*** Unicode ***
ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့အတူ စက်ရုံ၊ အလုပ်ရုံတွေက ကမ္ဘာကြီးကို မြှင့်တင်ပေးနေသလို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ တီထွင်နိုင်မှုစွမ်းရည်တွေက ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်တယ် မဟုတ်ပါလား။
တီထွင်ဖန်တီးနိုင်မှုရှိပြီး တက်ကြွတဲ့ လူငယ်တစ်ယောက်အတွက်တော့ ဒါဟာ မဟာအခွင့်အရေးကြီးပါပဲ။ ဒါကြောင့် လုပ်ငန်းခွင်ထဲက သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို ဖော်ပြပေးလိုက်ပါမယ်။
သင်ခန်းစာ ၁။ ရလဒ်အသစ်တွေ အမြဲတိုးပွားနေအောင် သင်ယူပါ။
တူညီတဲ့ နေရာမှာ ရပ်နေရင်တောင် မင်းအနေနဲ့ မြန်မြန်ပြေးဖို့ လိုအပ်တာတွေ ရှိပါတယ်။ မင်းအနေနဲ့ တီထွင်ဖန်တီးနိုင်ဖို့ လိုပါတယ်။ ရလဒ်အသစ်တွေ ထွက်လာအောင် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးနိုင်အောင် ပြုလုပ်သင့်ပါတယ်။ စိတ်ကူးအကြံဉာဏ်တွေဟာ ယနေ့ခေတ်မှာတော့ ဈေးကြီးတဲ့ အရာတွေ ဖြစ်လာကြပါပြီ်။
သင်ခန်းစာ ၂။ လုပ်နိုင်တာထက်ပိုလုပ်တာက မင်းအတွက်စွမ်းရည် ပိုတိုးစေပါတယ်။
မင်းအနေနဲ့ ထူးခြားမှုကို ပိုင်ဆိုင်ချင်ပါသလား။ ဒါဆို ထူးခြားမှုတွေ ပြုလုပ်ပါ။ အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုကတော့ မင်းအခုလည်ပတ်လုပ်ဆောင်နေတဲ့ ပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး ရလဒ်အသစ်တွေ စိုက်ထူနေအောင် ကြိုးစားနေပါ။
အဲ့လို အမြဲလုပ်ဆောင်နေမယ်ဆို အတွေ့အကြုံသစ်တွေ၊ စွမ်းရည်သစ်တွေ အမျိုးမျိုးကို ရရှိလာနိုင်မှာဖြစ်ပါတယ်။
သင်ခန်းစာ ၃။ မင်းရဲ့ စိတ်ကူးအကြံဉာဏ်တွေကို ဝေမျှပါ။
မင်းမှာ ဘီလျံနာတစ်ယောက်လိုမျိုး စိတ်ကူးအကြံဉာဏ်ရှိလား။ အံသြမှင်သက်စရာကောင်းတဲ့ စိတ်ကူးအကြံဉာဏ်တွေက မင်းမပြောသရွေ့ ဘယ်သူမှသိမှာ မဟုတ်ပါဘူး။
မင်းရဲ့အကြံဉာဏ်တွေက ကြီးမားတဲ့သုတေသနတွေ ၊ ပြည့်စုံခိုင်လုံတဲ့ အချက်အလက်တွေ ရှိမယ်ဆို မင်းအနေနဲ့ ထိုစိတ်ကူးအကြံဉာဏ်တွေကို မဝေးတော့တဲ့အနာဂတ်မှာ မြင်တွေ့နိုင်ပါလိမ့်မယ်။
အထက်ဖော်ပြပါအတိုင်း မင်းလုပ်ဆောင်မယ်ဆို မင်းရဲ့တန်ဖိုးက စီးပွားရေးဈေးကွက်ထဲမှာ မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒါတွေက အလုပ်ကပေးတဲ့ သင်ခန်းစာတွေဆိုလည်း မမှားပါဘူး။ ဖိအားတွေ၊ စိတ်ညစ်စရာတွေလို့ မယူဆဘဲ လုပ်ငန်းခွင်က သင်ယူနိုင်တဲ့သင်ခန်းစာတွေလို့သာ မှတ်ယူလိုက်ပါ။
—————————————————————————————————————————
ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့အတူ စက်ရုံ၊ အလုပ်ရုံတွေက ကမ္ဘာကြီးကို မြှင့်တင်ပေးနေသလို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။
ကိုယ်စွမ်းကိုယ်စနဲ့ တီထွင်နိုင်မှုစွမ်းရည်တွေက ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်တယ် မဟုတ်ပါလား။
တီထွင်ဖန်တီးနိုင်မှုရှိပြီး တက်ကြွတဲ့ လူငယ်တစ်ယောက်အတွက်တော့ ဒါဟာ မဟာအခွင့်အရေးကြီးပါပဲ။ ဒါကြောင့် လုပ်ငန်းခွင်ထဲက သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို ဖော်ပြပေးလိုက်ပါမယ်။
သင်ခန်းစာ ၁။ ရလဒ်အသစ်တွေ အမြဲတိုးပွားနေအောင် သင်ယူပါ။
တူညီတဲ့ နေရာမှာ ရပ်နေရင်တောင် မင်းအနေနဲ့ မြန်မြန်ပြေးဖို့ လိုအပ်တာတွေ ရှိပါတယ်။ မင်းအနေနဲ့ တီထွင်ဖန်တီးနိုင်ဖို့ လိုပါတယ်။ ရလဒ်အသစ်တွေ ထွက်လာအောင် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးနိုင်အောင် ပြုလုပ်သင့်ပါတယ်။
စိတ်ကူးအကြံဉာဏ်တွေဟာ ယနေ့ခေတ်မှာတော့ ဈေးကြီးတဲ့ အရာတွေ ဖြစ်လာကြပါပြီ်။
သင်ခန်းစာ ၂။ လုပ်နိုင်တာထက်ပိုလုပ်တာက မင်းအတွက်စွမ်းရည် ပိုတိုးစေပါတယ်။
မင်းအနေနဲ့ ထူးခြားမှုကို ပိုင်ဆိုင်ချင်ပါသလား။ ဒါဆို ထူးခြားမှုတွေ ပြုလုပ်ပါ။
အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုကတော့ မင်းအခုလည်ပတ်လုပ်ဆောင်နေတဲ့ ပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး ရလဒ်အသစ်တွေ စိုက်ထူနေအောင် ကြိုးစားနေပါ။ အဲ့လို အမြဲလုပ်ဆောင်နေမယ်ဆို အတွေ့အကြုံသစ်တွေ၊ စွမ်းရည်သစ်တွေ အမျိုးမျိုးကို ရရှိလာနိုင်မှာဖြစ်ပါတယ်။
သင်ခန်းစာ ၃။ မင်းရဲ့ စိတ်ကူးအကြံဉာဏ်တွေကို ဝေမျှပါ။
မင်းမှာ ဘီလျံနာတစ်ယောက်လိုမျိုး စိတ်ကူးအကြံဉာဏ်ရှိလား။
အံသြမှင်သက်စရာကောင်းတဲ့ စိတ်ကူးအကြံဉာဏ်တွေက မင်းမပြောသရွေ့ ဘယ်သူမှသိမှာ မဟုတ်ပါဘူး။