“လုပ်ငန်းခွင်က စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ”

*** Unicode ***

#POINT #PointYouthPlatform

စိန်ခေါ်မှုအသစ်မရှိတဲ့ ဘဝက ပျင်းစရာကောင်းလှပါတယ်။ သင်ရင်ဆိုင်နေရတဲ့ အသစ်သစ်သော အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက သင့်ဘဝကို ပိုပြီး အတွေ့ကြုံရှိအောင်၊ ပိုပြီး ရင့်ကျက်လာအောင် ကူညီပေးပါတယ်။သင်က ဘယ်လိုပဲ ပြင်ဆင်ထားထား၊ စီစဉ်ထားထား ကိစ္စမရှိပါဘူး။

အခက်အခဲတွေက အမြဲတမ်း သင်သွားတဲ့ လမ်းတစ်လျှောက် လိုက်လာကာ၊ သင့်ရဲ့ သက်တောင့်သက်သာ နေရာကနေ လှမ်းထွက်လာအောင် တွန်းအားပေးမှာ ဖြစ်ပြီး၊ သူတို့ကို ဖြေရှင်းဖို့ တစ်ခုခုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ၊ သင်လုပ်ရမယ့် ပထမဆုံးအရာက သင်မဆောင်ရွက်ခင်၊ စဉ်းစားနိုင်အောင် ခဏရပ်ပြီး အသက်ပြင်းပြင်း ရှုဖို့ပါပဲ။

လုပ်ငန်းခွင်မှာ စိန်ခေါ်မှုတွေ ရှိလာတဲ့အခါ ကျော်ဖြတ်နိုင်အောင် လုပ်ဆောင်ရမယ့် အချက်မှာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ပြဿနာ ဇစ်မြစ်ကို ရှာဖွေပါ။

ပထမဆုံးလုပ်ရမယ့်အရာက ပြဿနာ ဇစ်မြစ်ကို ရှာဖွေဖို့ပါပဲ။ ပြဿနာရဲ့ ဇစ်မြစ်ကို သိရအောင် မေးခွန်းတွေ မေးပြီး စတင်ပါ။ အဲ့ဒိနောက်၊ ပြဿနာကို ဖော်ထုတ်ပြီး၊ သင်တကယ်နားလည်လားဆိုတာ စစ်ဆေးဖို့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ရှင်းပြပါ။ ပြဿနာကို ပိုနားလည်ပြီး သင့်ကိုကူညီနိုင်မယ့် တစ်ယောက်ယောက်ကို ပြောပြပါ။ ပြဿနာကို နားလည်ခြင်းက ပြဿနာကို ဖြေရှင်းဖို့ ပထမအဆင့်ပါပဲ။

(၂) ပြဿနာကို အသေးအဖွဲဖြစ်အောင် ခွဲခြမ်းပစ်ပါ။

ပြဿနာကြီးတစ်ခုကို ကိုင်တွယ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် အစိတ်အပိုင်း သေးသေးလေးတွေအဖြစ် ခွဲခြားလိုက်ရင်တော့ သေးငယ်တဲ့ ပြဿနာတွေကို တစ်ခုပြီးတစ်ခု အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။

ပြဿနာကြီးတိုင်းမှာ အသေးအဖွဲ ပြဿနာလေးတွေ ပါဝင်နေပါတယ်။ ဒါကြောင့်၊ ဒီအသေးဖွဲ ပြဿနာတွေကို ခွဲခြားသတ်မှတ်ပြီး၊ အရင်ဆုံး သူတို့ကို ဖြေရှင်းရပါမယ်။

ဒီပြဿနာအသေးလေးတှွေကို ကိုင်တွယ်နိုင်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိလာပြီး၊ ပြဿနာကြီးတွေကိုလည်း ဖြေရှင်းနိုင်ပါလိ်မ့်မယ်။

(၃) တစ်ယောက်ယောက်စီက အကူညီရယူပါ။

ဘာလုပ်ရမယ်၊ ဘယ်လိုဆက်လုပ်သင့်လဲဆိုတာ မသေချာလို့ အကျပ်ရိုက်နေတဲ့အခါ တစ်ယောက်ယောက်ကို အကူညီတောင်းခံနိုင်ပါတယ်။ သင်နဲ့ အမြဲတွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် အထက်လူကြီးကို မေးမြန်းနိုင်ပါတယ်။

တကယ်လို့ သူတှို့ဆီက အကူညီမလိုချင်ရင်၊ ဒါမှမဟုတ် သင်က ကို်ယ့်ကုမ္ပဏီမှာ လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင်၊ အလားတူ အခက်ခဲကို ရင်ဆိုင်နေရတဲ့ ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းခေါ်ပါ။

သင့်ဘေးပတ်ဝန်းကျင်မှာလည်း အလားတူ ပြဿနာတွေ ရှိခဲ့ဖူးတယ်၊ သင်တစ်ယောက်တည်း အခက်အခဲတွေကို တွေ့ကြုံနေရတာ မဟုတ်ဘူးဆိုတာ သဘောပေါက် သွားပါလိမ့်မယ်။

(၄) စိန်ခေါ်မှုတိုင်းက အတွေ့ကြုံတွေ ရရှိစေတယ်။

စိန်ခေါ်မှုသစ်တွေမရှိတဲ့ ဘဝက ပျင်းစရာကောင်းလှပါတယ်။ သင်ရင်ဆိုင်နေရတဲ့ ပြဿနာသစ်တွေ၊ စိန်ခေါ်မှုအသစ်တိုင်းက သင့်ကို ပိုပြီး အတွေ့ကြုံရအောင်၊ ပိုပြီး ရင့်ကျက်အောင် ကူညီပေးပါတယ်။

ကြီးကြယ်တဲ့အရာတွေကို လုပ်ချင်တယ်ဆိုရင်၊ သင်သွားနေတဲ့လမ်းတစ်လျှောက်မှာ ရင်ဆိုင်ရမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင် အမြဲတမ်း ရှိတယ်ဆိုတာ သိရပါမယ်။ ဒါကြောင့် ကြီးမားတဲ့ အိပ်မက်တွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စိန်ခေါ်မှု အသစ်တွေကို ကြိုဆိုရပါမယ်။

Translator : Hsu Mi San

——————————————————————————————————————————

#POINT #PointYouthPlatform

စိန်ခေါ်မှုအသစ်မရှိတဲ့ ဘဝက ပျင်းစရာကောင်းလှပါတယ်။ သင်ရင်ဆိုင်နေရတဲ့ အသစ်သစ်သော အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက သင့်ဘဝကို ပိုပြီး အတွေ့ကြုံရှိအောင်၊ ပိုပြီး ရင့်ကျက်လာအောင် ကူညီပေးပါတယ်။
သင်က ဘယ်လိုပဲ ပြင်ဆင်ထားထား၊ စီစဉ်ထားထား ကိစ္စမရှိပါဘူး။ အခက်အခဲတွေက အမြဲတမ်း သင်သွားတဲ့ လမ်းတစ်လျှောက် လိုက်လာကာ၊ သင့်ရဲ့ သက်တောင့်သက်သာ နေရာကနေ လှမ်းထွက်လာအောင် တွန်းအားပေးမှာ ဖြစ်ပြီး၊ သူတို့ကို ဖြေရှင်းဖို့ တစ်ခုခုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ၊ သင်လုပ်ရမယ့် ပထမဆုံးအရာက သင်မဆောင်ရွက်ခင်၊ စဉ်းစားနိုင်အောင် ခဏရပ်ပြီး အသက်ပြင်းပြင်း ရှုဖို့ပါပဲ။ လုပ်ငန်းခွင်မှာ စိန်ခေါ်မှုတွေ ရှိလာတဲ့အခါ ကျော်ဖြတ်နိုင်အောင် လုပ်ဆောင်ရမယ့် အချက်မှာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁) ပြဿနာ ဇစ်မြစ်ကို ရှာဖွေပါ။
ပထမဆုံးလုပ်ရမယ့်အရာက ပြဿနာ ဇစ်မြစ်ကို ရှာဖွေဖို့ပါပဲ။ ပြဿနာရဲ့ ဇစ်မြစ်ကို သိရအောင် မေးခွန်းတွေ မေးပြီး စတင်ပါ။ အဲ့ဒိနောက်၊ ပြဿနာကို ဖော်ထုတ်ပြီး၊ သင်တကယ်နားလည်လားဆိုတာ စစ်ဆေးဖို့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ရှင်းပြပါ။ ပြဿနာကို ပိုနားလည်ပြီး သင့်ကိုကူညီနိုင်မယ့် တစ်ယောက်ယောက်ကို ပြောပြပါ။ ပြဿနာကို နားလည်ခြင်းက ပြဿနာကို ဖြေရှင်းဖို့ ပထမအဆင့်ပါပဲ။
(၂) ပြဿနာကို အသေးအဖွဲဖြစ်အောင် ခွဲခြမ်းပစ်ပါ။
ပြဿနာကြီးတစ်ခုကို ကိုင်တွယ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် အစိတ်အပိုင်း သေးသေးလေးတွေအဖြစ် ခွဲခြားလိုက်ရင်တော့ သေးငယ်တဲ့ ပြဿနာတွေကို တစ်ခုပြီးတစ်ခု အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။ ပြဿနာကြီးတိုင်းမှာ အသေးအဖွဲ ပြဿနာလေးတွေ ပါဝင်နေပါတယ်။ ဒါကြောင့်၊ ဒီအသေးဖွဲ ပြဿနာတွေကို ခွဲခြားသတ်မှတ်ပြီး၊ အရင်ဆုံး သူတို့ကို ဖြေရှင်းရပါမယ်။ ဒီပြဿနာအသေးလေးတွေွှကို ကိုင်တွယ်နိုင်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိလာပြီး၊ ပြဿနာကြီးတွေကိုလည်း ဖြေရှင်းနိုင်ပါလိ်မ့်မယ်။
(၃) တစ်ယောက်ယောက်စီက အကူညီရယူပါ။
ဘာလုပ်ရမယ်၊ ဘယ်လိုဆက်လုပ်သင့်လဲဆိုတာ မသေချာလို့ အကျပ်ရိုက်နေတဲ့အခါ တစ်ယောက်ယောက်ကို အကူညီတောင်းခံနိုင်ပါတယ်။ သင်နဲ့ အမြဲတွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် အထက်လူကြီးကို မေးမြန်းနိုင်ပါတယ်။ တကယ်လို့ သူတှို့ဆီက အကူညီမလိုချင်ရင်၊ ဒါမှမဟုတ် သင်က ကိ်ုယ့်ကုမ္ပဏီမှာ လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင်၊ အလားတူ အခက်ခဲကို ရင်ဆိုင်နေရတဲ့ ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းခေါ်ပါ။ သင့်ဘေးပတ်ဝန်းကျင်မှာလည်း အလားတူ ပြဿနာတွေ ရှိခဲ့ဖူးတယ်၊ သင်တစ်ယောက်တည်း အခက်အခဲတွေကို တွေ့ကြုံနေရတာ မဟုတ်ဘူးဆိုတာ သဘောပေါက် သွားပါလိမ့်မယ်။

(၄) စိန်ခေါ်မှုတိုင်းက အတွေ့ကြုံတွေ ရရှိစေတယ်။
စိန်ခေါ်မှုသစ်တွေမရှိတဲ့ ဘဝက ပျင်းစရာကောင်းလှပါတယ်။ သင်ရင်ဆိုင်နေရတဲ့ ပြဿနာသစ်တွေ၊ စိန်ခေါ်မှုအသစ်တိုင်းက သင့်ကို ပိုပြီး အတွေ့ကြုံရအောင်၊ ပိုပြီး ရင့်ကျက်အောင် ကူညီပေးပါတယ်။ ကြီးကြယ်တဲ့အရာတွေကို လုပ်ချင်တယ်ဆိုရင်၊ သင်သွားနေတဲ့လမ်းတစ်လျှောက်မှာ ရင်ဆိုင်ရမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင် အမြဲတမ်း ရှိတယ်ဆိုတာ သိရပါမယ်။ ဒါကြောင့် ကြီးမားတဲ့ အိပ်မက်တွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စိန်ခေါ်မှု အသစ်တွေကို ကြိုဆိုရပါမယ်။

Translator : Hsu Mi San

 

Career

Leave a Reply

Your email address will not be published. Required fields are marked *