အလုပ်တွေကို ထိထိရောက်ရောက် ဘယ်လိုခွဲဝေပေးကြမလဲ။

*** Unicode ***

#POINT #PointYouthPlatform

၁။ ဘယ်အချိန်မှာ အလုပ်တွေကို ခွဲဝေပေးရမလဲဆိုတာသိပါ

အခြေအနေတစ်ခုကို ကိုယ်ဘယ်လောက်အနေအထားလောက်အထိ လုပ်ဆောင်နိုင်သလဲအပေါ်မူတည်ကာ အလုပ်သမားတွေကို ပံပိုးပေးနိုင်မည့် အကောင်းဆုံးနည်းစနစ်ကို သဘောပေါက်နားလည်ခြင်းက အလုပ်ကိုခွဲဝေပေးခြင်း၏ အရေးကြီးသော အချက်ဖြစ်ပါတယ်။

အလုပ်တွေကို ခွဲဝေပေးခြင်းကလည်း အဆင့်အလိုက်လုပ်ဆောင်ရသော နည်းစနစ်ဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့်မှာတော့ လူတွေကို ဘာတွေလုပ်ရမလဲဆိုတာကို ပြောပြခြင်းပါ။ အဲ့လိုလုပ်ဆောင်မှုတွေက အလုပ်သမားတွေကို နည်းလမ်းအသစ်တွေကို သိလာမြင်လာစေပါတယ်။

အမြင့်ဆုံးအဆင့်မှာတော့ ကိုယ့်အလုပ်တွေကိုယ်တိုင်ကို အလုပ်သမားတွေကိုခွဲဝေပေးနိုင်ပြီး သူတို့ကိုယ်တိုင်ပြီးမြောက်စေနိုင်သော အခြေအနေဖြစ်ပါတယ်။အလုပ်တွေကို ဘယ်လိုခွဲဝေရမလဲဆိုတာကို သိခြင်းက အလုပ်သမားတွေ၏ အရည်အချင်းကို အကောင်းဆုံးအသုံးပြုနိုင်သော တာဝန်တွေနှင့် ပက်သက်ပြီး ဘယ်လိုဆက်ဆံရမလဲဆိုတာကို သဘောပေါက်လာစေပါတယ်။

ဒါ့ကြောင့်အဲ့ဒါကိုသာ ကောင်းကောင်းနားလည်လာသည်နှင့်အမျှ အကောင်းဆုံးရလာဒ်တွေကို ထွက်ပေါ်လာစေမှာပါ။ကိုယ့်အလုပ်တွေကို တခြားတစ်ယောက်ကို ခွဲဝေတာဝန်ပေး ဖို့စဉ်းစားနေတယ်ဆိုရင်တော့ အောက်ပါမေးခွန်းတွေကို မေးကြည့်သင့်ပါတယ်။

• သူက အဲ့အလုပ်တွေကို လုပ်နိုင်စွမ်းရှိရဲ့လား ဒါမှမဟုတ် နောက်ထပ်တခြားတစ်ယောက်ကို ခိုင်းစေရမလား။

• အဲ့အလုပ်ကို ပြီးမြောက်စေဖို့အတွက် စူးစူးစိုက်စိုက် အလုပ်လုပ်စရာလိုအပ်သလား။

• အဲ့အလုပ်က ကိုယ်တာဝန်ခွဲဝေလိုက်သော အလုပ်သမားရဲ့ အရည်အသွေးကိုတိုးတက်စေမှာလား။

• အဲ့အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ကြားပေးဖို့လိုအပ်သလား။

• အဲ့အလုပ်က သူတို့၏ အနာဂါတ်အလားအလာကို ထောက်ပံ့ပေးနိုင်မှာလား။

၂။ အလုပ်အတွက် အကောင်းဆုံးလူကို ရှာဖွေပါ။

အလုပ်တာဝန်တွေခွဲဝေပေးသည့်အခါမှာ ကိုယ့်အသင်းအဖွဲ့ထဲမှာရှိသော အကောင်းဆုံးလုပ်နိုင်မည့်လူကို ရှာဖွေရန်လိုအပ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ဟာ ကိုယ်ရော၊ ကိုယ့်ကုမ္ပဏီရော ပြီးတော့ ကိုယ့်အလုပ်သမားအတွက်ရော အကောင်းဆုံး အနေအထားကို ဆောင်ကျဉ်းချင်တာဖြစ်လို့ အဲ့ဒါတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

ဒါ့ကြောင့် အဖွဲ့သားတွေ၏အရည်အသွေး၊ သင်ကြားလိုစိတ်နှင့် အလုပ်လုပ်ကိုင်ပုံအနေအထားတွေကို စဉ်းစားဖို့လိုအပ်ပါတယ်။ သူတို့တွေ လုပ်နိုင်သောအလုပ်ဖြစ်ရင်၊ စိတ်ဝင်စားသော၊ နည်းမှန်လမ်းမှန်လုပ်နိုင်သော အလုပ်ဆိုရင် အလုပ်တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ အမှန်ပါပဲ။ဒါ့ကြောင့် လုပ်နေကျအလုပ်သမားတွေထက် အတွေ့အကြုံမရှိသေးသော အလုပ်သင်တွေကို ပိုပြီး နည်းလမ်းပြသဖို့လိုအပ်ပါတယ်။

ပြီးတော့ ကိုယ်အလုပ်သမားတွေက အလုပ်ရှုပ်နေသလား စသည့်အချက်တွေကိုလည်း စဉ်းစားရပါမယ်။ ကိုယ့်အလုပ်သမားတွေ အလုပ်ဝန်ပိပြီး မပြီးသည့်အခါ သူတို့၏ နဂိုလုပ်ဆောင်နေသော တာဝန်တွေပါ ထိခိုက်နိုင်ပါတယ်။

၃။ သူတို့ကို ပြောပြပါ သင်ကြားပေးပါ

ကိုယ်တာဝန်ခွဲပေးလိုသော အလုပ်နှင့်ကိုက်ညီသူကို တွေ့ပြီဆိုရင်တောင် သူတို့တာဝန်အသစ်တွေကို ပေးအပ်ဖို့အတွက် အချိန်တချို့စောင့်ဖို့လိုအပ်ပါသေးတယ်။ ကိုယ့်အလုပ်အတွက် သူတို့ကို ဘာ့ကြောင့်ရွေးချယ်သလဲဆိုတာသိပါစေ။

သူတို့ရဲ့တိုးတက်မှုအတွက် ကိုယ်အလေးထားတယ်ဆိုပြီးဖော်ပြခြင်းဟာ ယုံကြည်မှုရော ရင်းနှီးမှုကိုရော ခိုင်မြဲစေပါတယ်။ကိုယ်ကဝန်ထမ်းအသစ်တွေနှင့် အလုပ်လုပ်ရတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အကူအညီပေးလိုသော စိတ်အားထက်သန်မှုကို ဖော်ပြနိုင်ပါစေ။

၄။ အလုပ်တာဝန်ကို ရှင်းရှင်းလင်းလင်း တိတိကျကျဖော်ပြပါ

ခွဲဝေပေးသောအလုပ်ကိစ္စရဲ့ အရေးပါမှု၊ ကိုယ့်ရဲ့အဲအလုပ်အပေါ်မျှော်လင့်ထားမှု ပြီးတော့လုပ်ဆောင်ရမယ့်အချိန်ကို အလုပ်သမားတွေကို ရှင်းလင်းဖော်ပြတာက အရေးကြီးပါတယ်။ သူတို့ဘာကိုလုပ်ဆောင်ရမယ်ဆိုတာ ပိုသိလေလေ ပိုပြီးတော့ လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်လေပါပဲ။လုပ်ဆောင်ရမယ့်တာဝန်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြရာမှာ အလုပ်တွေကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပါ ရှင်းပြဖို့လိုပါတယ်။

ပြီးတော့ လုပ်ရမယ့်ပန်းတိုင်တစ်ခုခြင်းစီကိုပါ သတ်မှတ်ထားခြင်းအားဖြင့် သူတို့ရဲ့ အလုပ်တွင်ကျယ်မှုကိုပါ သင်စောင့်ကြည့်လေ့လာနိုင်ပါတယ်။ ဒါမှသာ ကိုယ့်အလုပ်သမားက အလုပ်လုပ်ဆောင်နေစဉ်မှာ အခက်အခဲတွေတွေ့လာတယ်ဆိုရင်လည်း အပြီးသတ်ပေးရမယ့်အချိန်မရောက်ခင်မှာ မှန်ကန်အောင်ပြန်လည်လုပ်ဆောင်နိုင်မှာပါ။

၅။ ကိုယ့်အလုပ်သမားကို ကူညီပါ

အလုပ်တာဝန်တွေခွဲဝေပေးရာမှာ အကောင်းဆုံးရလာဒ်တွေထွက်ပေါ်လာစေဖို့အတွက် ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေဟာ ကိုယ့်ဆီကအကြံဉာဏ်နဲ့ သင်ကြားပေးမှုလိုအပ်ပါတယ်။ သူတို့မှာမရှိသေးတဲ့အရည်အသွေးတွေ တိုးတက်လာစေဖို့ သင်ကြားပေးမှုတွေ လေ့ကျင့်ပေးမှုတွေကကို ပြုလုပ်ပေးရပါမယ်။

အဲ့လိုလုပ်ပေးရတာက အချိန်ကုန်ကောင်းကုန်စေနိုင်ပေမယ့်လည်း အလုပ်တွေလုပ်ဆောင်ရာမှာတော့ ပိုပြီးမြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်လုပ်ဆောင်လာနိုင်စေမှာပါ။တစ်ခါတစ်လေမှာ အလုပ်သမားတွေဟာ သူတို့ကို ဘယ်လိုကောင်းကောင်း လုပ်နေတယ်ဆိုတာနဲ့ ဘယ်လို တိုးတက်လာတယ်ဆိုတာကို သိမြင်စေဖို့သင့်ကိုလိုအပ်ပါတယ်။

ဒါ့ကြောင့် လုပ်ဆောင်နေသောအလုပ်အပေါ် အကြံဉာဏ်ပေးခြင်းဟာ အလုပ်တာဝန်တွေခွဲဝေပေးတဲ့နေရာမှာ အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ခွဲပေးထားတဲ့အလုပ်အပေါ်မှာ လမ်းညှွန်ပြသပေးနေသည့် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

၆။ ကိုယ့်ရဲ့ အားထားတန်ဖိုးထားမှုကိုပြသပါ

တာဝန်ခွဲပေးသည့် အလုပ်တွေကို စစ်ဆေးနေစဉ်အချိန်တွေမှာ ကိုယ်ပေးလိုက်သည့်အလုပ်ဟာ တိုးတက်လာတယ် ပိုကောင်းမွန်လာတယ်ဆိုတာကို အလုပ်သမားတွေသိအောင်ချီးကျူးပေးသင့်ပါတယ်။ ကိုယ်က သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ အလုပ်သမားတွေခံစားမိတယ်ဆို သူတို့လည်းပိုမိုပြီး အလုပ်ကိုကြိုစားမှာဖြစ်သလို ပိုပြီးလည်း အလုပ်တွင်ကျယ်လာမှာပါ။

ကိုယ်မျှော်မှန်းထားသော အလုပ်အခြေအနေတွေကို သူတို့လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်းကို အလုပ်သမားတွေ သိပါစေ။ အဲ့လိုလုပ်ဆောင်ခြင်းတွေ နောင်အနာဂါတ် လုပ်ငန်းတွေလုပ်ကိုင်ရာမှာလည်း သူတို့က ကိုယ်နဲ့အတူတူအလုပ်လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်လာစေမှာပါ။

