ပြင်းပြတဲ့ ဆန္ဒတွေဟာ အောင်မြင်မှုရလဒ်ကို စွမ်းဆောင်ပေးတယ်

*** Unicode ***

အောင်မြင်မှုရရှိဖို့အတွက် ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒတွေအကြောင်းကို ဆရာမိုရ်လွင်ရဲ့ အောင်မြင်ဖို့အတွက်အချိန် ဆိုတဲ့ စာအုပ်လေးဖတ်ပြီးတော့ စိတ်လည်းပိုစိတ်ဝင်စား ခဲ့ရသလို အကျယ်တဝင့်လေး လည်း ပြောပြချင်နေမိတယ်။

အသက်ရှင် နေထိုင်နေတဲ့ လူသားတိုင်းမှာ တကယ့်အစစ်အမှန် လုပ်ဆောင်ချင်ခဲ့တဲ့ ဆန္ဒတွေ အသီးသီး ရှိကြမှာပါ။

ကလေးငယ်လေးတွေကိုပဲ ဥပမာ အနေနဲ့ ကြည့်လိုက်ရအောင်လား ။ သူတို့ လိုချင်တာ ၊ လုပ်ချင်တာ မရတဲ့ အခါကျရင် ငိုကြ အော်ဟစ်ကြ ဆူပူကြတယ်။

အခုလိုမျိုးက ကလေးဘဝမို့သာ ပြုလုပ်ခွင့်ရခဲ့တာပါ။ အသက်အရွယ် တစ်ဖြည်းဖြည်း ရလာတာနဲ့ အမျှ အခုလို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခြေအနေတွေ ကုန်ခန်းသွားခဲ့ပါပြီ။ ကန့်သတ်ခံခဲ့ရပါပြီ။ဆန္ဒတစ်စုံတစ်ရာ ရှိခဲ့ရင်တောင် ကိုယ့်ပတ်ဝန်းကျင်ကအရာတွေ၊ ကိုယ်ချစ်တဲ့လူတွေအတွက် ငဲ့ကွက်စရာ ရှိလာပါပြီ။

ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို ဒီလို အခြေအနေမျိုးမှာ ဘယ်လို အကောင်အထည်ဖော်မလဲ။ ဒီစာအုပ်ထဲမှာ ရေးထားတဲ့ အချက်လေးကို ပြောပြပါ့မယ်။“ ပြင်းပြတဲ့ ဆန္ဒတွေဟာ မိမိကိုယ်မိမိ ယုံကြည်မှု ပိုမိုရှိပြီး အောင်မြင်မှုရလဒ်တွေ ဖန်တီးပေးနိုင်ကြောင်း ပိုမိုသိခဲ့ရပါတယ်။

ဒီလိုပဲ ပြင်းပြတဲ့ ဆန္ဒတွေကြောင့်ပဲ နိုဝါဝေါ်စတာက သူရဲ့ dictionary ကို ၃၆ နှစ်ဘာသာပြုစုဖို့အတွက် ခွန်အားတွေ ရှိခဲ့ပါတယ်။ဒီလိုမျိုးပဲ သောမက်စ်အက်ဒီဆင်ကလည်း မီးသီးလေးတီထွင်ဖို့အတွက် နည်းလမ်းပေါင်း တစ်သောင်းကို လုပ်ဖို့ ခွန်အားတွေ ရှိခဲ့ပါတယ်။

သင့်ရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုပဲ သင့်ရဲ့ ဘဝတစ်ခုလုံးမှာ ဘယ်လိုမျိုးအလုပ်တွေကို မလျှော့သော ဇွဲလုံ့လနဲ့ ပြုလုပ်မယ်ဆိုတာကို တွန်းအားတစ်ခုအနေနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။’’ လို့ပြောပြခဲ့တယ်။

နောက်ပြီး ထပ်ပြောထားသေးတယ်။ ဒီဆန္ဒတွေကို ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာကိုပါ အသေးစိတ် အကျယ်တဝင့်ပြောပြထားပါသေးတယ်။ အနှောင့်အယှက်တွေကို ဘယ်လိုကျော်လှွားရမလဲဆိုတာကိုပါ ပြောပြထားပါသေးတယ်။

အဆုံးသတ်အနေနဲ့ကတော ကိုယ့်ကို ပေါင်းခြင်းလက္ခဏာပေးတဲ့လူထက် အမြှောက်လက္ခဏာဆောင်မယ့်လူနဲ့သာ ပေါင်းသင်းဆက်ဆံပါ။ ကိုယ့်ဘဝကို ဒီထက်မက ပိုပြီးတော့ ယုံကြည်မှုရှိလာအောင်၊ ပိုပြီးတော့ စိန်ခေါ်မှုတွေ ရှိလာနိုင်အောင် အမြဲတမ်း ချင့်ချိန်စဉ်းစားနေဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အမြဲတမ်းမွေးမြူနေမလား၊ ဆိုးဝါးတဲ့ ဘဝထဲမှာပဲ အဆုံးသတ်လိုက်မလား။ ကျွန်တော်တစ်ခု အကြံပြုချင်တာကတော့ မိမိရဲ့ဆန္ဒတွေကို အမြဲတမ်း အပြင်းထန်ဆုံးဖြစ်အောင် မွေးမြူသွားဖို့ လိုအပ်ပါတယ်။ လူသားဟာ ပြင်းပြတဲ့ဆန္ဒရှိနေခဲ့မယ်ဆိုရင်တော့ သူဟာ ဘယ်အရာကိုမဆို အောင်မြင်နိင်မှာပါ။

——————————————————————————————————————————

အောင်မြင်မှုရရှိဖို့အတွက် ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒတွေအကြောင်းကို ဆရာမိုရ်လွင်ရဲ့ အောင်မြင်ဖို့အတွက်အချိန် ဆိုတဲ့ စာအုပ်လေးဖတ်ပြီးတော့ စိတ်လည်းပိုစိတ်ဝင်စား ခဲ့ရသလို အကျယ်တဝင့်လေး လည်း ပြောပြချင်နေမိတယ်။

အသက်ရှင် နေထိုင်နေတဲ့ လူသားတိုင်းမှာ တကယ့်အစစ်အမှန် လုပ်ဆောင်ချင်ခဲ့တဲ့ ဆန္ဒတွေ အသီးသီး ရှိကြမှာပါ။

ကလေးငယ်လေးတွေကိုပဲ ဥပမာ အနေနဲ့ ကြည့်လိုက်ရအောင်လား ။ သူတို့ လိုချင်တာ ၊ လုပ်ချင်တာ မရတဲ့ အခါကျရင် ငိုကြ အော်ဟစ်ကြ ဆူပူကြတယ်။ အခုလိုမျိုးက ကလေးဘဝမို့သာ ပြုလုပ်ခွင့်ရခဲ့တာပါ။ အသက်အရွယ် တစ်ဖြည်းဖြည်း ရလာတာနဲ့ အမျှ အခုလို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခြေအနေတွေ ကုန်ခန်းသွားခဲ့ပါပြီ။ ကန့်သတ်ခံခဲ့ရပါပြီ။

ဆန္ဒတစ်စုံတစ်ရာ ရှိခဲ့ရင်တောင် ကိုယ့်ပတ်ဝန်းကျင်ကအရာတွေ၊ ကိုယ်ချစ်တဲ့လူတွေအတွက် ငဲ့ကွက်စရာ ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို ဒီလို အခြေအနေမျိုးမှာ ဘယ်လို အကောင်အထည်ဖော်မလဲ။ ဒီစာအုပ်ထဲမှာ ရေးထားတဲ့ အချက်လေးကို ပြောပြပါ့မယ်။

“ ပြင်းပြတဲ့ ဆန္ဒတွေဟာ မိမိကိုယ်မိမိ ယုံကြည်မှု ပိုမိုရှိပြီး အောင်မြင်မှုရလဒ်တွေ ဖန်တီးပေးနိုင်ကြောင်း ပိုမိုသိခဲ့ရပါတယ်။ ဒီလိုပဲ ပြင်းပြတဲ့ ဆန္ဒတွေကြောင့်ပဲ နိုဝါဝေါ်စတာက သူရဲ့ dictionary ကို ၃၆ နှစ်ဘာသာပြုစုဖို့အတွက် ခွန်အားတွေ ရှိခဲ့ပါတယ်။

ဒီလိုမျိုးပဲ သောမက်စ်အက်ဒီဆင်ကလည်း မီးသီးလေးတီထွင်ဖို့အတွက် နည်းလမ်းပေါင်း တစ်သောင်းကို လုပ်ဖို့ ခွန်အားတွေ ရှိခဲ့ပါတယ်။ သင့်ရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုပဲ သင့်ရဲ့ ဘဝတစ်ခုလုံးမှာ ဘယ်လိုမျိုးအလုပ်တွေကို မလျှော့သော ဇွဲလုံ့လနဲ့ ပြုလုပ်မယ်ဆိုတာကို တွန်းအားတစ်ခုအနေနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ’’ လို့ပြောပြခဲ့တယ်။

နောက်ပြီး ထပ်ပြောထားသေးတယ်။ ဒီဆန္ဒတွေကို ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာကိုပါ အသေးစိတ် အကျယ်တဝင့်ပြောပြထားပါသေးတယ်။ အနှောင့်အယှက်တွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကိုပါ ပြောပြထားပါသေးတယ်။

အဆုံးသတ်အနေနဲ့ကတော ကိုယ့်ကို ပေါင်းခြင်းလက္ခဏာပေးတဲ့လူထက် အမြှောက်လက္ခဏာဆောင်မယ့်လူနဲ့သာ ပေါင်းသင်းဆက်ဆံပါ။ ကိုယ့်ဘဝကို ဒီထက်မက ပိုပြီးတော့ ယုံကြည်မှုရှိလာအောင်၊ ပိုပြီးတော့ စိန်ခေါ်မှုတွေ ရှိလာနိုင်အောင် အမြဲတမ်း ချင့်ချိန်စဉ်းစားနေဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အမြဲတမ်းမွေးမြူနေမလား၊ ဆိုးဝါးတဲ့ ဘဝထဲမှာပဲ အဆုံးသတ်လိုက်မလား။ ကျွန်တော်တစ်ခု အကြံပြုချင်တာကတော့ မိမိရဲ့ဆန္ဒတွေကို အမြဲတမ်း အပြင်းထန်ဆုံးဖြစ်အောင် မွေးမြူသွားဖို့ လိုအပ်ပါတယ်။ လူသားဟာ ပြင်းပြတဲ့ဆန္ဒရှိနေခဲ့မယ်ဆိုရင်တော့ သူဟာ ဘယ်အရာကိုမဆို အောင်မြင်နိင်မှာပါ။

Career, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *