ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ ဘာကြောင့်လိုအပ်တာလဲ

*** Unicode ***

#POINT #PointYouthPlatform

ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ဆိုတာက မင်းရဲ့အလုပ်၊ ပညာရေး၊ ကိုယ်ပိုင်ဘဝ စတဲ့ နေရာအသီးသီးမှာ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်နေရမယ့် လုပ်ငန်းစဉ်တစ်ခုပါပဲ။ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ အစီအစဉ်တွေက အပြောင်းအလဲတွေ စိန်ခေါ်မှုတွေ ကြောင့် ရလာနိုင်တဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အထောက်အကူပေးပါတယ်။

ဒါမှ ဘဝမှာ နယ်ပယ်အသီးသီးမှာ ထူးချွှန်သူတစ်ယောက် ဖြစ်လာနိုင်မှာပါ။ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့က ဘဝမှာ ဦးစားပေးဖြစ်သင့်ရတဲ့ အကြောင်းအရင်းလေးခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ မင်းကိုသာမန်ဘဝလေးကနေလွတ်မြောက်စေနိုင်ပါတယ်။

မင်းသဘောမကျတဲ့အလုပ် ဒါမှမဟုတ် မင်းသိပ်မလုပ်နိုင်တဲ့အလုပ်တို့ ရှိနေခဲ့မယ်ဆိုရင် ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမယ့်အစီအစဉ်က ဒီအားနည်းချက်ကို တိုးတက်လာစေဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

ဒါတွေကို ရင်ဆိုင်ပြီးတော့ တိုးတက်အောင်လုပ်မယ်ဆိုရင် မင်းကို သာမန်ဘဝလေးကနေ ထိုးထွက်လာနိုင်စေဖို့ တွန်းပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ မင်းရဲ့အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို ပိုပြီးတော့ ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

၂။ အားသာချက်တွေကို ပိုကောင်းမွန်လာစေနိုင်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမယ့် အစီအစဉ်က မင်းရဲ့အားနည်းချက်တွေကို တိုးတက်လာစေနိုင်ရုံသာမကပဲ အားသာချက်တွေကိုလဲ ပိုကောင်းမွန်လာစေနိုင်ပါတယ်။

မင်းရဲ့အားသာချက်တွေအပေါ်မှာ အသုံးချပြီး ပြုစုပျိုးထောင်ပေးဖို့ကို အချိန်ပေး အာရုံစိုက်လိုက်မယ်ဆိုရင် မင်းကတော့ တစ်ခုခုမှာ ကောင်းမွန်ရာကနေ အတော်ဆုံးဖြစ်လာနိုင်ပါတယ်။

မင်းတော်နေပြီးသားအရာတစ်ခုက ပိုကောင်းမွန်ကျွမ်းကျင်လာပြီး မင်းရဲ့ပန်းတိုင်တွေကို ပိုအလွယ်တကူရောက်သွားစေနိုင်ပါတယ်။

၃။ ယုံကြည်မှုကို မြင့်တက်စေနိုင်ပါတယ်။

မင်းရဲ့ကျွမ်းကျင်မှုတွေကို တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာက ယုံကြည်မှုပိုရှိလာစေဖို့ ခြေတစ်လှမ်းပိုနီးစပ်လာစေတာပါပဲ။ပန်းတိုင်တစ်ခုကို ရောက်သွားတာနဲ့ ဘဝမှာ နောက်ထပ်ကျွမ်းကျင်မှုတစ်ခုကို ရောက်သွားတာပါပဲ။

ဒါဆိုရင် မင်းကိုယ်မင်း တော်တယ်ဆိုတဲ့အသိစိတ် ဝင်လာနိုင်ပါတယ်။မင်းယုံကြည်မှုမရှိတဲ့ဘဝကို ပိုကောင်းမွန်အောင်ကြိုးစားလေလေ မင်းရဲ့ယုံကြည်မှုအဆင့်က ပိုပြီးတော့ မြင့်တက်လာနိုင်လေလေပါပဲ။

၄။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စွမ်းတိုးတက်လာစေနိုင်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေဖို့ဆိုတာက ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်မှုနဲ့ ဆက်စပ်နေပါတယ်။မင်းဘဝမှာ ဘာတွေတိုးတက်အောင်လုပ်ဖို့ လိုအပ်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း သုံးသပ်နိုင်ပါတယ်။မင်းဘယ်လိုလူလဲဆိုတာနဲ့ မင်းရဲ့စစ်မှန်တဲ့တန်ဖိုးတွေ ဘဝမှာဘာတွေဖြစ်ချင်လဲဆိုတာတွေကို မင်းကသိလာရပါတယ်။

ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ လုပ်ဆောင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို သတိထားမိလာပြီး ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စွမ်းလည်း မြင့်မားလာပါတယ်။

