စစ်မှန်တဲ့ သတင်းအချက်အလက်တွေကို မိမိဦးနှောက်ထဲ ထည့်သွင်းပါ။

ကျွန်တော်တို့တွေက အမြဲတမ်းသင်ယူနေကြတာပါပဲ။ တီဗီကြည့်ရင်းသင်ယူတယ်၊သီးချင်းနားထောင်ရင်း သင်ယူတယ်။ သတင်းစာ၊ စာအုပ်တွေ ဖတ်ရင်းသင်ယူတယ်။ ဘဝသင်ခန်းစာ၊ အတတ်ပညာ အမျိုးမျိုးကို လေ့လာဆည်းပူးနေကြတာပါပဲ။

အဲ့လို အချိန်နဲ့ တစ်ပြေးညီ သင်ယူလေ့လာနေကြတဲ့ အချိန်မှာ မင်းက ရပ်တန့်လိုက်မယ်ဆို နောက်ကျကျန်ခဲ့ပါလိမ့်မယ်။ နောက်ကျကျန်ခဲ့မယ့်အထဲမှာ အသိပညာ၊ဗဟုသုတ ကျန်ခဲ့တာက အဆိုးဆုံးပါ။ အဲ့လိုအချိန်မှာ ကျွန်တော်တို့ရဲ့ ဉာဏ်ပညာတွေဟာ အလွန်သေးငယ်သွားပြီး အောင်မြင်နိုင်တဲ့ သတင်းအချက်အလက်တွေ တွေးတောဆင်ခြင်နိုင်ခြင်းနဲ့ အခွင့်အရေးတွေ ဆုံးရှုံးခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒါဆို ကျွန်တော်တို့အတွက် ဘယ်လိုနေရာကနေများ သတင်းအချက်အလက်အမှန်တွေ ရနိုင်မလဲ။ စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ အားလုံးသိကြတဲ့အတိုုင်း မှန်ကန်တဲ့ သတင်းအချက်အလက်တွေ သိချင်တယ်ဆို စာအုပ်တွေထဲက ရှာဖို့ ပြောချင်ပါတယ်။ နယ်ပယ်မျိုးစုံက စာများကို ဖတ်ပါ။ စာဖတ်ဖို့အတွက်လည်း အမြဲ အဆင့်သင့်ဖြစ်နေပါစေ။

နောက်ထပ် စစ်မှန်တဲ့ အသင်းအချက်အလက်တွေကို စာအုပ်စာပေတွေထဲက အပြင် ဆွေးနွေးပွဲတွေ တက်တာ၊ ကောလိပ်မှာ သင်ယူချင်တဲ့သင်ခန်းစာတွေအတွက် အချိန်ပို တက်တာ၊ သင်တန်းတွေ တက်ခြင်းကနေလည်း ရရှိနိုင်ပါတယ်။

စစ်မှန်တဲ့ သတင်းအချက်အလက်တွေ၊ ကောင်းမွန်တဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေထဲမှာ ထည့်ထားပြီး ကြီးပြင်းလာပါမှ တိုးတက်မှု ရှိလာမှာပါ။ ပိုပြီး ယုံကြည်မှု ခိုင်မာလာမှာပါ။

ကျွန်တော်တို့အတွက် စစ်မှန်တဲ့ သတင်းအချက်အလက်တွေ အမြဲ သင်ယူလေ့လာနေဖို့လိုသလို၊ စုဆောင်းနေဖို့လည်း လိုပါတယ်။ အခုလို သတင်းမျိုးတွေကို စုဆောင်းနေပါမှ ခိုင်မာတိကျပြီးတော့ မှန်ကန်တဲ့ ပညာရပ်တွေကို ခြေလှမ်းလှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ အောင်မြင်မှုက တစ်စတစ်စ တိုးလာမှာပဲ ဖြစ်တယ်။

Career, Current, Education

Leave a Reply

Your email address will not be published. Required fields are marked *