ခရီးထွက်ခြင်းကို သဘောကျသူများအတွက် လှပတဲ့ တက်တူးလေးများ

#POINT #PointYouthPlatform

ကျွန်တော်တက်တူးတွေအကြောင်းကို အမြဲတမ်းတွေးနေပါတယ်။ ကျွန်တော့မှာ ရှိပြီးသားတက်တူးတွေ ကျွန်တော်ထိုးဖို့ရည်ရွယ်ထားတဲ့ တက်တူးတွေအကြောင်းတွေပေါ့။ မကြာသေးခင်က ခရီးသွားခြင်းကိုသဘောကျတဲ့ သင်္ကေတအနေနဲ့ တက်တူးလေးတွေ ထိုးဖို့ အကြောင်းကိုတွေးမိသွားတယ်။ ကျွန်တော်ကတော့ အားလက်ရက်တွေမှာ ခရီးသွားရတာကိုသဘောကျတယ်။ ပြီးတော့ တက်တူးတွေကိုလဲ သဘောကျတယ်လေ။ ဒါကြောင့် တကယ့်ကိုချစ်စရာကောင်းတဲ့ တက်တူးလေးတွေကို ရှာဖွေဖို့ စလုပ်ခဲ့ပါတယ်။ ဒီတက်တူးလေးတွေကို ကြည့်ကြည့်လိုက်ပါအုံး။ မင်းမှာ တက်တူးလေးတွေ ရှိတယ်ဆိုရင်လဲ မျှဝေခဲ့လို့ရပါတယ်။
၁။ ကမ္ဘာ့မြေပုံသေးသေးလေး
အိုကေ ဒါကလုံးဝကိုချစ်စရာကောင်းတဲ့ လှပတဲ့တက်တူးလေးပါပဲ
၂။ လေယာဉ်ငယ်လေး
ဒီတက်တူးလေးကတော့ ချစ်စရာကောင်းပါတယ်။ လေယာဉ်ငယ်လေးရဲ့အလှက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်နေရာမှာမဆို လှလှပပဖြစ်နေနိုင်ပါတယ်။
၃။ အထူးခြားဆုံးနေရာတစ်ခုခု
တကယ့်ကို အံ့အားသင့်စရာဖြစ်စေတဲ့ တစ်နေရာရာကို ခရီးထွက်ခဲ့ဖူးလား။ အဲ့ဒီနေရာလေးရဲ့ ကိုသြဒိနိတ်တွေကို ရေးထိုးထားတာကလဲ ကောင်းပါတယ်။ ဒါမှ မင်းနဲ့အတူ အဲ့နေရာလေးကအမြဲတမ်း အတူတူရှိနေတော့မှာပါ။
၄။ သင်္ကေတ
ဒီတြိဂံသေးသေးလေးက ခရီးထွက်ခြင်း ဆိုတဲ့ သင်္ကေတအဓိပ္ပာယ်လေးတစ်ခုပါပဲ။ ကျွန်တော်ဒါကို သဘောကျပါတယ်။
၅။ မြို့ပြပုံစံလေး
မြို့ပြလေးတစ်ခုက မင်းရဲ့နှလုံးသားကို ဖမ်းစားထားပြီလား။ မင်းရဲ့လက်မှာ မြို့ပြပုံစံလေးကို တက်တူးထိုးကြည့်လိုက်ပါ။
၆။ သံလိုက်အိမ်မြှောင်လေး
ကျွန်တော်ကတော့ ဒီသံလိုက်အိမ်မြှောင်အိုင်ဒီယာကို သဘောကျပါတယ်။ ဒါဆိုရင် မင်းဘယ်နေရာကို သွားလဲဆိုတာကို အမြဲတမ်းသိနိုင်တော့မှာပါ။
၇။ ကမ္ဘာလုံးပုံစံ
ဒီတက်တူးလေးသုံးခုကို ကျွန်တော်အရမ်းသဘောကျပါတယ်။ လေယာဉ်လေးရယ် ကမ္ဘာလေးရယ် နှလုံးသားတစ်ခုရယ်က တကယ့်ကို အဓိပ္ပာယ်ရှိလှပါတယ်။
၈။ ကမ်းခြေချစ်သူများ
ကျွန်တော်ကတော့ ကမ်းခြေကို အရမ်းကိုချစ်မြတ်နိုးတဲ့သူတစ်ယောက်ပါပဲ။ ဒါကြောင့် ဒီတက်တူးလေးကတော့ ကျွန်တော်အကြိုက်ဆုံးတစ်ခုဖြစ်နိုင်ပါတယ်။ မင်းတို့ကရော ဘယ်တက်တူးလေးတွေကို အကြိုက်ဆုံးလဲ။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *