
#POINT#PointYouthPlatform
ကမ္ဘာ့ဖလားရဲ့ ရှုံးထွက်ပွဲစဉ်များတွင် ဂျပန်အသင်းဟာ ဘယ်လ်ဂျီယမ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။
ဂျပန်အသင်းဟာ ပွဲကစားချိန် ၆၅ မိနစ်အထိအောင် ဂျပန်အသင်းဟာ ၂-ဝ နဲ့ ဦးဆောင်နေခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယမ်အသင်းကို ၃-၂နဲ့ ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားကနေ နှုတ်ဆက်ကာ အိမ်ပြန်ခဲ့ရပါတယ်။
ဒါပေမဲ့ သူတို့မထွက်ခွာခင်မှာ စိတ်မကောင်းဖြစ်နေကြတဲ့ ဂျပန်ဘောလုံးသမားတွေဟာ အားကစားသမားစိတ်ဓာတ်ကောင်းတွေကို ပြသခဲ့ပါတယ်။
ကွင်းထဲမှာ ဂျပန်အသင်းဟာ ပြိုင်ဘက်အသင်းသားတွေကို လေးလေးစားစားဦးညွှတ်နှုတ်ဆက်ခဲ့ကြပြီး အဝတ်အစားလဲဖို့ အခန်းထဲကို တန်းစီဝင်ရောက်သွားကြပါတယ်။
ဒါပေမဲ့ သူတို့မထွက်ခွာခင်မှာ အခန်းထဲကို လုံးဝပြောင်လက်နေအောင် ရှင်းလင်းသွားခဲ့ပါတယ်။ ရုရှားနိုင်ငံအား သူတို့ရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ကြောင်း စာတစ်စောင်ကိုတောင် ချန်ရစ်ထားခဲ့ပါသေးတယ်လို့ The Independent သတင်းမှာ ဖော်ပြထားပါတယ်။
ဒီလိုလေးစားဖို့ကောင်းတဲ့စိတ်ဓာတ်ကို ပြသပေးခဲ့တာက ဂျပန်ဘောလုံးသမားတွေတင် မကပါဘူး။ ပွဲကြည့်စင်ကထွက်ခွာစဉ်မှာ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဂျပန်ပရိသတ်တွေကလဲ Rostov-on-Don အားကစားရုံထဲမှာ အမှိုက်တွေအားလုံးကို အချိန်ယူရှင်းလင်းပေးခဲ့ပါတယ်။
ဘောလုံးပွဲပြီးတဲ့နောက်မှာ ဂျပန်ပရိသတ်တွေက တစ်ကွင်းလုံးကို ရှင်းလင်းပေးခဲ့တာက ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အစောပိုင်းတုန်းက ဂျပန်အသင်းဟာ ကိုလမ်ဘီယာအသင်းကို အနိုင်ရခဲ့တုန်းကလဲ အမှိုက်တွေအားလုံးကို သိမ်းဆည်းသွားခဲ့ကြပါတယ်။ ဆီနီဂေါပရိသတ်တွေကလဲ ပွဲအပြီးမှာ သူတို့နေရာတွေကို ရှင်းလင်းသွားခဲ့ကြပါတယ်လို့ Sports Illustrated သတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်ဘောလုံးအသင်းက အရည်အချင်းမပြည့်မှီခဲ့ရင်တောင်မှ ဒီပြိုင်ပွဲကနေ အမေရိကန်ပရိသတ်တွေက တစ်ခုခုကို သင်ယူနိုင်ကြမှာပါ။
Writer & Translator – ဆုမွန်
*** Unicode ***
#POINT#PointYouthPlatform
ကမ္ဘာ့ဖလားရဲ့ ရှုံးထွက်ပွဲစဉ်များတွင် ဂျပန်အသင်းဟာ ဘယ်လ်ဂျီယမ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ဂျပန်အသင်းဟာ ပွဲကစားချိန် ၆၅ မိနစ်အထိအောင် ဂျပန်အသင်းဟာ ၂-ဝ နဲ့ ဦးဆောင်နေခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယမ်အသင်းကို ၃-၂နဲ့ ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားကနေ နှုတ်ဆက်ကာ အိမ်ပြန်ခဲ့ရပါတယ်။
ဒါပေမဲ့ သူတို့မထွက်ခွာခင်မှာ စိတ်မကောင်းဖြစ်နေကြတဲ့ ဂျပန်ဘောလုံးသမားတွေဟာ အားကစားသမားစိတ်ဓာတ်ကောင်းတွေကို ပြသခဲ့ပါတယ်။ကွင်းထဲမှာ ဂျပန်အသင်းဟာ ပြိုင်ဘက်အသင်းသားတွေကို လေးလေးစားစားဦးညှွတ်နှုတ်ဆက်ခဲ့ကြပြီး အဝတ်အစားလဲဖို့ အခန်းထဲကို တန်းစီဝင်ရောက်သွားကြပါတယ်။
ဒါပေမဲ့ သူတို့မထွက်ခွာခင်မှာ အခန်းထဲကို လုံးဝပြောင်လက်နေအောင် ရှင်းလင်းသွားခဲ့ပါတယ်။ ရုရှားနိုင်ငံအား သူတို့ရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ကြောင်း စာတစ်စောင်ကိုတောင် ချန်ရစ်ထားခဲ့ပါသေးတယ်လို့ The Independent သတင်းမှာ ဖော်ပြထားပါတယ်။
ဒီလိုလေးစားဖို့ကောင်းတဲ့စိတ်ဓာတ်ကို ပြသပေးခဲ့တာက ဂျပန်ဘောလုံးသမားတွေတင် မကပါဘူး။ ပွဲကြည့်စင်ကထွက်ခွာစဉ်မှာ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဂျပန်ပရိသတ်တွေကလဲ Rostov-on-Don အားကစားရုံထဲမှာ အမှိုက်တွေအားလုံးကို အချိန်ယူရှင်းလင်းပေးခဲ့ပါတယ်။
ဘောလုံးပွဲပြီးတဲ့နောက်မှာ ဂျပန်ပရိသတ်တွေက တစ်ကွင်းလုံးကို ရှင်းလင်းပေးခဲ့တာက ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အစောပိုင်းတုန်းက ဂျပန်အသင်းဟာ ကိုလမ်ဘီယာအသင်းကို အနိုင်ရခဲ့တုန်းကလဲ အမှိုက်တွေအားလုံးကို သိမ်းဆည်းသွားခဲ့ကြပါတယ်။
ဆီနီဂေါပရိသတ်တွေကလဲ ပွဲအပြီးမှာ သူတို့နေရာတွေကို ရှင်းလင်းသွားခဲ့ကြပါတယ်လို့ Sports Illustrated သတင်းမှာ ဖော်ပြထားပါတယ်။အမေရိကန်ဘောလုံးအသင်းက အရည်အချင်းမပြည့်မှီခဲ့ရင်တောင်မှ ဒီပြိုင်ပွဲကနေ အမေရိကန်ပရိသတ်တွေက တစ်ခုခုကို သင်ယူနိုင်ကြမှာပါ။
Writer & Translator – ဆုမွန်