တစ်ပတ်အတွင်း မင်းရဲ့ဘဝတိုးတက်စေဖို့ နည်းလမ်း (၇) သွယ်

*** Unicode ***

မင်းရဲ့ဘဝကို အမှန်တကယ် တိုးတက်စေချင်ရင် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းငယ်လေးတွေကမှ တစ်ဆင့် စတင်လိုက်ပါလို့ ပြောလိုက်ပါရစေ။

လုပ်ဆောင်မှုအသစ်တွေ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ပါ။ ဒါပေမယ့်လည်း ဖြေးဖြေးနဲ့မှန်မှန် အချိန်ယူပြီး စတင်ပါလို့ အကြံပေးလိုက်ပါရစေ။

အလောတကြီး အလျင်စလို မဆောင်ရွက်ပါနဲ့။ထိုခြေလှမ်းတွေ လုပ်ဆောင်ခြင်းက အသိဉာဏ် ဗဟုသုတ တွေကို မင်းရဲ့မှတ်ဉာဏ်ထဲ ထည့်သွင်းဖြည့်ဆည်းပေးပြီး ကိုယ့်ကိုယ့်ကို ယုံကြည်မှု တိုးလာစေပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေက မင်းကို ပိုကျန်းမာပျော်ရွှင်စေမှာပါ။ မင်းရဲ့အတွင်းစိတ်နဲ့ တခြားလူတွေရဲ့ အတွင်းစိတ် ပို အချိတ်အဆက်မိလာပြီး ဆက်ဆံရေးတစ်ခု ဖန်တီးတဲ့အခါ လွယ်ကူချောမွေ့စေမှာပါ။

ဒီနေ့စတင်ဆောင်ရွက်ခြင်းဖြင့် ခုနှစ်ရက်ကြာတဲ့အခါ ထိုခြေလှမ်းငယ်လေးတွေက မင်းရဲ့ဘဝတိုးတက်အောင် အထောက်အပံ့ပေးနေတယ်ဆိုတာ တဖြေးဖြေးသတိထားမိလာပါလိမ့်မယ်။ ဒါကြောင့် ဘဝအတွက် အရေးကြီးတဲ့ အရာတွေကို သတိပေးနိုင်တဲ့ ခြေလှမ်း ၇ လှမ်း ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ စွမ်းရည်အသစ်၊ကျွမ်းကျင်မှုအသစ်တွေကို စတင်လေ့လာပါ။

မင်းသင်ယူလေ့လာဖို့ဆန္ဒရှိပေမယ့်လည်း ထိုအရာလေ့လာဖို့ အချိန်မပေးနိုင်ခဲ့တဲ့ စွမ်းရည်တစ်စုံတစ်ရာက ဘာများဖြစ်လိမ့်မလဲ။ နိုင်ငံခြားဘာသာစကားတစ်ခုလေ့လာဖို့ ဖြစ်ကောင်းဖြစ်နိုင်သလို တူရိယာတစ်မျိုးမျိုး တီးခတ်တတ်ဖို့၊ စက်ချုပ်တတ်ဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Photoshop ဒါမှမဟုတ် Excel လိုမျိုး စွမ်းရည်တစ်မျိုးမျိုးလေ့လာဖို့ ဆန္ဒရှိပေမယ့်လည်း ထိုအရာတွေလေ့လာဖို့ အချိန်တစ်ခါမှ မပေးခဲ့မိတာမျိုး ရှိပါတယ်။

ထိုစွမ်းရည်တွေ လေ့လာရတာ သဘောကျပေမယ့်လည်း Rollerblade ဒါမှမဟုတ် Ski လေ့လာတာမျိုးကဲ့သို့ ကျွန်တော် တို့ လွယ်လင့်တကူပဲ အရှုံးပေးခဲ့မိပြန်တယ်။

ဒါကြောင့် မင်းလိုအပ်တဲ့ အကူအညီတွေ ရနိုင်ဖို့ ထိုစွမ်းရည်အသစ်တွေရဲ့ အရင်းအမြစ်တွေကိုရှာပါ။ ဥပမာ နိုင်ငံခြားဘာသာစကားသင်ယူချင်တယ်ဆို လေ့လာလို့ရတဲ့ app တွေများစွာရှိပါတယ်။

ဒေါင်းလုပ်ဆွဲလိုက်ရုံပါပဲ။ Linkedin မှာဆို စီးပွားရေးဆိုင်ရာ၊စီမံခန့်ခွဲမှုဆိုင်ရာ နှင့် ဆော့ဝဲလ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ သင်တန်းများစွာရှိပါတယ်။ YouTube ဆိုလည်း လေ့လာလို့ရတဲ့ နောက်ထပ်အရင်းအမြစ်တစ်ခုဖြစ်ပြီး အလွတ်သင်တန်းများစွာလည်းရှိပါတယ်။

