ဝန်ထမ်းစိတ်ဓာတ်ရှိသူ နှင့် ဝန်ထမ်းကောင်းတစ်ယောက် ရဲ့ ကွဲပြားခြားနားချက်

*** Unicode ***

မင်းရဲ့အချိန်တွေ ငွေတွေကို မင်းရဲ့ အိမ်မက် အင်ပါယာတည်ထောင်ဖို့ စွန့်လွှတ်နိုင်မလား။

ဒါမှမဟုတ် မင်းရဲ့ ပုံမှန်လစာမျက်နှာတစ်ခုတည်းကိုပဲ ကြည့်မလား။ရာထူးတစ်နေရာ ရဖို့ကို အရင်းခံပြီး အလုပ်လုပ်တာလား။ ဒါမှမဟုတ် ငွေမျက်နှာကိုမကြည့်ဘဲ စေတနာ၊ အနစ်နာ၊ ဝါသနာ ကိုအရင်းခံပြီး ကုမ္ပဏီတိုးတက်ဖို့အတွက် အလုပ်လုပ်တာလား။

စတင်လုပ်ဆောင်ခြင်းမရှိဘဲ အတွေးဝင်္က္ပါထဲမှာပဲ တဝဲလည်လည်ဖြစ်နေတက်တာလား။ အတွေးတွေကို ရပ်တန့်ထားပြီး စတင်လုပ်ဆောင်တက်တာလား။

အချိန်မှီပြီးစီးနိုင်ဖို့အတွက် ကြိုတင်အစီအစဉ်ချ အလုပ်လုပ်တာလား။ အနာဂတ် ပန်းတိုင်အတွက် ကြိုတင်အစီအစဉ်ချ အလုပ်လုပ်တာလား။သင့်တော်တဲ့ အချိန်၊ အခွင့်အလမ်း ကို စောင့်နေတက်တာလား။ အခွင့်အလမ်းကို စောင့်မနေဘဲ ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုပြီး အခွင့်အလမ်းရအောင် လုပ်ဆောင်တာလား။

အစီအစဉ်တွေကို အိမ်မက်ဖော်ဆောင်တာလား။ အိမ်မက်တွေကို အစီအစဉ်ဆွဲ အကောင်အထည်ဖော်တာလား။ပိုက်ဆံဟာအရာရာပဲလို့ တွေးတာလား။

အချိန်ဟာ အရာရာပဲဆိုတာကို နားလည်သဘောပေါက်နေတာလား။အခြားသူတွေအပေါ် အပြစ်တင်လှွဲချတတ်တာလား။ ကိုယ့်အမှားကိုယ် သိပြီး အမှန်ပြုပြင်နိုင်တာလား။

အနားယူဖို့အတွက် အားလပ်ရက်တွေ ပိတ်ရက်တွေကိုပဲ ချောင်းမြောင်းနေတာလား။ ကိုယ်ယုံကြည်ရာ ခွန်အားပေးဖို့အတွက် အားလပ်ရက်တွေ ပိတ်ရက်တွေကို ကြည့်တာလား။

ရှုံးနိမ့်မှုတွေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ခေါင်းငိုက်ဆိုက်ပြီး နလန်ပြန်မထနိုင်တော့တာလား။ဒါမှမဟုတ် မျက်နှာချင်းဆိုင် ပက်ပင်းတိုးတဲ့အခါမှာ ရင်ကော့ခေါင်းမော့ ပြန်နိုးထလာနိုင်တာလား။

သင်က မဖြစ်နိုင်ဘူးလို့ပြောတာကို တစ်စုံတစ်ယောက်က ဖြစ်အောင်လုပ်ပြခဲ့တာလောက် ရှက်ဖို့ကောင်းတဲ့ ကိစ္စမရှိပါ။ဒါကြောင့် လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ဝန်ထမ်းစိတ်ဓာတ်ရှိသူတစ်ယောက်အနေနဲ့ အလုပ်လုပ်မှာလား။

ဝန်ထမ်းကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်မှာလား။ ဆုံးဖြတ်လိုက်ပါ။

——————————————————————————————————————————–

မင်းရဲ့အချိန်တွေ ငွေတွေကို မင်းရဲ့ အိမ်မက် အင်ပါယာတည်ထောင်ဖို့ စွန့်လွှတ်နိုင်မလား။ ဒါမှမဟုတ် မင်းရဲ့ ပုံမှန်လစာမျက်နှာတစ်ခုတည်းကိုပဲ ကြည့်မလား။

ရာထူးတစ်နေရာ ရဖို့ကို အရင်းခံပြီး အလုပ်လုပ်တာလား။ ဒါမှမဟုတ် ငွေမျက်နှာကိုမကြည့်ဘဲ စေတနာ၊ အနစ်နာ၊ ဝါသနာ ကိုအရင်းခံပြီး ကုမ္ပဏီတိုးတက်ဖို့အတွက် အလုပ်လုပ်တာလား။

စတင်လုပ်ဆောင်ခြင်းမရှိဘဲ အတွေးဝင်္ကပါထဲမှာပဲ တဝဲလည်လည်ဖြစ်နေတက်တာလား။ အတွေးတွေကို ရပ်တန့်ထားပြီး စတင်လုပ်ဆောင်တက်တာလား။

အချိန်မှီပြီးစီးနိုင်ဖို့အတွက် ကြိုတင်အစီအစဉ်ချ အလုပ်လုပ်တာလား။ အနာဂတ် ပန်းတိုင်အတွက် ကြိုတင်အစီအစဉ်ချ အလုပ်လုပ်တာလား။
သင့်တော်တဲ့ အချိန်၊ အခွင့်အလမ်း ကို စောင့်နေတက်တာလား။ အခွင့်အလမ်းကို စောင့်မနေဘဲ ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုပြီး အခွင့်အလမ်းရအောင် လုပ်ဆောင်တာလား။

အစီအစဉ်တွေကို အိမ်မက်ဖော်ဆောင်တာလား။ အိမ်မက်တွေကို အစီအစဉ်ဆွဲ အကောင်အထည်ဖော်တာလား။

ပိုက်ဆံဟာအရာရာပဲလို့ တွေးတာလား။ အချိန်ဟာ အရာရာပဲဆိုတာကို နားလည်သဘောပေါက်နေတာလား။

အခြားသူတွေအပေါ် အပြစ်တင်လွှဲချတတ်တာလား။ ကိုယ့်အမှားကိုယ် သိပြီး အမှန်ပြုပြင်နိုင်တာလား။

အနားယူဖို့အတွက် အားလပ်ရက်တွေ ပိတ်ရက်တွေကိုပဲ ချောင်းမြောင်းနေတာလား။ ကိုယ်ယုံကြည်ရာ ခွန်အားပေးဖို့အတွက် အားလပ်ရက်တွေ ပိတ်ရက်တွေကို ကြည့်တာလား။

ရှုံးနိမ့်မှုတွေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ခေါင်းငိုက်ဆိုက်ပြီး နလန်ပြန်မထနိုင်တော့တာလား။ဒါမှမဟုတ် မျက်နှာချင်းဆိုင် ပက်ပင်းတိုးတဲ့အခါမှာ ရင်ကော့ခေါင်းမော့ ပြန်နိုးထလာနိုင်တာလား။

သင်က မဖြစ်နိုင်ဘူးလို့ပြောတာကို တစ်စုံတစ်ယောက်က ဖြစ်အောင်လုပ်ပြခဲ့တာလောက် ရှက်ဖို့ကောင်းတဲ့ ကိစ္စမရှိပါ။
ဒါကြောင့် လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ဝန်ထမ်းစိတ်ဓာတ်ရှိသူတစ်ယောက်အနေနဲ့ အလုပ်လုပ်မှာလား။ ဝန်ထမ်းကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်မှာလား။ ဆုံးဖြတ်လိုက်ပါ။

Career, Current, Startups

Leave a Reply

Your email address will not be published. Required fields are marked *