မိုးရာသီနှင့် စွန့်ဦးတီထွင်သူတစ်ယောက်လုပ်နိုင်တဲ့ စီးပွားရေးများ

သင်ဟာ စွန့်ဦးတီထွင်သူတစ်ယောက်ဆို သူများထက် အတွေးအခေါ်၊ ဝေဖန်ပိုင်းခြားနိုင်မှု၊ သုံးသပ်စဉ်ခြင်တတ်မှု တွေရှိဖို့လိုပါတယ်။ ပြောရမယ်ဆိုရင် ဈေးကွက် စီးပွားရေးအမြင်ရှိဖို့ကို ဆိုလိုရင်းဖြစ်တယ်။စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေးကို မျက်ခြေမပျက် စောင့်ကြည့်လေ့လာသင့်ပါတယ်။

ဒါကြောင့် အခုလို မိုးရာသီမှာ ကိုယ့်အတွက် ဈေးကွက်ထိုးဖောက်ဖို့ လုပ်နိုင်တဲ့စီးပွားရေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျိုးစေ့ထုတ်လုပ်ရောင်းချခြင်း

မျိုးစေ့မှန်မှ အပင်သန်မည်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်တာနဲ့အညီ မိုးရာသီတွင် ရောင်းဝယ်ဖောက်ကားနိုင်တဲ့ မျိုးစေ့များကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် မေလအတွင်း မိုးစရွာခဲ့မယ်ဆို မိုးနှမ်းစိုက်ပျိုးနိုင်ပြီး နောက်တစ်မျိုးက မိုးရာသီမြေပြုပြင်ချိန်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း စိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။မိုးကြိုရာသီများတွင် ပဲတီစိမ်း ကို စိုက်ပျိုးကြတယ်။လယ်၊ယာ၊ကိုင်းကျွန်းမြေများတွင် မိုးရာသီ မိုးမြေပဲ ကို စိုက်ပျိုးကြတယ်။

ဒါကြောင့်စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ စီးပွားရေးအမြင်ချဲ့ထွင်ပြီး အခွင့်အရေးတွေကို လက်လွှတ်မခံပါနဲ့လို့ ပြောလိုက်ပါရစေ။

(၂) ကော်ဖီအရောင်းဆိုင်

ကော်ဖီပူပူတစ်ခွက်ဟာဆိုရင် မိုးရာသီအတွက် လူတွေကို ဆွဲဆောင်နိုင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ ဒီလိုအချိန်အခါကောင်းလေးမှာ ကော်ဖီဆိုင်နှင့်အတူ အဆာပြေစားနိုင်တဲ့ မုန့်ပဲသရေစာလေးတွေကို တွဲဖွင့်နိုင်မယ်ဆို အကောင်းဆုံးဈေးကွက်စီးပွားရေးအမြင်ရှိတယ်လို့ ဆိုရမလားပါပဲ။
အဝတ်အစားဆိုတာ နှစ်ထည် သုံးထည်ရှိရင်လုံလောက်ပေမယ့် စားသောက်ကုန်ဆိုတာ မရှိမဖြစ် အခြေခံလိုအပ်ချက်တစ်ခုပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒီလို ကော်ဖီဆိုင်လေးတွေကို ဦးစွာ ဖွင့်လှစ်နိုင်ဖို့ အကြံကောင်းပေးလိုက်ပါရစေ။

(၃) မှိုစိုက်ပျိုးရေးလုပ်ငန်း

မိုးရာသီအတော်အတွင်း မှိုစိုက်ပျိုးခြင်းက အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ မှိုစိုက်ပျိုးရေး စီးပွားရေးက ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကြီးမားတဲ့အကျိုး ရရှိစေပါတယ်။ စွန့်ဦးတီထွင်သူ တွေအတွက် စတင်လုပ်ဆောင်သင့်တဲ့ စီးပွားရေးတစ်ခုဖြစ်တယ်။
သိပ္ပံနှင့် နည်းပညာ အသိပညာအနည်းငယ်ရှိတဲ့လူဆို မှိုစိုက်ပျိုးခြင်းက အသင့်တော်ဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်လယ်ကွက်ရှိသူဆိုရင် ပိုအဆင်ပြေပါတယ်။