နေ့တိုင်း ၁၅ မိနစ်၊ မိနစ် ၃၀ လောက်အချိန်ပေးလေ့လာလိုက်ရုံနဲ့ မင်းရဲ့ကြီးမားတဲ့ ပန်းတိုင်ဆီကို အရောက်သွားဖို့ ခြေလှမ်းတစ်ခု စတင်သလို ခံစားရမှာပါ။

၂။ နေ့တိုင်း ကိုယ့်ကိုယ်ကို ဂုဏ်ပြုပေးပါ။

Twin Peaks အပိုင်းတွင် courtesy of Agent Dale Copper ၏ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့အကြံပေးချက်တစ်ခုမှာ နေ့တိုင်းဖြစ်ဖြစ်၊ တစ်နေ့ကိုတစ်ကြိမ်ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဂုဏ်ပြုပေးပါ။ ထိုအရာကို အစီအစဉ်မဆွဲပါနဲ့။ မစောင့်ပါနဲ့။ ထိုအရာကို ဖြစ်ခွင့်ပေးလိုက်ပါ။

မကြာခဏဆိုသလို မင်းရဲ့အတွေးအခေါ်တွေကို မြင့်တင်ပါ။ မင်းကိုယ်မင်းပေးတဲ့ ဆုလာဒ်တစ်ခုက ကြိးမားသင့်ပါတယ်။ ကန့်သတ်မထားပါနဲ့ မြင့်မားတဲ့ အစီအစဉ်တွေ ရေးဆွဲရန်လိုအပ်ပြီး ဝင်ငွေရဖို့ ကြိုးစားပါ။

အမှန်တရားက ဒီလိုဖြစ်နေရမှာတော့မဟုတ်ပါ။ မင်းကိုယ်မင်း တွန်းအားပေးစရာမလိုပါဘူး။နေ့တိုင်းမှာ မင်းကိုယ်မင်း နည်းနည်းစီ ပြုပြင်ပြောင်းလဲခြင်းဖြင့် မင်းအတွက် ပျော်ရွင်မှုနဲ့ အကောင်းမြင်စိတ်က တဖြေးဖြေး မြင့်မားလာမှာပါ။

စိတ်ခံစားမှုတွေကို refresh ခလုတ်နှိပ်သလို သဘောထားလိုက်ပါ။ နောက်ပြီး မင်းရဲ့နေ့စဉ်ဘဝ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်သင့်ပြင်ဆင်ထားလိုက်ပါ။

၃။ လေ့ကျင့်ခန်း အစီအစဉ်ကို စတင်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာပျော်ရှွင်တဲ့ ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရုံသာမက မင်းရဲ့စိတ်ခံစားမှုတွေတိုးတက်လာအောင်၊ အဝလွန်ခြင်းကို ထိန်းချုပ်ပေးနိုင်အောင်၊ မင်းရဲ့စိတ်ဖိစီးမှုတွေကို လျော့ချပေးအောင် ပြုလုပ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းပဲဖြစ်တယ်။

လေ့ကျင့်ခန်း ပြုလုပ်သူတွေက အထိုင်များသူတွေထက် အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါတယ်။

ကျန်းမာရေးနှင့် လူမှုဝန်ဆောင်ရေးဌာန ၏ အဆိုပြုချက်အရ အနည်းဆုံး ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၁၅၀ လုပ်ခြင်း ဒါမှမဟုတ် တစ်ပတ်ကို လေ့ကျင့်ခန်း ၇၅ မိနစ်လုပ်ဖို့ အကြံပြုထားပါတယ်။

ယခု သတ်မှတ်ထားတဲ့ အဆင့်မရှိလျှင် ယခုစဖို့ လိုအပ်နေပါပြီ။မင်းရဲ့ ကိုယ်လက်ကျန်းမာမှု အဆင့်မည်မျှရှိပါစေ အခုကစပြီး အိမ်မှာ စတင်လုပ်ဆောင်ပါ။

ဦးစွာ အခြေခံကိုယ်လက်လေ့ကျင့်ခန်း ကိုလုပ်ဆောင်ပါ။ ပန်းတိုင်တစ်ခုချမှတ်ပါ။ ကိုယ်အလေးချိန်ကျချင်လား ဒါမှမဟုတ် ကြွက်သားတွေ ဖွံဖြိုးချင်လား။

မာရသွန်ပြေးခြင်း ဒါမှမဟုတ် နောက်ထပ် ကျန်းမာရေး စိန်ခေါ်မှုတွေ လေ့ကျင့်ဖို့ အလိုရှိပါသလား။ မင်းလုပ်ငန်းစဉ်အတွက် ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တွေ ချမှတ်ပါ။ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းပြုလုပ်တဲ့ အကျင့်ပြုလုပ်ပါ။ ဖြေးဖြေးမှန်မှန် လုပ်ဆောင်ပါ။

၄။ မင်းရဲ့ပတ်ဝန်းကျင်က အသုံးမဝင်တဲ့အရာတွေကို ရှင်းလိုက်ပါ။

မင်းပတ်ဝန်းကျင်က အသုံးမဝင်တာတွေကို ရှင်းလင်းခြင်းက မင်းဘဝတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ စိတ်ဖိစီးမှုတွေကို လျော့ချစေပြီး မင်းကို ထိရောက်စွာ အကူအညီပေးပါတယ်။

မင်းရဲ့ပတ်ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းစွာ နေထိုင်ခြင်းဖြင့် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။

မင်းရဲ့စိတ်ခံစားမှုတွေ ရှင်းလင်းစေပြီး မင်းလိုအပ်တဲ့အရာတွေ သိလိုတဲ့အရာတွေ ရှာဖွေဖို့ လွယ်ကူစေပါတယ်။ကျွန်တော်တို့ တစ်ခါမှ မသုံးတဲ့ အရာအားလုံးက ညစ်ပတ်တဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရှွင်မှုကို ရရှိစေပါတယ်။

နောက်ပြီး မင်းပတ်ဝန်းကျင်အတွက်လည်း ဂုဏ်ယူနိုင်ပါလိမ့်မယ်။ ဆိုလိုရင်းက စိတ်ရှုပ်ထွေးမှု နည်းစေပါတယ်။

၅။ အောင်မြင်မှုတွေကို စာရင်းပြုစုထားပါ။

The ultimate goal of a bucket list is to help you make the most of each day. Instead of letting your days float by in a blur, use a bucket list to give your life purpose, focus and direction.

အောင်မြင်မှုစာရင်းမပြုစုမီ မင်းအလိုရှိတဲ့အရာတွေကို စာရင်းပြုစုပါ။ ထိုစာရင်းပြုစုထားခြင်းက မင်းဘဝအတွက် အရေးကြီးတဲ့ အရာတွေကိုထောက်ပံ့ဖို့ အကောင်းဆုံးနည်းပဲဖြစ်တယ်။

ထိုစာရင်းက မင်းဘဝတိုးတက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်။ အဘယ်ကြောင့်ဆိုသော် ဘယ်အရာတွေက မင်းအတွက် အရေးကြီးလဲဆိုတာ မြင်နိုင်ဖို့ ကူညီပေးပါတယ်။

မင်းအလိုရှိတဲ့ အတွေ့အကြုံတွေကို ဆုံးဖြတ်ချက်ပေးဖို့ အကူအညီပေးပါတယ်။ မင်းရဲ့အောင်မြင်မှုတွေဆီရောက်အောင် ကူညီပေးပါတယ်။ မင်းတစ်ကြိမ်စာရင်းပြုစုလိုက်တာနဲ့ မင်းစတင် စွန့်စားလုပ်ကိုင်ဖို့ လိုအပ်တဲ့ အရာတွေကို သိလာပါလိမ့်မယ်။

နေ့ရက်တိုင်း အပြုံးပန်းတွေနဲ့ဝေနေတဲ့ မှတ်ဉာဏ်တစ်ခု တည်ဆောက်ပါ။

၆။ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်လိုက်ပါ။

ကျွန်တော်တို့ အားလုံးမှာ ကြောက်ရွံ့မှုတွေ ရှိကြပါတယ်။ ကျွန်တော်တို့၏ ကြောက်ရွံ့မှုတွေကို ထိန်းချုပ်ထားခြင်းဖြင့် ကျွန်တော်တို့ဘဝကို လုံခြုံစေပါတယ်။

အထူးသဖြင့် ထိုကြောက်ရွံ့မှုတွေ ကျွန်တော်တို့အပေါ် ထိန်းချုပ်ခွင့်ပြုလိုက်ရင် ထိုအရာတွေက ကျွန်တော်တို့ကို ပြန်လည်ထိန်းချုပ်သွားပါလိမ့်မယ်။ မင်းရဲ့ကြောက်ရွံ့မှုတွေကို အချိန်ယူပြီး ရှာဖွေပါ။

ကြောက်ရွံ့မှုတစ်ချို့မှာ အကြောင်းပြချက်တွေရှိပေမယ့်လည်း တစ်ခြားကြောက်ရွံ့မှုတွေကို စိတ်ရှုပ်ထွေးမှုကနေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာပါတယ်။

ကျွန်တော်တို့ ကြောက်ရွံ့မှုတွေနဲ့ မျက်နှာချင်းဆိုင်တွေ့သောအခါ ထိုမကောင်းတဲ့အတွေးတွေ ကျော်လှွားတတ်အောင် သင်ယူရင်း အားပေးပါ။

မင်းရဲ့ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ဖြတ်ကျော်လာနိုင်ပြီဆို မင်းရင့်ကျက်မှု တိုးတက်လာပြီဖြစ်တယ်။ တချို့ ကျွန်တော်တို့ ကြောက်ရွံ့မှုတွေက အမှန်တကယ်ဖြစ်လာနိုင်ပေမယ့်လည်း ထိုအခက်အခဲတွေကပဲ ကျွန်တော်တို့ကို ရင့်ကျက်မှုတွေ ပေးပါတယ်။

မှားယွင်းမှုတွေဖြစ်သွားခဲ့ရင်တောင်မှပဲ ရင်ဆိုင်ဖြတ်သန်းဖို့ သင်ယူနိုင်ပါတယ်။ကျွန်တော်တို့ကြောက်ရွံ့မှုတွေကို နားလည်သဘောပေါက်ခြင်းက တခြားအရာများတွင် စိတ်ခွန်အားတိုးတက်စေဖို့ အကူအညီဖြစ်စေပါတယ်။

အရေးကြီးဆုံးအရာကတော့ ကျွန်တော်တို့ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပြန်လှန်ခုခံနိုင်တဲ့စွမ်းရည် နှင့် ဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ ရှိလာအောင် ဖြည့်ဆည်းကူညီပါလိမ့်မယ်။

မင်းမှာ ရင်ဆိုင်ဖို့ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိခဲ့ရင် ရင်ဆိုင်ဖြေရှင်းဖို့ သင်ယူပါ။ ထိုသင်ယူခြင်း က ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရရင်တောင်မှ အောင်မြင်မှု ရနိုင်ပါတယ်။

၇။ မိတ်ဟောင်းဆွေဟောင်း တွေနဲ့ အဆက်အသွယ်တစ်ဖန်ပြန်လုပ်ပါ။

မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အဆက်အသွယ်ပြန်လုပ်ရတာ ပိုကောင်းတာမရှိပါဘူး။ တစ်ခါတစ်ရံမှာ အာကာသနဲ့ အချိန်တွေကို ကျွန်တော်တို့ကြားပြန်လည်ရောက်ရှိလာဖို့ ခွင့်ပြုပေးရပါတယ်။

တစ်ခါတစ်ရံ ခင်မင်မှုတွေက အေးစက်လာသလို ဝေးကွာသွားစေပါတယ်။ ဘာကြောင့်ဆို ကျွန်တော်တို့ အလုပ်ရှုပ်တဲ့အချိန်တွေမှာ ထိုအရာကိုချည်နှောင်ထားဖို့ တွန်းအားတစ်ခု ဖန်တီးမထားနိုင်လို့ပဲဖြစ်တယ်။

မိတ်ဟောင်းဆွေဟောင်းတွေကို ပြန်ဆက်သွယ်ခြင်းက ခွန်အားရစေပေမယ့်လည်း ကျွန်တော်တို့အတိတ်နဲ့ ကျွန်တော်တို့ ပြန်ချိတ်ဆက်ရသလိုပါပဲ။

ထိုချိတ်ဆက်မှုကနေ ခွန်အားတစ်ခု ရှာတွေ့ကောင်းတွေ့နိုင်ပါတယ်။မိတ်ဟောင်းဆွေဟောင်းတွေက ဘဝရဲ့ရှုပ်ထွေးမှုတွေနဲ့ မရင်ဆိုင်ခင်ကာလတွေကို အမှတ်ရစေပါတယ်။

လက်ရှိမင်းဖြစ်ချင်တဲ့ အရာတွေကိုမြင်နိုင်အောင် ကူညီပေးပါတယ်။ တစ်ခါတုန်းက မှတ်ဉာဏ်အဟောင်းတွေ အိမ်မက်ဟောင်းတွေကို ပြန်လည်နိုးကြားစေပါတယ်။

ထိုအရာတွေက ပြဿနာတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ထိုမိတ်ဆွေဟောင်းတွေက မင်းကိုကူညီဖို့ အမြဲတမ်းရှိနေမှာ ဖြစ်ပါတယ်။

———————————————————————————————————————-

မင်းရဲ့ဘဝကို အမှန်တကယ် တိုးတက်စေချင်ရင် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းငယ်လေးတွေကမှ တစ်ဆင့် စတင်လိုက်ပါလို့ ပြောလိုက်ပါရစေ။

လုပ်ဆောင်မှုအသစ်တွေ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ပါ။

ဒါပေမယ့်လည်း ဖြေးဖြေးနဲ့မှန်မှန် အချိန်ယူပြီး စတင်ပါလို့ အကြံပေးလိုက်ပါရစေ။ အလောတကြီး အလျင်စလို မဆောင်ရွက်ပါနဲ့။

ထိုခြေလှမ်းတွေ လုပ်ဆောင်ခြင်းက အသိဉာဏ် ဗဟုသုတ တွေကို မင်းရဲ့မှတ်ဉာဏ်ထဲ ထည့်သွင်းဖြည့်ဆည်းပေးပြီး ကိုယ့်ကိုယ့်ကို ယုံကြည်မှု တိုးလာစေပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေက မင်းကို ပိုကျန်းမာပျော်ရွှင်စေမှာပါ။

မင်းရဲ့အတွင်းစိတ်နဲ့ တခြားလူတွေရဲ့ အတွင်းစိတ် ပို အချိတ်အဆက်မိလာပြီး ဆက်ဆံရေးတစ်ခု ဖန်တီးတဲ့အခါ လွယ်ကူချောမွေ့စေမှာပါ။
ဒီနေ့စတင်ဆောင်ရွက်ခြင်းဖြင့် ခုနှစ်ရက်ကြာတဲ့အခါ ထိုခြေလှမ်းငယ်လေးတွေက မင်းရဲ့ဘဝတိုးတက်အောင် အထောက်အပံ့ပေးနေတယ်ဆိုတာ တဖြေးဖြေးသတိထားမိလာပါလိမ့်မယ်။

ဒါကြောင့် ဘဝအတွက် အရေးကြီးတဲ့ အရာတွေကို သတိပေးနိုင်တဲ့ ခြေလှမ်း ၇ လှမ်း ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ စွမ်းရည်အသစ်၊ကျွမ်းကျင်မှုအသစ်တွေကို စတင်လေ့လာပါ။

မင်းသင်ယူလေ့လာဖို့ဆန္ဒရှိပေမယ့်လည်း ထိုအရာလေ့လာဖို့ အချိန်မပေးနိုင်ခဲ့တဲ့ စွမ်းရည်တစ်စုံတစ်ရာက ဘာများဖြစ်လိမ့်မလဲ။

နိုင်ငံခြားဘာသာစကားတစ်ခုလေ့လာဖို့ ဖြစ်ကောင်းဖြစ်နိုင်သလို တူရိယာတစ်မျိုးမျိုး တီးခတ်တတ်ဖို့၊ စက်ချုပ်တတ်ဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Photoshop ဒါမှမဟုတ် Excel လိုမျိုး စွမ်းရည်တစ်မျိုးမျိုးလေ့လာဖို့ ဆန္ဒရှိပေမယ့်လည်း ထိုအရာတွေလေ့လာဖို့ အချိန်တစ်ခါမှ မပေးခဲ့မိတာမျိုး ရှိပါတယ်။

ထိုစွမ်းရည်တွေ လေ့လာရတာ သဘောကျပေမယ့်လည်း Rollerblade ဒါမှမဟုတ် Ski လေ့လာတာမျိုးကဲ့သို့ ကျွန်တော် တို့ လွယ်လင့်တကူပဲ အရှုံးပေးခဲ့မိပြန်တယ်။

ဒါကြောင့် မင်းလိုအပ်တဲ့ အကူအညီတွေ ရနိုင်ဖို့ ထိုစွမ်းရည်အသစ်တွေရဲ့ အရင်းအမြစ်တွေကိုရှာပါ။ ဥပမာ နိုင်ငံခြားဘာသာစကားသင်ယူချင်တယ်ဆို လေ့လာလို့ရတဲ့ app တွေများစွာရှိပါတယ်။ ဒေါင်းလုပ်ဆွဲလိုက်ရုံပါပဲ။

Linkedin မှာဆို စီးပွားရေးဆိုင်ရာ၊စီမံခန့်ခွဲမှုဆိုင်ရာ နှင့် ဆော့ဝဲလ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ သင်တန်းများစွာရှိပါတယ်။ YouTube ဆိုလည်း လေ့လာလို့ရတဲ့ နောက်ထပ်အရင်းအမြစ်တစ်ခုဖြစ်ပြီး အလွတ်သင်တန်းများစွာလည်းရှိပါတယ်။

နေ့တိုင်း ၁၅ မိနစ်၊ မိနစ် ၃၀ လောက်အချိန်ပေးလေ့လာလိုက်ရုံနဲ့ မင်းရဲ့ကြီးမားတဲ့ ပန်းတိုင်ဆီကို အရောက်သွားဖို့ ခြေလှမ်းတစ်ခု စတင်သလို ခံစားရမှာပါ။

၂။ နေ့တိုင်း ကိုယ့်ကိုယ်ကို ဂုဏ်ပြုပေးပါ။

Twin Peaks အပိုင်းတွင် courtesy of Agent Dale Copper ၏ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့အကြံပေးချက်တစ်ခုမှာ နေ့တိုင်းဖြစ်ဖြစ်၊ တစ်နေ့ကိုတစ်ကြိမ်ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဂုဏ်ပြုပေးပါ။ ထိုအရာကို အစီအစဉ်မဆွဲပါနဲ့။ မစောင့်ပါနဲ့။ ထိုအရာကို ဖြစ်ခွင့်ပေးလိုက်ပါ။

မကြာခဏဆိုသလို မင်းရဲ့အတွေးအခေါ်တွေကို မြင့်တင်ပါ။ မင်းကိုယ်မင်းပေးတဲ့ ဆုလာဒ်တစ်ခုက ကြိးမားသင့်ပါတယ်။ ကန့်သတ်မထားပါနဲ့ မြင့်မားတဲ့ အစီအစဉ်တွေ ရေးဆွဲရန်လိုအပ်ပြီး ဝင်ငွေရဖို့ ကြိုးစားပါ။

အမှန်တရားက ဒီလိုဖြစ်နေရမှာတော့မဟုတ်ပါ။ မင်းကိုယ်မင်း တွန်းအားပေးစရာမလိုပါဘူး။

နေ့တိုင်းမှာ မင်းကိုယ်မင်း နည်းနည်းစီ ပြုပြင်ပြောင်းလဲခြင်းဖြင့် မင်းအတွက် ပျော်ရွင်မှုနဲ့ အကောင်းမြင်စိတ်က တဖြေးဖြေး မြင့်မားလာမှာပါ။

စိတ်ခံစားမှုတွေကို refresh ခလုတ်နှိပ်သလို သဘောထားလိုက်ပါ။ နောက်ပြီး မင်းရဲ့နေ့စဉ်ဘဝ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်သင့်ပြင်ဆင်ထားလိုက်ပါ။

၃။ လေ့ကျင့်ခန်း အစီအစဉ်ကို စတင်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရုံသာမက မင်းရဲ့စိတ်ခံစားမှုတွေတိုးတက်လာအောင်၊ အဝလွန်ခြင်းကို ထိန်းချုပ်ပေးနိုင်အောင်၊ မင်းရဲ့စိတ်ဖိစီးမှုတွေကို လျော့ချပေးအောင် ပြုလုပ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းပဲဖြစ်တယ်။

လေ့ကျင့်ခန်း ပြုလုပ်သူတွေက အထိုင်များသူတွေထက် အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါတယ်။

ကျန်းမာရေးနှင့် လူမှုဝန်ဆောင်ရေးဌာန ၏ အဆိုပြုချက်အရ အနည်းဆုံး ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၁၅၀ လုပ်ခြင်း ဒါမှမဟုတ် တစ်ပတ်ကို လေ့ကျင့်ခန်း ၇၅ မိနစ်လုပ်ဖို့ အကြံပြုထားပါတယ်။ ယခု သတ်မှတ်ထားတဲ့ အဆင့်မရှိလျှင် ယခုစဖို့ လိုအပ်နေပါပြီ။

မင်းရဲ့ ကိုယ်လက်ကျန်းမာမှု အဆင့်မည်မျှရှိပါစေ အခုကစပြီး အိမ်မှာ စတင်လုပ်ဆောင်ပါ။ ဦးစွာ အခြေခံကိုယ်လက်လေ့ကျင့်ခန်း ကိုလုပ်ဆောင်ပါ။ ပန်းတိုင်တစ်ခုချမှတ်ပါ။

ကိုယ်အလေးချိန်ကျချင်လား ဒါမှမဟုတ် ကြွက်သားတွေ ဖွံဖြိုးချင်လား။ မာရသွန်ပြေးခြင်း ဒါမှမဟုတ် နောက်ထပ် ကျန်းမာရေး စိန်ခေါ်မှုတွေ လေ့ကျင့်ဖို့ အလိုရှိပါသလား။

မင်းလုပ်ငန်းစဉ်အတွက် ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တွေ ချမှတ်ပါ။ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းပြုလုပ်တဲ့ အကျင့်ပြုလုပ်ပါ။ ဖြေးဖြေးမှန်မှန် လုပ်ဆောင်ပါ။

၄။ မင်းရဲ့ပတ်ဝန်းကျင်က အသုံးမဝင်တဲ့အရာတွေကို ရှင်းလိုက်ပါ။

မင်းပတ်ဝန်းကျင်က အသုံးမဝင်တာတွေကို ရှင်းလင်းခြင်းက မင်းဘဝတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

စိတ်ဖိစီးမှုတွေကို လျော့ချစေပြီး မင်းကို ထိရောက်စွာ အကူအညီပေးပါတယ်။

မင်းရဲ့ပတ်ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းစွာ နေထိုင်ခြင်းဖြင့် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။

မင်းရဲ့စိတ်ခံစားမှုတွေ ရှင်းလင်းစေပြီး မင်းလိုအပ်တဲ့အရာတွေ သိလိုတဲ့အရာတွေ ရှာဖွေဖို့ လွယ်ကူစေပါတယ်။

ကျွန်တော်တို့ တစ်ခါမှ မသုံးတဲ့ အရာအားလုံးက ညစ်ပတ်တဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို ရရှိစေပါတယ်။

နောက်ပြီး မင်းပတ်ဝန်းကျင်အတွက်လည်း ဂုဏ်ယူနိုင်ပါလိမ့်မယ်။ ဆိုလိုရင်းက စိတ်ရှုပ်ထွေးမှု နည်းစေပါတယ်။

၅။ အောင်မြင်မှုတွေကို စာရင်းပြုစုထားပါ။

The ultimate goal of a bucket list is to help you make the most of each day. Instead of letting your days float by in a blur, use a bucket list to give your life purpose, focus and direction.
အောင်မြင်မှုစာရင်းမပြုစုမီ မင်းအလိုရှိတဲ့အရာတွေကို စာရင်းပြုစုပါ။ ထိုစာရင်းပြုစုထားခြင်းက မင်းဘဝအတွက် အရေးကြီးတဲ့ အရာတွေကိုထောက်ပံ့ဖို့ အကောင်းဆုံးနည်းပဲဖြစ်တယ်။

ထိုစာရင်းက မင်းဘဝတိုးတက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်။ အဘယ်ကြောင့်ဆိုသော် ဘယ်အရာတွေက မင်းအတွက် အရေးကြီးလဲဆိုတာ မြင်နိုင်ဖို့ ကူညီပေးပါတယ်။

မင်းအလိုရှိတဲ့ အတွေ့အကြုံတွေကို ဆုံးဖြတ်ချက်ပေးဖို့ အကူအညီပေးပါတယ်။ မင်းရဲ့အောင်မြင်မှုတွေဆီရောက်အောင် ကူညီပေးပါတယ်။ မင်းတစ်ကြိမ်စာရင်းပြုစုလိုက်တာနဲ့ မင်းစတင် စွန့်စားလုပ်ကိုင်ဖို့ လိုအပ်တဲ့ အရာတွေကို သိလာပါလိမ့်မယ်။

နေ့ရက်တိုင်း အပြုံးပန်းတွေနဲ့ဝေနေတဲ့ မှတ်ဉာဏ်တစ်ခု တည်ဆောက်ပါ။

၆။ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်လိုက်ပါ။

ကျွန်တော်တို့ အားလုံးမှာ ကြောက်ရွံ့မှုတွေ ရှိကြပါတယ်။ ကျွန်တော်တို့၏ ကြောက်ရွံ့မှုတွေကို ထိန်းချုပ်ထားခြင်းဖြင့် ကျွန်တော်တို့ဘဝကို လုံခြုံစေပါတယ်။

အထူးသဖြင့် ထိုကြောက်ရွံ့မှုတွေ ကျွန်တော်တို့အပေါ် ထိန်းချုပ်ခွင့်ပြုလိုက်ရင် ထိုအရာတွေက ကျွန်တော်တို့ကို ပြန်လည်ထိန်းချုပ်သွားပါလိမ့်မယ်။

မင်းရဲ့ကြောက်ရွံ့မှုတွေကို အချိန်ယူပြိီး ရှာဖွေပါ။ကြောက်ရွံ့မှုတစ်ချို့မှာ အကြောင်းပြချက်တွေရှိပေမယ့်လည်း တစ်ခြားကြောက်ရွံ့မှုတွေကို စိတ်ရှုပ်ထွေးမှုကနေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာပါတယ်။

ကျွန်တော်တို့ ကြောက်ရွံ့မှုတွေနဲ့ မျက်နှာချင်းဆိုင်တွေ့သောအခါ ထိုမကောင်းတဲ့အတွေးတွေ ကျော်လွှားတတ်အောင် သင်ယူရင်း အားပေးပါ။

မင်းရဲ့ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ဖြတ်ကျော်လာနိုင်ပြီဆို မင်းရင့်ကျက်မှု တိုးတက်လာပြီဖြစ်တယ်။ တချို့ ကျွန်တော်တို့ ကြောက်ရွံ့မှုတွေက အမှန်တကယ်ဖြစ်လာနိုင်ပေမယ့်လည်း ထိုအခက်အခဲတွေကပဲ ကျွန်တော်တို့ကို ရင့်ကျက်မှုတွေ ပေးပါတယ်။

မှားယွင်းမှုတွေဖြစ်သွားခဲ့ရင်တောင်မှပဲ ရင်ဆိုင်ဖြတ်သန်းဖို့ သင်ယူနိုင်ပါတယ်။ကျွန်တော်တို့ကြောက်ရွံ့မှုတွေကို နားလည်သဘောပေါက်ခြင်းက တခြားအရာများတွင် စိတ်ခွန်အားတိုးတက်စေဖို့ အကူအညီဖြစ်စေပါတယ်။

အရေးကြီးဆုံးအရာကတော့ ကျွန်တော်တို့ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပြန်လှန်ခုခံနိုင်တဲ့စွမ်းရည် နှင့် ဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ ရှိလာအောင် ဖြည့်ဆည်းကူညီပါလိမ့်မယ်။

မင်းမှာ ရင်ဆိုင်ဖို့ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိခဲ့ရင် ရင်ဆိုင်ဖြေရှင်းဖို့ သင်ယူပါ။ ထိုသင်ယူခြင်း က ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရရင်တောင်မှ အောင်မြင်မှု ရနိုင်ပါတယ်။

၇။ မိတ်ဟောင်းဆွေဟောင်း တွေနဲ့ အဆက်အသွယ်တစ်ဖန်ပြန်လုပ်ပါ။

မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အဆက်အသွယ်ပြန်လုပ်ရတာ ပိုကောင်းတာမရှိပါဘူး။ တစ်ခါတစ်ရံမှာ အာကာသနဲ့ အချိန်တွေကို ကျွန်တော်တို့ကြားပြန်လည်ရောက်ရှိလာဖို့ ခွင့်ပြုပေးရပါတယ်။

တစ်ခါတစ်ရံ ခင်မင်မှုတွေက အေးစက်လာသလို ဝေးကွာသွားစေပါတယ်။ ဘာကြောင့်ဆို ကျွန်တော်တို့ အလုပ်ရှုပ်တဲ့အချိန်တွေမှာ ထိုအရာကိုချည်နှောင်ထားဖို့ တွန်းအားတစ်ခု ဖန်တီးမထားနိုင်လို့ပဲဖြစ်တယ်။

မိတ်ဟောင်းဆွေဟောင်းတွေကို ပြန်ဆက်သွယ်ခြင်းက ခွန်အားရစေပေမယ့်လည်း ကျွန်တော်တို့အတိတ်နဲ့ ကျွန်တော်တို့ ပြန်ချိတ်ဆက်ရသလိုပါပဲ။ ထိုချိတ်ဆက်မှုကနေ ခွန်အားတစ်ခု ရှာတွေ့ကောင်းတွေ့နိုင်ပါတယ်။

မိတ်ဟောင်းဆွေဟောင်းတွေက ဘဝရဲ့ရှုပ်ထွေးမှုတွေနဲ့ မရင်ဆိုင်ခင်ကာလတွေကို အမှတ်ရစေပါတယ်။လက်ရှိမင်းဖြစ်ချင်တဲ့ အရာတွေကိုမြင်နိုင်အောင် ကူညီပေးပါတယ်။

တစ်ခါတုန်းက မှတ်ဉာဏ်အဟောင်းတွေ အိမ်မက်ဟောင်းတွေကို ပြန်လည်နိုးကြားစေပါတယ်။ ထိုအရာတွေက ပြဿနာတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ထိုမိတ်ဆွေဟောင်းတွေက မင်းကိုကူညီဖို့ အမြဲတမ်းရှိနေမှာ ဖြစ်ပါတယ်။

Career

Leave a Reply

Your email address will not be published. Required fields are marked *