တစ်နေ့နေ့တော့ တန်ဖိုးကို နားလည်လိမ့်မယ်

*** Unicode ***

ကျွန်တော် အချိန်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးများစွာ ရေးခဲ့ဖူးပါတယ်။ အချိန်ကို အကျိုးရှိရှိ ဘယ်လိုကုန်ဆုံးကြမယ်။ အားလပ်ချိန်မှာ အကျိုးရှိတာ လုပ်ကြမယ် စတဲ့ဆောင်းပါးများစွာ ရေးခဲ့ဖူးပါတယ်။

အချိန်မလေးစားမှုကြောင့် ရလာတဲ့ ရှုံးနိမ့်မှုတွေ၊ ကျရှုံးခဲ့ရတဲ့ နိုင်ငံတွေ သမိုင်းမှာလည်း အထင်အရှားပါ။ ထို့အပြင် လူအများစုရဲ့ ပါးစပ်ဖျားမှာလည်း အချိန်ဆိုတဲ့ စကားကို တွင်တွင်သုံးစွဲ နေတာ ကြားနေရမှာပါ။

သင်တန်းလေးတက်ချင်ပေမယ့်လည်း ငါ့မှာ အချိန်မရှိဘူးဆိုတာတွေ၊ Self-study လုပ်ချင်တယ်လေ ဒါပေမယ့် ဘယ်အချိန်သွားလုပ်ရမလဲကို မသိဘူးဖြစ်နေတယ်ဆိုတာတွေ ၊ ငါက သမ္မတထက်တောင် အလုပ်ရှုပ်တယ်ဟ ဆိုပြီး ဆင်ခြင်ဆင်လက်များစွာ ပေးတာတွေကို နေရာအနှံမှာ လူတန်းစားအလွှာတိုင်းမှာ ပြောနေကြတာ တွေ့မြင်နေရပါတယ်။

ငါသာ ဆယ်တန်းပြန်ဖြေလို့ရခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။တစ်ချို့ကြပြန်တော့လည်း ပြန်မရမယ့်အချိန်ကို ပြန်တမ်းတနေကြတယ်။ တစ်ချို့ကြတော့လည်း ကိုယ်အားလပ်ချိန်လေးတွေလျော့ပြီး အချိန်ပေးဖို့ကို ဆင်ခြင်တွေပေးနေကြတယ်။

အမျိုးမျိုးတွေပါပဲ။ကျွန်တော်အနေနဲ့ အချိန်နဲ့ ပတ်သတ်ပြီးထပ်ပြောရမယ်ဆို ဆင်ခြင်မပေးပါနဲ့ ။ မလုပ်နိုင်တာ မဖြစ်နိုင်တာ မတွေးပါနဲ့။ ကြိုးစားကြည့်လိုက်ပါ။

အချိန်မပေးနိုင်ဘူး ပြောမယ့်အစား ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ရောက်ပြီလား ပြန်တွေးကြည့်ပါလား။ အချိန်မရှိဘူးပြောမယ့်အစား ကိုယ်ဘယ်လို စွမ်းရည်တွေ ပိုင်ဆိုင်နေပြီလဲ။

ကိုယ်မှာ ဘယ်လိုတိုးတက်မှုတွေ ရှိနေပြီလဲ တွေးပါ။ကိုယ့်အားလပ်ချိန်တွေ၊ ပိတ်ရက်တွေ၊ အလုပ်မရှိတဲ့အချိန်တွေကို အခုလိုတွေးပြီး မေးပြီး ဆန်းစစ်ပြီး ဖြတ်သန်းကျော်လွှားပါလို့ အကြံပြုပါတယ်။

အချိန်တွေကို လွမ်းမိုးချုပ်ကိုင် ထိန်းချုပ်လိုက်ပါ။ သင်က အချိန်ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အဖြစ် ရပ်တည်လိုက်ပါ။

—————————————————————————————————————————–

ကျွန်တော် အချိန်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးများစွာ ရေးခဲ့ဖူးပါတယ်။ အချိန်ကို အကျိုးရှိရှိ ဘယ်လိုကုန်ဆုံးကြမယ်။ အားလပ်ချိန်မှာ အကျိုးရှိတာ လုပ်ကြမယ် စတဲ့ဆောင်းပါးများစွာ ရေးခဲ့ဖူးပါတယ်။

အချိန်မလေးစားမှုကြောင့် ရလာတဲ့ ရှုံးနိမ့်မှုတွေ၊ ကျရှုံးခဲ့ရတဲ့ နိုင်ငံတွေ သမိုင်းမှာလည်း အထင်အရှားပါ။ ထို့အပြင် လူအများစုရဲ့ ပါးစပ်ဖျားမှာလည်း အချိန်ဆိုတဲ့ စကားကို တွင်တွင်သုံးစွဲ နေတာ ကြားနေရမှာပါ။
သင်တန်းလေးတက်ချင်ပေမယ့်လည်း ငါ့မှာ အချိန်မရှိဘူးဆိုတာတွေ၊ Self-study လုပ်ချင်တယ်လေ ဒါပေမယ့် ဘယ်အချိန်သွားလုပ်ရမလဲကို မသိဘူးဖြစ်နေတယ်ဆိုတာတွေ ၊ ငါက သမ္မတထက်တောင် အလုပ်ရှုပ်တယ်ဟ ဆိုပြီး ဆင်ခြင်ဆင်လက်များစွာ ပေးတာတွေကို နေရာအနှံမှာ လူတန်းစားအလွှာတိုင်းမှာ ပြောနေကြတာ တွေ့မြင်နေရပါတယ်။ ငါသာ ဆယ်တန်းပြန်ဖြေလို့ရခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

တစ်ချို့ကြပြန်တော့လည်း ပြန်မရမယ့်အချိန်ကို ပြန်တမ်းတနေကြတယ်။ တစ်ချို့ကြတော့လည်း ကိုယ်အားလပ်ချိန်လေးတွေလျော့ပြီး အချိန်ပေးဖို့ကို ဆင်ခြင်တွေပေးနေကြတယ်။ အမျိုးမျိုးတွေပါပဲ။

ကျွန်တော်အနေနဲ့ အချိန်နဲ့ ပတ်သတ်ပြီးထပ်ပြောရမယ်ဆို ဆင်ခြင်မပေးပါနဲ့ ။ မလုပ်နိုင်တာ မဖြစ်နိုင်တာ မတွေးပါနဲ့။ ကြိုးစားကြည့်လိုက်ပါ။
အချိန်မပေးနိုင်ဘူး ပြောမယ့်အစား ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ရောက်ပြီလား ပြန်တွေးကြည့်ပါလား။ အချိန်မရှိဘူးပြောမယ့်အစား ကိုယ်ဘယ်လို စွမ်းရည်တွေ ပိုင်ဆိုင်နေပြီလဲ။ကိုယ်မှာ ဘယ်လိုတိုးတက်မှုတွေ ရှိနေပြီလဲ တွေးပါ။

ကိုယ့်အားလပ်ချိန်တွေ၊ ပိတ်ရက်တွေ၊ အလုပ်မရှိတဲ့အချိန်တွေကို အခုလိုတွေးပြီး မေးပြီး ဆန်းစစ်ပြီး ဖြတ်သန်းကျော်လွှားပါလို့ အကြံပြုပါတယ်။ အချိန်တွေကို လွှမ်းမိုးချုပ်ကိုင် ထိန်းချုပ်လိုက်ပါ။ သင်က အချိန်ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အဖြစ် ရပ်တည်လိုက်ပါ။

Career, Education, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *