“ဆယ်ကျော်သက်တွေအတွက် အချိန်ပိုင်းအလုပ်အကိုင်တွေ”

*** Unicode ***

#POINT #PointYouthPlatform

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေကို အချိန်ပိုင်းအလုပ်တွေက စာကျက်ခြင်းကို နှောင့်ယှက်မယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ အလုပ်မှာ ကောင်းကျိုး များစွာရှိပါတယ်။သင့်ကလေးက အဖွဲ့အစည်း၊အချိန်နဲ့ လုပ်ကိုင်တတ်တဲ့ စွမ်းရည်ကို ရရှိနိုင်ပါတယ်။

နောက်ပိုင်း အလုပ်တွေလျှောက်တဲ့အခါမှာ သူတို့ရဲ့ အလုပ်ရှင်ကနေ ထောက်ခံချက်တွေ ရနို်င်ပါတယ်။

အပိုငွေ( မုန့်ဖိုး )ရနိုင်ပါတယ်။”အချိန်ပိုင်းအလုပ်ဆိုတာ အကောင်းဆုံး အခွင့်အရေးပါ၊ အလုပ်ကနေ လုပ်ငန်းခွင်ရဲ့ စည်းမျဉ်းတွေကို နားလည်လာနိုင်တယ်၊ အချိန်ကို ကောင်းကောင်း အသုံးချဖို့ ၊ တာဝန်ယူမှု၊ တာဝန်ခံမှု နဲ့ အသင်းအဖွဲ့နဲ့ လုပ်ကိုင်တတ်မှု စတာတွေကို သင်ကြားပေးတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တည်ဆောက်နို်င်ပါတယ်” လို့ အလုပ်အကိုင် အကြံပေးပုဂ္ဂိုလ် Graeme Barrettက ပြောပါတယ်။

တချို့ လူငယ်တွေက သူတို့ရဲ့ အချိန်ပိုင်းအလုပ်နဲ့ သက်မွေးဝမ်းကျောင်းပြုနေကြပါတယ်။ အချိန်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေက ရရှိတဲ့ငွေကြေးတွေကနေ သူတို့တက်ချင်တဲ့ သင်တန်းတွေ၊ သူတို့ဘဝအတွက် လိုအပ်တဲ့ ပညာရေးတွေအတွက်လည်း ပြန်လည်သုံးစွဲနိုင်မှာပါ။

သင့်ကလေးက အချိန်ပိုင်းအလုပ် ရှာနေတယ်ဆိုရင် သူတို့ကို အလုပ်အတွက်အခွင့်လမ်း ရှာပေးပါ။ အချိန်ပိုင်းအလုပ်ကို ရှာဖွေနေတဲ့ လူငယ်တွေအတွက် အလုပ်အများစုကတော့ ဈေးဆိုင်များ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အသင့်စားစားသောက်ဆိုင်များ၊ ဖုန်းခေါ်ဌာနများ (Call Centre) စတာတွေ ဖြစ်ပါတယ်။အချိတ်ဆက်ရှိဖို့ အားပေးပါ။

“မိဘတွေက သူတို့သိတဲ့အဆက်သွယ်ကနေတစ်ဆင့် အချိန်ပိုင်းအလုပ်ကို ရရှိအောင် လူငယ်တွေကို ကူညီပေးနိုင်ပါတယ်၊ တချို့က သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းခွင်မှာပဲ အချိ်န်ပို်င်းအလုပ်ကို ရှာဖွေပေးနို်င်ပြီး တစ်ခါတလေ သူတို့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုမှတစ်ဆင့် အလုပ်ရရှိနို်င်ပါတယ်” လို့ Graeme က ရှင်းပြပါတယ်။

အချိ်တ်ဆက်က လုပ်ငန်းနယ်ပယ်နဲ့ ဆက်စပ်တဲ့ ကိုယ့်ကလေးရဲ့ စိတ်ဝင်စားမှုရှိရပါမယ်။ ဒါ့အပြင် မိသားစုတွေ၊ သူငယ်ချင်းတွေရဲ့ လက်တစ်ကမ်းမှာ ရှိတာ ပိုကောင်းပါတယ်။မိမိကလေးနဲ့အတူ ထိုင်ကာ သူတို့သိတဲ့ အဆက်သွယ်တွေကို ရှာဖွေပါ။

သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေ အပါအဝင် သင်သိတဲ့သူတွေကို စာရင်းပြုစုပါ။ သူတို့အလုပ်ရှိတဲ့နေရာ နဲ့ သူတို့လုပ်နေတဲ့ အလုပ်တွေကို ချရေးပါ။ ဒီလိုလုပ်တာက အကြံဉာဏ်တချို့ ရနို်င်ပါလိမ့်မယ်။သင်ကူညီနိုင်တဲ့ လူအနည်းငယ်ကို သတ်မှတ်ပြီးတာနဲ့ ကိုယ့်ကလေးကို ဆက်သွယ်ခိုင်းပါ။

လာမယ့်အလုပ်နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်လိုအပ်ချက်တွေကို သိအောင်လုပ်ခိုင်းပါ။ ဒါမှမဟုတ် ကိုယ့်ကို ခန့်အပ်မယ့်သူနဲ့ လူချင်းသွားမိတ်ဆက်ခိုင်းပါ။သူတို့ရဲ့ အလုပ်ချိန်ဇယားကိုလည်း ကူညီပေးပါ။ ကျောင်းစာတွေလုပ်ဖို့ကလည်း အရေးကြီးပါတယ်။

သူတို့ရဲ့ အချိန်ကို ခန့်ခွဲနို်င်ပြီး၊ စာလေ့လာတာကို အံကိုက်ဖြစ်အောင် အစီအစဉ်ဆွဲပေးရပါမယ်။ ကျောင်း၊ အလုပ်နဲ့ အားကစားလုပ်တာ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ တွေ့တာ စသဖြင့် သူတို့လုပ်ချင်တာတွေ လုပ်နိုင်ဖို့လည်း စီစဉ်ပေးရပါမယ်။

တကယ်လို့ သင့်ကလေးက ကျောင်းချိန်နဲ့ အလုပ်ချိန် တိုက်ပြီး၊ ပင်ပင်ပန်းပန်း လုပ်နေရတယ်ဆိုရင်၊ အကောင်းဆုံးကတော့ သူတို့ရဲ့ အလုပ်ရှင်နဲ့ ဆွေးနွေးဖို့ပါပဲ။ စာသင်ကြားမှု ရပ်နားချိန်လည်း ရှိရပါမယ်။ အဲ့ဒိချိန်မှာ တစ်ခြားသူနဲ့ အလှည့်ကျ ပြောင်းရှွေ့လုပ်ခိုင်းတာမျိုး အခွင့်ရေး ရှိရပါမယ်။

Translator : Hsu Mi San

——————————————————————————————————————————-

#POINT #PointYouthPlatform

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေကို အချိန်ပိုင်းအလုပ်တွေက စာကျက်ခြင်းကို နှောင့်ယှက်မယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ အလုပ်မှာ ကောင်းကျိုး များစွာရှိပါတယ်။
သင့်ကလေးက အဖွဲ့အစည်း၊အချိန်နဲ့ လုပ်ကိုင်တတ်တဲ့ စွမ်းရည်ကို ရရှိနိုင်ပါတယ်။ နောက်ပိုင်း အလုပ်တွေလျှောက်တဲ့အခါမှာ သူတို့ရဲ့ အလုပ်ရှင်ကနေ ထောက်ခံချက်တွေ ရနိ်ုင်ပါတယ်။ အပိုငွေ( မုန့်ဖိုး )ရနိုင်ပါတယ်။
“အချိန်ပိုင်းအလုပ်ဆိုတာ အကောင်းဆုံး အခွင့်အရေးပါ၊ အလုပ်ကနေ လုပ်ငန်းခွင်ရဲ့ စည်းမျဉ်းတွေကို နားလည်လာနိုင်တယ်၊ အချိန်ကို ကောင်းကောင်း အသုံးချဖို့ ၊ တာဝန်ယူမှု၊ တာဝန်ခံမှု နဲ့ အသင်းအဖွဲ့နဲ့ လုပ်ကိုင်တတ်မှု စတာတွေကို သင်ကြားပေးတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တည်ဆောက်နိ်ုင်ပါတယ်” လို့ အလုပ်အကိုင် အကြံပေးပုဂ္ဂိုလ် Graeme Barrettက ပြောပါတယ်။
တချို့ လူငယ်တွေက သူတို့ရဲ့ အချိန်ပိုင်းအလုပ်နဲ့ သက်မွေးဝမ်းကျောင်းပြုနေကြပါတယ်။ အချိန်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေက ရရှိတဲ့ငွေကြေးတွေကနေ သူတို့တက်ချင်တဲ့ သင်တန်းတွေ၊ သူတို့ဘဝအတွက် လိုအပ်တဲ့ ပညာရေးတွေအတွက်လည်း ပြန်လည်သုံးစွဲနိုင်မှာပါ။
သင့်ကလေးက အချိန်ပိုင်းအလုပ် ရှာနေတယ်ဆိုရင် သူတို့ကို အလုပ်အတွက်အခွင့်လမ်း ရှာပေးပါ။ အချိန်ပိုင်းအလုပ်ကို ရှာဖွေနေတဲ့ လူငယ်တွေအတွက် အလုပ်အများစုကတော့ ဈေးဆိုင်များ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အသင့်စားစားသောက်ဆိုင်များ၊ ဖုန်းခေါ်ဌာနများ (Call Centre) စတာတွေ ဖြစ်ပါတယ်။
အချိတ်ဆက်ရှိဖို့ အားပေးပါ။ “မိဘတွေက သူတို့သိတဲ့အဆက်သွယ်ကနေတစ်ဆင့် အချိန်ပိုင်းအလုပ်ကို ရရှိအောင် လူငယ်တွေကို ကူညီပေးနိုင်ပါတယ်၊ တချို့က သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းခွင်မှာပဲ အချိ်န်ပိ်ုင်းအလုပ်ကို ရှာဖွေပေးနိ်ုင်ပြီး တစ်ခါတလေ သူတို့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုမှတစ်ဆင့် အလုပ်ရရှိနိ်ုင်ပါတယ်” လို့ Graeme က ရှင်းပြပါတယ်။
အချိ်တ်ဆက်က လုပ်ငန်းနယ်ပယ်နဲ့ ဆက်စပ်တဲ့ ကိုယ့်ကလေးရဲ့ စိတ်ဝင်စားမှုရှိရပါမယ်။ ဒါ့အပြင် မိသားစုတွေ၊ သူငယ်ချင်းတွေရဲ့ လက်တစ်ကမ်းမှာ ရှိတာ ပိုကောင်းပါတယ်။
မိမိကလေးနဲ့အတူ ထိုင်ကာ သူတို့သိတဲ့ အဆက်သွယ်တွေကို ရှာဖွေပါ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေ အပါအဝင် သင်သိတဲ့သူတွေကို စာရင်းပြုစုပါ။ သူတို့အလုပ်ရှိတဲ့နေရာ နဲ့ သူတို့လုပ်နေတဲ့ အလုပ်တွေကို ချရေးပါ။ ဒီလိုလုပ်တာက အကြံဉာဏ်တချို့ ရနိ်ုင်ပါလိမ့်မယ်။
သင်ကူညီနိုင်တဲ့ လူအနည်းငယ်ကို သတ်မှတ်ပြီးတာနဲ့ ကိုယ့်ကလေးကို ဆက်သွယ်ခိုင်းပါ။ လာမယ့်အလုပ်နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်လိုအပ်ချက်တွေကို သိအောင်လုပ်ခိုင်းပါ။ ဒါမှမဟုတ် ကိုယ့်ကို ခန့်အပ်မယ့်သူနဲ့ လူချင်းသွားမိတ်ဆက်ခိုင်းပါ။
သူတို့ရဲ့ အလုပ်ချိန်ဇယားကိုလည်း ကူညီပေးပါ။ ကျောင်းစာတွေလုပ်ဖို့ကလည်း အရေးကြီးပါတယ်။
သူတိုု့ရဲ့ အချိန်ကို ခန့်ခွဲနိ်ုင်ပြီး၊ စာလေ့လာတာကို အံကိုက်ဖြစ်အောင် အစီအစဉ်ဆွဲပေးရပါမယ်။ ကျောင်း၊ အလုပ်နဲ့ အားကစားလုပ်တာ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ တွေ့တာ စသဖြင့် သူတို့လုပ်ချင်တာတွေ လုပ်နိုင်ဖို့လည်း စီစဉ်ပေးရပါမယ်။
တကယ်လို့ သင့်ကလေးက ကျောင်းချိန်နဲ့ အလုပ်ချိန် တိုက်ပြီး၊ ပင်ပင်ပန်းပန်း လုပ်နေရတယ်ဆိုရင်၊ အကောင်းဆုံးကတော့ သူတို့ရဲ့ အလုပ်ရှင်နဲ့ ဆွေးနွေးဖို့ပါပဲ။ စာသင်ကြားမှု ရပ်နားချိန်လည်း ရှိရပါမယ်။ အဲ့ဒိချိန်မှာ တစ်ခြားသူနဲ့ အလှည့်ကျ ပြောင်းရွေွှ့လုပ်ခိုင်းတာမျိုး အခွင့်ရေး ရှိရပါမယ်။

Translator : Hsu Mi San

 

Career

Leave a Reply

Your email address will not be published. Required fields are marked *