ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် အမြဲကြိုးစားပါ

*** Unicode ***

#POINT #PointYouthYouth

ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်တယ်ဆိုတာ ဘဝတစ်လျှောက်လုံး လုပ်ဆောင်ရမယ့် အရာဖြစ်ပါတယ်။ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေကို အကဲဖြတ်နိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ဘဝမှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို ထည့်သွင်းပြီး၊ ကျွမ်းကျင်မှုကို လက်တွေ့ကျကျ ဖြစ်လာစေဖို့ ပန်းတိုင်တွေ ချမှတ်ရပါမယ်။ငယ်ငယ်က မိဘဘိုးဘွားတွေရဲ့ သင်ကြားမှုကြောင့် ဘဝမှာ တိုးတက်မှုတွေ ရှိပေမယ့်၊ အရွယ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ မရပ်တန့်သင့်ပါဘူး။ကိုယ့်ကိုယ်ကို တိုးတက်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်များကို POINT မှ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) အတွေးအခေါ် မြင့်မားခြင်း

ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားတာက ပျော်စရာပါပဲ။ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေဖို့ စိတ်ကူးရှိတာနဲ့၊ တိုးတက်လိုစိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။ အတွေးအခေါ်မြင့်မားတယ်ဆိုတာ ကိုယ်ဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်တာပါပဲ။

(၂) အစီအစဉ် ရေးဆွဲပါ။

ကိုယ်ဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်းသိတာနဲ့ တစ်ပြိုင်နက် အဲ့ဒိကို ရောက်အောင်သွားဖို့ စီစဉ်နိုင်ပါပြီ။ အစီအစဉ်ရေးဆွဲတာက သိပ်တော့ အရေးမကြီးပေမယ့်၊ ဒါက ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ ပိုပြီး လက်တွေ့ကျလာစေမှာ ဖြစ်ပါတယ်။

(၃) မှတ်တမ်းတင်ပါ။

ကိုယ့်ကြိုးစားမှုတွေ အရာထင်လာတဲ့အခါတိုင်း၊ ချရေးပါ။ ဒါက နောင်အနာဂတ်မှာ သင့်ရဲ့ အောင်မြင်မှုတွေအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ဒီလိုမျိုး လုပ်ဆောင်တာက နောက်ထပ် သင်ယူလိုစိတ် ပြင်းပြလာမှာ ဖြစ်ပါတယ်။ ကိုယ့်အရည်အချင်းတွေ တိုးတက်လာတဲ့အခါမှာလည်း ဆက်ကြိုးစားပါ။

(၄) ပြန်လည်သုံးသပ်ပါ။

ထိရောက်တဲ့ လေ့လာမှုအတွက်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်တာက အရေးကြီးပါတယ်။ အဲ့ဒိကနေ ဘာသင်ခန်းစာရလည်း စဉ်းစားပါ။ ကိုယ့်ရဲ့ တိုးတက်မှု အစီအစဉ်တွေနဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန် ပြန်လည်သုံးသပ်တာက ကိုယ်ဘာတွေ ပြီးမြောက်သွားပြီလဲဆိုတာ သိရှိနို်င်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်စေမှာ အသေချာပါပဲ။

Writer & Translator : Hsu Mi San

——————————————————————————————————————————–

#POINT #PointYouthYouth
ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်တယ်ဆိုတာ ဘဝတစ်လျှောက်လုံး လုပ်ဆောင်ရမယ့် အရာဖြစ်ပါတယ်။
ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေကို အကဲဖြတ်နိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဘဝမှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို ထည့်သွင်းပြီး၊ ကျွမ်းကျင်မှုကို လက်တွေ့ကျကျ ဖြစ်လာစေဖို့ ပန်းတိုင်တွေ ချမှတ်ရပါမယ်။
ငယ်ငယ်က မိဘဘိုးဘွားတွေရဲ့ သင်ကြားမှုကြောင့် ဘဝမှာ တိုးတက်မှုတွေ ရှိပေမယ့်၊ အရွယ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ မရပ်တန့်သင့်ပါဘူး။
ကိုယ့်ကိုယ်ကို တိုးတက်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်များကို POINT မှ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) အတွေးအခေါ် မြင့်မားခြင်း
ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားတာက ပျော်စရာပါပဲ။ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေဖို့ စိတ်ကူးရှိတာနဲ့၊ တိုးတက်လိုစိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။ အတွေးအခေါ်မြင့်မားတယ်ဆိုတာ ကိုယ်ဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်တာပါပဲ။

(၂) အစီအစဉ် ရေးဆွဲပါ။ကိုယ်ဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်းသိတာနဲ့ တစ်ပြိုင်နက် အဲ့ဒိကို ရောက်အောင်သွားဖို့ စီစဉ်နိုင်ပါပြီ။ အစီအစဉ်ရေးဆွဲတာက သိပ်တော့ အရေးမကြီးပေမယ့်၊ ဒါက ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ ပိုပြီး လက်တွေ့ကျလာစေမှာ ဖြစ်ပါတယ်။

(၃) မှတ်တမ်းတင်ပါ။
ကိုယ့်ကြိုးစားမှုတွေ အရာထင်လာတဲ့အခါတိုင်း၊ ချရေးပါ။ ဒါက နောင်အနာဂတ်မှာ သင့်ရဲ့ အောင်မြင်မှုတွေအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ဒီလိုမျိုး လုပ်ဆောင်တာက နောက်ထပ် သင်ယူလိုစိတ် ပြင်းပြလာမှာ ဖြစ်ပါတယ်။ ကိုယ့်အရည်အချင်းတွေ တိုးတက်လာတဲ့အခါမှာလည်း ဆက်ကြိုးစားပါ။

(၄) ပြန်လည်သုံးသပ်ပါ။
ထိရောက်တဲ့ လေ့လာမှုအတွက်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်တာက အရေးကြီးပါတယ်။ အဲ့ဒိကနေ ဘာသင်ခန်းစာရလည်း စဉ်းစားပါ။ ကိုယ့်ရဲ့ တိုးတက်မှု အစီအစဉ်တွေနဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန် ပြန်လည်သုံးသပ်တာက ကိုယ်ဘာတွေ ပြီးမြောက်သွားပြီလဲဆိုတာ သိရှိနိ်ုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်စေမှာ အသေချာပါပဲ။

Writer & Translator : Hsu Mi San

 

Career

Leave a Reply

Your email address will not be published. Required fields are marked *