တစ်နှစ်အတွင်း လစာနှစ်ဆရအောင် ဘယ်လိုလုပ်ကြမလဲ


လူတိုင်း လစာနှစ်ဆရချင်ကြပေမဲ့ မဖြစ်နိုင်ဘူးလို့ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အလားအလာ ကောင်း တွေတော့ ရှိတတ်စမြဲပါ။ ဒါတွေကို လျစ်လျူရှုမထားသင့်ပါဘူး။
သင့်တော်တဲ့ နည်းလမ်းကောင်းလေးတွေကို လေ့လာကြည့်ရအောင်။

၁။ ကိုယ့်ရဲ့အားသာချက်နဲ့ အလုပ်အတွက်လိုအပ်ချက် ကိုက်ညီပါစေ

လူတိုင်းမှာ ပင်ကိုယ်စွမ်းရည်တွေ ရှိကြပါတယ်။ ဒီအရည်အသွေးတွေနဲ့ အလုပ်အတွက် ထိထိရောက်ရောက် ပံ့ပိုးနိုင်အောင် ကြိုးစားလုပ်ပေးပါ။ ဒီအချက်က အလုပ်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီရင် ပိုကောင်းပါတယ်။ ဒါဆိုရင် အလုပ်မှာ မရှိမဖြစ်လိုတဲ့သူ ဖြစ်လာမှာကြောင့် လစာတိုးမယ့် စာရင်းမှာ ထိပ်က ပါနေမှာပါ။

၂။ အလုပ်ပြောင်းဖို့ ဆန္ဒမစောပါနဲ့

ပိုကောင်းတဲ့အလုပ်တွေ့လို့ ပြောင်းချင်စိတ်ရှိရင် အလောတကြီး မဆုံးဖြတ်ပါနဲ့။ ကုန်ကျစရိတ်ကို ဘက်ပေါင်းစုံက တွက်ချက်ပါ။ ဥပမာ၊ ကိုယ်သွားလုပ်ရမယ့်နေရာက လစာပိုရပေမယ့် သွားလာစရိတ်၊ စားသောက်စရိတ်နဲ့ တခြားကုန်ကျစရိတ်တွေ ပိုကုန်မယ်ဆိုရင် မပြောင်းသင့်ပါဘူး။

၃။ ကိုယ့်တာဝန်ကျေအောင်လုပ်ပြီး ဒါကို သူများတွေလည်း သိသာမြင်သာပါစေ

ကိုယ်လုပ်ရမယ့်အလုပ်တွေကို အသေအချာသိအောင် လုပ်ပါ။ အဖွဲ့စည်းရဲ့အလုပ် တိုးတက်စေမယ့် အကြံဉာဏ်တွေပေးပြီး တာဝန်အသစ်တွေ လုပ်ဆောင်ကြည့်ပါ။ ဒါက ကိုယ့်ရည်မှန်းချက်ကို ပေါ်လွင်စေပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေထဲက ဆရာကျတဲ့သူတွေနဲ့ တွဲလုပ်တာထက် တခြားသူတွေနဲ့ တွဲလုပ်တာက ကိုယ့်အစွမ်းအစကို ပိုပြနိုင်တာကြောင့် ဒီလိုအခွင့်အရေးရအောင် ဖန်တီးပါ။ ဒါဆိုရင် လစာတိုးဖို့ အခွင့်အလမ်းကောင်းပါတယ်။

၄။ အလုပ်အသစ်အတွက် အင်တာဗျူး ပုံမှန်ဖြေပေးပါ

တစ်နှစ်မှာ အနည်းဆုံးတစ်ခါလောက်တော့ အလုပ်အင်တာဗျူးတွေ ဝင်ဖြေတာက အလေ့ကျင့်ကောင်းတစ်ခုပါ။ ဒါဆိုရင် ကိုယ့်လုပ်ငန်း နယ်ပယ်ထဲက လစာအခြေအနေကိုလည်း အဆက်မပြတ်တော့ပါဘူး။ နောက်ပြီး ကိုယ့်အလုပ်ထဲက တခြားနေရာတွေကိုလည်း အဆင်သင့် သလို လှမ်းလျှောက်ကြည့်ပါ။ လစာပိုများတဲ့ နေရာတစ်ခု ရနိုင်ချေရှိပါ တယ်။

၅။ အမြဲတမ်း ဗဟုသုတ ရှာမှီးနေပါ

ဘယ်အလုပ်မဆို အသစ်တွေလေ့လာနေဖို့ လိုပါတယ်။ လက်ရှိအလုပ်နဲ့ ဆက်စပ်တဲ့ သင်တန်းတွေကို တက်ပါ။ ဒါမှမဟုတ် အသစ်တစ်ခုခုတက် ပါ။ ဒါမှ ဗဟုသုတရော အရည်ချင်းပါ တိုးမြှင့်ရာရောက်ပါလိမ့်မယ်။ ရာထူးတက်တဲ့အချိန်မှာလည်း အရည်အသွေးတွေပြည့်ဝတဲ့သူ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အလုပ်က မန်နေဂျာကို အလုပ်နဲ့ ပတ်သက်တဲ့သင်တန်းတွေ တက်နေတာကို သိအောင် ပြောပြပေးပါ။

၆။ ကိုယ်လုပ်နေတဲ့အလုပ် ဝင်ငွေပိုကောင်းအောင် ကူညီပါ

လူတိုင်း စီးပွားရေးလုပ်တာ ပိုက်ဆံရှိဖို့ဖြစ်သလို ကုမ္ပဏီတွေကလည်း အမြတ်ရဖို့ လုပ်ကြပါတယ်။ ဒီအထဲမှာ ကိုယ်လုပ်နေတဲ့အလုပ် အမြတ်တိုးအောင် စိတ်ပါလက်ပါ လုပ်ပေးပါ။ ကိုယ့်လုပ်ရပ်ကြောင့် ဝင်ငွေတိုးရင် အလုပ်ရှင်က သတိပြုမိမှာပါ။ အားကိုးရတဲ့သူလို့ မြင်လာလို့ လစာတိုးဖို့အခွင့်အလမ်းလည်း များလာပါလိမ့် မယ်။ တည်ထွင်ကြံဆတဲ့ အတွေးအခေါ်ရှိဖို့ လိုပါတယ်။ ဒါမှလည်း ရေရှည်မှာ အလားအလာ ပိုကောင်းပါလိမ့်မယ်။ ရိုးသားမှုရှိဖို့တော့ မမေ့ပါနဲ့။ အလုပ်လုပ်နေတာ ပိုက်ဆံရဖို့အတွက်တစ်ခုထဲအတွက် မဟုတ်ဘူး ဆိုတာကို မမေ့ပါနဲ့။

၇။ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပါ

အလုပ်တစ်ခုမှာလုပ်နေရင်း အရည်အသွေးတစ်ခုခုကို ကျွမ်းကျင် တတ်မြောက်လာပြီလို့ အသေအချာသိလာရင် ကိုယ်ပိုင်အလုပ်တစ်ခုကို လည်း တွဲပြီး စလုပ်ကြည့်ပါ။ ဒီအလုပ်မှာလည်း ကိုယ့်ရဲ့အတွေ့ အကြုံတွေကို ကောင်းကောင်းအသုံးချလို့ ရပါပြီ။ သတိထားရမှာက ကိုယ့်ရဲ့ မူလအလုပ်နဲ့ ကိုယ်ပိုင်အလုပ်ကို အကျိုးစီးပွားအရ ရောထွေးမ သွားအောင် ဂရုစိုက်ပါ။ ကျင့်ဝတ်ကိုတန်ဘိုးထားတတ်တဲ့စိတ်နဲ့ သစ္စာရှိရှိလုပ်ပါ။ ကိုယ်ပိုင်အလုပ်ကိုလည်း စိတ်ချရတဲ့သူနဲ့ တွဲလုပ်တာ အကောင်းဆုံးပါ။ ဒါဆိုရင် အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်နေလို့ ဝင်ငွေလည်း နှစ်ဆတိုးလာဖို့ အလားအလာ များပါတယ်။

၈။ အလုပ်ပြောင်းပါ

ဒါကတော့ နောက်ဆုံးရွေးချယ်ရမယ့် နည်းလမ်းပါ။ လက်ရှိအလုပ်မှာ အခွင့်အလမ်းတွေ အကန့်အသတ်ရှိ လာရင် ဒီလိုလုပ်ဖို့ စဉ်းစား ချိန်ရောက်ပါပြီ။ အခွင့်အလမ်းဆိုတာမှာ ရာထူးတိုးဖို့ အလားအလာ မကောင်းတော့တာ၊ လစာတိုးဖို့ ခက်ခဲလာတာတွေဟာ ထင်သာတဲ့ ဥပမာတွေပါ။ ဒါဆိုရင် ပိုကောင်းတဲ့အလုပ်ကို အသေအချာရှာဖို့ အကောင်းဆုံးအချိန်ပါ။

 


ရွှေရည်

Career

Leave a Reply

Your email address will not be published. Required fields are marked *