုတိန်းဓာတ် ကြွယ်ဝအောင်လုပ်ပါ။

၉။ ပျက်စီးနေတဲ့ ဆံသားတွေအတွက် သဘာဝဆိုးဆေးကို အသုံးပြုပါ။

ဓာတုဆိုးဆေးတွေကို အသုံးပြုပြီး ဆံပင်အရောင်ဆိုးမယ့်အစား ဒန်းဆိုးဆေးတွေလို သဘာဝဆိုးဆေးတွေကို အသုံးပြုပါ။ ကြော်ငြာထဲက ဆံပင်ရောင်တွေနဲ့ မတူပဲ မင်းဆံသားလေးက ကောင်းမွန် တောက်ပနေမှာပါ။

၁၀။ ရေမကူးခင် ဆံပင်ကို ဆီလိမ်းပါ။

ပုံမှန်ရေကူးတတ်သူတစ်ယောက်ဆိုရင် ရေမကူးခင်မှာ ဆံပင်ကို ဆီလိမ်းပါ။ အကောင်းဆုံးရလဒ်တွေအတွက် ဆံပင်ကို အုန်းဆီလိမ်းလိုက်ပါ။ ဆံသားပျက်စီးမှုကို ကာကွယ်ပေးပြီး ရေထဲက ဓာတုပစ္စည်းတွေ ဒဏ်ကနေ ကာကွယ်ပေးထားပါလိမ့်မယ်။ ဆံပင်ကို ရေမစိုအောင် ဆီလီကွန်ခေါင်းစွပ်ကို စွပ်ထားပါ။

၁၁။ ဘဝမှာကျန်းမာအောင်နေထိုင်ပါ။

ဆံပင်နဲ့ ပတ်သတ်လာရင် ကျန်းမာရေး ကောင်းမွန်အောင်နေထိုင်တာကလဲ ထင်ထားတာထက် ပိုပြီးတော့ အရေးကြီးပါတယ်။ ဆံပင်ကို ပိုမို သန်မာရှည်လျားစေဖို့ရန် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပြီး ဘဝမှာကျန်းမာအောင် နေထိုင်ဖို့က အရေးကြီးပါတယ်။

အခုတော့ ဆံပင်ကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ ဆိုတာကို မင်းသိသွားပါပြီ။ ပျက်စီးနေတဲ့ဆံသားကို ပြုပြင်ထိန်းသိမ်းတာက ညတွင်းချင်း လုပ်နိုင်တဲ့အရာမဟုတ်သလို တစ်ပတ်လောက်နဲ့ လုပ်နိုင်တဲ့အရာလည်း မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြထားတဲ့ အချက်တွေက မင်းရဲ့ဆံပင်ကို ကျန်းမာသန်စွမ်းပြီး လှပလာစေနိုင်ပါတယ်။

ဆံသားပျက်စီးမှုတွေ ဖြစ်ခဲ့ဖူးလား။ comment မှာ အတွေ့အကြုံတွေကို ဝေမျှပေးသွားပါအုံး။

Writer & Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *