အလုပ်သွား အလုပ်ပြန်အချိန်တွေကို အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ

*** Unicode ***

လူတစ်ယောက်စီတိုင်း တစ်နေ့ကို ၂၄ နာရီပိုင်ဆိုင်ကြပါတယ်။ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို လက်ရှိအနေအထားမှတစ်ဆင့် ပိုအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင် ဘယ်လိုအသုံးချကြမလဲ။

လူတိုင်း ၂၄ နာရီပဲ ပိုင်ဆိုင်ကြပါတယ်။ ထိုထဲမှာမှ တစ်မူထူးပြီး အောင်မြင်လာတဲ့သူတွေကို လေ့လာကြရအောင်။ အများစုကတော့ သူတို့ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို ကောင်းကောင်း ကိုင်တွယ် စီမံနိုင်တဲ့ လူတွေဖြစ်တယ်ဆိုတာကို တွေ့လိုက်ရတယ်။

ကျွန်တော်တို့တွေ လက်ရှိလုပ်ကိုင်နေတဲ့ အရာတွေထဲမှာ ရုံးအသွားအပြန်အချိန်တွေ၊ တစ်ကိုယ်ရည် အသုံးချတဲ့အချိန်တွေ၊ မိသားစုအတွက် အသုံးပြုရတဲ့အချိန်တွေ၊ အပန်းဖြေ အနားယူချိန်တွေကို လျော့ချလို့ရနိုင်မယ်ထင်ပါသလား။

မြန်မာနိုင်ငံ ယဉ်ကျေးမှုအရ အလုပ်လုပ်တဲ့အချိန်ကလွဲရင် မိသားစုအတွက် အချိန်ပေးဖို့၊ မိဘတွေအတွက် အချိန်ပေးဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။ ပြန်လည်လန်းဆန်းစေဖို့ အနားယူချိန်တွေကိုလည်း မဖြစ်မနေ ထားဖို့ လိုအပ်ပါသေးတယ်။

တစ်ချိန်လုံး ကြိုးစားနေဖို့တော့ ပြောနေခြင်းမဟုတ်ပါ။ အိုးကောင်းကောင်းလိုချင်ရင် နာနာရိုက်ရသလို ကိုယ့်ကိုယ်ကိုလည်း ခိုင်းမှ ဖြစ်ပါမယ်။ ဒါဆို တခြားအားလပ်ချိန်တွေထက် ကျွန်တော်တို့ နေ့စဉ် မဖြစ်မနေ အချိန်ပေးနေရတဲ့ ရုံးအသွားအပြန် ကားပေါ်က အချိန်တွေကို ကောင်းကောင်းအသုံးချလိုက်ရအောင်။

ကားပေါ်မှာ ကုန်ဆုံးနေတဲ့ သင့်အချိန်တွေထဲကနေ ပထမအနေနဲ့ပေါ့လေ ထိုင်ခုံနေရာများ ရခဲ့ရင် စာဖတ်တာတွေ၊ ဖြေရှင်းရမယ့်ပြဿနာတွေ၊ ဖုန်းဆက်စရာတွေ၊ မေးလ် ပို့စရာရှိတာတွေ စတဲ့ အရာတွေ လုပ်ဖို့ အကြံပြုပါတယ်။

ဒုတိယအနေနဲ့ မတ်တပ်ရပ်နေရတယ်ဆိုရင် နားကြပ်တပ်ပြီး သီချင်းနားထောင်မယ့်အစား Podcast လေးတွေ နားထောင်မယ်ဆို Listening Skill ဘယ်လောက်များ တိုးတက်လာနိုင်မလဲနော်။

နောက်ပြီး ကိုယ့် ထမင်းဘူးတွေ သူများပေးထားပြီး Facebook က Newsfeed ကို ကြည်မယ့်အစား ကိုယ်နှစ်သက်တဲ့ ဘာသာစကား Page တွေ၊ အကျိုးရှိတဲ့ Website တွေ ကြည့်မယ်ဆို Language Skills ဘယ်လောက်တိုးတက်လာလိမ့်မလဲနော်။

အပေါ်မှာ ပြောပြထားတဲ့ အရာအချို့ကို ကားစောင့်နေတဲ့ အချိန်တွေမှာလည်း လုပ်လို့ရတယ်နော်။ ကားပေါ်ရောက်မှပဲ လုပ်လို့ရတယ်ထင်မှာ စိုးလို့သိလား။ ဒါပေမယ့်ပေါ့လေ YBS aircon bus ကြီးကျော်သွားရင်တော့ မတတ်နိုင်ဘူးနော်။

——————————————————————————————————————————-

လူတစ်ယောက်စီတိုင်း တစ်နေ့ကို ၂၄ နာရီပိုင်ဆိုင်ကြပါတယ်။ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို လက်ရှိအနေအထားမှတစ်ဆင့် ပိုအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင် ဘယ်လိုအသုံးချကြမလဲ။

လူတိုင်း ၂၄ နာရီပဲ ပိုင်ဆိုင်ကြပါတယ်။ ထိုထဲမှာမှ တစ်မူထူးပြီး အောင်မြင်လာတဲ့သူတွေကို လေ့လာကြရအောင်။ အများစုကတော့ သူတို့ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို ကောင်းကောင်း ကိုင်တွယ် စီမံနိုင်တဲ့ လူတွေဖြစ်တယ်ဆိုတာကို တွေ့လိုက်ရတယ်။

ကျွန်တော်တို့တွေ လက်ရှိလုပ်ကိုင်နေတဲ့ အရာတွေထဲမှာ ရုံးအသွားအပြန်အချိန်တွေ၊ တစ်ကိုယ်ရည် အသုံးချတဲ့အချိန်တွေ၊ မိသားစုအတွက် အသုံးပြုရတဲ့အချိန်တွေ၊ အပန်းဖြေ အနားယူချိန်တွေကို လျော့ချလို့ရနိုင်မယ်ထင်ပါသလား။

မြန်မာနိုင်ငံ ယဉ်ကျေးမှုအရ အလုပ်လုပ်တဲ့အချိန်ကလွဲရင် မိသားစုအတွက် အချိန်ပေးဖို့၊ မိဘတွေအတွက် အချိန်ပေးဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။ ပြန်လည်လန်းဆန်းစေဖို့ အနားယူချိန်တွေကိုလည်း မဖြစ်မနေ ထားဖို့ လိုအပ်ပါသေးတယ်။

တစ်ချိန်လုံး ကြိုးစားနေဖို့တော့ ပြောနေခြင်းမဟုတ်ပါ။ အိုးကောင်းကောင်းလိုချင်ရင် နာနာရိုက်ရသလို ကိုယ့်ကိုယ်ကိုလည်း ခိုင်းမှ ဖြစ်ပါမယ်။ ဒါဆို တခြားအားလပ်ချိန်တွေထက် ကျွန်တော်တို့ နေ့စဉ် မဖြစ်မနေ အချိန်ပေးနေရတဲ့ ရုံးအသွားအပြန် ကားပေါ်က အချိန်တွေကို ကောင်းကောင်းအသုံးချလိုက်ရအောင်။

ကားပေါ်မှာ ကုန်ဆုံးနေတဲ့ သင့်အချိန်တွေထဲကနေ ပထမအနေနဲ့ပေါ့လေ ထိုင်ခုံနေရာများ ရခဲ့ရင် စာဖတ်တာတွေ၊ ဖြေရှင်းရမယ့်ပြဿနာတွေ၊ ဖုန်းဆက်စရာတွေ၊ မေးလ် ပို့စရာရှိတာတွေ စတဲ့ အရာတွေ လုပ်ဖို့ အကြံပြုပါတယ်။

ဒုတိယအနေနဲ့ မတ်တပ်ရပ်နေရတယ်ဆိုရင် နားကြပ်တပ်ပြီး သီချင်းနားထောင်မယ့်အစား Podcast လေးတွေ နားထောင်မယ်ဆို Listening Skill ဘယ်လောက်များ တိုးတက်လာနိုင်မလဲနော်။ နောက်ပြီး ကိုယ့် ထမင်းဘူးတွေ သူများပေးထားပြီး Facebook က Newsfeed ကို ကြည်မယ့်အစား ကိုယ်နှစ်သက်တဲ့ ဘာသာစကား Page တွေ၊ အကျိုးရှိတဲ့ Website တွေ ကြည့်မယ်ဆို Language Skills ဘယ်လောက်တိုးတက်လာလိမ့်မလဲနော်။

အပေါ်မှာ ပြောပြထားတဲ့ အရာအချို့ကို ကားစောင့်နေတဲ့ အချိန်တွေမှာလည်း လုပ်လို့ရတယ်နော်။ ကားပေါ်ရောက်မှပဲ လုပ်လို့ရတယ်ထင်မှာ စိုးလို့သိလား။ ဒါပေမယ့်ပေါ့လေ YBS aircon bus ကြီးကျော်သွားရင်တော့ မတတ်နိုင်ဘူးနော်။

Career, Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *