“မိမိကိုယ်ကို ရင်းနှီးမြုပ်နှံခြင်းကသာ အစွမ်းထက်ဆုံးပါ”

#POINT #PointYouthPlatform

မိမိကိုယ်ကို ရင်းနှီးမြုပ်နှံတာက သင်ရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုထဲက အကောင်းဆုံး အမြတ်အစွန်းပါပဲ။ စွမ်းရည်တစ်ခုကို သင်ယူတာ၊ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင်လုပ်တာ၊ အလုပ်အကိုင်တိုးတက်အောင် လုပ်တာ၊ တီထွင်ဖန်တီးမှုလုပ်ကိုင်တာ၊ ဒါမှမဟုတ် နည်းပြတစ်ယောက် ငှားရမ်းတာ စတာတွေမှာ ရင်းနှီးမြုပ်နှံတာ ဖြစ်စေ၊ တခြားသူတွေကို မပေးနိုင်ခင်မှာ ပထမဆုံး ကိုယ့်ကိုယ်ကို ပေးဖို့လိုအပ်ပါတယ်။
မိမိရဲ့ အစွမ်းအစနဲ့ ပင်ကိုယ်စွမ်းရည်တွေ ဖွံ့ဖြိုးအောင် အချိန်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါမှသာ တခြားသူများကို အကောင်းဆုံး ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ရင်းနှီးမြုပ်နှံတယ်ဆိုတာ တစ်နည်းအားဖြင့် “မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း”ပါပဲ။ တခြားသူတွေ ကိုယ့်ကို မချစ်ခင်၊ မိမိကိုယ်ကို အရင်ဆုံး ချစ်တတ်ရပါမယ်။
ပန်းတိုင်တွေ ချမှတ်ပါ။
ကိုယ့်အတွက်နဲ့ လုပ်ငန်းအတွက် ပန်းတိုင်တွေ ဘယ်လိုချမှတ်ရမလဲ လေ့လာပါ။ ပန်းတိုင်တွေ ချမှတ်ဖို့ အချိန်မပေးဘူးဆိိုရင်၊ အမှောင်ထဲမှာ ရှေ့မီးမထွန်းဘဲ ကားမောင်းနေတဲ့သူလိုပါပဲ။ ကိုယ်ဘယ်သွားနေလဲ မသိတဲ့အတွက် တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းနေသလို ဖြစ်နေပါလိမ့်မယ်။ ပန်းတိုင်ဆီ ရောက်ရှိနိုင်ဖို့လည်း အချိန် သတ်မှတ်တွေ ထားရှိရပါမယ်။ ကိုယ့်ရဲ့ ပန်းတိုင်တွေက SMART ဖြစ်ရပါမယ်။ Specific (တိကျရမယ်)၊ Measurable (အတိုင်းအတာရှိရမယ်)၊ Attainable (ရယူနိုင်ရမယ်)၊ Relevant (ဆီလျော်မှု ရှိရမယ်)၊ Timely (အချိန်မီရမယ်)။
ကိုယ့်ရဲ့ တီထွင်ဖန်တီးနိ်ုင်စွမ်းမှာ အချိန်ကို ရင်းနှီးမြုပ်နှံပါ။
တီထွင်ဖန်တီးနိ်ုင်စွမ်းက ကျွန်တော်တို့ အသက်အရွယ်ရလာအခါ မပျောက်ကွယ်သွားပါဘူး။ တကယ်တော့ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်က လူတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်း အမြင့်မားဆုံး အချိန်ပါပဲ။
မိမိကိုယ်ကို ယုံကြည်မှုမှာ ရင်းနှီးမြုပ်နှံပါ။
မိမိတန်ဖိုးကိုသိတဲ့လူတွေ၊ ပြောစရာတစ်ခုခု ရှိတဲ့သူတွေကို တခြားသူတွေက နားထောင်ပေးကြပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့အရာကို တခြားသူတွေကို ပေးကမ်းတဲ့ တန်ဖိုးကို နားလည်ခြင်းကိုု တိုးတက်အောင် လုပ်ခြင်းအားဖြင့် မိမိကိုယ်ကို ရင်းနှီးမြုပ်နှံနိုင်ပါတယ်။အမှန်တိုင်းပြောဆိုဖို့ သတ္တိရှိပါစေ။ မိမိကိုယ်ကို ချစ်မြတ်နိုးလေလေ၊ ပြီးတော့ တခြားသူကို ပေးကမ်းနိုင်တဲ့ တန်ဖိုးတွေ ပိုင်ဆိုင်လာလေ၊ တခြားသူတွေကို မျှဝေခြင်းမှာ ပိုပြီး ယုံကြည်မှု ရှိလာလေ ဖြစ်ပါတယ်။
ပညာရပ်ဆိုင်ရာ စာအုပ်များဖတ်ပါ။
စာအုပ်တွေနဲ့ အသံထွက်စာအုပ်တွေက ကိုယ့်ရဲ့အသိပညာကို တည်ဆောက်ဖို့နဲ့ ဘယ်နယ်ပယ်မှာမဆို နှံ့စပ်စေဖို့ အလွန်ကောင်းမွန်တဲ့ မှီးငြမ်းစရာတွေပဲ ဖြစ်ပါတယ်။
ကိုယ်ပိုင်စွမ်းရည်တွေနဲ့ အသိပညာ ကျယ်ပြန့်စေဖို့ စာပေဟောပြောပွဲတွေနဲ့ လုပ်ငန်းခွင် ဆွေးနွေးပွဲတွေ တက်ရောက်ပါ။ ဒါက ကိုယ်နဲ့ စိတ်တူကိုယ်တူ ရှိနိုင်တဲ့ သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ အခွင့်အရေး ရရှိနိုင်ပါတယ်။
ပျော်ရွှင်မှုကို ရွေးချယ်ပါ။
ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုတစ်ခုပါပဲ။ ပျော်ရွှင်နေတဲ့ လူတွေက ဘဝရဲ့ ကောင်းမွန်တဲ့ အချက်တွေမှာသာ အာရုံစိုက်ကြပါတယ်။ သူတို့က အခြေအနေတွေရဲ့ ဓားစာခံ အဖြစ်မခံကြပါဘူး။ ကြုံလာတဲ့အခြေအနေတွေကို ကျေးဇူးတင်တတ်ဖို့သာ ကြည့်တတ်ကြပါတယ်။ ” လူအများစုက သူတို့စိတ်ထားတတ်သလောက်ပဲ ပျော်ရွှင်ရတတ်ပါတယ်” အေဘရာ ဟင်လင်ကွန်း

Translator : Hsu Mi San

*** Unicode ***

#POINT #PointYouthPlatform

မိမိကိုယ်ကို ရင်းနှီးမြုပ်နှံတာက သင်ရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုထဲက အကောင်းဆုံး အမြတ်အစွန်းပါပဲ။

စွမ်းရည်တစ်ခုကို သင်ယူတာ၊ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင်လုပ်တာ၊ အလုပ်အကိုင်တိုးတက်အောင် လုပ်တာ၊ တီထွင်ဖန်တီးမှုလုပ်ကိုင်တာ၊ ဒါမှမဟုတ် နည်းပြတစ်ယောက် ငှားရမ်းတာ စတာတွေမှာ ရင်းနှီးမြုပ်နှံတာ ဖြစ်စေ၊ တခြားသူတွေကို မပေးနိုင်ခင်မှာ ပထမဆုံး ကိုယ့်ကိုယ်ကို ပေးဖို့လိုအပ်ပါတယ်။

မိမိရဲ့ အစွမ်းအစနဲ့ ပင်ကိုယ်စွမ်းရည်တွေ ဖွံ့ဖြိုးအောင် အချိန်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါမှသာ တခြားသူများကို အကောင်းဆုံး ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ရင်းနှီးမြုပ်နှံတယ်ဆိုတာ တစ်နည်းအားဖြင့် “မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း”ပါပဲ။ တခြားသူတွေ ကိုယ့်ကို မချစ်ခင်၊ မိမိကိုယ်ကို အရင်ဆုံး ချစ်တတ်ရပါမယ်။ပန်းတိုင်တွေ ချမှတ်ပါ။ကိုယ့်အတွက်နဲ့ လုပ်ငန်းအတွက် ပန်းတိုင်တွေ ဘယ်လိုချမှတ်ရမလဲ လေ့လာပါ။

ပန်းတိုင်တွေ ချမှတ်ဖို့ အချိန်မပေးဘူးဆိုရင်၊ အမှောင်ထဲမှာ ရှေ့မီးမထွန်းဘဲ ကားမောင်းနေတဲ့သူလိုပါပဲ။ ကိုယ်ဘယ်သွားနေလဲ မသိတဲ့အတွက် တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းနေသလို ဖြစ်နေပါလိမ့်မယ်။ ပန်းတိုင်ဆီ ရောက်ရှိနိုင်ဖို့လည်း အချိန် သတ်မှတ်တွေ ထားရှိရပါမယ်။ ကိုယ့်ရဲ့ ပန်းတိုင်တွေက SMART ဖြစ်ရပါမယ်။

Specific (တိကျရမယ်)၊ Measurable (အတိုင်းအတာရှိရမယ်)၊ Attainable (ရယူနိုင်ရမယ်)၊ Relevant (ဆီလျော်မှု ရှိရမယ်)၊ Timely (အချိန်မီရမယ်)။ကိုယ့်ရဲ့ တီထွင်ဖန်တီးနို်င်စွမ်းမှာ အချိန်ကို ရင်းနှီးမြုပ်နှံပါ။တီထွင်ဖန်တီးနို်င်စွမ်းက ကျွန်တော်တို့ အသက်အရွယ်ရလာအခါ မပျောက်ကွယ်သွားပါဘူး။

တကယ်တော့ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်က လူတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်း အမြင့်မားဆုံး အချိန်ပါပဲ။မိမိကိုယ်ကို ယုံကြည်မှုမှာ ရင်းနှီးမြုပ်နှံပါ။မိမိတန်ဖိုးကိုသိတဲ့လူတွေ၊ ပြောစရာတစ်ခုခု ရှိတဲ့သူတွေကို တခြားသူတွေက နားထောင်ပေးကြပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့အရာကို တခြားသူတွေကို ပေးကမ်းတဲ့ တန်ဖိုးကို နားလည်ခြင်းကို တိုးတက်အောင် လုပ်ခြင်းအားဖြင့် မိမိကိုယ်ကို ရင်းနှီးမြုပ်နှံနိုင်ပါတယ်။

အမှန်တိုင်းပြောဆိုဖို့ သတ္တိရှိပါစေ။ မိမိကိုယ်ကို ချစ်မြတ်နိုးလေလေ၊ ပြီးတော့ တခြားသူကို ပေးကမ်းနိုင်တဲ့ တန်ဖိုးတွေ ပိုင်ဆိုင်လာလေ၊ တခြားသူတွေကို မျှဝေခြင်းမှာ ပိုပြီး ယုံကြည်မှု ရှိလာလေ ဖြစ်ပါတယ်။ပညာရပ်ဆိုင်ရာ စာအုပ်များဖတ်ပါ။စာအုပ်တွေနဲ့ အသံထွက်စာအုပ်တွေက ကိုယ့်ရဲ့အသိပညာကို တည်ဆောက်ဖို့နဲ့ ဘယ်နယ်ပယ်မှာမဆို နှံ့စပ်စေဖို့ အလွန်ကောင်းမွန်တဲ့ မှီးငြမ်းစရာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်စွမ်းရည်တွေနဲ့ အသိပညာ ကျယ်ပြန့်စေဖို့ စာပေဟောပြောပွဲတွေနဲ့ လုပ်ငန်းခွင် ဆွေးနွေးပွဲတွေ တက်ရောက်ပါ။ ဒါက ကိုယ်နဲ့ စိတ်တူကိုယ်တူ ရှိနိုင်တဲ့ သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ အခွင့်အရေး ရရှိနိုင်ပါတယ်။ပျော်ရှွင်မှုကို ရွေးချယ်ပါ။ပျော်ရှွင်မှုဆိုတာ ရွေးချယ်မှုတစ်ခုပါပဲ။ ပျော်ရှွင်နေတဲ့ လူတွေက ဘဝရဲ့ ကောင်းမွန်တဲ့ အချက်တွေမှာသာ အာရုံစိုက်ကြပါတယ်။

သူတို့က အခြေအနေတွေရဲ့ ဓားစာခံ အဖြစ်မခံကြပါဘူး။ ကြုံလာတဲ့အခြေအနေတွေကို ကျေးဇူးတင်တတ်ဖို့သာ ကြည့်တတ်ကြပါတယ်။ ” လူအများစုက သူတို့စိတ်ထားတတ်သလောက်ပဲ ပျော်ရွှင်ရတတ်ပါတယ်” အေဘရာ ဟင်လင်ကွန်း

Translator : Hsu Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *