အလုပ်အကိုင် စီမံမှု နဲ့ တိုးတက်မှုရဲ့ အရေးပါပုံ

*** Unicode ***

#POINT #PointYouthPlatform

အလုပ်အကိုင် စီမံမှု နဲ့ တိုးတက်မှုက ဘဝတစ်လျှောက်လုံး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လေ့ကျင့်မှု၊ အားလပ်ချိန် နဲ့ အလုပ်တိုးတက်မှုတွေကို အဆက်မပြတ် စီမံတဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။

၄င်းမှာ လေ့ကျင်မှု၊ ပညာရေး၊ အလုပ်အကိုင်တို့နဲ့ ပတ်သတ်တဲ့ အစီအစဉ် ရေးဆွဲဖို့ နဲ့ ပညာရှင်ဆန်ဆန် ဆုံး ဖြတ်ချက်တွေ ချမှတ်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု၊အသိပညာတို့ကို ဆည်းပူးခြင်းနဲ့ အသုံးချခြင်းတို့ ပါဝင်ပါတယ်။

ငှားရမ်းထားတဲ့ ဝန်ထမ်းတွေက အလုပ်ရှင်ဘက်က ကမ်းလှမ်းချက်အပြင် အလုပ်အကိုင် စီမံမှုနဲ့ တိုးတက်မှုမှာ သူတို့ကိုယ်တိုင်က ရင်းနှီးမြုပ်နှံတတ်ကြပါတယ်။ တစ်ချို့ အလုပ်ရှင်တွေက စီမံမှု နဲ့ တိုးတက်မှု မပေးကြပါဘူး။

ဒါကြောင့် လိုအပ်တဲ့ တိုးတက်မှုတွေ သေချာစေဖို့ တစ်ယောက်ချင်းဆီမှာ တာဝန်ရှိပါတယ်။အလုပ်အကိုင် တိုးတက်မှုက ကုမ္ပဏီကို အကျိုးမြတ်တွေ ပံ့ပိုးပေးမှုတာနဲ့အတူ ဝန်ထမ်းတွေရဲ့ တိုးတက်မှု လိုအပ်ချက်တွေကို အလေးပေးတာက နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါတယ်။အစီအစဉ် ဆောင်ရွက်ဖို့ အဆင့်များစွာ ရှိပါတယ်။

(၁) ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ပါ။

(၂) ရည်ရွယ်ချက် ပန်းတိုင်များ ချမှတ်ပါ။

(၃) မန်နေဂျာနဲ့ ဆွေးနွေးတိုင်ပင်ပါ။

(၄) လိုအပ်တဲ့ ငွေအရင်းအနှီး၊ လူအင်အားများကို အောင်မြင်အောင် ရယူပါ။

(၅) ကိုယ့်တိုးတက်မှုကို အကဲဖြတ်ပါ။

(၆) အဆက်အသွယ် တည်ဆောက်ပါ။

(၇) ပန်းတိုင်တွေကို ပြန်စိစစ်ပြီး လိုအပ်တဲ့ ညှိနိုင်းချက်တွေ ဖန်တီးပါ။

သက်မွေး လုပ်ငန်းဆိုတာ အချိန်တော်တော်ကြာအောင် လူတစ်ယောက်နောက်ကို လိုက်နို်င်တဲ့ အဆက်အသွယ်ဖန်တီးတာပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်ကို အလေးပေးတဲ့ ဝန်ထမ်းတွေက တခြားသူတွေကို ကူညီဖို့ နဲ့ အခစီမံကိန်းတွေအတွက် စေတနာဝန်ထမ်း ကမ်းလှမ်းခြင်းအားဖြင့် အလုပ်သစ်ကို သင်ယူဖို့ အခွင့်လမ်းသစ်တွေ ရှာဖွေကာ ။

အလုပ်ထဲမှာ ဖော်ပြတာပဲ မလုပ်ပါနဲ့။အလုပ်တို်င်းက အကောင်းဆုံး ကြိုးစားအားထုတ်ဖို့ ထိုက်တန်ပါတယ်။ ဒါ့အပြင် တာဝန်ကျေပွန်တဲ့အလုပ်သမားတွေက သူတို့ အကောင်းဆုံး ကြိုးစားသလောက် အကျိုးကျေးဇူးတွေလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ ။ တစ်ချို့သူတွေက လိုအပ်သလောက်ပဲ အလုပ်ကို လုပ်ကြကာ၊ ပိုပြီးလစာကောင်းမယ့် (သို့) အခွင့်အလမ်းသစ်တွေ ပိုရနိုင်မယ့် ရာထူး မရနိုင်တဲ့အခါ အထူးအဆန်း ဖြစ်နေကြပါတယ်။

ရုံးတွင်း သင်တန်းပေး လေ့ကျင့်ပေးခြင်း၊ အလုပ်တွင်း လေ့ကျင့်ပေးခြင်း၊ စီမံကိန်း စီမံမှု နဲ့ လုပ်ငန်းခွင် အတွင်း ရာထူး အကူးအပြောင်း/ရာထူးတိုးခြင်းတို့ကို ပေးအပ်တဲ့ ကုမ္ပဏီတွေက ゞင်းတို့ရဲ့ လူသားအရင်းမြစ်များနဲ့ အကောင်းဆုံး အရည်အချင်းကို အကျိုးရှိရှိ အသုံးချနိုင်ကြပါတယ်။

ဝန်ထမ်းတွေက အလေးပေးခံရတာ၊ အခွင့်လမ်းသစ်တွေ ကမ်းလှမ်းခံရတဲ့အခါ တခြားအဖွဲ့အစည်းကို အလုပ် ရှာဖွေမှု နည်းပါးလာကာ၊ လုပ်ငန်းခွင်မှာ ပိုမို အလုပ်မြဲမှာ ဖြစ်ပါတယ်။ကုမ္ပဏီတွေက ဝန်ထမ်းတွေအတွက် အလုပ်အကိုင် တိုးတက်မှုမှာ ရင်းနှီးမြုပ်နှံကြတဲ့အခါ၊ ရလဒ်တွေက အလွန် ကောင်းမွန်ပါတယ်။

ဝန်ထမ်းများ အလုပ်တွင် မြဲလာခြင်းစိတ်ဝင်စားမှု မြင့်မားလာခြင်းဝန်ထမ်းများ သူတို့ရဲ့ အောင်မြင်ရေး အစီအစဉ် ခိုင်မြဲလာစေခြင်း

-အသိပညာ အခြေခံ အားကောင်းလာခြင်း

-တခြားသူများအား အသိပညာ လှွဲပြောင်းနိုင်ခြင်း

-လိုအပ်နေတဲ့ အလုပ်အကိုင် နေရာတွင် ဖြည့်တင်းနိုင်ခြင်း

-ဝန်ထမ်းကောင်းတွေက Brandကို ထင်ပေါ်စေခြင်း

-ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ စိတ်အားမြင့်တက်မှု ပိုမြင့်လာခြင်း

-ပေါင်းသင်းဆက်ဆံရေးတွင် ကျေနပ်ဖွယ်ဖြစ်ခြင်း

ကုမ္ပဏီရဲ့ နည်းဗျူဟာ အစီအစဉ်မှာ အထက်မှာ ဖော်ပြပေးခဲ့သော အကျိုးအမြတ်တွေ ရနိုင်တဲ့ ပန်းတိုင်တွေ ပါဝင်ပါတယ်။ ယင်းက အနာဂတ် ဖွံဖြိုးတိုးတက်မှုရှိတဲ့ လုပ်ငန်းမှာ စိတ်ဝင်စားတဲ့ အလားအလာကောင်းသော ဝန်ထမ်းတွေရဲ့ အသိအမှတ်ပြုတာကိုလည်း ရနိုင်ပါတယ်။

အခြေခံအားဖြင့် အလုပ်သမားတစ်ဦးချင်းဆီက ကိုယ့်ကိုယ်ကို တိုးတက်ဖို့ နဲ့ အလုပ်အကိုင် အစီအစဉ်ချမှတ်ဖို့ စွမ်းဆောင်နိုင်ရပါမယ်။ ဝန်ထမ်းတစ်ဦးချင်းစီနဲ့ ကုမ္ပဏီဆိုင်ရာ အလုပ်အကိုင်စီမံမှုနဲ့ တိုးတက်မှုကို တစ်ပြိုင်တည်း လုပ်ခြင်းက ကုမ္ပဏီနဲ့ ဝန်ထမ်းတွေ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ရနို်င်မှာ ဖြစ်ပါတယ်။ဒါကတော့ Win-Win အခြေနေပါပဲ။

Translator : Hsu Mi San

————————————————————————————————————————–

#POINT #PointYouthPlatform

အလုပ်အကိုင် စီမံမှု နဲ့ တိုးတက်မှုက ဘဝတစ်လျှောက်လုံး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လေ့ကျင့်မှု၊ အားလပ်ချိန် နဲ့ အလုပ်တိုးတက်မှုတွေကို အဆက်မပြတ် စီမံတဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။
၄င်းမှာ လေ့ကျင်မှု၊ ပညာရေး၊ အလုပ်အကိုင်တို့နဲ့ ပတ်သတ်တဲ့ အစီအစဉ် ရေးဆွဲဖို့ နဲ့ ပညာရှင်ဆန်ဆန် ဆုံး ဖြတ်ချက်တွေ ချမှတ်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု၊အသိပညာတို့ကို ဆည်းပူးခြင်းနဲ့ အသုံးချခြင်းတို့ ပါဝင်ပါတယ်။
ငှားရမ်းထားတဲ့ ဝန်ထမ်းတွေက အလုပ်ရှင်ဘက်က ကမ်းလှမ်းချက်အပြင် အလုပ်အကိုင် စီမံမှုနဲ့ တိုးတက်မှုမှာ သူတို့ကိုယ်တိုင်က ရင်းနှီးမြုပ်နှံတတ်ကြပါတယ်။ တစ်ချို့ အလုပ်ရှင်တွေက စီမံမှု နဲ့ တိုးတက်မှု မပေးကြပါဘူး။ ဒါကြောင့် လိုအပ်တဲ့ တိုးတက်မှုတွေ သေချာစေဖို့ တစ်ယောက်ချင်းဆီမှာ တာဝန်ရှိပါတယ်။
အလုပ်အကိုင် တိုးတက်မှုက ကုမ္ပဏီကို အကျိုးမြတ်တွေ ပံ့ပိုးပေးမှုတာနဲ့အတူ ဝန်ထမ်းတွေရဲ့ တိုးတက်မှု လိုအပ်ချက်တွေကို အလေးပေးတာက နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါတယ်။
အစီအစဉ် ဆောင်ရွက်ဖို့ အဆင့်များစွာ ရှိပါတယ်။
(၁) ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ပါ။
(၂) ရည်ရွယ်ချက် ပန်းတိုင်များ ချမှတ်ပါ။
(၃) မန်နေဂျာနဲ့ ဆွေးနွေးတိုင်ပင်ပါ။
(၄) လိုအပ်တဲ့ ငွေအရင်းအနှီး၊ လူအင်အားများကို အောင်မြင်အောင် ရယူပါ။
(၅) ကိုယ့်တိုးတက်မှုကို အကဲဖြတ်ပါ။
(၆) အဆက်အသွယ် တည်ဆောက်ပါ။
(၇) ပန်းတိုင်တွေကို ပြန်စိစစ်ပြီး လိုအပ်တဲ့ ညှိနိုင်းချက်တွေ ဖန်တီးပါ။

သက်မွေး လုပ်ငန်းဆိုတာ အချိန်တော်တော်ကြာအောင် လူတစ်ယောက်နောက်ကို လိုက်နိ်ုင်တဲ့ အဆက်အသွယ်ဖန်တီးတာပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်ကို အလေးပေးတဲ့ ဝန်ထမ်းတွေက တခြားသူတွေကို ကူညီဖို့ နဲ့ အခစီမံကိန်းတွေအတွက် စေတနာဝန်ထမ်း ကမ်းလှမ်းခြင်းအားဖြင့် အလုပ်သစ်ကို သင်ယူဖို့ အခွင့်လမ်းသစ်တွေ ရှာဖွေကာ ။ အလုပ်ထဲမှာ ဖော်ပြတာပဲ မလုပ်ပါနဲ့။
အလုပ်တိ်ုင်းက အကောင်းဆုံး ကြိုးစားအားထုတ်ဖို့ ထိုက်တန်ပါတယ်။ ဒါ့အပြင် တာဝန်ကျေပွန်တဲ့အလုပ်သမားတွေက သူတို့ အကောင်းဆုံး ကြိုးစားသလောက် အကျိုးကျေးဇူးတွေလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ ။ တစ်ချို့သူတွေက လိုအပ်သလောက်ပဲ အလုပ်ကို လုပ်ကြကာ၊ ပိုပြီးလစာကောင်းမယ့် (သို့) အခွင့်အလမ်းသစ်တွေ ပိုရနိုင်မယ့် ရာထူး မရနိုင်တဲ့အခါ အထူးအဆန်း ဖြစ်နေကြပါတယ်။
ရုံးတွင်း သင်တန်းပေး လေ့ကျင့်ပေးခြင်း၊ အလုပ်တွင်း လေ့ကျင့်ပေးခြင်း၊ စီမံကိန်း စီမံမှု နဲ့ လုပ်ငန်းခွင် အတွင်း ရာထူး အကူးအပြောင်း/ရာထူးတိုးခြင်းတို့ကို ပေးအပ်တဲ့ ကုမ္ပဏီတွေက ၎င်းတို့ရဲ့ လူသားအရင်းမြစ်များနဲ့ အကောင်းဆုံး အရည်အချင်းကို အကျိုးရှိရှိ အသုံးချနိုင်ကြပါတယ်။
ဝန်ထမ်းတွေက အလေးပေးခံရတာ၊ အခွင့်လမ်းသစ်တွေ ကမ်းလှမ်းခံရတဲ့အခါ တခြားအဖွဲ့အစည်းကို အလုပ် ရှာဖွေမှု နည်းပါးလာကာ၊ လုပ်ငန်းခွင်မှာ ပိုမို အလုပ်မြဲမှာ ဖြစ်ပါတယ်။
ကုမ္ပဏီတွေက ဝန်ထမ်းတွေအတွက် အလုပ်အကိုင် တိုးတက်မှုမှာ ရင်းနှီးမြုပ်နှံကြတဲ့အခါ၊ ရလဒ်တွေက အလွန် ကောင်းမွန်ပါတယ်။
ဝန်ထမ်းများ အလုပ်တွင် မြဲလာခြင်း
စိတ်ဝင်စားမှု မြင့်မားလာခြင်း
ဝန်ထမ်းများ သူတို့ရဲ့ အောင်မြင်ရေး အစီအစဉ် ခိုင်မြဲလာစေခြင်း
-အသိပညာ အခြေခံ အားကောင်းလာခြင်း
-တခြားသူများအား အသိပညာ လွှဲပြောင်းနိုင်ခြင်း
-လိုအပ်နေတဲ့ အလုပ်အကိုင် နေရာတွင် ဖြည့်တင်းနိုင်ခြင်း
-ဝန်ထမ်းကောင်းတွေက Brandကို ထင်ပေါ်စေခြင်း
-ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ စိတ်အားမြင့်တက်မှု ပိုမြင့်လာခြင်း
-ပေါင်းသင်းဆက်ဆံရေးတွင် ကျေနပ်ဖွယ်ဖြစ်ခြင်း
ကုမ္ပဏီရဲ့ နည်းဗျူဟာ အစီအစဉ်မှာ အထက်မှာ ဖော်ပြပေးခဲ့သော အကျိုးအမြတ်တွေ ရနိုင်တဲ့ ပန်းတိုင်တွေ ပါဝင်ပါတယ်။ ယင်းက အနာဂတ် ဖွံဖြိုးတိုးတက်မှုရှိတဲ့ လုပ်ငန်းမှာ စိတ်ဝင်စားတဲ့ အလားအလာကောင်းသော ဝန်ထမ်းတွေရဲ့ အသိအမှတ်ပြုတာကိုလည်း ရနိုင်ပါတယ်။
အခြေခံအားဖြင့် အလုပ်သမားတစ်ဦးချင်းဆီက ကိုယ့်ကိုယ်ကို တိုးတက်ဖို့ နဲ့ အလုပ်အကိုင် အစီအစဉ်ချမှတ်ဖို့ စွမ်းဆောင်နိုင်ရပါမယ်။ ဝန်ထမ်းတစ်ဦးချင်းစီနဲ့ ကုမ္ပဏီဆိုင်ရာ အလုပ်အကိုင်စီမံမှုနဲ့ တိုးတက်မှုကို တစ်ပြိုင်တည်း လုပ်ခြင်းက ကုမ္ပဏီနဲ့ ဝန်ထမ်းတွေ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ရနိ်ုင်မှာ ဖြစ်ပါတယ်။
ဒါကတော့ Win-Win အခြေနေပါပဲ။

Translator : Hsu Mi San

 

Career

Leave a Reply

Your email address will not be published. Required fields are marked *