အလုပ်အင်တာဗျူးမှာ ခေါင်းမခြောက်အောင် ဘယ်လိုလုပ်ကြမလဲ


အလုပ်လာလျှောက်သူတွေ အင်တာဗျူးမှာ ဦးနှောက်ထူပူမနေအောင် ကြိုးစားကြပါတယ်။ ဒါဟာ လုပ်လျှောက် သူတိုင်းနီးပါး ကြုံရတဲ့ အခက်အခဲပါ။ ဒါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက် ရအောင်။

၁။ မေးခွန်းကို နောက်တစ်ခါ ထပ်မေးခိုင်းပါ

မေးလိုက်တဲ့မေးခွန်းကြောင့် ချက်ချင်းစဉ်းစားမရရင် ခေါင်းခြောက်သွား တတ်ပါတယ်။ ဒီလိုဖြစ်ရင် ပထမဆုံး အသက်ရူလိုက်ပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာနေလိုက်ပါ။ ပြီးမှ မေးခွန်းကို ထပ်မေးခိုင်းပါ။ ဒီလိုလုပ်တာက စဉ်းစားဖို့အချိန်ယူလိုက်တာပါ။

၂။ ပြောဖို့ ရေးချထားတာတွေကို အစီအစဉ်တကျပြောဖို့ မေ့လိုက်ပါ

ပြောချင်တာတွေကို အစီအစဉ်တကျ ပြန်စဉ်းစားနေလို့ ဦးနှောက်ခြောက် သွားတတ်ပါတယ်။ ဒါကြောင့် အစီအစဉ်တကျပြောဖို့ မကြိုးစားဘဲ အဓိကကျတဲ့အချက်တွေကို အရင်ပြောပါ။ အဲဒါက အလျှင်အမြန် ပြန်ဖြေ တဲ့အလေ့ကို ဖော်ပြတာကြောင့် ကိုယ့်ကိုမေးတဲ့သူက သဘောကျနိုင်ပါ တယ်။ နောက်ပြီး အရေးကြီးတဲ့အချက်ကို ပိုအာရုံစိုက်ပြီး ပြောပြနိုင်ပါ တယ်။

၃။ အင်တာဗျူးမဝင်ခင် အရင်လေ့ကျင့်ပါ

အလေ့အကျင့်မရှိရင် ဘာတွေမေးလာမလဲဆိုတာကို စဉ်းစားရင် အင်တာဗျူးမဝင်ခင်ထဲက ခေါင်းရှုပ်နေ တတ်ပါတယ်။ ဒါကြောင့် ဒီလို ထူပူမသွားအောင် ကြိုတင်လေ့ကျင့်ပါ။ လေ့ကျင့်ဖို့ကိုလည်း မရှက်ပါနဲ့။ ဖြစ်နိုင်ရင် ကိုယ့်ထက်ကြီးတဲ့သူတွေကို မေးခွန်းတွေမေးပြီး တကယ့် အင်တာဗျူးဖြေသလို အကြိမ်များများ လေ့ကျင့်ပေးပါ။ သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းလည်း ရပါတယ်။ ဒါမှမဟုတ် ကိုယ်လိုလူနောက်တစ်ယောက်ကို ရှာပြီး တစ်လှည့် စီလေ့ကျင့်ကြည့်ပါ။ တကယ် အကျိုးရှိတာကို သိလာပါလိမ့်မယ်။

 


ရွှေရည်

 

Career

Leave a Reply

Your email address will not be published. Required fields are marked *