အွန်လိုင်းသုံးရင်း အပိုဝင်ငွေရှာနိုင်မယ့် နည်းလမ်းတွေ

အခုခေတ်မှာ လက်ကိုင်ဖုန်းသုံးပြီး အွန်လိုင်းကို အချိန်မရွေး နေရာမရွေး သုံးလာကြပါတယ်။ ဒီလိုသုံးတာ ကြောင့်လည်း အကုန်အကျက ထိုက်သင့်သလောက် ရှိပါတယ်။

ဒါကြောင့် အချိန်ကုန်လည်းသက်သာပြီး ကုန်ကျစရိတ်ကာမိအောင် အွန်လိုင်းသုံးရင်း ငွေရှာနိုင်တဲ့နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။

၁။ ရောက်ဖူးတဲ့နေရာတွေအကြောင်း သူများတွေသိအောင် အွန်လိုင်းမှာ ရေးပါ။

ရောက်ဖူးတဲ့နေရာတွေအကြောင်း ဥပမာ စားသောက်ဆိုင်၊ စာအုပ်ဆိုင်၊ အပန်းဖြေတဲ့နေရာ၊ အလည်အပတ် သွားတဲ့နေရာ အစရှိတဲ့ အကြောင်းတွေထဲက ထူးခြားချက်တွေကို အလွယ်တကူ နားလည်လာအောင် ရေးပြီး သူများတွေဖတ်ဖို့ အွန်လိုင်းမှာ တင်ပေးပါ။

သူများတွေ သဘောပေါက်တဲ့ပုံစံနဲ့ စွဲစွဲမြဲမြဲ ရေးလာနိုင်ရင် ကိုယ်ရေး တဲ့အကြောင်းအရာတွေကို ပုံမှန်ဖတ်တဲ့သူတွေ ရှိလာမှာပါ။

ဖတ်တဲ့သူများလာရင် ပုံသေပရိသတ် ရလာနိုင်တာ ကြောင့် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာလို့ရပါတယ်။

၂။ ကုမ္ပဏီတွေအတွက် အချက်အလက်တွေ စုဆောင်းပါ။

အချက်အလက်တွေကို စနစ်တကျ စုဆောင်းနိုင်တဲ့အရည်အချင်းရှိရင် စီးပွားရေးလုပ်ငန်းတွေရဲ့ အချက် အလက်တွေကို သိမ်းဆည်းပေးတဲ့အလုပ်ကို အွန်လိုင်းကနေ လုပ်လို့ရပါတယ်။

ဒါပေမယ့် ကျင့်ဝတ်နဲ့အညီ အလုပ်လုပ်နိုင်ဖို့တော့ လိုပါတယ်။

ပြည်ပနိုင်ငံတွေမှာတော့ Data entry လို့ရိုက်ပြီး ရှာလိုက်ရင် သင့်တော်တဲ့ အလုပ်တွေ ရှာတွေ့နိုင်ပေမယ့် ဒီမှာတော့ နည်းနေပါသေးတယ်။

နောက်ပိုင်း အလားအလာကောင်းနိုင်တဲ့ အွန်လိုင်းအလုပ်တစ်ခုပါ။

၃။ နမူနာ Essay တွေ ရေးပါ။

ကျောင်းလျှောက်ဖို့၊ အလုပ်လျှောက်ဖို့ အစရှိတဲ့ ကိစ္စတွေမှာ စာလုံးရေအကန့်အသတ်နဲ့ရေးရတဲ့ Essay တွေကို လွယ်လွယ်ကူကူရေးနိုင်တဲ့ နမူနာ Essay တွေကို ရေးပြီး အွန်လိုင်းမှာ တင်ပေးပါ။

ရေးတဲ့အထဲမှာလည်း စိတ်ဝင်စားအောင် ဘယ်လိုရေးရမယ်၊ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီအောင် ဘယ်လိုရေးရ မယ်ဆိုတာကို နားလည်လွယ်အောင် ရေးနိုင်ရင် အလုပ်ဖြစ်ပါတယ်။

ဒါနဲ့ဆက်စပ်ပြီး ကျောင်းသားတွေရေးတဲ့ Essay တွေကိုပါ အွန်လိုင်းမှာ အကြံဉာဏ်ပေးနိုင်ရင် ထိုက်သင့်တဲ့ဝင်ငွေ ရှာနိုင်ပါတယ်။

၄။ စာအုပ်အဟောင်းတွေရောင်းပါ။

ဖတ်ပြီးသားစာအုပ်တွေကို အိမ်မှာ ဆက်မထားချင်တော့ရင် ပြန်ရောင်းပြီး ဝင်ငွေရှာလို့ရပါတယ်။

အလွယ်တကူ ရှာလို့မရတော့တဲ့စာအုပ်တွေဆိုရင် ပိုကောင်းပါတယ်။

ဒါတွေကို အွန်လိုင်းမှာ ကြော်ငြာပြီး ရောင်းလို့ရပါတယ်။ ရောင်းချင်တဲ့စာအုပ်တွေအကြောင်း မိတ်ဆက်လေးရေးပြီး ကြော်ငြာနိုင်ရင် ပိုကောင်းပါတယ်။

၅။ အွန်လိုင်းဒိတ်အတွက် အကြံဉာဏ်ပေးပါ။

ဒီအလုပ်ကိုတော့ ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။ ဒါပေမယ့် မထင်မှတ်ဘဲ အွန်လိုင်းက ဝင်ငွေရှာနိုင်တဲ့ နည်းလမ်းပါ။

ဒါပေမယ့် တာဝန်တော့ ကြီးပါတယ်။ နောက်ဆက်တွဲပြဿနာတွေကို ရှင်းရတတ်လို့ပါ။

စိတ်ဝင်စားရင်တော့ လုပ်ကြည့်ပါ။ စကားပြောကောင်းဖို့တော့ လိုပါလိမ့်မယ်။

၆။ သီချင်းရောင်းပါ။

ဒီအလုပ်ကို တော်တော်များများတောင် လုပ်နေကြပါပြီ။

လုပ်ချင်တယ်ဆိုရင်တော့ သူများတွေလုပ်နေတာကို အသေအချာလေ့လာပြီး စမ်းလုပ်ကြည့်ပါ။

 

By ရွှေရည်

Career, Current, Startups

Leave a Reply

Your email address will not be published. Required fields are marked *