
#POINTYouthMagazine #POINT
ဆယ်ကျော်သက်အများစုဟာ ကျောင်းသွားဖို့ အိပ်ရာစောစောမထနိုင်ကြပါဘူး။ လေ့လာချက်တွေအရ ဒါဟာ သူတို့ တမင်ရည်ရွယ်လုပ်တာမဟုတ်ပဲ သဘာဝအတိုင်း စောစောမထနိုင်ကြတာပါ။
ဒါကြောင့် လူငယ်တွေ မနက်စောစောမထနိုင်တာကို ထနိုင်လာအောင် လေ့ကျင့်သင်ယူနိုင်မယ့်နည်းတွေကို လေ့လာကြည့်လိုက်ပါ။
…
(၁) အိပ်ရာထဲမှာ အီလက်ထရောနစ်ပစ္စည်းတွေ သုံးတဲ့အကျင့်ကို ဖျောက်ပါ
အီလက်ထရောနစ်ပစ္စည်း အသုံးပြုမှုကို စည်းကမ်းသတ်မှတ်ပါ။ ဥပမာ ဖုန်းအကြာကြီးသုံးတာက အိပ်စက်ခြင်း ကို အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ယာထဲကို Laptop နဲ့ တယ်လီဖုန်းတွေ ယူမသွားပါနဲ့။ တီဗီကြည့်ရင်းလည်း မအိပ်မိပါစေနဲ့။
…
(၂) အိပ်ယာဝင်ချိန် သတ်သတ်မှတ်မှတ် ထားပါ
အိပ်ယာဝင်ချိန် ပုံမှန်သတ်မှတ်ထားရင် မနက်အစောပိုင်း ထရင်တောင်မှ ခေါင်းကြည်နေမှာပါ။ ပုံမှန် အိပ်ယာဝင်ပါ။
…
(၃) ပိတ်ရက်တွေမှာ ညအိပ်ချိန်ကို ဂရုစိုက် လေ့ကျင့်ပေးပါ
ဆယ်ကျော်သက်အများစုဟာ ပိတ်ရက်တွေမှာ စိတ်ဝင်စားရာတွေကို နေ့မအိပ် ညမအိပ် လုပ်တတ် ကြသလို တချို့ကလည်း တစ်နေကုန် အိပ်တတ်ကြပါတယ်။ ဒါကြောင့် အိပ်စက်နားနေမှုပုံစံ ပျက်သွားပြီး ကျောင်းဖွင့်ချိန်ရောက်ရင် ပုံမှန်အလုပ်တွေနဲ့ အံမဝင်ဖြစ်လာပါတယ်။ ဒီလို အလေ့အကျင့်ရအောင် ပိတ်ရက်မှာ လူကြီးတွေက ကူညီပေးပါ။
…
(၄) နေ့လည်ပိုင်း အိပ်တဲ့အကျင့် မလုပ်မိအောင် ထိန်းပေးပါ
ဆယ်ကျော်သက်တွေ ကျောင်းကနေအိမ်ပြန်ရောက်ရင် ခဏအိပ် ချင်ကြပါတယ်။ ဒီလိုအိပ်လိုက်ရင် ညအိပ်ချိန်ကို အနှောက်အယှက်ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက အိမ်ပြန်လာ ချိန်မှာ စိတ်လက်ပေါ့ပါးအောင် ကိ်ုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။ ဒီအလေ့အကျင့်ရအောင်လူကြီးတွေက လေ့ကျင့်ပေးပါ။ ဒါဆိုရင် ညအိပ်ချိန် မှန်လာပါလိမ့်မယ်။
…
(၅) သင့်တော်တဲ့မက်လုံး ပေးပါ
တာဝန်ယူစိတ်ရှိတဲ့ လူငယ်တွေကို အသိအမှတ်ပြုပြီး အခွင့်အရေးပေးပါ။ ကိ်ုယ်လုပ်ချင်တာကို ညအိပ်ချိန်နောက်ကျအောင် လုပ်ချင်ရင် မနက်အချိန်မှန်ထရမယ်ဆိုတဲ့အသိကိုလည်း နားလည်အောင် ပြောပြပေးပါ။ ဒီလိုလုပ်နိုင်ရင် အကျင့်ကောင်းတစ်ခုကို လုပ်နိုင်တယ်လို့ အသိအမှတ်ပြုပြီး ဆုပေးတဲ့စနစ်နဲ့ ကျင့်သုံးပေးပါ။ ကလေးကိုယ်တိုင် တာဝန်ယူလိုစိတ် ရှိလာပြီး ပုံမှန်အိပ် ပုံမှန်ထတဲ့အလေ့ ရလာပါလိမ့်မယ်။
Writer & Translator : Shwe Yi