Translator : Su Mon

——————————————————————————————————————————-

#POINT #PointYouthPlatform

၁။ ဘယ်အချိန်မှာ အလုပ်တွေကို ခွဲဝေပေးရမလဲဆိုတာသိပါ
အခြေအနေတစ်ခုကို ကိုယ်ဘယ်လောက်အနေအထားလောက်အထိ လုပ်ဆောင်နိုင်သလဲအပေါ်မူတည်ကာ အလုပ်သမားတွေကို ပံပိုးပေးနိုင်မည့် အကောင်းဆုံးနည်းစနစ်ကို သဘောပေါက်နားလည်ခြင်းက အလုပ်ကိုခွဲဝေပေးခြင်း၏ အရေးကြီးသော အချက်ဖြစ်ပါတယ်။
အလုပ်တွေကို ခွဲဝေပေးခြင်းကလည်း အဆင့်အလိုက်လုပ်ဆောင်ရသော နည်းစနစ်ဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့်မှာတော့ လူတွေကို ဘာတွေလုပ်ရမလဲဆိုတာကို ပြောပြခြင်းပါ။ အဲ့လိုလုပ်ဆောင်မှုတွေက အလုပ်သမားတွေကို နည်းလမ်းအသစ်တွေကို သိလာမြင်လာစေပါတယ်။ အမြင့်ဆုံးအဆင့်မှာတော့ ကိုယ့်အလုပ်တွေကိုယ်တိုင်ကို အလုပ်သမားတွေကိုခွဲဝေပေးနိုင်ပြီး သူတို့ကိုယ်တိုင်ပြီးမြောက်စေနိုင်သော အခြေအနေဖြစ်ပါတယ်။
အလုပ်တွေကို ဘယ်လိုခွဲဝေရမလဲဆိုတာကို သိခြင်းက အလုပ်သမားတွေ၏ အရည်အချင်းကို အကောင်းဆုံးအသုံးပြုနိုင်သော တာဝန်တွေနှင့် ပက်သက်ပြီး ဘယ်လိုဆက်ဆံရမလဲဆိုတာကို သဘောပေါက်လာစေပါတယ်။ ဒါ့ကြောင့်အဲ့ဒါကိုသာ ကောင်းကောင်းနားလည်လာသည်နှင့်အမျှ အကောင်းဆုံးရလာဒ်တွေကို ထွက်ပေါ်လာစေမှာပါ။
ကိုယ့်အလုပ်တွေကို တခြားတစ်ယောက်ကို ခွဲဝေတာဝန်ပေး ဖို့စဉ်းစားနေတယ်ဆိုရင်တော့ အောက်ပါမေးခွန်းတွေကို မေးကြည့်သင့်ပါတယ်။
• သူက အဲ့အလုပ်တွေကို လုပ်နိုင်စွမ်းရှိရဲ့လား ဒါမှမဟုတ် နောက်ထပ်တခြားတစ်ယောက်ကို ခိုင်းစေရမလား။
• အဲ့အလုပ်ကို ပြီးမြောက်စေဖို့အတွက် စူးစူးစိုက်စိုက် အလုပ်လုပ်စရာလိုအပ်သလား။
• အဲ့အလုပ်က ကိုယ်တာဝန်ခွဲဝေလိုက်သော အလုပ်သမားရဲ့ အရည်အသွေးကိုတိုးတက်စေမှာလား။
• အဲ့အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ကြားပေးဖို့လိုအပ်သလား။
• အဲ့အလုပ်က သူတို့၏ အနာဂါတ်အလားအလာကို ထောက်ပံ့ပေးနိုင်မှာလား။

