“အလုပ်သင်ဘဝမှာ အောင်မြင်ဖို့”

*** Unicode ***

#POINT #PointYouthPlatform

အလုပ်သင်ကာလက ကိုယ့်ကို အလုပ်ခန့်ဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံကောင်းတွေ ရနိုင်ရုံသာမက၊ လူတွေနဲ့ တွေ့ဆုံဖို့ အခွင့်ရေးတစ်ခုပါပဲ။ လုပ်ငန်းဆက်ဆံရေးတွေကို တည်ဆောက်နိုင်ပြီး၊ ဘဝတစ်လျှောက်လုံး ကျန်ရှိသော ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေလည်း ရရှိနိုင်မှာပါ။

အောင်မြင်တဲ့ အလုပ်သင်တစ်ယောက်ရဲ့ အရေးပါပုံကို နားလည်တာက တန်ဖိုးထားခံရတဲ့ အလုပ်သမားဖြစ်ဖို့ ဘာတွေကို ဆောင်ရွက်ရမယ်ဆိုတာ ရှာဖွေနိုင်မယ့် လမ်းကြောင်းကို ကောင်းကောင်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဒါတွေကို ဖန်တီးဖို့ မင်းတာဝန်ရှိတယ်လို့ နားလည်လိုက်တာနဲ့ လုပ်ငန်းရှင်က မင်းကို အောင်မြင်စေဖို့ ဦးဆောင်နိုင်ပါလိမ့်မယ်။

ကိုယ်မြတ်နို်းတဲ့အလုပ်ကို လုပ်ပါ။ ကျန်တာအနောက်က လိုက်လာပါလိမ့်မယ်။ငွေတွေ အများကြီး ရှာနိုင်ရင်တောင်မှ၊ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို လုပ်နေတာမဟုတ်ရင် စစ်မှန်တဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ မိမိအလုပ်မှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားတဲ့သူတွေက အလုပ်ကို အောင်မြင်အောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ပန်းတိုင်ဆီအရောက်သွားဖို့ လိုအပ်တဲ့ အစီအစဉ်တွေ ရေးဆွဲပါ။

ပန်းတိုင်တွေက အောင်မြင်မှု ဆွတ်ခူးဖို့ အလွန်အရေးပါပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်မရှိရင်တော့ ပန်းတိုင်မရောက်နိုင်ပါဘူး။ အောင်မြင်ဖို့ အဓိက သော့ချက်ကတော့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို သိရမယ်၊ အဲ့ဒိကို အရောက်လှမ်းဖို့ ပြင်ဆင်တာဖြစ်ပါတယ်။

အောက်ခြေက စရမှာကို မကြောက်နဲ့။

အောက်ခြေကနေ အလုပ်ကို စခဲ့ရတဲ့ ရှေ့နေ့တွေ၊ အနုပညာရှင်တွေနဲ့ ဖက်ရှင် ဒီဇိုင်နာတွေ အများကြီးရှိပါတယ်။ ပြိုင်ဆိုင်မှုတဲ့ အလုပ်တွေအတွက် လက်ရှိတာဝန်ထက် ပန်းတိုင်ကို အာရုံစိုက်နေတဲ့သူတွေက အောက်ခြေသိမ်းအလုပ်လေးတွေကို လုပ်တာက အကျိုးခံစားခွင့်ရှိပါတယ်။

လုပ်နိုင်တာထက် ပိုလုပ်ပါ။

အလုပ်ကို စောစောလာပြီး၊ နောက်ကျမှ ပြန်တာက သင်ဟာ အလုပ်ကျင့်ဝတ်ရှိတယ်ဆိုတဲ့အချက်ကို အလုပ်ရှင်အား အသိမှတ်ပြုစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းသဘောကို နားလည်ဖို့ နဲ့ ကုမ္ပဏီတစ်ခုထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ ဘာကို မျှော်လင့်တတ်ကြလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ ကိုယ့်အထက်လူကြီးရဲ့ လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ပေးတာက အလုပ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ဖြစ်စေမယ့် ခရီးရှည်ကို ခေါ်ဆောင်သွားနိုင်ပါတယ်။

နေ့စဉ် အသစ်ဆန်းတစ်ခုကို လေ့လာပါ။

ကိုယ့်နယ်ပယ်နဲ့ ဆိုင်တဲ့ သတင်းတွေ၊ ဂျာနယ်တွေ ဖတ်ရှုခြင်းကလည်း၊ အလုပ်ချိန်မှာ လေ့လာတဲ့အရာထက် အလုပ်သင်ကာလမှာ ပိုပြီးရနိုင်ပါတယ်။ အလုပ်ကို သင်ယူချင်စိတ် ပြင်းပြသူဖြစ်တာက ကိုယ့်အထက်လူကြီးတွေ၊ မန်နေဂျာနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေမှာ ကိုယ့်ကိုယ် အားကိုးအားထား ဖြစ်စေနိုင်ပါတယ်။