Translator : Su Mon

——————————————————————————————————————————-

#POINT #PointYouthPlatform

ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ဆိုတာက မင်းရဲ့အလုပ်၊ ပညာရေး၊ ကိုယ်ပိုင်ဘဝ စတဲ့ နေရာအသီးသီးမှာ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်နေရမယ့် လုပ်ငန်းစဉ်တစ်ခုပါပဲ။
ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ အစီအစဉ်တွေက အပြောင်းအလဲတွေ စိန်ခေါ်မှုတွေ ကြောင့် ရလာနိုင်တဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အထောက်အကူပေးပါတယ်။ ဒါမှ ဘဝမှာ နယ်ပယ်အသီးသီးမှာ ထူးချွှန်သူတစ်ယောက် ဖြစ်လာနိုင်မှာပါ။


ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့က ဘဝမှာ ဦးစားပေးဖြစ်သင့်ရတဲ့ အကြောင်းအရင်းလေးခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁။ မင်းကိုသာမန်ဘဝလေးကနေလွတ်မြောက်စေနိုင်ပါတယ်။
မင်းသဘောမကျတဲ့အလုပ် ဒါမှမဟုတ် မင်းသိပ်မလုပ်နိုင်တဲ့အလုပ်တို့ ရှိနေခဲ့မယ်ဆိုရင် ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမယ့်အစီအစဉ်က ဒီအားနည်းချက်ကို တိုးတက်လာစေဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
ဒါတွေကို ရင်ဆိုင်ပြီးတော့ တိုးတက်အောင်လုပ်မယ်ဆိုရင် မင်းကို သာမန်ဘဝလေးကနေ ထိုုးထွက်လာနိုင်စေဖို့ တွန်းပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ မင်းရဲ့အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို ပိုပြီးတော့ ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။
၂။ အားသာချက်တွေကို ပိုကောင်းမွန်လာစေနိုင်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးတိုးတက်စေမယ့် အစီအစဉ်က မင်းရဲ့အားနည်းချက်တွေကို တိုးတက်လာစေနိုင်ရုံသာမကပဲ အားသာချက်တွေကိုလဲ ပိုကောင်းမွန်လာစေနိုင်ပါတယ်။
မင်းရဲ့အားသာချက်တွေအပေါ်မှာ အသုံးချပြီး ပြုစုပျိုးထောင်ပေးဖို့ကို အချိန်ပေး အာရုံစိုက်လိုက်မယ်ဆိုရင် မင်းကတော့ တစ်ခုခုမှာ ကောင်းမွန်ရာကနေ အတော်ဆုံးဖြစ်လာနိုင်ပါတယ်။
မင်းတော်နေပြီးသားအရာတစ်ခုက ပိုကောင်းမွန်ကျွမ်းကျင်လာပြီး မင်းရဲ့ပန်းတိုင်တွေကို ပိုအလွယ်တကူရောက်သွားစေနိုင်ပါတယ်။
၃။ ယုံကြည်မှုကို မြင့်တက်စေနိုင်ပါတယ်။
မင်းရဲ့ကျွမ်းကျင်မှုတွေကို တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာက ယုံကြည်မှုပိုရှိလာစေဖို့ ခြေတစ်လှမ်းပိုနီးစပ်လာစေတာပါပဲ။
ပန်းတိုင်တစ်ခုကို ရောက်သွားတာနဲ့ ဘဝမှာ နောက်ထပ်ကျွမ်းကျင်မှုတစ်ခုကို ရောက်သွားတာပါပဲ။ ဒါဆိုရင် မင်းကိုယ်မင်း တော်တယ်ဆိုတဲ့အသိစိတ် ဝင်လာနိုင်ပါတယ်။
မင်းယုံကြည်မှုမရှိတဲ့ဘဝကို ပိုကောင်းမွန်အောင်ကြိုးစားလေလေ မင်းရဲ့ယုံကြည်မှုအဆင့်က ပိုပြီးတော့ မြင့်တက်လာနိုင်လေလေပါပဲ။
၄။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စွမ်းတိုးတက်လာစေနိုင်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေဖို့ဆိုတာက ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်မှုနဲ့ ဆက်စပ်နေပါတယ်။
မင်းဘဝမှာ ဘာတွေတိုးတက်အောင်လုပ်ဖို့ လိုအပ်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း သုံးသပ်နိုင်ပါတယ်။
မင်းဘယ်လိုလူလဲဆိုတာနဲ့ မင်းရဲ့စစ်မှန်တဲ့တန်ဖိုးတွေ ဘဝမှာဘာတွေဖြစ်ချင်လဲဆိုတာတွေကို မင်းကသိလာရပါတယ်။
ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ လုပ်ဆောင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို သတိထားမိလာပြီး ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စွမ်းလည်း မြင့်မားလာပါတယ်။

Translator : Su Mon

 

Career

Leave a Reply

Your email address will not be published. Required fields are marked *