ကုမ္ပဏီတိုးတက်ဖို့ ဝန်ထမ်းများကို သင်ကြားပေးသင့်တဲ့ Corporate Training သုံးခု

ဘွဲ့ရပြီးခါစ လူငယ်တော်တော်များများဟာ စာသင်ခန်းထဲကနေ လုပ်ငန်းခွင်ကို ဝင်တဲ့အခါ စိတ်လှုပ်ရှားမှုတွေ၊ စိုးရိမ်မှုတွေ ခံစားရလေ့ရှိကြပါ တယ်။ လုပ်ငန်းခွင်ထဲမှာရှိတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ဘဝက စာသင်ခန်းထဲထိုင်ပြီး သင်ခန်းစာတွေ လိုက်မှတ်ရတာလောက်လွယ်ကူတာတော့ မဟုတ်ပါ။

ဒါပေမယ့်လည်း ပညာရေးက ဝန်ထမ်းဘဝတိုးတက်ဖို့ နှင့် ကုမ္ပဏီ မြှင့်တင်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲပါပဲ။

အခြေခံအုတ်မြစ်ခိုင်စေရန် နှင့် ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပိုမိုတိုးတက်ဖို့ကို အကောင်အထည်ဖော်ပေးနိုင်ရန်အတွက် မင်းရဲ့ကုမ္ပဏီမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ Corporate Training သုံးမျိုးကို ဖော်ပြပေးပါရစေ။

( ၁ ) စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုစွမ်းရည် သင်တန်းများဝန်ထမ်းတွေကို ထိန်းသိမ်းဖို့အတွက် ရာထူးတိုးမယ့်အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ တိုးတက်မှုရှိပေမယ့်လည်း ဝန်ထမ်းများအနေနဲ့ ခေါင်းဆောင်မှုစွမ်းရည်ပါ တစ်ခါတည်း ပါလာဖို့လိုအပ်ပါတယ်။ အနာဂတ်မှာ အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် စည်းမျဉ်းစည်းကမ်းအချို့ကို ပြောပြပေးထားပါ။

ထိရောက်စွာပြောဆိုဆက်သွယ်နိုင်ခြင်းနှင့် လူတွေနဲ့အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဟာ အရေးကြီးတဲ့ အရာတစ်ခုပဲဖြစ်တယ်။

တခြားလူများနှင့်အတူ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာကို အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်များထံမှ သင်ကြားပါ။

အခွင့်အလမ်းတွေကို အမိအရ ဖမ်းဆုပ်တတ်ပါစေ။ ပန်းတိုင်တွေ ချမှတ်ပါ။ စွန့်စားမှုများနှင့် ဘယ်လိုရှေ့ဆက်လုပ်ကိုင်နိုင်မလဲဆိုတာကို သိရှိနားလည်ထားပါ။

( ၂ ) ဝယ်သူ၊ ဖောက်သည်များ နှင့် ဆက်သွယ်ပြောဆိုခြင်းအတွက် သင်တန်းများဖောက်သည်များအားဝန်ဆောင်မှုပေးခြင်းကို အထူးလေ့ကျင့်သင်ကြားပေးဖို့ လိုအပ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဖောက်သည်တွေရဲ့ မေးခွန်းများ၊ စောဒကတက်ခြင်းများနှင့် သုံးသပ်မှုများက သူတို့နဲ့ ဆက်ဆံတဲ့ ဝန်ထမ်းတွေပေါ်မှာ များစွာဆက်နွယ်ပါတယ်။ စည်းမျဉ်းစည်းကမ်းများကိုသာ သေချာမသိရှိထားဘူးဆို သူတို့တွေက လျင်လျင်မြန်မြန်နဲ့ပဲ စိတ်ဓာတ်ကျလာပါလိမ့်မယ်။

လုပ်ငန်းတစ်ခုမှာ ဖောက်သည်ကို ပြောဆိုဆက်ဆံတဲ့ပုံစံက ဒီလုပ်ငန်း၏ယဉ်ကျေးမှု၊ ကျော်ကြားမှု နှင့် လုပ်ငန်းလည်ပတ်ပုံတွေကို များစွာ ဖော်ပြနေပါတယ်။

ဈေးကွက်ရှာဖွေသူတွေက ဖောက်သည်တွေ ဘာကိုအမှန်တကယ် အလိုရှိတာကို မသိဘူးဆိုလျှင် ဈေးကွက်အတွင်း ဘယ်လိုထိုးဖောက်ယှဉ်ပြိုင်နိုင်မလဲဆိုတာ သိမှာမဟုတ်ပါဘူး။ ဖောက်သည်တွေကိုဝန်ဆောင်မှုပေးခြင်းနဲ့ ကင်းကွာလာတယ်ဆို ကုန်ပစ္စည်းအမှတ်တံဆိပ်အသစ်တစ်ခု စတင်မိတ်ဆက်ဖို့ကို ဘယ်လိုဆုံးဖြတ်ချက် ချမှတ်နိုင်တော့မှာလဲ။

( ၃ ) ဘေးကင်းလုံခြုံမှုဆိုင်ရာသင်တန်းများမီးဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံတော့မှ အရေးပေါ်လေ့ကျင့်မှုတွေပေးဖို့နဲ့ လုပ်ရမယ့်အချိန်မဟုတ်တော့ပါဘူး။ ဘေးကင်းလုံခြုံတဲ့ ဘဝခံစားနိုင်စေဖို့ အကုန်လုံးအပေါ် ခြုံကြည့်ပြီး အကာအကွယ်ပေးနိုင်ဖို့ လုံခြုံရေး နှင့် ဘေးကင်းမှုဆိုင်ရာ သင်တန်းများကို ကြိုတင်သင်ကြားပေးထားပါ။ အထူးသဖြင့် ခေါင်းဆောင်များနှင့် ဝန်ထမ်းများကို အရေးပေါ်အခြေအနေအတွင်း သူတို့၏ အခန်းကဏ္ဍများကို သေချာနားလည်အောင် လေ့ကျင့်ပေးထားပါ။ 

Career, Current, Startups

Leave a Reply

Your email address will not be published. Required fields are marked *