မိတ်ဆွေဖွဲ့ခြင်း အနုပညာ

#POINT#PointYouthPlatform

အလုပ်ရှာဖွေတဲ့အခါ ကိုယ့်ဘာသာလျှောက်တာထက် မိတ်ဆွေတွေရဲ့ အဆက်အသွယ်နဲ့ ရှာဖွေရတာ ပိုလွယ်ကူပါတယ်။
အလုပ်ရှာဖွေတဲ့နေရာမှာ အရေးကြီးဆုံးတစ်ခုက မိတ်ဆွေဖွဲ့ခြင်း (Networking) ပါပဲ။ တကယ်လို့ ကိုယ့်ရဲ့အလုပ်အကိုင်ကို အပြောင်းအလဲလုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ နယ်ပယ်အသစ်ကသူတွေနဲ့ စတင်ပြီး မိတ်ဖွဲ့စကားပြောဖိိုု့ လိုအပ်လာပါပြီ။
ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုမိတ်ဆွေဖွဲ့ကြမလဲ။ အောက်ပါအချက်တွေက Networking ဘယ်လိုလုပ်ရလဲဆိုတာ ဖော်ပြပေးပါလိမ့်မယ်။
ပထမဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက Networking ကောင်းသူဖြစ်ဖို့ သင်က သူစိမ်းတွေနှင့် အလွယ်တကူ မိတ်ဆွေဖွဲ့နိုင်ပြီး ပွင့်လင်းဖော်ရွေစွာ ပြောတတ်ဖို့ မလိုအပ်ပါဘူး။
မကြာသေးခင်က ဖတ်ခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ စကားနည်းသူတွေက စကားပြော ပွင့်လင်းဖော်ရွေသူတွေထက်တောင်မှ မိတ်ဆွေဖွဲ့ရာမှာ ပိုထိရောက်တယ်လို့ ဆိုပါတယ်။ အဲ့ဒါက လူအများစုက သူတို့ပြောတာကို အာရုံစိုက်ပြီး နားထောင်ပေးတာကို ပိုသဘောကျတတ်တဲ့ သဘာဝရှိလို့ပါပဲ။
နောက်ထပ်အကြံပေးချင်တာကတော့ သင်အလုပ်လျှောက်မယ့်ကုမ္ပဏီနဲ့ ပတ်သက်ပြီး ကြိုတင် သိအောင်လုပ်ပါ။
ကိုယ်က အလုပ်အင်တာဗျူးအတွက်ပဲဖြစ်စေ၊ အရောင်းကိစ္စအတွက်ပဲဖြစ်စေ လူတစ်ယောက်နဲ့သွားတွေ့ပြီး မိတ်ဆက်စကား ပြောမယ်ဆိုရင် ကိုယ်နဲ့ မိတ်ဆက်မယ့်သူ အပါအဝင် သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီအကြောင်းကို သိထားတာက မိတ်ဆွေဖွဲ့ရာမှာ တကယ်ကို အထောက်အကူဖြစ်စေပါတယ်။
ကိုယ်က အဲ့ဒိကုမဏီမှာ အလုပ်လုပ်ချင်တဲ့အတွက် ဆက်သွယ်တာဖြစ်လို့ တတ်နိ်ုင်သမျှ သိအောင် လေ့လာသင့်ပါတယ်။
နောက်တစ်ချက်ကတော့ ပြသနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းတတ်သူဖြစ်ပါစေ။ လူတွေဟာ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ်၊ ကူညီပေးနိုင်တယ်လို့ ခံစားမိတယ်ဆိုရင် ပိုပြီး မိတ်ဆွေဖြစ်လွယ်ပြီး ရင်းနှီးမှုလည်း ခိုင်မြဲစေပါတယ်။
ဥပမာပြောရရင်တော့ သင်အလုပ်သွားလျှောက်တဲ့ ကုမ္ပဏီက မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာပဲ ဈေးကွက်အတွက် ကြော်ငြာလေ့ရှိပြီး Online မှာ ကြော်ငြာတာမျိုး မရှိသေးဘူးဆိုရင် အဲ့ဒိအချက်ကို ထောက်ပြ အကြံပြုတာမျိုးပါ။ အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့ပြသနာတွေ ၊ အစီအစဉ်တွေကို အကြံပေးဖြေရှင်းရာမှာ ကူညီနိုင်တဲ့သူမျိုးကို ပိုပြီးအလိုရှိကြသလို ပိုပြီးသတိလည်း ထားမိတတ်ကြပါတယ်။ သင်က အဲ့ဒိလို ပြသနာတွေကို ဖြေရှင်းပေးနိုင်သူတစ်ဦး ဖြစ်ပါစေ။
ကျွန်တော်နောက်ထပ် အကြံပေးချင်တာကတော့ ငြင်းပယ်မှုတွေကို လက်ခံနိုင်အောင် ပြင်ဆင်ပါ။
ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ၊ Networking တွေကအမြဲတမ်းတော့ အဆင်ပြေမှာ မဟုတ်ပါ ဘူး။ တစ်ခါတစ်လေမှာတော့ ကိုယ့်ကြိုးစားမှုတွေ ငြင်းပယ်ခံရတာမျိုး ရှိနိ်ုင်ပါတယ်။ အဲ့လို အခြေအနေတွေကြုံလာရင် ကိုယ့်စိတ်ကို အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ တစ်ချို့သူတွေ ငြင်းပယ်ကြတယ်ဆိုရင်တောင် ကိုယ့်ကို လက်ခံမယ့်သူတွေ အများကြီး ရှိနေတယ်ဆိုတာ သတိရပါ။
ကျွန်တော်ဖော်ပြထားတဲ့ အကြံပြုချက်တွေကို ကျင့်သုံးခြင်းက Networking လုပ်ဆောင်ရာမှာ ပိုပြီးထိရောက်စေသလို အကျိုးလည်း ရှိစေမှာ ဖြစ်တဲ့အပြင် ပိုကောင်းတဲ့ Networking တွေကို တည်ဆောက်လာနိုင်မယ်ဆိုတာ အသေအချာပါပဲ။

Writer & Translator : Thiha Aung

 

Career

Leave a Reply

Your email address will not be published. Required fields are marked *