အိမ်ကနေအလုပ်လုပ်သူများအတွက် လမ်းညွှန်

#POINT #PointYouthPlatform

ပြင်ပကနေအလုပ်လုပ်တာက အလုပ်သမားတွေရဲ့အသက်မွေးဝမ်းကြောင်းဘဝတွေမှာ ပိုပြီးတော့ ကောင်းမွန်လာနိုင်ပါတယ်။ ပုံမှန်အလုပ်သွားတဲ့အချိန်ကို ဖယ်လိုက်နိုင်တာက အလုပ်သမားတွေကို မိသားစုအတွက်လိုအပ်ချက်တွေနဲ့ တခြားအရေးကြီးတဲ့ဦးစားပေးအရာတွေကို စီမံနိုင်ဖို့ အချိန်ကိုပေးနိုင်ပါတယ်။ အဲ့အချိန်မှာ ပြင်ပကနေအလုပ်လုပ်သူတွေက ရုံးခန်းကအလုပ်သမားတွေထက် ပိုပြီးတော့ ပျော်ရွှင်ကြပြီး ပိုလုပ်နိုုင်စွမ်းရှိတယ်လို့ လေ့လာမှုတွေမှာ ပြသထားပါတယ်။ ဒါတွေကတော့ ပြင်ပကနေအလုပ်လုပ်သူများအတွက် အကြံပေးချက်တွေဖြစ်ပါတယ်။

၁။ ပွင့်လင်းမှုရှိပါစေ။

ယုံကြည်မှုဆိုတာက အောင်မြင်နေတဲ့ပြင်ပကနေအလုပ်လုပ်တဲ့ဆက်ဆံရေးတစ်ခုရဲ့ အခြေခံအချက်ပဲဖြစ်ပါတယ်။ မင်းကကွယ်ရာမှာ ရောက်နေရင်တောင်မှ မင်းရဲ့တာဝန်တွေကိုပြီးအောင် လုပ်နိုင်တယ်ဆိုတာကို မင်းရဲ့မန်နေဂျာကယုံကြည်မှု ရှိနေဖို့လိုအပ်ပါတယ်။ မင်းကတော့ ရုံးခန်းထဲကတခြားအလုပ်သမားတွေလိုပဲ တူညီတဲ့စံနှုန်းနဲ့ အလုပ်လုပ်ကိုင်နိုင်တယ်ဆိုတာကို ယုံကြည်နေဖို့လိုအပ်ပါတယ်။ အစီစဉ်စတင်တဲ့အချိန်မှာ မင်းရဲ့မန်နေဂျာနဲ့အလုပ်နဲ့ပတ်သတ်တဲ့အသေးစိတ်ကိုပြောပြပြီးသားဖြစ်နေမှာပါ။ အလုပ်လုပ်ရမဲ့နာရီတွေ အချိန်ဇယားတွေ နဲ့ ပို့ပေးရမဲ့အရာတွေနဲ့ပတ်သတ်ပြီးတော့ နှစ်ဘက်စလုံးရဲ့ညှိနှိုင်းချက်တွေအပါအဝင်ပေါ့။ဒါကတော့သိသာပါတယ်။ ဒါပေမဲ့ မင်းရဲ့သူဌေးက မင်းကအဝေးကနေ အလုပ်လုပ်ရဲ့လားဆိုတာကို သိနိုင်မဲ့တစ်ခုထဲသောနည်းလမ်းကတော့ မင်းရဲ့ရလဒ်ပါပဲ။ မင်းကိုအကဲဖြတ်မယ့် စံနှုန်းတွေကို နှစ်ယောက်စလုံးနားလည်ထားပြီးတော့ မျှော်လင့်ချက်တွေကို ရှင်းရှင်းလင်းလင်းအတည်ပြုထားပါ။

ပြင်ပကနေအလုပ်လုပ်တာက မင်းအတွက်မှန်ကန်ရဲ့လားဆိုတာကို မင်းကိုယ်မင်း ပွင့်ပွင့်လင်းလင်း အတည်ပြုဖို့ကလဲ အရေးကြီးပါတယ်။ မင်းက သေချာစုစည်းနိုုင်ရဲ့လား။ မင်းကိုယ်မင်း သတ်မှတ်ရက်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ရဲ့လား။ ရုံးခန်းရဲ့ခင်မင်ရင်းနှီးမှုတွေကို မင်းကမက်မောနေလား။ ဒါမှမဟုတ် အလုပ်ပြီးအောင်လုပ်ရမဲ့အချိန်ရောက်တဲ့အချိန်မှာ စိတ်အနှောက်အယှက်တွေ ကင်းမယ့်နေရာတွေကို ပိုပြီးတော့သဘောကျတာလား။

၂။ မင်းရဲ့အလုပ်နေရာကို ထည့်သွင်းစဉ်းစားပါ။

မင်းကတော့ အင်တာနက်လိုင်းကောင်းကောင်းနဲ့ သေချာစိတ်ချရမယ့် ပုံမှန်အလုပ်နေရာတစ်ခု ရှိဖို့သေချာရပါမယ်။ မင်းမှာ အိမ်မှာ ရုံးခန်းအနေနဲ့အသုံးပြုနိုုင်မဲ့ အခန်းတစ်ခန်းရှိနေမယ်ဆိုရင်တော့ ကောင်းပါတယ်။ မဟုတ်ရင် အနှောက်အယှက်ကင်းစေမဲ့ ထောင့်တစ်နေရာမှာ စားပွဲကို ရှင်းရှင်းလင်းလင်းထားပါ။ နေ့တိုင်းရုံးခန်းကိုဝင်ရောက်တာက အိမ်နဲ့အလုပ်ကြားမှာ စိတ်အကန့်အသတ်တွေ ထားလို့ရပါပြီ။

ပြင်ပကနေအလုပ်လုပ်တယ်ဆိုတာက အိမ်ကနေပဲအလုပ်လုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မင်းရဲ့အိမ်မှာ ဆူညံနေတဲ့အိမ်နီးချင်းတွေ အိမ်မွေးခွေးတွေ ကလေးငယ်လေးတွေ ရှိနေလား။ မင်းကရုံးခန်းမှာ အချင်းချင်းနောက်ပြောင်နေကြတာတွေကို ခုံမင်နေတဲ့သူတစ်ယောက်လား။ အဲ့လိုဆိုရင် ရုံးခန်းတစ်ခန်းပုံစံအနေနဲ့ ပြင်ပကနေအလုပ်လုပ်လို့ရတဲ့ အဖွဲ့အစည်းတွေက အလုပ်လုပ်ဖို့နေရာပေးထားတဲ့ အဖွဲ့တွေထဲမှာ ဝင်ရောက်ချင်ဝင်ရောက်နိုင်ပါတယ်။

မင်းအလုပ်ကိုမင်းလုပ်ဖို့ လိုအပ်တဲ့အရာတွေ အပြည့်အစုံရှိအောင်သေချာလုပ်ထားပါ။ တခြားနေရာတွေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်နိုင်ဖို့လုပ်ပါ။ ဗီဒီယိုခေါ်ဆိုမှုတွေကို ကောင်းကောင်းလုပ်နိုုင်မဲ့ အင်တာနက်လိုင်းကောင်းကောင်းကတော့ ရှိရမှာသေချာပါတယ်။ အသံကွာလတီကောင်းကောင်း ရဖို့ နားကြပ်တစ်စုံလဲရှိရပါမယ်။ မင်းကတော့ ကုမ္ပဏီအင်တာနက် ဒါမှမဟုတ် တခြားအရေးကြီးစာရွက်စာတမ်းတွေကို ရယူဖို့ ရှိတယ်ဆိုရင် လိုင်းအားကောင်းအောင်သေချာစေဖို့ လိုအပ်တဲ့ကြိုတင်တွက်ချက်မှုတွေကို လုပ်ဆောင်ထားပါ။

၃။ ဆက်သွယ်ရေးကတော့ အဓိကသော့ချက်ပါပဲ။

မန်နေဂျာတွေ အဖွဲ့သားတွေနဲ့ ပုံမှန်တွေ့ဆုံပါ။ တတ်နိုင်သမျှ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ပါ။ ဝေးကွာနေခြင်းကတော့ နားလည်မှုလွဲမှားမှုတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် သေချာလုပ်ဆောင်ပါ။ မန်နေဂျာနဲ့အပတ်စဉ်တွေ့ဖို့ ရှိတယ်ဆိုရင် တစ်ပတ်တာလုပ်ငန်းစဉ်ကို လုပ်ဆောင်ထားပါ။ ဒါမှ မျက်နှာချင်းဆိုင်စကားပြောတဲ့အခါမှာ ဒါတွေကို ချပြလို့ရနိုင်ပါတယ်။ နောက်ထပ်အစည်းအဝေးတွေကိုလဲ အီးမေးလ်ပို့ပါ။ ဒါမှ အားလုံးကတော့ နောက်ထပ်အဆင့်တွေကို သဘောတူညီနိုင်မယ်လေ။

သတင်းတွေကိုအမြဲအဆက်မပြတ်အောင်လုပ်ဆောင်ပါ။ ပြင်ပကအလုပ်သမားတစ်ယောက်က ဆရာဝန်ချိန်းဆိုမှုတို့ ကော်ဖီသောက်ချိန်တို့အတွက် စားပွဲကနေ ခဏအနားယူဖို့အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ အမြဲတမ်း update ဖြစ်နေမယ်ဆိုရင် မင်းကိုလှမ်းမဆက်သွယ်နိုင်တဲ့အခါမှာ မင်းအဖွဲ့သားတွေက စိတ်ရှုတ်တာတွေ မရှိနိုင်တော့ပါဘူး။

၄။ အဆက်အသွယ်မပြတ်အောင်နေပါ။

ပြင်ပအလုပ်သမားတစ်ယောက်အနေနဲ့ အဖွဲ့သားတွေနဲ့အဆက်အသွယ်ခိုင်မာနေဖို့က တစ်ယောက်နဲ့တစ်ယောက်နီးနီးကပ်ကပ်အလုပ်လုပ်နေချိန်မှာလိုပဲ အရေးကြီးပါတယ်။ ရုံးခန်းထဲမှာ နေ့တိုင်းစနောက်နေတာမရှိတဲ့အတွက် ပိုအားထုတ်ဖို့တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒါကထိုက်တန်ပါတယ်။ အဓိကရုံးခန်းကိုလဲ ပုံမှန်သွားရောက်လည်ပတ်ပါ။ မျက်နှာချင်းဆိုင်နည်းနည်းလောက်တွေ့ပေးမယ်ဆိုရင် ယုံကြည်မှုတွေ ဆက်ဆံရေးတွေ ပိုခိုင်မာလာနိုင်ပါတယ်။ ပြီးတော့ ဗီဒီယိုကောလ်ခေါ်ချိန်မှာလဲ ပိုပျော်စရာကောင်းလာနိုင်ပါတယ်။

ပြင်ပကနေအလုပ်လုပ်တဲ့သူတွေအတွက် ဆိုးဝါးတဲ့အချက်တစ်ချက်ကတော့ အထီးကျန်တာပါ။ မင်းရဲ့ရုံးခန်းထိတွေ့ဆက်ဆံမှုတွေက ဗီဒီယိုကောလ်တွေမှာ အီးမေးလ်တွေမှာပဲဖြစ်နေမယ်ဆိုရင် မင်းကတော့ တစ်နေရာရာမှာ လူတွေနဲ့မျက်နှာချင်းဆိုင်တွေ့နိုင်ဖို့ကိုလဲ သေချာအောင်လုပ်ပေးပါ။ အဲ့နေရာဝန်းကျင်က သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လည်စာစားတာတို့ ကော်ဖီဒိတ်တို့ကို လုပ်ပေးပါ။ ဒါကတော့နေ့လည်ပိုင်းလမ်းလျှောက်တာလဲဖြစ်နိုင်ပါတယ်။ မင်းကအလွတ်တန်းအလုပ်လုပ်သူတစ်ယောက်ပဲဖြစ်ဖြစ် မင်းရဲ့အဖွဲ့အစည်းနဲ့ဝေးကွာပြီးတော့လုပ်နေရသူပဲဖြစ်ဖြစ် လူမှုအသိုင်းအဝိုင်းတွေကြားမှာ တွေ့ဆုံနို်ုင်ဖို့ကိုလဲ ထည့်သွင်းစဉ်းစားပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းကတော့ ထူးဆန်းမှုတွေမဖြစ်လာအောင် ပုံမှန်တွေ့ဆုံပေးဖို့တော့လိုအပ်ပါတယ်။

၅။ စည်းမျဉ်းသတ်မှတ်ပါ။

အိမ်ကနေအလုပ်လုပ်တယ်ဆိုတာက အမြဲတမ်းအလုပ်လုပ်နေရမယ်လို့ မဆိ်ုလိုပါဘူး။ မင်းရုံးခန်းမှာအလုပ်လုပ်သလိုပဲ မင်းရဲ့ပုံမှန်အလုပ်ချိန်ကိုသတ်မှတ်ထားပါ။ မင်းမှာမိသားစုတာဝန်တွေ ရှိနေသေးတယ်ဆိုရင် ဒါကတော့ပိုလွယ်ကူနိုင်ပါတယ်။ ကလေးတွေ ကျောင်းကနေအိမ်ကိုပြန်ရောက်လာတာနဲ့ အချိန်ကုန်တဲ့နှုန်းထားကတော့ ပြောင်းလဲသွားပါတယ်။ မိသားစုတာဝန်တွေမရှိဘူးဆိုရင်လဲ ကိုယ့်အချိန်ကို စီမံပါ။

ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာဘဝကလူတွေနဲ့ ရှင်းရှင်းလင်းလင်းနေပါ။ ဒါမှ သူတို့ကတော့ အလုပ်တာဝန်တွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိနိုင်တော့မှာပါ။ မင်းရဲ့လက်တွဲဖော်ကို မင်းအလုပ်လုပ်ရမဲ့အချိန်တွေအကြောင်းကိုပြောထားပါ။ ဒါမှ မင်းကအလုပ်လုပ်နေချိ်န်မှာ မင်းကကွန်ပြူတာရှေ့ကိုရောက်နေချိန်မှာ သူတို့သိနိုင်ပါမယ်။ မင်းမှာကလေးတွေရှိတယ်ဆိုရင် နေ့ဘက်အလုပ်လုပ်နေချိန်မှာ မင်းကိုအနှောက်အယှက်မပေးနိုင်အောင် သူတို့ကို ကလေးထိန်းတွေနဲ့ ထားပေးပါ။ ကိုယ့်ကိုယ်ကို အရမ်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။ ဒီလိုမလုပ်ဘူးဆိုရင်တော့ တစ်ချိန်ချိန်မှာ BBC Dad လိုမျိုးဖြစ်လာနိုင်ပါတယ်။

၆။ ယုံကြည်မှုရှိပါ။

အိမ်ကနေအလုပ်လုပ်နေတဲ့အလုပ်သမားတွေက အိပ်ယာပေါ်ကနေ အလုပ်လုပ်နေတာလဲဖြစ်နိုင်တယ်လို့ယူဆထားတဲ့ဝန်ထမ်းတွေလဲ ရှိနေနိုင်ပါတယ်။ ဒါမှမဟုတ် တစ်နေ့လုံးကလေးတွေနဲ့ ကစားနေတာလဲဖြစ်နိုင်တယ်လို့ထင်နေနိုင်ပါတယ်။ သူတို့အတွက်မစိုးရိမ်ပါနဲ့။ ပြင်ပအလုပ်သမားတွေကို မယုံကြည်သူတွေကို အကောင်းဆုံးတုန့်ပြန်မှုကတော့ အလုပ်နဲ့သက်သေပြပေးလိုက်ပါ။

Writer & Translator : Su Mon

 

Career

Leave a Reply

Your email address will not be published. Required fields are marked *