လုပ်ငန်းခွင်မှာ “ပညာရှင်” ဆန်စေဖို့

#POINT #PointYouthPlatform

ပညာရှင်တွေမှာ မြင့်မားတဲ့ လူ့ကျင့်ဝတ်စံနှုန်းတွေ ရှိတတ်ကြပါတယ်။ သူတို့က အလုပ်မှာ ဂုဏ်သိက္ခာတရားနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မှုကို ပြသကြပြီး၊ အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်း၊ ဒါမှမဟုတ် စက်ရုံကို အကျိုးဖြစ်ထွန်းအောင် ကူညီပေးတတ်ကြပါတယ်။
လုပ်ငန်းခွင်မှာ ပိုပြီး ပညာရှင်ဆန်ဖို့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ စိတ်သဘောထားနဲ့ စတင်ရပါမယ်။ အလုပ်ကြိုးစားမှု၊ အလုပ်ပေါ် စိတ်နှစ်ထားမှု နဲ့ ခေါင်းဆောင်မှုတို့ကို လက်တွေ့လုပ်ဆောင်ဖို့ ရည်မှန်းချက် ထားရှိရပါမယ်။
လုပ်ငန်းနယ်ပယ်က တခြားသူများနဲ့လည်း ဆက်သွယ်ဖို့ နည်းလမ်းတွေ ရှာဖွေရပါမယ်။ ကိုယ့်အလုပ်ပေါ် သက်ရောက်နေတဲ့ တိုးတက်မှုအသစ်တွေကိုလည်း အသိမြင်များအောင် လုပ်ဆောင်ရပါမယ်။
လုပ်ငန်းခွင်မှာ ပိုပြီး ပညာရှင်ဆန်ဆန် ဖြစ်စေဖို့၊ အလုပ်မှာ စိတ်ကျေနပ်မှုကောင်းတွေ ရစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ပညာရှင်ဆန်တဲ့ စိတ်ထားရှိပါစေ။
ကိုယ့်အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထောက်အပံ့ ဖြစ်ပါစေ။ သူတို့ရဲ့ နောက်မှာ သူတို့အကြောင်း အတင်းမပြောပါနဲ့။ အလုပ်ကို အချိန်တိတိကျကျ ရောက်လာပြီး၊ အလုပ်ဆင်းတဲ့အချိန်ထိနေခြင်းအားဖြင့် ကုမ္ပဏီမှာ စိတ်နှစ်ထားကြောင်း ပြသပါ။ လိုအပ်တဲ့အခါ ညည်းညူမှုမရှိဘဲ အချိန်ပို လုပ်ဆောင်ပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူညီ မယူဘဲ သူတို့ကို လေးလေးစားစား ဆက်ဆံပါ။ မလိုအပ်ဘဲ သူတို့ရဲ့ အချိန်တွေကို မယူပါနဲ့။ သူတို့ရဲ့ လုပ်ငန်းပြီးမြောက်မှုအတွက် လှိ်ုက်လှိုက်လှဲလှဲ ချီးကျူးပေးပါ။

(၂) ပညာရှင်ဆန်ဆန် ရင့်ကျက်မှုကို ပြသပါ။
ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ကိုင်ပါ။ ကိုယ့်အမှားတွေအတွက် တာဝန်ခံမှု ရှိပါစေ။ တကယ်လို့ သင်က အမှားတစ်ခု ပြုလုပ်လိုက်ရင်၊ တခြားသူတွေ၊ ဒါမှမဟုတ် ဘယ်အရာကိုမှ အပြစ်မလွှဲချပါနဲ့။ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းပါ။ ပြဿနာဖြစ်လာတဲ့အခါ ပိုပြီး ကြီးမလာစေဖို့ ချက်ချင်း ဆောင်ရွက်ပါ။ ဝန်ထမ်းအချင်းချင်း အသေးအဖွဲ ငြင်းခုံမှုတွေကို ရှောင်ရှားပါ။ ရုံးမှာ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဆွေးနွေးတာမျိုး မလုပ်ပါနဲ့။ အရေးပေါ်ကိစ္စမရှိဘဲ၊ ဖုန်းဆက်တာ၊ အီးမေလ်းပို့တာမျိုး မလုပ်ဖို့ မိသားစုတွေ၊ သူငယ်ချင်းတွေကို ပြောထားပါ။ ရေဒီယို၊ ကွန်ပျူတာ ဂိမ်းတွေ၊ သရေမုန့်တွေ စတဲ့ သင့်ရဲ့ စားပွဲပေါ်က အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကို ဖယ်ရှားပစ်ပါ။

(၃) ပညာရှင်ဆန်ဆန် အဝတ်အစား ဝတ်ဆင်ပါ။
သင့်ရဲ့ လုပ်ငန်းခွင်က လက်ခံနိုင်ပြီး အထက်တန်းကျမှုကို ထင်ဟပ်စေတဲ့ ရိုးရိုးနဲ့ ယဉ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။ ဥပမာအားဖြင့် ရုံးတွင်းမှာ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေက လက်ခံနိုင်ဖွယ်ရှိပေမဲ့၊ လုပ်ငန်း ဝတ်စုံကတော့ သင့်က အနားယူဖို့ ရောက်လာတာ မဟုတ်ဘဲ အလုပ်လုပ်ဖို့ ရောက်လာတာလို့ ညွှန်ပြနိုင်ပါတယ်။ သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်ကို စီးပြီး၊ ယုံကြည်ချက်ရှိရှိ လမ်းလျှောက်ပါ။ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ ပိုက်ဆံအိတ်ကြီးတွေကို ရုံးသုံးလက်စွဲအိတ်သို့ အဆင့်မြင့်ပါ။

(၄) မိမိအချိန်နဲ့ အလုပ်နေရာကို စီမံပါ။
ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာ ပြက္ခဒိန်တစ်ခုထားပါ၊ ချိန်းထားတဲ့အလုပ်တွေ၊ အလုပ် ရက်ချိန်းတွေကို မှတ်သားထားပါ။ အစည်းအဝေးနဲ့ အလုပ်တွေပါတဲ့ အချိန်ဇယားတွေပါတဲ့ ပြက္ခဒိန်ကို ပုံမှန်စစ်ဆေးပေးပါ။ ဖုန်းတွေ၊ အီးမေးလ်တွေရဲ့ တောင်းဆိုချက်တွေကြောင့် စိတ်ထိခိုက်တယ်လို့ ခံစားနေရရင်၊ မနက်ခင်းနဲ့ နေ့လည်မှာ မက်ဆေ့ချ်တွေကို တိကျတဲ့အချိန် သတ်မှတ်ကာ ပြန်ကြည့်ပြီး တုံ့ပြန်ပြောဆိုပေးပါ။ အလုပ်ဖိုင်တွဲတွေ နဲ့ လိုအပ်တဲ့ ပစ္စည်းတွေ အဆင့်သင့် ရှာတွေ့ဖို့အတွက် အလုပ်နေရာကို စနစ်တကျ ထားရှိပါ။ နေရာကို ကောင်းစွာ ထိန်းသိမ်းခြင်းက ထိရောက်တဲ့ ဖြေရှင်းချက်တွေ ရရှိနိုင်ပါတယ်။

(၅) ကိုယ့်အလုပ်မှာ ခေါင်းဆောင်ဖြစ်ပါစေ။
အစီအစဉ်တင်ဆက်မှုတွေ ဆောင်ရွက်ပါ။ ကော်မတီဝင်များကို ဦးဆောင်ပါ။ ပညာရှင် အဖွဲ့အစည်းတွေမှာ ဝင်ရောက်အဆက်သွယ်ပြုလုပ်ပါ။ ဟောပြောပွဲတွေနဲ့ လုပ်ငန်းဆိုင်ရာ စာအုပ်တွေမှတစ်ဆင့် ကိုယ့်ရဲ့ သက်မွေးလုပ်ငန်းမှာ အပြောင်းအလဲတွေနဲ့အတူ ခေတ်နဲ့အညီ နေထိုင်ပါ။ ကိုယ်လေ့လာထားတဲ့ အကြောင်းအရာတွေကို လုပ်ဖော်ကိ်ုင်ဖက်တွေဆီ ဝေမျှပါ။ ခက်ခဲတဲ့အလုပ်တာဝန်တွေကို ဖြေရှင်းနိုင်တဲ့သူ ဖြစ်ပါစေ။

(၆) ပညာရှင်ဆန်တဲ့ အပြုအမူနဲ့ ဆက်ဆံပါ။
မျက်လုံးချင်းဆုံပြီး ပြောဆိုတတ်ပါစေ။ ခိုင်ခိုင်မာမာနဲ့ လက်ဆွဲနှုတ်ဆက်တတ်ဖို့ လေ့ကျင့်ပါ။ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောဆိုပါ။ တခြားသူတွေ စကားပြောတဲ့အခါ အာရုံစိုက်ပြီး နားထောင်ပေးပါ။ တခြားသူတွေက သင့်ရဲ့ စိတ်ကူးတွေကို စိန်ခေါ်နေတယ်ဆိုရင် တည်တည်ငြိမ်ငြိမ်ရှိပါစေ။ လူထုကြားမှာ စကားပြောဆိုရတာ အဆင်ပြေမှု မရှိရင်၊ အခမ်းအနားမှုးတွေနဲ့ ဆက်သွယ်ပြီး လေ့ကျင့်နိုင်ပါတယ်။

Translator : Hsu Mi San

*** Unicode ***

#POINT #PointYouthPlatform

ပညာရှင်တွေမှာ မြင့်မားတဲ့ လူ့ကျင့်ဝတ်စံနှုန်းတွေ ရှိတတ်ကြပါတယ်။ သူတို့က အလုပ်မှာ ဂုဏ်သိက္ခာတရားနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မှုကို ပြသကြပြီး၊ အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်း၊ ဒါမှမဟုတ် စက်ရုံကို အကျိုးဖြစ်ထွန်းအောင် ကူညီပေးတတ်ကြပါတယ်။လုပ်ငန်းခွင်မှာ ပိုပြီး ပညာရှင်ဆန်ဖို့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ စိတ်သဘောထားနဲ့ စတင်ရပါမယ်။

အလုပ်ကြိုးစားမှု၊ အလုပ်ပေါ် စိတ်နှစ်ထားမှု နဲ့ ခေါင်းဆောင်မှုတို့ကို လက်တွေ့လုပ်ဆောင်ဖို့ ရည်မှန်းချက် ထားရှိရပါမယ်။လုပ်ငန်းနယ်ပယ်က တခြားသူများနဲ့လည်း ဆက်သွယ်ဖို့ နည်းလမ်းတွေ ရှာဖွေရပါမယ်။

ကိုယ့်အလုပ်ပေါ် သက်ရောက်နေတဲ့ တိုးတက်မှုအသစ်တွေကိုလည်း အသိမြင်များအောင် လုပ်ဆောင်ရပါမယ်။လုပ်ငန်းခွင်မှာ ပိုပြီး ပညာရှင်ဆန်ဆန် ဖြစ်စေဖို့၊ အလုပ်မှာ စိတ်ကျေနပ်မှုကောင်းတွေ ရစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) ပညာရှင်ဆန်တဲ့ စိတ်ထားရှိပါစေ။

ကိုယ့်အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထောက်အပံ့ ဖြစ်ပါစေ။ သူတို့ရဲ့ နောက်မှာ သူတို့အကြောင်း အတင်းမပြောပါနဲ့။ အလုပ်ကို အချိန်တိတိကျကျ ရောက်လာပြီး၊ အလုပ်ဆင်းတဲ့အချိန်ထိနေခြင်းအားဖြင့် ကုမ္ပဏီမှာ စိတ်နှစ်ထားကြောင်း ပြသပါ။ လိုအပ်တဲ့အခါ ညည်းညူမှုမရှိဘဲ အချိန်ပို လုပ်ဆောင်ပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူညီ မယူဘဲ သူတို့ကို လေးလေးစားစား ဆက်ဆံပါ။ မလိုအပ်ဘဲ သူတို့ရဲ့ အချိန်တွေကို မယူပါနဲ့။ သူတို့ရဲ့ လုပ်ငန်းပြီးမြောက်မှုအတွက် လှို်က်လှိုက်လှဲလှဲ ချီးကျူးပေးပါ။

(၂) ပညာရှင်ဆန်ဆန် ရင့်ကျက်မှုကို ပြသပါ။

ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ကိုင်ပါ။ ကိုယ့်အမှားတွေအတွက် တာဝန်ခံမှု ရှိပါစေ။ တကယ်လို့ သင်က အမှားတစ်ခု ပြုလုပ်လိုက်ရင်၊ တခြားသူတွေ၊ ဒါမှမဟုတ် ဘယ်အရာကိုမှ အပြစ်မလွှဲချပါနဲ့။ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းပါ။ ပြဿနာဖြစ်လာတဲ့အခါ ပိုပြီး ကြီးမလာစေဖို့ ချက်ချင်း ဆောင်ရွက်ပါ။ ဝန်ထမ်းအချင်းချင်း အသေးအဖွဲ ငြင်းခုံမှုတွေကို ရှောင်ရှားပါ။ ရုံးမှာ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဆွေးနွေးတာမျိုး မလုပ်ပါနဲ့။ အရေးပေါ်ကိစ္စမရှိဘဲ၊ ဖုန်းဆက်တာ၊ အီးမေလ်းပို့တာမျိုး မလုပ်ဖို့ မိသားစုတွေ၊ သူငယ်ချင်းတွေကို ပြောထားပါ။ ရေဒီယို၊ ကွန်ပျူတာ ဂိမ်းတွေ၊ သရေမုန့်တွေ စတဲ့ သင့်ရဲ့ စားပွဲပေါ်က အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကို ဖယ်ရှားပစ်ပါ။

(၃) ပညာရှင်ဆန်ဆန် အဝတ်အစား ဝတ်ဆင်ပါ။

သင့်ရဲ့ လုပ်ငန်းခွင်က လက်ခံနိုင်ပြီး အထက်တန်းကျမှုကို ထင်ဟပ်စေတဲ့ ရိုးရိုးနဲ့ ယဉ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။ ဥပမာအားဖြင့် ရုံးတွင်းမှာ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေက လက်ခံနိုင်ဖွယ်ရှိပေမဲ့၊ လုပ်ငန်း ဝတ်စုံကတော့ သင့်က အနားယူဖို့ ရောက်လာတာ မဟုတ်ဘဲ အလုပ်လုပ်ဖို့ ရောက်လာတာလို့ ညွှန်ပြနိုင်ပါတယ်။ သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်ကို စီးပြီး၊ ယုံကြည်ချက်ရှိရှိ လမ်းလျှောက်ပါ။ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ ပိုက်ဆံအိတ်ကြီးတွေကို ရုံးသုံးလက်စွဲအိတ်သို့ အဆင့်မြင့်ပါ။

(၄) မိမိအချိန်နဲ့ အလုပ်နေရာကို စီမံပါ။

ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာ ပြက္ခဒိန်တစ်ခုထားပါ၊ ချိန်းထားတဲ့အလုပ်တွေ၊ အလုပ် ရက်ချိန်းတွေကို မှတ်သားထားပါ။ အစည်းအဝေးနဲ့ အလုပ်တွေပါတဲ့ အချိန်ဇယားတွေပါတဲ့ ပြက္ခဒိန်ကို ပုံမှန်စစ်ဆေးပေးပါ။

ဖုန်းတွေ၊ အီးမေးလ်တွေရဲ့ တောင်းဆိုချက်တွေကြောင့် စိတ်ထိခိုက်တယ်လို့ ခံစားနေရရင်၊ မနက်ခင်းနဲ့ နေ့လည်မှာ မက်ဆေ့ချ်တွေကို တိကျတဲ့အချိန် သတ်မှတ်ကာ ပြန်ကြည့်ပြီး တုံ့ပြန်ပြောဆိုပေးပါ။

အလုပ်ဖိုင်တွဲတွေ နဲ့ လိုအပ်တဲ့ ပစ္စည်းတွေ အဆင့်သင့် ရှာတွေ့ဖို့အတွက် အလုပ်နေရာကို စနစ်တကျ ထားရှိပါ။ နေရာကို ကောင်းစွာ ထိန်းသိမ်းခြင်းက ထိရောက်တဲ့ ဖြေရှင်းချက်တွေ ရရှိနိုင်ပါတယ်။

(၅) ကိုယ့်အလုပ်မှာ ခေါင်းဆောင်ဖြစ်ပါစေ။

အစီအစဉ်တင်ဆက်မှုတွေ ဆောင်ရွက်ပါ။ ကော်မတီဝင်များကို ဦးဆောင်ပါ။ ပညာရှင် အဖွဲ့အစည်းတွေမှာ ဝင်ရောက်အဆက်သွယ်ပြုလုပ်ပါ။ ဟောပြောပွဲတွေနဲ့ လုပ်ငန်းဆိုင်ရာ စာအုပ်တွေမှတစ်ဆင့် ကိုယ့်ရဲ့ သက်မွေးလုပ်ငန်းမှာ အပြောင်းအလဲတွေနဲ့အတူ ခေတ်နဲ့အညီ နေထိုင်ပါ။ ကိုယ်လေ့လာထားတဲ့ အကြောင်းအရာတွေကို လုပ်ဖော်ကို်င်ဖက်တွေဆီ ဝေမျှပါ။ ခက်ခဲတဲ့အလုပ်တာဝန်တွေကို ဖြေရှင်းနိုင်တဲ့သူ ဖြစ်ပါစေ။

(၆) ပညာရှင်ဆန်တဲ့ အပြုအမူနဲ့ ဆက်ဆံပါ။

မျက်လုံးချင်းဆုံပြီး ပြောဆိုတတ်ပါစေ။ ခိုင်ခိုင်မာမာနဲ့ လက်ဆွဲနှုတ်ဆက်တတ်ဖို့ လေ့ကျင့်ပါ။ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောဆိုပါ။ တခြားသူတွေ စကားပြောတဲ့အခါ အာရုံစိုက်ပြီး နားထောင်ပေးပါ။ တခြားသူတွေက သင့်ရဲ့ စိတ်ကူးတွေကို စိန်ခေါ်နေတယ်ဆိုရင် တည်တည်ငြိမ်ငြိမ်ရှိပါစေ။ လူထုကြားမှာ စကားပြောဆိုရတာ အဆင်ပြေမှု မရှိရင်၊ အခမ်းအနားမှုးတွေနဲ့ ဆက်သွယ်ပြီး လေ့ကျင့်နိုင်ပါတယ်။

Translator : Hsu Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *