လုပ်ငန်းအတွက် မှန်ကန်စွာ ငွေကြေးစီမံခန့်ခွဲတတ်စေဖို့

*** Unicode ***

#POINT #PointYouthPlatform

ဝါရင့်နည်းပြတစ်ဦးအနေနဲ့ ကျွန်တော့်အတွေ့အကြုံတွေအရ စီးပွားရေးလုပ်ငန်းရှင်တွေ မှားတတ်တဲ့ နံပါတစ်အမှားကတော့ လုပ်ငန်း စတင်ရာမှာ သူတို့ရဲ့ ငွေကြေးကို မှားယွင်းစွာစီမံခန့်ခွဲခြင်းပါပဲ။

စီးပွားရေးလုပ်မယ့်အကောင့်နဲ့ ကိုယ်တိုင်အသုံးပြုတဲ့ အကောင့်ကိုတောင် ခွဲခွဲခြားခြား အသုံးပြုဖို့ ခက်ခဲနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လောက်တောင်များသလဲဆိုတာသိရင် ခင်ဗျားအံ့သြသွားမှာ ကျိန်းသေပါတယ်။

အဲ့အခြေအနေတွေဟာ စီးပွားရေးစတင်သူ မည်သူမဆို ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်စေသလို အခြေအနေမကောင်းရင် နာမည်ပျက်သည်အထိလည်း ဖြစ်စေနိုင်ပါတယ်။

၁။ ကိုယ့်ရဲ့ စီးပွားရေးအတွက် ခိုင်မာသော ငွေကြေးစာရင်းကို တည်ဆောက်ပါ

ကိုယ့်ကုမ္ပဏီရဲ့ ဝင်ငွေတွေက ဘယ်ကနေလာတာလဲ၊ ပြီးတော့ ဘယ်လို ကုန်ကျစရိတ်တွေ အသုံးပြုနေရသလဲဆိုတာကို ဆုံးဖြတ်ပါ။ပြီးရင်တော့ အမြတ်သေသေချာချာရရှိဖို့ အချိန်ဘယ်လောက်လောက်ယူရမလဲ၊ ပြီးတော့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်ဖို့ ဘယ်လောက်ငွေပမာဏလိုအပ်လဲဆိုတာကို ခန့်မှန်းကြည့်ပါ။စီးပွားရေးလုပ်ငန်းဟာ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်တဲ့ ငွေကြေးအင်အားရှိလာပြီဆိုတာနဲ့ သင့်ရဲ့ကိုယ်ပိုင်ဝင်ငွေတွေကို စတင်လျှော့လို့ရပါပြီ။

ကိုယ် ငွေကြေးဘယ်လောက်လိုအပ်သလဲဆိုတာကို ခန့်မှန်းတွက်ချက်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ ငွေကြေးဘဏ္ဍရဲ့ ကုန်ကျစရိတ်အလားအလာတစ်ဝက်လောက်ကို လျှော့ချလို့ရပါပြီ။

ရောင်းအားနှင့် ငွေကြေးစီးဆင်းမှုတွေကို တွက်ချက်တည်ဆောက်ရတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတော်များများ ခန့်မှန်းထားတာထပ် ပိုပြီး အချိန်ယူရတတ်ပါတယ်။အပေါ်ကအလုပ်တွေက လုပ်ဆောင်ဖို့တော့ခက်ခဲတာအမှန်ပါ။

ဒါပေမယ့်လည်း အဲ့လိုလုပ်ဆောင်ခြင်းဖြင့် သင်ဘာတွေလိုအပ်နေတယ်နဲ့ သင့်စီးပွားရေးအတွက် ငွေကြေးဟာ အချိန်အတိုင်းအတာ ဘယ်လောက်အထိ တောင့်ခံရပ်တည်နိုင်လည်းဆိုတာကို သိမြင်နားလည်စေမှာပါ။

၂။ သင်ဘယ်လောက်အထိ စွန့်စားရင်းနှီးသလဲဆိုတာကို ဆုံးဖြတ်ပါ

သင့်စီးပွားရေး၏ ဘဏ္ဍဍာငွေတွေက မမျှော်လင့်တာတွေလည်း ဖြစ်လာတတ်ပါတယ်။ တကယ်လို့ ကိုယ့်လုပ်ငန်းရဲ့ စာရင်းအတိအကျကို မလုပ်ထားဘူးဆိုလျှင် ဘယ်နေရာမှာ ဘယ်လို သုံးသင့်လဲ ဆိုတာကို စီမံမထားဘူးဆိုလျှင် ရင်းနှီးမြှပ်နှံ့သူတွေရဲ့ ငွေကြေးအထောက်အပံ့ရရှိစေရေးက ခက်ခဲပါလိမ့်မယ်။

သုံးစွဲထည့်ဝင်ရမယ့် ငွေကြေးက ကိုယ့်မိသားစုတစ်စုလုံးရဲ့ အရင်းအနှီးလား ဒါမှမဟုတ် တစ်ဝက်ပဲလား ။ ကိုယ့်ကိုယ်တိုင်က အရင်းအနှီးအတွက် ပေးချေနိုင်သလား ၊ သူများဆီက ချေးငှားရမှာလား။

ကိုယ် ချက်စ် လက်မှတ်တွေရေးမယ့်အခါမျိုးဆို ကိုယ့်မိသားစု ဓာတ်ပုံကို အနားနားမှာထားခြင်းအားဖြင့် ကိုယ့်အနာဂါတ်ကိုသာမက သူတို့ရဲ့အနာဂါတ်ပါ ကိုယ့်အပေါ်မူတည်နေတယ်ဆိုတာကို သတိပြုမိစေမှာပါ။

၃။ ကိုယ့်စီးပွားရေးကို စစ်ဆေးဖို့အတွက် တခြားသီးသန့် အကောင့်တစ်ခုဖွင့်ထားပါ

ကိုယ့်စီးပွားရေးကို ဆက်လက်လည်ပတ်စေဖို့ ငွေကြေးအရင်းအနှီးလိုအပ်တယ်လို့ ခံစားမိတာနဲ့ တစ်ပြိုင်နက် ကိုယ့်စီးပွားရေးရဲ့ ငွေကြေးတွေကို အဲ့ငွေပေးချေဖို့ဆုံးဖြတ်ထားသော အကောင့်ထဲကို ချက်ခြင်းလှွဲလိုက်ပါ။

ကိုယ့်ရဲ့ အရင်းအနှီးလုပ်ရမယ့်ငွေကြေးဟာ အာမခံတွေ၊ ရင်းနှီးမြှပ်နှံ့မှုတွေနဲ့ ဆက်နွယ်နေမယ်ဆိုရင် အဲ့ဒါတွေကို ရောင်းချပြီး စီးပွားရေးလုပ်ကိုင်မယ့်အကောင့်ထဲကိုသာ ထည့်သွင်းလိုက်ပါ။ပြီးတော့ ကိုယ့်ကို ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ သေချာတဲ့ ငွေကြေးပုံစံတစ်ခုကို လုပ်ဆောင်စေနိုင်သလို သင်ပိုပြီး အမှားနည်းနည်းနဲ့ နည်းစနစ်ကျကျ လုပ်ဆောင်လာစေမှာပါ။

တကယ်လို့ သင့်စီးပွားရေးအကောင့်က ငွေနည်းသွားရင် ဒါမှမဟုတ်လည်း ငွေကုန်သွားရင်ဘာဖြစ်မလဲ။ သင်ရင်းနှီးမြှပ်နှံ့မယ့်ငွေကို ပိုပြီးတိုးကာ ငွေပိုရင်းနှိီးတာပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း တခြားသူတွေ တခြားသော ရင်းနှီးမြှပ်နှံ့သူတွေနဲ့ပေါင်းပြီး လုပ်ဆောင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

အစောပိုင်းအခြေအနေတွေမှာတော့ အရေးကြီးဆုံးတစ်ခုက သင့်စီးပွားရေးအတွက်သုံးမယ့် ငွေကြေးကို သီးသန့်ခွဲခြားထားတာပါပဲ။ဒါမှသာ တစ်ချို့သော အချက်အလက်တွေ အခြေအနေတွေကို မြင်သာစေသလို သင့်ကိုပိုပြီး တွန်းအားပေးစေမှာပါ။

ပြီးတော့ သင့်ရဲ့ ကိုယ်ပိုင်ငွေကြေးကိုလည်း မသုံးစေသလို ငွေကြေးသုံးစွဲမှုတွေကလည်း အကန့်အသတ်နဲ့ဖြစ်လာစေမှာပါ။၄။ ကိုယ့်ရဲ့ ခရဒစ်ကတ်ကို သီးသန့်ထားပါ။

စီးပွားရေးအတွက် ခရဒစ်ကတ်တစ်ကတ်နဲ့ ကိုယ်တိုင်သုံးဖို့အတွက် တစ်ကတ်ထားပါ။ ဒါမှသာ ဖြစ်နိုင်တဲ့အခွန်တွေ ငွေကြေးအကုန်အကျတွေ ဘယ်လိုကုန်သလဲဆိုတာကို သိသာမြင်နိုင်စေမှာပါ။သင့်စီးပွားရေးအတွက် လိုအပ်တဲ့ ဘယ်ကုန်ကျစရိတ်မဆို စီးပွားရေးအတွက်လုပ်ထားသော အကောင့်ဆီကနေသာ သုံးပါ။ တစ်ခုနဲ့တစ်ခု မရောလိုက်ပါနဲ့။

Writer & Translator : Thiha Aung

——————————————————————————————————————————-

#POINT #PointYouthPlatform

၀ါရင့်နည်းပြတစ်ဦးအနေနဲ့ ကျွန်တော့်အတွေ့အကြုံတွေအရ စီးပွားရေးလုပ်ငန်းရှင်တွေ မှားတတ်တဲ့ နံပါတစ်အမှားကတော့ လုပ်ငန်း စတင်ရာမှာ သူတို့ရဲ့ ငွေကြေးကို မှားယွင်းစွာစီမံခန့်ခွဲခြင်းပါပဲ။
စီးပွားရေးလုပ်မယ့်အကောင့်နဲ့ ကိုယ်တိုင်အသုံးပြုတဲ့ အကောင့်ကိုတောင် ခွဲခွဲခြားခြား အသုံးပြုဖို့ ခက်ခဲနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လောက်တောင်များသလဲဆိုတာသိရင် ခင်ဗျားအံ့သြသွားမှာ ကျိန်းသေပါတယ်။
အဲ့အခြေအနေတွေဟာ စီးပွားရေးစတင်သူ မည်သူမဆို ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်စေသလို အခြေအနေမကောင်းရင် နာမည်ပျက်သည်အထိလည်း ဖြစ်စေနိုင်ပါတယ်။

၁။ ကိုယ့်ရဲ့ စီးပွားရေးအတွက် ခိုင်မာသော ငွေကြေးစာရင်းကို တည်ဆောက်ပါ
ကိုယ့်ကုမ္ပဏီရဲ့ ဝင်ငွေတွေက ဘယ်ကနေလာတာလဲ၊ ပြီးတော့ ဘယ်လို ကုန်ကျစရိတ်တွေ အသုံးပြုနေရသလဲဆိုတာကို ဆုံးဖြတ်ပါ။
ပြီးရင်တော့ အမြတ်သေသေချာချာရရှိဖို့ အချိန်ဘယ်လောက်လောက်ယူရမလဲ၊ ပြီးတော့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်ဖို့ ဘယ်လောက်ငွေပမာဏလိုအပ်လဲဆိုတာကို ခန့်မှန်းကြည့်ပါ။
စီးပွားရေးလုပ်ငန်းဟာ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်တဲ့ ငွေကြေးအင်အားရှိလာပြီဆိုတာနဲ့ သင့်ရဲ့ကိုယ်ပိုင်ဝင်ငွေတွေကို စတင်လျှော့လို့ရပါပြီ။
ကိုယ် ငွေကြေးဘယ်လောက်လိုအပ်သလဲဆိုတာကို ခန့်မှန်းတွက်ချက်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ ငွေကြေးဘဏ္ဍာရဲ့ ကုန်ကျစရိတ်အလားအလာတစ်ဝက်လောက်ကို လျှော့ချလို့ရပါပြီ။
ရောင်းအားနှင့် ငွေကြေးစီးဆင်းမှုတွေကို တွက်ချက်တည်ဆောက်ရတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတော်များများ ခန့်မှန်းထားတာထပ် ပိုပြီး အချိန်ယူရတတ်ပါတယ်။
အပေါ်ကအလုပ်တွေက လုပ်ဆောင်ဖို့တော့ခက်ခဲတာအမှန်ပါ။ ဒါပေမယ့်လည်း အဲ့လိုလုပ်ဆောင်ခြင်းဖြင့် သင်ဘာတွေလိုအပ်နေတယ်နဲ့ သင့်စီးပွားရေးအတွက် ငွေကြေးဟာ အချိန်အတိုင်းအတာ ဘယ်လောက်အထိ တောင့်ခံရပ်တည်နိုင်လည်းဆိုတာကို သိမြင်နားလည်စေမှာပါ။

၂။ သင်ဘယ်လောက်အထိ စွန့်စားရင်းနှီးသလဲဆိုတာကို ဆုံးဖြတ်ပါ
သင့်စီးပွားရေး၏ ဘဏ္ဍာငွေတွေက မမျှော်လင့်တာတွေလည်း ဖြစ်လာတတ်ပါတယ်။ တကယ်လို့ ကိုယ့်လုပ်ငန်းရဲ့ စာရင်းအတိအကျကို မလုပ်ထားဘူးဆိုလျှင် ဘယ်နေရာမှာ ဘယ်လို သုံးသင့်လဲ ဆိုတာကို စီမံမထားဘူးဆိုလျှင် ရင်းနှီးမြှပ်နှံ့သူတွေရဲ့ ငွေကြေးအထောက်အပံ့ရရှိစေရေးက ခက်ခဲပါလိမ့်မယ်။
သုံးစွဲထည့်ဝင်ရမယ့် ငွေကြေးက ကိုယ့်မိသားစုတစ်စုလုံးရဲ့ အရင်းအနှီးလား ဒါမှမဟုတ် တစ်ဝက်ပဲလား ။ ကိုယ့်ကိုယ်တိုင်က အရင်းအနှီးအတွက် ပေးချေနိုင်သလား ၊ သူများဆီက ချေးငှားရမှာလား။
ကိုယ် ချက်စ် လက်မှတ်တွေရေးမယ့်အခါမျိုးဆို ကိုယ့်မိသားစု ဓာတ်ပုံကို အနားနားမှာထားခြင်းအားဖြင့် ကိုယ့်အနာဂါတ်ကိုသာမက သူတို့ရဲ့အနာဂါတ်ပါ ကိုယ့်အပေါ်မူတည်နေတယ်ဆိုတာကို သတိပြုမိစေမှာပါ။

၃။ ကိုယ့်စီးပွားရေးကို စစ်ဆေးဖို့အတွက် တခြားသီးသန့် အကောင့်တစ်ခုဖွင့်ထားပါ
ကိုယ့်စီးပွားရေးကို ဆက်လက်လည်ပတ်စေဖို့ ငွေကြေးအရင်းအနှီးလိုအပ်တယ်လို့ ခံစားမိတာနဲ့ တစ်ပြိုင်နက် ကိုယ့်စီးပွားရေးရဲ့ ငွေကြေးတွေကို အဲ့ငွေပေးချေဖို့ဆုံးဖြတ်ထားသော အကောင့်ထဲကို ချက်ခြင်းလွှဲလိုက်ပါ။
ကိုယ့်ရဲ့ အရင်းအနှီးလုပ်ရမယ့်ငွေကြေးဟာ အာမခံတွေ၊ ရင်းနှီးမြှပ်နှံ့မှုတွေနဲ့ ဆက်နွယ်နေမယ်ဆိုရင် အဲ့ဒါတွေကို ရောင်းချပြီး စီးပွားရေးလုပ်ကိုင်မယ့်အကောင့်ထဲကိုသာ ထည့်သွင်းလိုက်ပါ။
ပြီးတော့ ကိုယ့်ကို ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ သေချာတဲ့ ငွေကြေးပုံစံတစ်ခုကို လုပ်ဆောင်စေနိုင်သလို သင်ပိုပြီး အမှားနည်းနည်းနဲ့ နည်းစနစ်ကျကျ လုပ်ဆောင်လာစေမှာပါ။
တကယ်လို့ သင့်စီးပွားရေးအကောင့်က ငွေနည်းသွားရင် ဒါမှမဟုတ်လည်း ငွေကုန်သွားရင်ဘာဖြစ်မလဲ။ သင်ရင်းနှီးမြှပ်နှံ့မယ့်ငွေကို ပိုပြီးတိုးကာ ငွေပိုရင်းနှိီးတာပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း တခြားသူတွေ တခြားသော ရင်းနှီးမြှပ်နှံ့သူတွေနဲ့ပေါင်းပြီး လုပ်ဆောင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
အစောပိုင်းအခြေအနေတွေမှာတော့ အရေးကြီးဆုံးတစ်ခုက သင့်စီးပွားရေးအတွက်သုံးမယ့် ငွေကြေးကို သီးသန့်ခွဲခြားထားတာပါပဲ။
ဒါမှသာ တစ်ချို့သော အချက်အလက်တွေ အခြေအနေတွေကို မြင်သာစေသလို သင့်ကိုပိုပြီး တွန်းအားပေးစေမှာပါ။ ပြီးတော့ သင့်ရဲ့ ကိုယ်ပိုင်ငွေကြေးကိုလည်း မသုံးစေသလို ငွေကြေးသုံးစွဲမှုတွေကလည်း အကန့်အသတ်နဲ့ဖြစ်လာစေမှာပါ။

၄။ ကိုယ့်ရဲ့ ခရဒစ်ကတ်ကို သီးသန့်ထားပါ။
စီးပွားရေးအတွက် ခရဒစ်ကတ်တစ်ကတ်နဲ့ ကိုယ်တိုင်သုံးဖို့အတွက် တစ်ကတ်ထားပါ။ ဒါမှသာ ဖြစ်နိုင်တဲ့အခွန်တွေ ငွေကြေးအကုန်အကျတွေ ဘယ်လိုကုန်သလဲဆိုတာကို သိသာမြင်နိုင်စေမှာပါ။
သင့်စီးပွားရေးအတွက် လိုအပ်တဲ့ ဘယ်ကုန်ကျစရိတ်မဆို စီးပွားရေးအတွက်လုပ်ထားသော အကောင့်ဆီကနေသာ သုံးပါ။ တစ်ခုနဲ့တစ်ခု မရောလိုက်ပါနဲ့။

Writer & Translator : Thiha Aung

 

 

Career

Leave a Reply

Your email address will not be published. Required fields are marked *