ဂျပန်နိုင်ငံမှာ ဘာကြောင့်ရွှေ့ပြောင်းအလုပ်သမားတွေလိုအပ်တာလဲ

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးလုပ်အားပြတ်လပ်မှု ဒဏ်ကို ယခုနှစ်တွင် ရင်ဆိုင်နေရပါတယ်။

ဂျပန်နိုင်ငံကို သက်ကြီးရွယ်အိုများပြားတဲ့နိုင်ငံ (Super-aged Nation) လို့ သတ်မှတ်ထားကြပြီး တစ်နိုင်ငံလုံးလူဦးရေရဲ့၂၀% ကျော်က အသက် ၆၅ နှစ်ကျော်သူတွေဖြစ်ကာ မွေးဖွားနှုန်းလည်း နှစ်စဉ် ကျဆင်းနေပါတယ်။

၂၀၆၀ခုနှစ်မှာ လက်ရှိလူဥိီးရေထက် သန်း ၄၀ ကျော်ကျဆင်းကာ စုစုပေါင်းလူဦးရေ ၈၆.၇၄ သန်းကျော်လောက်သာရှိတော့မယ်လို့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း အသက်ရနေတဲ့သူအချို ့နှင့် အမျိုးသမီးတွေ လုပ်ငန်းခွင်သို ့အများအပြားဝင်ရောက်လာဖို့ နှိုးဆော်နေပါတယ်။

ဂျပန်နိ်ုငံရဲ ့ထုံးစံ၊ လူမှုရေးတည်ဆောက်ပုံအရ လူမျိုးတူစုထားသောနိုင်ငံ (Homogeneous Nation) အဖြစ်နှစ်ပေါင်းများစွာရပ်တည်ခဲ့ပေမယ့် နောက်ပိုင်း လုပ်သားရှားပါးမှုအရ နောင်နှစ်တွေမှာ နိုင်ငံ့စီးပွားရေးအတွက် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေကို ပိုမိုလက်ခံလာနိုင်ခြေ ရှိပါတယ်။

ဒါပေမယ့် ၁၉၈၀ ခုနှစ် နောက်ပိုင်းကတည်းက အလုပ်သမားရှားပါးမှု ပြသနာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို ဆက်လက်လက်ခံမလား၊လက်မခံဘူးလားဆိုတာ အငြင်းပွားဖွယ် ဖြစ်နေခဲ့တာပါ။

ဂျပန်နိုင်ငံကကုမ္ပဏီတွေနဲ့ အလုပ်သမားအများစုက တူရကီ၊အီရန်နဲ့ တခြားအာဆီယံနိုင်ငံတွေက လာရောက်ကြတာဖြစ်ပါတယ်။ လက်ရှိ နိုင်ငံခြားမှ လာရောက်အလုပ်လုပ်ကိုင်သူတွေက နိုင်ငံ့လူဦးရေရဲ့ ၁.၆ % အထိတောင် ရှိနေပါတယ်။

၂၀၁၆ မှာဆိုရင် အင်ဒိုနီးရှား၊ နီပေါနှင့် ဖီလစ်ပိုင်နိုင်ငံတို့ကနေ နိုင်ငံရေးခိုလှုံခွင့် ၄၄% လောက်အထိကို ဂျပန်နိုင်ငံက တိုးမြှင့်လက်ခံခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်က နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေခဲ့ပါတယ်။

သုသေသနပြုလုပ်သူတွေနှင့် ပညာရှင်တွေက အခြားနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်သူတွေ ကသာ ယခုလက်ရှိကြုံတွေ့နေရတဲ့ ဂျပန်နိုင်ငံရဲ့ အလုပ်သမား ကပ်ဘေးနှင့် တခြားလူမှုရေး ကိစ္စတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။

#Point / Thiha

Unicode

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးလုပ်အားပြတ်လပ်မှု ဒဏ်ကို ယခုနှစ်တွင် ရင်ဆိုင်နေရပါတယ်။

ဂျပန်နိုင်ငံကို သက်ကြီးရွယ်အိုများပြားတဲ့နိုင်ငံ (Super-aged Nation) လို့ သတ်မှတ်ထားကြပြီး တစ်နိုင်ငံလုံးလူဦးရေရဲ့၂၀% ကျော်က အသက် ၆၅ နှစ်ကျော်သူတွေဖြစ်ကာ မွေးဖွားနှုန်းလည်း နှစ်စဉ် ကျဆင်းနေပါတယ်။

၂၀၆ဝခုနှစ်မှာ လက်ရှိလူဥိီးရေထက် သန်း ၄၀ ကျော်ကျဆင်းကာ စုစုပေါင်းလူဦးရေ ၈၆.၇၄ သန်းကျော်လောက်သာရှိတော့မယ်လို့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း အသက်ရနေတဲ့သူအချို ့နှင့် အမျိုးသမီးတွေ လုပ်ငန်းခွင်သို ့အများအပြားဝင်ရောက်လာဖို့ နှိုးဆော်နေပါတယ်။

ဂျပန်နို်ငံရဲ ့ထုံးစံ၊ လူမှုရေးတည်ဆောက်ပုံအရ လူမျိုးတူစုထားသောနိုင်ငံ (Homogeneous Nation) အဖြစ်နှစ်ပေါင်းများစွာရပ်တည်ခဲ့ပေမယ့် နောက်ပိုင်း လုပ်သားရှားပါးမှုအရ နောင်နှစ်တွေမှာ နိုင်ငံ့စီးပွားရေးအတွက် ရှွေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေကို ပိုမိုလက်ခံလာနိုင်ခြေ ရှိပါတယ်။

ဒါပေမယ့် ၁၉၈၀ ခုနှစ် နောက်ပိုင်းကတည်းက အလုပ်သမားရှားပါးမှု ပြသနာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို ဆက်လက်လက်ခံမလား၊လက်မခံဘူးလားဆိုတာ အငြင်းပွားဖွယ် ဖြစ်နေခဲ့တာပါ။

ဂျပန်နိုင်ငံကကုမ္ပဏီတွေနဲ့ အလုပ်သမားအများစုက တူရကီ၊အီရန်နဲ့ တခြားအာဆီယံနိုင်ငံတွေက လာရောက်ကြတာဖြစ်ပါတယ်။ လက်ရှိ နိုင်ငံခြားမှ လာရောက်အလုပ်လုပ်ကိုင်သူတွေက နိုင်ငံ့လူဦးရေရဲ့ ၁.၆ % အထိတောင် ရှိနေပါတယ်။

၂၀၁၆ မှာဆိုရင် အင်ဒိုနီးရှား၊ နီပေါနှင့် ဖီလစ်ပိုင်နိုင်ငံတို့ကနေ နိုင်ငံရေးခိုလှုံခွင့် ၄၄% လောက်အထိကို ဂျပန်နိုင်ငံက တိုးမြှင့်လက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်က နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေခဲ့ပါတယ်။

သုသေသနပြုလုပ်သူတွေနှင့် ပညာရှင်တွေက အခြားနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်သူတွေ ကသာ ယခုလက်ရှိကြုံတွေ့နေရတဲ့ ဂျပန်နိုင်ငံရဲ့ အလုပ်သမား ကပ်ဘေးနှင့် တခြားလူမှုရေး ကိစ္စတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။

#Point / Thiha

Current

Leave a Reply

Your email address will not be published. Required fields are marked *