“ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်အကိုင်ကို ဘယ်လိုရွေးချယ်မလဲ”

*** Unicode ***

#POINT #PointYouthPlatform

“ကိုယ်မြတ်နို်းတဲ့အလုပ်၊ တစ်နေ့မှ မလုပ်ရင် မနေနိုင်တဲ့ အလုပ်မျိုးကို ရှာဖွေပါ။” သင့်ဘဝတစ်လျှောက် လုပ်ချင်တဲ့အလုပ်ကိုသာ လုပ်ကိုင်ဖို့ ကြိုးစားနေတယ်ဆိုရင်၊ ဒီ ဆိုရိုးစကားကို သင့်နားထဲ ကြားယောင်နေမှာ ဖြစ်ပါတယ်။

သင်က ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို ရွေးချယ်ထားတယ်ဆိုရင်၊ အလုပ်ကို နေ့စဉ်သွားဖို့ အမှန်တကယ် သဘောကျပါလိမ့်မယ်။ ဒါက တကုပ်ကုပ်အလုပ် လုပ်ရတဲ့ ဘဝကို ပြေပျောက်စေမယ့် မှော်ဆေး တစ်ခွက်လိုပါပဲ။

သက်မွေးအလုပ်အကိုင်ကို ရွေးချယ်ရတဲ့ အလုပ်က စိတ်ညစ်ရတာ မထူးဆန်းပါဘူး။ အလုပ်အကိုင် ထောင်ကျော်ရှိနေပြီး၊ အဲ့ဒိထဲက အလုပ်လုပ်နေရတယ်လို့ မခံစားရတဲ့ အလုပ်ကို ဘယ်လို ရွေးချယ်ယူနိုင်မှာလဲ။

အလုပ်လုပ်တာက ကိုယ့်ရဲ့ အချိန်အများစုကို ပေးရတာဖြစ်လို့ ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်တာက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်ပါတယ်။ ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်အကိုင် ရှာနို်င်ဖို့ ကိုယ်ရဲ့ စိတ်ဝင်စားမှုတွေ၊ ပင်ကိုစွမ်းရည်၊ အလုပ်အပေါ် တန်ဖိုးထားမှု၊ ပင်ကိုယ်စရိုက်တွေနဲ့ သဟဇာတဖြစ်မယ့် အလုပ်ကို ရွေးချယ်ရပါမယ်။

ဝင်ငွေ၊ အလုပ်တက်လမ်း နဲ့ တာဝန်ဝတ္တရားတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေမယ့် ကိုယ့်ရဲ့ စရိုက်လက္ခဏာ၊ စိတ်အားထက်သန်မှုနဲ့ လိုက်ဖက်တဲ့ အလုပ်အကိုင်ထက် ပိုကောင်းတဲ့ အလုပ်ဆိုတာ မရှိပါဘူး။

(၁) ပထမဆုံး ကိုယ့်ကိုယ်ကို လေ့လာပါ။

ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ ကိုယ့်အကြောင်းကို တတ်နိုင်သလောက် များများ လေ့လာဖို့ပါပဲ။ ငွေရေးကြေးရေးက ဆွေးနွေးရမယ့်ကိစ္စဖြစ်နေရင်၊ သင်လိုအပ်တဲ့ အကူညီကို ရအောင် လုပ်ပါ။

(၂) နောက်တစ်ချက်က ချရေးထားတဲ့ အလုပ်အကိုင်တွေကို လေ့လာပါ။

ကိုယ့်ကိုယ်ကို အကဲဖြတ်မှုက လုပ်ငန်းစဉ်အတွင်း ဆည်းပူးထားတဲ့ အကြောင်းအရာပေါ်မှာ အခြေခံထားတဲ့ ကိုယ်နဲ့ အံကိုက်ဖြစ်မယ့် အလုပ်အကိုင် စာရင်းတစ်ခု ပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီတွေ့ရှိမှုက မှန်ကန်တဲ့ အလုပ်အကိုင် ရှာဖွေဖို့ အဆုံးသတ်မဟုတ်သေးပါဘူး။

တစ်ချို့ အလုပ်အကိုင်တွေက သင့်အတွက် ပြီးပြည့်စုံတယ်ထင်ရပေမယ့် တခြားအလုပ်တွေကတော့ တော်တော်များများ မှားယွင်းနေပါလိမ့်မယ်။ဒီအလုပ်အကိုင်တွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဝင်စားမှု၊ စံသတ်မှတ်ချက်၊ ပင်ကိုစွမ်းရည်တွေနဲ့ ကိုက်ညီနေနိုင်ပေမယ့် တချို့နေရာတွေမှာ လျှော်ညီမှု မရှိတာလည်း ဖြစ်နိုင်ပါတယ်။

ဥပမာအားဖြင့်၊ အလုပ်တာဝန်တွေကို စိတ်မပါတာ၊ တိုးတက်လမ်း မရှိတာ၊ ဒါမှမဟုတ် လိုအပ်တဲ့ ပညာရေးနဲ့ သင်တန်းတွေ မတက်ရောက်နိုင်တာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။အလုပ်အကိုင်တွေရဲ့ ဖော်ပြချက်တွေကို ဖတ်ပါ။ ကြိုတင်မှန်းဆထားတဲ့ သင့်ရဲ့ အယူအဆတွေကို လျစ်လျူရှုပါ။

တစ်ဦးချင်းလုပ်ကိုင်ရမယ့် အလုပ်နဲ့ ပတ်သက်တဲ့ တစ်ခုခုကို သင်သိတယ်လို့ ထင်နေနိုင်တယ်။ သို့သော် သင့်မှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့ကြုံ မရှိခဲ့ရင် ဖြစ်စေ ဒါမှမဟုတ် ဦးစားပေးသင့်တဲ့ သုတေသနကို မလုပ်ခဲ့ရင်ဖြစ်စေ၊ သင့်မှာ နေ့တိုင်းလုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ရဲ့လားဆိုတာ ဆုံးဖြတ်ဖို့ လုံလောက်တဲ့ အချက်အလက် မရှိတာမျိုး ဖြစ်နိုင်ပါတယ်။

အလုပ်အကိုင် ဖော်ပြချက်တွေနဲ့ တာဝန်တွေကို လေ့လာပြီးတဲ့နောက်မှာ အလုပ်ကို စိတ်ဝင်စားဆဲဆိုရင်၊ အလုပ်လုပ်ဖို့ ပြင်ဆင်ရမယ့်အရာကို လေ့လာရပါမယ်။ရွေးချယ်မှု အနည်းငယ်ကို စာရင်းမှာ လျှော့ပစ်လိုက်ပြီးနောက်၊ လေ့လာမှု အသေးစိတ် ပြုလုပ်ပါ။

ကိုယ်အလေးအနက် ထည့်သွင်းစဉ်းစားထားတဲ့ အလုပ်အကိုင်တွေနဲ့ ဆက်စပ်တဲ့ လူတွေနဲ့ သတင်းမေး၊ စုံးစမ်းတာမျိုး ဆောင်ရွက်ပါ။ သူတို့တွေက သင့်ကို ပိုပြီး အသိအမြင်များတဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အကူညီဖြစ်စေသော နယ်ပယ်ကို မြင်နိုင်စွမ်းရှိကြပါတယ်။

ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်အကိုင်ကို ရှာဖွေဖို့အတွက် အချိန်ကို ရင်းနှီးမြုပ်နှံတာက ကိုယ်ရွေးချယ်တဲ့ နယ်ပယ်ထဲ ဝင်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ အချိန်၊ အားထုတ်မှု၊ ငွေကြေးကို သက်သာစေမှာ ဖြစ်ပါတယ်။

Translator : Hsu Mi San

——————————————————————————————————————————

#POINT #PointYouthPlatform

“ကိုယ်မြတ်နိ်ုးတဲ့အလုပ်၊ တစ်နေ့မှ မလုပ်ရင် မနေနိုင်တဲ့ အလုပ်မျိုးကို ရှာဖွေပါ။” သင့်ဘဝတစ်လျှောက် လုပ်ချင်တဲ့အလုပ်ကိုသာ လုပ်ကိုင်ဖို့ ကြိုးစားနေတယ်ဆိုရင်၊ ဒီ ဆိုရိုးစကားကို သင့်နားထဲ ကြားယောင်နေမှာ ဖြစ်ပါတယ်။
သင်က ကိုယ်နဲ့ ကိုုက်ညီတဲ့ အလုပ်ကို ရွေးချယ်ထားတယ်ဆိုရင်၊ အလုပ်ကို နေ့စဉ်သွားဖို့ အမှန်တကယ် သဘောကျပါလိမ့်မယ်။ ဒါက တကုပ်ကုပ်အလုပ် လုပ်ရတဲ့ ဘဝကို ပြေပျောက်စေမယ့် မှော်ဆေး တစ်ခွက်လိုပါပဲ။
သက်မွေးအလုပ်အကိုင်ကို ရွေးချယ်ရတဲ့ အလုပ်က စိတ်ညစ်ရတာ မထူးဆန်းပါဘူး။ အလုပ်အကိုင် ထောင်ကျော်ရှိနေပြီး၊ အဲ့ဒိထဲက အလုပ်လုပ်နေရတယ်လို့ မခံစားရတဲ့ အလုပ်ကို ဘယ်လိုု ရွေးချယ်ယူနိုင်မှာလဲ။
အလုပ်လုပ်တာက ကိုယ့်ရဲ့ အချိန်အများစုကို ပေးရတာဖြစ်လို့ ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်တာက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်ပါတယ်။ ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်အကိုင် ရှာနိ်ုင်ဖို့ ကိုယ်ရဲ့ စိတ်ဝင်စားမှုတွေ၊ ပင်ကိုစွမ်းရည်၊ အလုပ်အပေါ် တန်ဖိုးထားမှု၊ ပင်ကိုယ်စရိုက်တွေနဲ့ သဟဇာတဖြစ်မယ့် အလုပ်ကို ရွေးချယ်ရပါမယ်။
ဝင်ငွေ၊ အလုပ်တက်လမ်း နဲ့ တာဝန်ဝတ္တရားတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေမယ့် ကိုယ့်ရဲ့ စရိုက်လက္ခဏာ၊ စိတ်အားထက်သန်မှုနဲ့ လိုက်ဖက်တဲ့ အလုပ်အကိုင်ထက် ပိုကောင်းတဲ့ အလုပ်ဆိုတာ မရှိပါဘူး။
(၁) ပထမဆုံး ကိုယ့်ကိုယ်ကို လေ့လာပါ။
ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ ကိုယ့်အကြောင်းကို တတ်နိုင်သလောက် များများ လေ့လာဖို့ပါပဲ။ ငွေရေးကြေးရေးက ဆွေးနွေးရမယ့်ကိစ္စဖြစ်နေရင်၊ သင်လိုအပ်တဲ့ အကူညီကို ရအောင် လုပ်ပါ။
(၂) နောက်တစ်ချက်က ချရေးထားတဲ့ အလုပ်အကိုင်တွေကို လေ့လာပါ။
ကိုယ့်ကိုယ်ကို အကဲဖြတ်မှုက လုပ်ငန်းစဉ်အတွင်း ဆည်းပူးထားတဲ့ အကြောင်းအရာပေါ်မှာ အခြေခံထားတဲ့ ကိုယ်နဲ့ အံကိုက်ဖြစ်မယ့် အလုပ်အကိုင် စာရင်းတစ်ခု ပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီတွေ့ရှိမှုက မှန်ကန်တဲ့ အလုပ်အကိုင် ရှာဖွေဖို့ အဆုံးသတ်မဟုတ်သေးပါဘူး။ တစ်ချို့ အလုပ်အကိုင်တွေက သင့်အတွက် ပြီးပြည့်စုံတယ်ထင်ရပေမယ့် တခြားအလုပ်တွေကတော့ တော်တော်များများ မှားယွင်းနေပါလိမ့်မယ်။
ဒီအလုပ်အကိုင်တွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဝင်စားမှု၊ စံသတ်မှတ်ချက်၊ ပင်ကိုစွမ်းရည်တွေနဲ့ ကိုက်ညီနေနိုင်ပေမယ့် တချို့နေရာတွေမှာ လျှော်ညီမှု မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ အလုပ်တာဝန်တွေကို စိတ်မပါတာ၊ တိုးတက်လမ်း မရှိတာ၊ ဒါမှမဟုတ် လိုအပ်တဲ့ ပညာရေးနဲ့ သင်တန်းတွေ မတက်ရောက်နိုင်တာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။
အလုပ်အကိုင်တွေရဲ့ ဖော်ပြချက်တွေကို ဖတ်ပါ။ ကြိုတင်မှန်းဆထားတဲ့ သင့်ရဲ့ အယူအဆတွေကို လျစ်လျူရှုပါ။ တစ်ဦးချင်းလုပ်ကိုင်ရမယ့် အလုပ်နဲ့ ပတ်သက်တဲ့ တစ်ခုခုကို သင်သိတယ်လို့ ထင်နေနိုင်တယ်။ သို့သော် သင့်မှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့ကြုံ မရှိခဲ့ရင် ဖြစ်စေ ဒါမှမဟုတ် ဦးစားပေးသင့်တဲ့ သုတေသနကို မလုပ်ခဲ့ရင်ဖြစ်စေ၊ သင့်မှာ နေ့တိုင်းလုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ရဲ့လားဆိုတာ ဆုံးဖြတ်ဖို့ လုံလောက်တဲ့ အချက်အလက် မရှိတာမျိုး ဖြစ်နိုင်ပါတယ်။
အလုပ်အကိုင် ဖော်ပြချက်တွေနဲ့ တာဝန်တွေကို လေ့လာပြီးတဲ့နောက်မှာ အလုပ်ကို စိတ်ဝင်စားဆဲဆိုရင်၊ အလုပ်လုပ်ဖို့ ပြင်ဆင်ရမယ့်အရာကို လေ့လာရပါမယ်။
ရွေးချယ်မှု အနည်းငယ်ကို စာရင်းမှာ လျှော့ပစ်လိုက်ပြီးနောက်၊ လေ့လာမှု အသေးစိတ် ပြုလုပ်ပါ။ ကိုယ်အလေးအနက် ထည့်သွင်းစဉ်းစားထားတဲ့ အလုပ်အကိုင်တွေနဲ့ ဆက်စပ်တဲ့ လူတွေနဲ့ သတင်းမေး၊ စုံးစမ်းတာမျိုး ဆောင်ရွက်ပါ။ သူတို့တွေက သင့်ကို ပိုပြီး အသိအမြင်များတဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အကူညီဖြစ်စေသော နယ်ပယ်ကို မြင်နိုင်စွမ်းရှိကြပါတယ်။
ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်အကိုင်ကို ရှာဖွေဖို့အတွက် အချိန်ကို ရင်းနှီးမြုပ်နှံတာက ကိုယ်ရွေးချယ်တဲ့ နယ်ပယ်ထဲ ဝင်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ အချိန်၊ အားထုတ်မှု၊ ငွေကြေးကို သက်သာစေမှာ ဖြစ်ပါတယ်။

Translator : Hsu Mi San

 

Career

Leave a Reply

Your email address will not be published. Required fields are marked *