မေးခွန်းများများ မေးပါ။

အလုပ်သင်တစ်ယောက်အနေနဲ့ မေးခွန်းများများ မေးတာက အလွန်အရေးပါပါတယ်။ အလုပ်သင်ကာလဆိုတာ ကုမ္ပဏီအတွက် အလုပ်လုပ်နေတဲ့ အချိန်အတွင်းမှာ အလုပ်သင်တွေအတွက် များများ သင်ယူပြီး၊ များများ ဆောင်ရွက်ဖို့ စီစဉ်ပေးထားတာဖြစ်ပါတယ်။စီနီယာကောင်းတွေက အလုပ်သင်တွေကို မေးခွန်းတွေမေးဖို့ တိုက်တွန်းကြတယ်။

ဘယ်သူက စိတ်အားထက်သန်တယ်ဆိုတာ ကြည့်ကြပြီး၊ အချိန်ပြည့်အလုပ်ကို ကူးပြောင်းဖို့ အလုပ်သင်ဘဝ ပြီးဆုံးသွားတဲ့အခါ ကုမ္ပဏီနဲ့ ပတ်သတ်ပြီး များများ သင်ယူနိုင်ဖို့ စိတ်ဆန္ဒရှိလဲဆိုတာ အကဲဖြတ်ကြပါတယ်။

ဆရာကောင်း ရှာဖွေပါ။

ကိုယ့်ရဲ့ ဆရာကောင်းအဖြစ် တစ်ယောက်ယောက်ကို စောစောရှာထားတာက ဘယ်အလုပ်မှာမဆို တွေ့ရတတ်တဲ့ ကိုယ့်အတွက် အန္တရာယ်ဖြစ်စေမယ့် သူတွေကို ရှောင်ကြဉ်နိုင်ပါတယ်။

ဆရာသမားကောင်းဆိုတာ ကိုယ့်ကို အောင်မြင်စေဖို့ စိတ်ရောကိုယ်ပါ ကူညီပေးတဲ့သူ ဖြစ်ပြီးတော့ အချိန်ပိုနဲ့ အဖွဲ့ဝင်နှစ်ခုလုံးအပေါ်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်လာစေဖို့ အကူညီပေးပါလိမ့်မယ်။ ကိုယ့်အလုပ်မှာ စောစောစီးစီး ဆရာကောင်း ရှာထားခြင်းက အောင်မြင်တဲ့ ခရီးသွားဖို့ ပိုလွယ်ကူတဲ့ လမ်းဖြစ်ပါတယ်။

Writer & Translator : Hsu Mi San

—————————————————————————————————————————

#POINT #PointYouthPlatform

အလုပ်သင်ကာလက ကိုယ့်ကို အလုပ်ခန့်ဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံကောင်းတွေ ရနိုင်ရုံသာမက၊ လူတွေနဲ့ တွေ့ဆုံဖို့ အခွင့်ရေးတစ်ခုပါပဲ။ လုပ်ငန်းဆက်ဆံရေးတွေကို တည်ဆောက်နိုင်ပြီး၊ ဘဝတစ်လျှောက်လုံး ကျန်ရှိသော ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေလည်း ရရှိနိုင်မှာပါ။

အောင်မြင်တဲ့ အလုပ်သင်တစ်ယောက်ရဲ့ အရေးပါပုံကို နားလည်တာက တန်ဖိုးထားခံရတဲ့ အလုပ်သမားဖြစ်ဖို့ ဘာတွေကို ဆောင်ရွက်ရမယ်ဆိုတာ ရှာဖွေနိုင်မယ့် လမ်းကြောင်းကို ကောင်းကောင်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဒါတွေကို ဖန်တီးဖို့ မင်းတာဝန်ရှိတယ်လို့ နားလည်လိုက်တာနဲ့ လုပ်ငန်းရှင်က မင်းကို အောင်မြင်စေဖို့ ဦးဆောင်နိုင်ပါလိမ့်မယ်။
ကိုယ်မြတ်နိ်ုးတဲ့အလုပ်ကို လုပ်ပါ။ ကျန်တာအနောက်က လိုက်လာပါလိမ့်မယ်။

ငွေတွေ အများကြီး ရှာနိုင်ရင်တောင်မှ၊ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို လုပ်နေတာမဟုတ်ရင် စစ်မှန်တဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ မိမိအလုပ်မှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားတဲ့သူတွေက အလုပ်ကို အောင်မြင်အောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ပန်းတိုင်ဆီအရောက်သွားဖို့ လိုအပ်တဲ့ အစီအစဉ်တွေ ရေးဆွဲပါ။

ပန်းတိုင်တွေက အောင်မြင်မှု ဆွတ်ခူးဖို့ အလွန်အရေးပါပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်မရှိရင်တော့ ပန်းတိုင်မရောက်နိုင်ပါဘူး။ အောင်မြင်ဖို့ အဓိက သော့ချက်ကတော့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို သိရမယ်၊ အဲ့ဒိကို အရောက်လှမ်းဖို့ ပြင်ဆင်တာဖြစ်ပါတယ်။

အောက်ခြေက စရမှာကို မကြောက်နဲ့။

အောက်ခြေကနေ အလုပ်ကို စခဲ့ရတဲ့ ရှေ့နေ့တွေ၊ အနုပညာရှင်တွေနဲ့ ဖက်ရှင် ဒီဇိုင်နာတွေ အများကြီးရှိပါတယ်။ ပြိုင်ဆိုင်မှုတဲ့ အလုပ်တွေအတွက် လက်ရှိတာဝန်ထက် ပန်းတိုင်ကို အာရုံစိုက်နေတဲ့သူတွေက အောက်ခြေသိမ်းအလုပ်လေးတွေကို လုပ်တာက အကျိုးခံစားခွင့်ရှိပါတယ်။

လုပ်နိုင်တာထက် ပိုလုပ်ပါ။

အလုပ်ကို စောစောလာပြီး၊ နောက်ကျမှ ပြန်တာက သင်ဟာ အလုပ်ကျင့်ဝတ်ရှိတယ်ဆိုတဲ့အချက်ကို အလုပ်ရှင်အား အသိမှတ်ပြုစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းသဘောကို နားလည်ဖို့ နဲ့ ကုမ္ပဏီတစ်ခုထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ ဘာကို မျှော်လင့်တတ်ကြလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ ကိုယ့်အထက်လူကြီးရဲ့ လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ပေးတာက အလုပ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ဖြစ်စေမယ့် ခရီးရှည်ကို ခေါ်ဆောင်သွားနိုင်ပါတယ်။

နေ့စဉ် အသစ်ဆန်းတစ်ခုကို လေ့လာပါ။

ကိုယ့်နယ်ပယ်နဲ့ ဆိုင်တဲ့ သတင်းတွေ၊ ဂျာနယ်တွေ ဖတ်ရှုခြင်းကလည်း၊ အလုပ်ချိန်မှာ လေ့လာတဲ့အရာထက် အလုပ်သင်ကာလမှာ ပိုပြီးရနိုင်ပါတယ်။ အလုပ်ကို သင်ယူချင်စိတ် ပြင်းပြသူဖြစ်တာက ကိုယ့်အထက်လူကြီးတွေ၊ မန်နေဂျာနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေမှာ ကိုယ့်ကိုယ် အားကိုးအားထား ဖြစ်စေနိုင်ပါတယ်။

မေးခွန်းများများ မေးပါ။

အလုပ်သင်တစ်ယောက်အနေနဲ့ မေးခွန်းများများ မေးတာက အလွန်အရေးပါပါတယ်။ အလုပ်သင်ကာလဆိုတာ ကုမ္ပဏီအတွက် အလုပ်လုပ်နေတဲ့ အချိန်အတွင်းမှာ အလုပ်သင်တွေအတွက် များများ သင်ယူပြီး၊ များများ ဆောင်ရွက်ဖို့ စီစဉ်ပေးထားတာဖြစ်ပါတယ်။

စီနီယာကောင်းတွေက အလုပ်သင်တွေကို မေးခွန်းတွေမေးဖို့ တိုက်တွန်းကြတယ်။ ဘယ်သူက စိတ်အားထက်သန်တယ်ဆိုတာ ကြည့်ကြပြီး၊ အချိန်ပြည့်အလုပ်ကို ကူးပြောင်းဖို့ အလုပ်သင်ဘဝ ပြီးဆုံးသွားတဲ့အခါ ကုမ္ပဏီနဲ့ ပတ်သတ်ပြီး များများ သင်ယူနိုင်ဖို့ စိတ်ဆန္ဒရှိလဲဆိုတာ အကဲဖြတ်ကြပါတယ်။

ဆရာကောင်း ရှာဖွေပါ။

ကိုယ့်ရဲ့ ဆရာကောင်းအဖြစ် တစ်ယောက်ယောက်ကို စောစောရှာထားတာက ဘယ်အလုပ်မှာမဆို တွေ့ရတတ်တဲ့ ကိုယ့်အတွက် အန္တရာယ်ဖြစ်စေမယ့် သူတွေကို ရှောင်ကြဉ်နိုင်ပါတယ်။ဆရာသမားကောင်းဆိုတာ ကိုယ့်ကို အောင်မြင်စေဖို့ စိတ်ရောကိုယ်ပါ ကူညီပေးတဲ့သူ ဖြစ်ပြီးတော့ အချိန်ပိုနဲ့ အဖွဲ့ဝင်နှစ်ခုလုံးအပေါ်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်လာစေဖို့ အကူညီပေးပါလိမ့်မယ်။ ကိုယ့်အလုပ်မှာ စောစောစီးစီး ဆရာကောင်း ရှာထားခြင်းက အောင်မြင်တဲ့ ခရီးသွားဖို့ ပိုလွယ်ကူတဲ့ လမ်းဖြစ်ပါတယ်။

Writer & Translator : Hsu Mi San

 

Career

Leave a Reply

Your email address will not be published. Required fields are marked *