*** Unicode ***
#POINTYouthMagazine #POINT
ဆယ်ကျော်သက်အများစုဟာ ကျောင်းသွားဖို့ အိပ်ရာစောစောမထနိုင်ကြပါဘူး။ လေ့လာချက်တွေအရ ဒါဟာ သူတို့ တမင်ရည်ရွယ်လုပ်တာမဟုတ်ပဲ သဘာဝအတိုင်း စောစောမထနိုင်ကြတာပါ။ဒါကြောင့် လူငယ်တွေ မနက်စောစောမထနိုင်တာကို ထနိုင်လာအောင် လေ့ကျင့်သင်ယူနိုင်မယ့်နည်းတွေကို လေ့လာကြည့်လိုက်ပါ။…
(၁) အိပ်ရာထဲမှာ အီလက်ထရောနစ်ပစ္စည်းတွေ သုံးတဲ့အကျင့်ကို ဖျောက်ပါ
အီလက်ထရောနစ်ပစ္စည်း အသုံးပြုမှုကို စည်းကမ်းသတ်မှတ်ပါ။ ဥပမာ ဖုန်းအကြာကြီးသုံးတာက အိပ်စက်ခြင်း ကို အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ယာထဲကို Laptop နဲ့ တယ်လီဖုန်းတွေ ယူမသွားပါနဲ့။ တီဗီကြည့်ရင်းလည်း မအိပ်မိပါစေနဲ့။…
(၂) အိပ်ယာဝင်ချိန် သတ်သတ်မှတ်မှတ် ထားပါ
အိပ်ယာဝင်ချိန် ပုံမှန်သတ်မှတ်ထားရင် မနက်အစောပိုင်း ထရင်တောင်မှ ခေါင်းကြည်နေမှာပါ။ ပုံမှန် အိပ်ယာဝင်ပါ။…
(၃) ပိတ်ရက်တွေမှာ ညအိပ်ချိန်ကို ဂရုစိုက် လေ့ကျင့်ပေးပါ
ဆယ်ကျော်သက်အများစုဟာ ပိတ်ရက်တွေမှာ စိတ်ဝင်စားရာတွေကို နေ့မအိပ် ညမအိပ် လုပ်တတ် ကြသလို တချို့ကလည်း တစ်နေကုန် အိပ်တတ်ကြပါတယ်။ ဒါကြောင့် အိပ်စက်နားနေမှုပုံစံ ပျက်သွားပြီး ကျောင်းဖွင့်ချိန်ရောက်ရင် ပုံမှန်အလုပ်တွေနဲ့ အံမဝင်ဖြစ်လာပါတယ်။ ဒီလို အလေ့အကျင့်ရအောင် ပိတ်ရက်မှာ လူကြီးတွေက ကူညီပေးပါ။…
(၄) နေ့လည်ပိုင်း အိပ်တဲ့အကျင့် မလုပ်မိအောင် ထိန်းပေးပါ
ဆယ်ကျော်သက်တွေ ကျောင်းကနေအိမ်ပြန်ရောက်ရင် ခဏအိပ် ချင်ကြပါတယ်။ ဒီလိုအိပ်လိုက်ရင် ညအိပ်ချိန်ကို အနှောက်အယှက်ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက အိမ်ပြန်လာ ချိန်မှာ စိတ်လက်ပေါ့ပါးအောင် ကို်ယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။ ဒီအလေ့အကျင့်ရအောင်လူကြီးတွေက လေ့ကျင့်ပေးပါ။ ဒါဆိုရင် ညအိပ်ချိန် မှန်လာပါလိမ့်မယ်။…
(၅) သင့်တော်တဲ့မက်လုံး ပေးပါ
တာဝန်ယူစိတ်ရှိတဲ့ လူငယ်တွေကို အသိအမှတ်ပြုပြီး အခွင့်အရေးပေးပါ။ ကို်ယ်လုပ်ချင်တာကို ညအိပ်ချိန်နောက်ကျအောင် လုပ်ချင်ရင် မနက်အချိန်မှန်ထရမယ်ဆိုတဲ့အသိကိုလည်း နားလည်အောင် ပြောပြပေးပါ။ ဒီလိုလုပ်နိုင်ရင် အကျင့်ကောင်းတစ်ခုကို လုပ်နိုင်တယ်လို့ အသိအမှတ်ပြုပြီး ဆုပေးတဲ့စနစ်နဲ့ ကျင့်သုံးပေးပါ။ ကလေးကိုယ်တိုင် တာဝန်ယူလိုစိတ် ရှိလာပြီး ပုံမှန်အိပ် ပုံမှန်ထတဲ့အလေ့ ရလာပါလိမ့်မယ်။
Writer & Translator : Shwe Yi