ကိုယ်ပိုင်အတွေးများကသာ အရေးကြီးတဲ့အကြောင်း

အောင်မြင်ဖို့အတွက် လှမ်းနေတဲ့ခြေလှမ်းတိုင်းက မှန်ကန်တဲ့ ရွေးချယ်မှုတွေ ဖြစ်ပါတယ်။ အရာရာအားလုံးက ကျွန်တော်တို့ရဲ့ အတွေးတွေကနေသာ စတင်ဖြစ်ပေါ်လာတာပါ။

  • အောင်မြင်တဲ့ လူတွေက သူတို့ ဘာတွေ လုပ်ရမလဲ၊
  • ဘယ်လိုမျိုးရှုံးနိမ့်မှုတွေကို ဟန့်တားမလဲ၊
  •  သူတို့ရဲ့ အတွေးအခေါ်တွေကို အောင်မြင်မှုအဖြစ် ဘယ်လိုမျိုး တစိုက်မတ်မတ်ကြိုးစား ပြောင်းလဲမလဲ၊ စတာတွေကို သိနားလည်ကြကာ သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲကြပါတယ်။

ကျွန်တော်တို့ရဲ့ အတွေးထဲမှာ အောင်မြင်ဖို့အတွက် စွမ်းရည်အပြည့်အဝရှိပြီးသားဆိုတာကို မမေ့လိုက်ပါနဲ့။

အတွေးထဲက ကြောက်ရွံ့မှုတွေဟာ ကျွန်တော်တို့ရဲ့ မျက်နှာပေါ်မှာ လာထပ်ဟပ်စေပါတယ်။ ကျွန်တော်တို့ရဲ့ တခြားတစ်ဖက်မှာလည်း အားသာမှုတွေ၊ ယုံကြည်မှုတွေနဲ့ ရင်ပေါင်တန်းနေဖို့လည်း လိုအပ်ပါသေးတယ်။

ကျွန်တော်တို့ မျက်မြင်ကြည့်ကြည့်လိုက်ပါ။ များစွာသော အောင်မြင်သူတွေ၊ ကြီးမြတ်သူတွေက ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ အားနည်းစေမယ့် စကားတွေကို ဘယ်တော့မှ နားထောင်ကြလေ့မရှိပါဘူး။ သူတို့ရဲ့ အတွေးကိုသာ သူတို့ အကောင်အထည် ဖော်ကြပါတယ်။

ပီကာဆို၊ အလ်ဘတ်အိုင်စတိုင်း၊ အင်ဗရာဟင်လင်ကွန်း စတဲ့ များစွာသော အောင်မြင်သူတွေက သူတို့အတွေးတွေကိုပဲ ယုံကြည်ပြီး ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဟင်နရီဖို့ဒ်ကလည်း မင်းလုပ်နိုင်တယ်လို့ စဉ်းစားသည်ဖြစ်စေ၊ မင်းမလုပ်နိုင်ဘူးလို့ စဉ်းစားသည်ဖြစ်စေ မင်းစဉ်းစားတာ မှန်တယ်လို့ ပြောဖူးပါတယ်။

ဒါကြောင့် အရာအားလုံးက မင်းရဲ့အတွေးပေါ်မှာပဲ မူတည်တယ်လို့ပြောတာပေါ့။

ကိုယ့်မှာ ဘာအားသာချက်တွေ ရှိတယ်၊ ဘာအားနည်းချက်တွေ ရှိတယ်ဆိုတာ အမြဲတွေးပါ။ လေ့လာပါ။ ပြောင်းလဲပါ။ ကျွန်တော်တို့အနားမှာရှိသူတွေက ဘယ်တော့မှ ကိုယ့်ကိုယ်ကို စူးစမ်းလေ့မရှိပါဘူး။

ဘာတွေက ကိုယ့်အားသာချက်၊ ဘာတွေက အရေးကြီးတဲ့အရာတွေလဲ ဘယ်တော့မှ မတွေးကြပါဘူး ။ သူတို့ရဲ့ ပါရမီတွေက ဘာတွေလဲ ဘုရားသခင်က ဘာတွေ လက်ဆောင်ပေးထားပြီး ဖြစ်နေလဲဆိုတာကို ဘယ်တော့မှ မစူးစမ်းကြပါဘူး။

တကယ်တော့ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးက ကျွန်တော်တို့ရဲ့ အတွေးတွေက စတင်တာ ဖြစ်ပါတယ်။ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေဟာ ကျွန်တော်တို့ရဲ့ အတွေးတွေကနေသာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Career, Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *