ပိတ်ရက်မှာ ဝင်ငွေရအောင် ဘယ်လိုလုပ်ဆောင်မလဲ

*** Unicode ***

လုပ်ငန်းရှင်တစ်ယောက်အဖြစ် ဘယ်လိုရပ်တည်လာခဲ့ရလဲ။ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်လာလဲဆိုတာ ပြန်တွေးကြည့်ရအောင်။ကျွန်တော်တို့တတ်ကျွမ်းတာနဲ့ ချိန်ကိုက်ပြီး သင့်လျော်တဲ့ စီးပွားရေးတစ်ခုကို တည်ထောင်ခဲ့တယ်။ အစီအစဉ်တွေ ရေးဆွဲခဲ့တယ်။

လုပ်ငန်းရဲ့ အဓိကပန်းတိုင်ကို ချမှတ်တယ်။ ဝယ်ယူအားပေးသူတွေအတွက် သင့်တင့်တဲ့ဈေးနှုန်းရှိရဲ့လား အဆင်ပြေနိုင်မလား တစ်ချက်ပြန်စဉ်းစားရတာတွေ လုပ်ခဲ့တယ်။အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခဲ့တယ်။

ကိုယ့် စိတ်ကူးကို ချပြပြီး ရင်းနှီးမြှုပ်နှံသူ စိတ်ဝင်စားလာအောင် လုပ်ဆောင်ခဲ့ရတယ်။ အောင်မြင်လို့ ဝမ်းသာခဲ့ရသလို ကျရှုံးလို့ စိတ်ဓာတ်ကြရတာတွေ ပြန်ပြင်ဆင်ခဲ့ရတာတွေရှိတယ်။

ဒါကြောင့် လွယ်လွယ်ကူကူဖြစ်လာခဲ့တာတော့ မဟုတ်ပါ။ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ တွေကြောင့် အများနားသလို မနားနိုင်ပါ။အထူးသဖြင့် ပိတ်ရက်တွေမှာ ဝင်ငွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားဖို့လိုပါတယ်။

သူများတွေ အနားယူချိန်ကို အခွင့်ကောင်းယူပြီး အကျိုးရှိအောင် ဘယ်လိုအသုံးချနိုင်မလဲဆိုတဲ့စိတ်ကူးအကြံဉာဏ်ဟာ အောင်မြင်သူတွေတွေးတဲ့ အကြံအစည်ဖြစ်တယ်။

၁။ Content ရေးသားခြင်း

Content ရေးသားခြင်းဖြင့်လည်း ပိတ်ရက်မှာ အိမ်မှာပဲ အေးအေးဆေးဆေးလုပ်နိုင်တာကြောင့် အလုပ်တွေ လက်ခံလို့ရပါတယ်။ ဒါကပိတ်ရက်မှာ ကိုယ့်အတွက် ဝင်ငွေတစ်ခုရအောင် လုပ်ဆောင်ခြင်းပါပဲ။ ထိုအလုပ်ကနေ ပိုက်ဆံများများစားစားမရတာတောင် နောက်ပိုင်းတွေမှာ ပရောဂျက်များစွာ မင်းကို အပ်နှံနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက် ဆုံးရှုံးစရာမရှိပါ။

၂။ စာရေးခြင်း

Internet နှင့် Digital Marketing တွေပေါ်လာတာကို ကျေးဇူးတင်ရတော့မှာပဲ။ယခုဆို ပိတ်ရက်တွေမှာ ပိုက်ဆံကို အကျိုးမရှိ ရေလိုသုံးဖြုန်းနေမယ့်အစား Facebook မှာကြော်ငြာရေးပေးခြင်း ၊ Facebook Messenger မှာ Bot လုပ်ပေးခြင်း၊ Website ကြော်ငြာ၊ Youtube ကြော်ငြာတွေ တည်ဆောက်ပေးခြင်း တို့လုပ်ပေးနို်င်ပါတယ်။ဒါကလည်း ပိတ်ရက်မှာ ပိုက်ဆံရအောင် လုပ်နည်းတစ်ခုပါပဲ။

၃။ Logo

ဈေးကွက်ထဲမှာ logo ဒီဇိုင်း၊ ကြော်ငြာဒီဇိုင်းအမျိုးမျိုးရှိနေပေမယ့်လည်း စိတ်ထဲမထားပါနဲ့။ နောက်ပြီး ပရော်ဖက်ရှင်နယ် လုပ်စားနေတဲ့သူတွေရဲ့ ဒီဇိုင်းကိုကြည့်ပြီး ကိုယ့်ဒီဇို်င်းနဲ့ နှိုင်းယှဉ်ကြည့်စရာမလိုပါဘူး။မင်းသာ ဖိုတိုရှော့တို့ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ဆော့ဝဲလ်အားလုံးကို သုံးတတ်မယ်ဆို အားလပ်ချိန်တွေ ပိတ်ရက်တွေမှာ အိမ်ကနေ နေပြီး ဝန်ဆောင်မှုဘာလို့ပေးမရမှာလဲ။ အလုပ်အပ်သူတွေ စိတ်ကြိုက်လုပ်ပေးရင်းကနေ ပညာလည်းရနိုင်ပါတယ်။ တဖြေးဖြေးနဲ့ အလုပ်အပ်သူတွေလည်း ရနိုင်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး ဝက်ဆိုက်တစ်ခုလည်း တည်ထောင်နိုင်ပါတယ်။

၄။ ဘလော့ရေးသားခြင်း

သင်ဟာလူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာနေသူ (သို့) နှံစပ်စွာသိသူဆိုရင်တော့ Blogging လုပ်ဖို့အကြံပေးပါရစေ။ Facebook မှာဖြစ်ဖြစ် blogger.com မှာဖြစ်ဖြစ် အဖိုးအခမယူဘဲ ရေးပေးရင်းကနေ သင်ရေးတဲ့ အကြောင်းအရာတွေကို လူတွေ စပြီး စိတ်ဝင်စားလာပြီဆိုရင်တော့ Digital Marketing လုပ်ပေးတဲ့ကုမ္ပဏီတွေနဲ့ဖြစ်စေ Google Adsense နဲ့ဖြစ်စေ အောင်မြင်ရင်အောင်မြင်သလောက် ကုမ္ပဏီတွေနဲ့တိုက်ရိုက်ဖြစ်စေ ကြော်ငြာအခွင့်အလမ်းတွေ ရှာလို့ ပိုက်ဆံဝင်အောင်လုပ်နိုင်ပါတယ်။ ဒါတွေက ပိတ်ရက်တွေမှာလည်းလုပ်နိုင်တဲ့အရာတွေ ဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

၅။ အွန်လိုင်းဗီဒီယိုဖြန့်ခြင်း

သင်ဟာ Youtube ကနေ သီချင်းတွေဖြစ်ဖြစ် တစ်ခုခုစိတ်ဝင်စားတာရှာဖွေပြီး ဗီဒီယိုတွေ ကြည့်ဖူးလား။ ဒါဆို သင် ကိုယ်တိုင် ဗီဒီယို ဖိုင်တွေလုပ်လို့ လူစိတ်ဝင်စားတာတင်ပြီး enable monetization ဆိုတဲ့ Function ကို setting ထဲမှာ on လိုက်တာနဲ့ သင့်ဗီဒီယို ဖိုင်မှာ Youtube ကကြော်ငြာစတည့်မှာဖြစ်ပြီး သင်လည်းပိုက်ဆံဝင်နိုင်ပါတယ်။

ထို့အပြင် လက်ရှိမှာ မိုဘိုင်းဖုန်းတွေရဲ့ ကင်မရာအရည်အသွေးကလည်း အင်မတန်ကောင်းလာတာကြောင့် အရင်းနည်းနည်း အမြတ်များများဝင်နိုင်ပါတယ်။ပိတ်ရက်တွေ အားလပ်ချိန်တွေမှာ ဒါတွေကိုလုပ်ခြင်းကြောင့် အပိုဝင်ငွေ ရနိုင်ပါတယ်။

——————————————————————————————————————————-

လုပ်ငန်းရှင်တစ်ယောက်အဖြစ် ဘယ်လိုရပ်တည်လာခဲ့ရလဲ။ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်လာလဲဆိုတာ ပြန်တွေးကြည့်ရအောင်။

ကျွန်တော်တို့တတ်ကျွမ်းတာနဲ့ ချိန်ကိုက်ပြီး သင့်လျော်တဲ့ စီးပွားရေးတစ်ခုကို တည်ထောင်ခဲ့တယ်။ အစီအစဉ်တွေ ရေးဆွဲခဲ့တယ်။ လုပ်ငန်းရဲ့ အဓိကပန်းတိုင်ကို ချမှတ်တယ်။ ဝယ်ယူအားပေးသူတွေအတွက် သင့်တင့်တဲ့ဈေးနှုန်းရှိရဲ့လား အဆင်ပြေနိုင်မလား တစ်ချက်ပြန်စဉ်းစားရတာတွေ လုပ်ခဲ့တယ်။

အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခဲ့တယ်။ ကိုယ့် စိတ်ကူးကို ချပြပြီး ရင်းနှီးမြှုပ်နှံသူ စိတ်ဝင်စားလာအောင် လုပ်ဆောင်ခဲ့ရတယ်။ အောင်မြင်လို့ ဝမ်းသာခဲ့ရသလို ကျရှုံးလို့ စိတ်ဓာတ်ကြရတာတွေ ပြန်ပြင်ဆင်ခဲ့ရတာတွေရှိတယ်။ ဒါကြောင့် လွယ်လွယ်ကူကူဖြစ်လာခဲ့တာတော့ မဟုတ်ပါ။

ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ တွေကြောင့် အများနားသလို မနားနိုင်ပါ။အထူးသဖြင့် ပိတ်ရက်တွေမှာ ဝင်ငွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားဖို့လိုပါတယ်။ သူများတွေ အနားယူချိန်ကို အခွင့်ကောင်းယူပြီး အကျိုးရှိအောင် ဘယ်လိုအသုံးချနိုုင်မလဲဆိုတဲ့စိတ်ကူးအကြံဉာဏ်ဟာ အောင်မြင်သူတွေတွေးတဲ့ အကြံအစည်ဖြစ်တယ်။

၁။ Content ရေးသားခြင်း

Content ရေးသားခြင်းဖြင့်လည်း ပိတ်ရက်မှာ အိမ်မှာပဲ အေးအေးဆေးဆေးလုပ်နိုင်တာကြောင့် အလုပ်တွေ လက်ခံလို့ရပါတယ်။ ဒါကပိတ်ရက်မှာ ကိုယ့်အတွက် ဝင်ငွေတစ်ခုရအောင် လုပ်ဆောင်ခြင်းပါပဲ။ ထိုအလုပ်ကနေ ပိုက်ဆံများများစားစားမရတာတောင် နောက်ပိုင်းတွေမှာ ပရောဂျက်များစွာ မင်းကို အပ်နှံနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက် ဆုံးရှုံးစရာမရှိပါ။

၂။ စာရေးခြင်း

Internet နှင့် Digital Marketing တွေပေါ်လာတာကို ကျေးဇူးတင်ရတော့မှာပဲ။ယခုဆို ပိတ်ရက်တွေမှာ ပိုက်ဆံကို အကျိုးမရှိ ရေလိုသုံးဖြုန်းနေမယ့်အစား Facebook မှာကြော်ငြာရေးပေးခြင်း ၊ Facebook Messenger မှာ Bot လုပ်ပေးခြင်း၊ Website ကြော်ငြာ၊ Youtube ကြော်ငြာတွေ တည်ဆောက်ပေးခြင်း တို့လုပ်ပေးနိ်ုင်ပါတယ်။ဒါကလည်း ပိတ်ရက်မှာ ပိုက်ဆံရအောင် လုပ်နည်းတစ်ခုပါပဲ။

၃။ Logo

ဈေးကွက်ထဲမှာ logo ဒီဇိုင်း၊ ကြော်ငြာဒီဇိုင်းအမျိုးမျိုးရှိနေပေမယ့်လည်း စိတ်ထဲမထားပါနဲ့။ နောက်ပြီး ပရော်ဖက်ရှင်နယ် လုပ်စားနေတဲ့သူတွေရဲ့ ဒီဇိုင်းကိုကြည့်ပြီး ကိုယ့်ဒီဇိ်ုင်းနဲ့ နှိုင်းယှဉ်ကြည့်စရာမလိုပါဘူး။မင်းသာ ဖိုတိုရှော့တို့ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ဆော့ဝဲလ်အားလုံးကို သုံးတတ်မယ်ဆို အားလပ်ချိန်တွေ ပိတ်ရက်တွေမှာ အိမ်ကနေ နေပြီး ဝန်ဆောင်မှုဘာလို့ပေးမရမှာလဲ။ အလုပ်အပ်သူတွေ စိတ်ကြိုက်လုပ်ပေးရင်းကနေ ပညာလည်းရနိုင်ပါတယ်။ တဖြေးဖြေးနဲ့ အလုပ်အပ်သူတွေလည်း ရနိုင်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး ဝက်ဆိုက်တစ်ခုလည်း တည်ထောင်နိုင်ပါတယ်။

၄။ ဘလော့ရေးသားခြင်း

သင်ဟာလူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာနေသူ (သို့) နှံစပ်စွာသိသူဆိုရင်တော့ Blogging လုပ်ဖို့အကြံပေးပါရစေ။ Facebook မှာဖြစ်ဖြစ် blogger.com မှာဖြစ်ဖြစ် အဖိုးအခမယူဘဲ ရေးပေးရင်းကနေ သင်ရေးတဲ့ အကြောင်းအရာတွေကို လူတွေ စပြီး စိတ်ဝင်စားလာပြီဆိုရင်တော့ Digital Marketing လုပ်ပေးတဲ့ကုမ္ပဏီတွေနဲ့ဖြစ်စေ Google Adsense နဲ့ဖြစ်စေ အောင်မြင်ရင်အောင်မြင်သလောက် ကုမ္ပဏီတွေနဲ့တိုက်ရိုက်ဖြစ်စေ ကြော်ငြာအခွင့်အလမ်းတွေ ရှာလို့ ပိုက်ဆံဝင်အောင်လုပ်နိုင်ပါတယ်။ ဒါတွေက ပိတ်ရက်တွေမှာလည်းလုပ်နိုင်တဲ့အရာတွေ ဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

၅။ အွန်လိုင်းဗီဒီယိုဖြန့်ခြင်း

သင်ဟာ Youtube ကနေ သီချင်းတွေဖြစ်ဖြစ် တစ်ခုခုစိတ်ဝင်စားတာရှာဖွေပြီး ဗီဒီယိုတွေ ကြည့်ဖူးလား။ ဒါဆို သင် ကိုယ်တိုင် ဗီဒီယို ဖိုင်တွေလုပ်လို့ လူစိတ်ဝင်စားတာတင်ပြီး enable monetization ဆိုတဲ့ Function ကို setting ထဲမှာ on လိုက်တာနဲ့ သင့်ဗီဒီယို ဖိုင်မှာ Youtube ကကြော်ငြာစတည့်မှာဖြစ်ပြီး သင်လည်းပိုက်ဆံဝင်နိုင်ပါတယ်။

ထို့အပြင် လက်ရှိမှာ မိုဘိုင်းဖုန်းတွေရဲ့ ကင်မရာအရည်အသွေးကလည်း အင်မတန်ကောင်းလာတာကြောင့် အရင်းနည်းနည်း အမြတ်များများဝင်နိုင်ပါတယ်။ပိတ်ရက်တွေ အားလပ်ချိန်တွေမှာ ဒါတွေကိုလုပ်ခြင်းကြောင့် အပိုဝင်ငွေ ရနိုင်ပါတယ်။

Career, Current, Education

Leave a Reply

Your email address will not be published. Required fields are marked *