၂။ အလုပ်အတွက် အကောင်းဆုံးလူကို ရှာဖွေပါ။
အလုပ်တာဝန်တွေခွဲဝေပေးသည့်အခါမှာ ကိုယ့်အသင်းအဖွဲ့ထဲမှာရှိသော အကောင်းဆုံးလုပ်နိုင်မည့်လူကို ရှာဖွေရန်လိုအပ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ဟာ ကိုယ်ရော၊ ကိုယ့်ကုမ္ပဏီရော ပြီးတော့ ကိုယ့်အလုပ်သမားအတွက်ရော အကောင်းဆုံး အနေအထားကို ဆောင်ကျဉ်းချင်တာဖြစ်လို့ အဲ့ဒါတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
ဒါ့ကြောင့် အဖွဲ့သားတွေ၏အရည်အသွေး၊ သင်ကြားလိုစိတ်နှင့် အလုပ်လုပ်ကိုင်ပုံအနေအထားတွေကို စဉ်းစားဖို့လိုအပ်ပါတယ်။ သူတို့တွေ လုပ်နိုင်သောအလုပ်ဖြစ်ရင်၊ စိတ်ဝင်စားသော၊ နည်းမှန်လမ်းမှန်လုပ်နိုင်သော အလုပ်ဆိုရင် အလုပ်တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ အမှန်ပါပဲ။
ဒါ့ကြောင့် လုပ်နေကျအလုပ်သမားတွေထက် အတွေ့အကြုံမရှိသေးသော အလုပ်သင်တွေကို ပိုပြီး နည်းလမ်းပြသဖို့လိုအပ်ပါတယ်။ ပြီးတော့ ကိုယ်အလုပ်သမားတွေက အလုပ်ရှုပ်နေသလား စသည့်အချက်တွေကိုလည်း စဉ်းစားရပါမယ်။ ကိုယ့်အလုပ်သမားတွေ အလုပ်ဝန်ပိပြီး မပြီးသည့်အခါ သူတို့၏ နဂိုလုပ်ဆောင်နေသော တာဝန်တွေပါ ထိခိုက်နိုင်ပါတယ်။

၃။ သူတို့ကို ပြောပြပါ သင်ကြားပေးပါ
ကိုယ်တာဝန်ခွဲပေးလိုသော အလုပ်နှင့်ကိုက်ညီသူကို တွေ့ပြီဆိုရင်တောင် သူတို့တာဝန်အသစ်တွေကို ပေးအပ်ဖို့အတွက် အချိန်တချို့စောင့်ဖို့လိုအပ်ပါသေးတယ်။ ကိုယ့်အလုပ်အတွက် သူတို့ကို ဘာ့ကြောင့်ရွေးချယ်သလဲဆိုတာသိပါစေ။ သူတို့ရဲ့တိုးတက်မှုအတွက် ကိုယ်အလေးထားတယ်ဆိုပြီးဖော်ပြခြင်းဟာ ယုံကြည်မှုရော ရင်းနှီးမှုကိုရော ခိုင်မြဲစေပါတယ်။
ကိုယ်ကဝန်ထမ်းအသစ်တွေနှင့် အလုပ်လုပ်ရတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အကူအညီပေးလိုသော စိတ်အားထက်သန်မှုကို ဖော်ပြနိုင်ပါစေ။

၄။ အလုပ်တာဝန်ကို ရှင်းရှင်းလင်းလင်း တိတိကျကျဖော်ပြပါ
ခွဲဝေပေးသောအလုပ်ကိစ္စရဲ့ အရေးပါမှု၊ ကိုယ့်ရဲ့အဲအလုပ်အပေါ်မျှော်လင့်ထားမှု ပြီးတော့လုပ်ဆောင်ရမယ့်အချိန်ကို အလုပ်သမားတွေကို ရှင်းလင်းဖော်ပြတာက အရေးကြီးပါတယ်။ သူတို့ဘာကိုလုပ်ဆောင်ရမယ်ဆိုတာ ပိုသိလေလေ ပိုပြီးတော့ လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်လေပါပဲ။
လုပ်ဆောင်ရမယ့်တာဝန်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြရာမှာ အလုပ်တွေကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပါ ရှင်းပြဖို့လိုပါတယ်။ ပြီးတော့ လုပ်ရမယ့်ပန်းတိုင်တစ်ခုခြင်းစီကိုပါ သတ်မှတ်ထားခြင်းအားဖြင့် သူတို့ရဲ့ အလုပ်တွင်ကျယ်မှုကိုပါ သင်စောင့်ကြည့်လေ့လာနိုင်ပါတယ်။ ဒါမှသာ ကိုယ့်အလုပ်သမားက အလုပ်လုပ်ဆောင်နေစဉ်မှာ အခက်အခဲတွေတွေ့လာတယ်ဆိုရင်လည်း အပြီးသတ်ပေးရမယ့်အချိန်မရောက်ခင်မှာ မှန်ကန်အောင်ပြန်လည်လုပ်ဆောင်နိုင်မှာပါ။

၅။ ကိုယ့်အလုပ်သမားကို ကူညီပါ
အလုပ်တာဝန်တွေခွဲဝေပေးရာမှာ အကောင်းဆုံးရလာဒ်တွေထွက်ပေါ်လာစေဖို့အတွက် ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေဟာ ကိုယ့်ဆီကအကြံဉာဏ်နဲ့ သင်ကြားပေးမှုလိုအပ်ပါတယ်။ သူတို့မှာမရှိသေးတဲ့အရည်အသွေးတွေ တိုးတက်လာစေဖို့ သင်ကြားပေးမှုတွေ လေ့ကျင့်ပေးမှုတွေကကို ပြုလုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးရတာက အချိန်ကုန်ကောင်းကုန်စေနိုင်ပေမယ့်လည်း အလုပ်တွေလုပ်ဆောင်ရာမှာတော့ ပိုပြီးမြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်လုပ်ဆောင်လာနိုင်စေမှာပါ။
တစ်ခါတစ်လေမှာ အလုပ်သမားတွေဟာ သူတို့ကို ဘယ်လိုကောင်းကောင်း လုပ်နေတယ်ဆိုတာနဲ့ ဘယ်လို တိုးတက်လာတယ်ဆိုတာကို သိမြင်စေဖို့သင့်ကိုလိုအပ်ပါတယ်။ ဒါ့ကြောင့် လုပ်ဆောင်နေသောအလုပ်အပေါ် အကြံဉာဏ်ပေးခြင်းဟာ အလုပ်တာဝန်တွေခွဲဝေပေးတဲ့နေရာမှာ အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ခွဲပေးထားတဲ့အလုပ်အပေါ်မှာ လမ်းညွှန်ပြသပေးနေသည့် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

၆။ ကိုယ့်ရဲ့ အားထားတန်ဖိုးထားမှုကိုပြသပါ
တာဝန်ခွဲပေးသည့် အလုပ်တွေကို စစ်ဆေးနေစဉ်အချိန်တွေမှာ ကိုယ်ပေးလိုက်သည့်အလုပ်ဟာ တိုးတက်လာတယ် ပိုကောင်းမွန်လာတယ်ဆိုတာကို အလုပ်သမားတွေသိအောင်ချီးကျူးပေးသင့်ပါတယ်။ ကိုယ်က သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ အလုပ်သမားတွေခံစားမိတယ်ဆို သူတို့လည်းပိုမိုပြီး အလုပ်ကိုကြိုစားမှာဖြစ်သလို ပိုပြီးလည်း အလုပ်တွင်ကျယ်လာမှာပါ။
ကိုယ်မျှော်မှန်းထားသော အလုပ်အခြေအနေတွေကို သူတို့လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်းကို အလုပ်သမားတွေ သိပါစေ။ အဲ့လိုလုပ်ဆောင်ခြင်းတွေ နောင်အနာဂါတ် လုပ်ငန်းတွေလုပ်ကိုင်ရာမှာလည်း သူတို့က ကိုယ်နဲ့အတူတူအလုပ်လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်လာစေမှာပါ။

Translator : Su Mon

 

Career

Leave a Reply

Your email address will not be published. Required fields are marked *