(၄) မိုးကာများ ရောင်းချခြင်း

မိုးရာသီအတွက် မိုးကာသည် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်တယ်။မိုးရွာစဉ် အတော်အတွင်း လူတိုင်းမှာ လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ ရှိတာကြောင့် မိုးကာများကို ရောင်းချမယ်ဆို ဘယ်လောက်အကျိုးအမြတ်ရနိုင်မလဲ စဉ်းစားကြည့်ပါ။ သင့်အနေနဲ့ မိုးကာတွေကို ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း စတင်လုပ်ဆောင်လိုက်ပါ။

(၅) ထီးရောင်းဝယ်ခြင်းလုပ်ငန်း

ထီးက နွေဥတုနှင့် မိုးဥတု နှစ်ရာသီစလုံးအတွက် လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ မိုးရာသီမှာ ထီးများကိုပိုမိုထုတ်လုပ် သင့်ပါတယ်။ ထီးထုတ်လုပ်ပြီး ရောင်းချခြင်းကနေ သင့်အတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ ကလေးတွေနှင့် လူငယ်တွေအတွက် ဒီဇိုင်းမျိုးစုံ အရည်အသွေးကောင်းတဲ့ ထီးတွေထူတ်လုပ်ရောင်းချခြင်းဖြင့် အကျိုးများစွာ ရရှိနိုင်ပါတယ်။

(၆) ခြင်နိုင်ဆေး ထုတ်လုပ်ရောင်းချခြင်း

ခြင်နိုင်ဆေး၊ ခြင်ရိုက်ဘက်တံတွေက ထုတ်လုပ်ရတာလွယ်ကူပြီး အသုံးပြုရတာလွယ်ကူပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိတဲ့ ဓာတုဆေးဝါးတွေပါဝင်တာကိုလည်း ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ မိုးရာသီဖြစ်တာကြောင့် ခြင်နိုင်ဆေး နိုင်နိုင်ထွန်းဖို့လိုပါတယ်။ အဲ့လိုမှ မဟုတ်ရင် မလိုလားအပ်တဲ့ ခြင်နှင့်ပတ်သတ်တဲ့ ရောဂါဝေဒနာတွေ ဖြစ်မှာကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် လူတိုင်းထွန်းဖို့ လိုပါတယ်။ စွန့်ဦးတီထွင်သူတစ်ယောက်အနေဖြင့် ဒီလိုအခြေအနေတွေကို ကြိုတင်ခန့်မှန်းပြီး ထုတ်လုပ်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ်များစွာ ရနိုင်ပါတယ်။

(၇) အိမ်တိုင်ရာရောက်ကုန်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်း

မိုးရာသီမှာ လူအများစုက အပြင်မထွက်ချင်ကြပါ။ မိုးမိပြီး အဖျားမိမှာတစ်ကြောင်း၊ မိုးရေမစိုချင်တာကလည်းတစ်ကြောင်းကြောင့် အိမ်မှာပဲ ထိုင်ပြီး လိုအပ်သမျှကို မှာကြတယ်။ အဲ့ဒီလို အချိန်မျိုးမှာ အိမ်တိုင်ရာရောက်ပို့ဆောင်ရေးလုပ်ငန်းက အရမ်း အဆင်ပြေပါတယ်။ ထိုလုပ်ငန်းက ကိုယ့်အတွက်လည်း အကျိုးရှိသလို ဈေးဝယ်သူတို့အတွက်လည်း အကျိုးဖြစ်စေပါတယ်။ ဒါကြောင့် အခုလို ဈေးကွက်မျိုးကိုလည်း စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ ထည့်သွင်းစဉ်းစားလုပ်ဆောင်သင့်ပါတယ်။

Career, Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *