သာမန်ဝန်ထမ်းထက် အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းခန့်သင့်တဲ့ အကြောင်းရင်း

*** Unicode ***

#POINT #PointYouthPlatform

Intrapreneurs တွေဟာ သာမန်ဝန်ထမ်းတွေနဲ့ လုံးဝကွဲပြားပါတယ်။ သူတို့မှာ တစ်မူထူးခြားတဲ့အတွေးအခေါ်တွေရှိပြီး သိသာထင်ရှားတဲ့ရလဒ်ကောင်းတွေရအောင် လုပ်ဆောင်ပေးကြပါတယ်။ အဖွဲ့အစည်းတစ်ခုကိုစတင်တည်ထောင်တဲ့အခါ အဖွဲ့ဝင်တိုင်းက intrapreneur စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။

ဝန်ထမ်းဆိုတာ စီမံအုပ်ချုပ်မှုအောက်မှာ နေထိုင်လိုသူ ဖြစ်ပါတယ်။ သူတို့ဟာ ရိုးရှင်းပြီး ထပ်တလဲလဲ လုပ်ရတဲ့အလုပ်တွေကိုသာ လုပ်ချင်ကြတယ်။ စွန့်စားရတဲ့အလုပ်တွေမှာ သင့်ရဲ့ဆုံးဖြတ်ချက်အတိုင်းသာ လိုက်လုပ်ကြပါတယ်။အကယ်၍ သင်ဟာ ဘာဂါဆိုင်ဖွင့်ပြီး ဘာဂါတွေလိုက်ဝေရုံသာ လူလိုအပ်တယ်ဆိုရင်တော့ သာမန်ဝန်ထမ်းရှိရင် လုံလောက်ပါတယ်။

သင့်ရဲ့အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေအပေါ် အခြေခံပြီး လုပ်ငန်းစမယ်ဆိုရင်တော့ ခိုင်းတာသာလုပ်တဲ့ ဝန်ထမ်းလောက်နဲ့မလုံလောက်တော့ပါဘူး။ သာမန်ဝန်ထမ်းလောက်နဲ့ကျေနပ်တဲ့ စီးပွားရေးလုပ်ငန်းမျိုးမရှိပါဘူး။သင့်အဖွဲ့ထဲကို ဝန်ထမ်းသွင်းပေးပြီးပြီဆိုရင် စီမံခန့်ခွဲသူဖြစ်လာပါလိမ့်မယ်။ စီမံခန့်ခွဲခြင်းဆိုတာ အချိန်ပိုင်းအလုပ်ဖြစ်ပြီး စွန့်ဦးတီထွင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လုံးဝကွာခြားပါတယ်။

စီမံခန့်ခွဲသူတစ်ယောက်ဟာ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းအတွက် လုပ်ငန်းစဉ်တွေချမှတ်ပေးပြီး မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးရပါမယ်။ ချမှတ်ထားတဲ့လမ်းစဉ်တွေကို ဝန်ထမ်းတွေကောင်းကောင်းလိုက်နာရဲ့လားဆိုတာလည်း သိရှိဖို့လိုအပ်ပါတယ်။ စွန့်ဦးတီထွင်သူတွေအနေနဲ့ ခြေတစ်လှမ်းနောက်ဆုတ်ပြီး အမြင်ကျယ်ကျယ်နဲ့ ကြည့်ရှုဖို့လိုအပ်ပါတယ်။

နောက်တစ်နည်းပြောရရင်တော့ ဝန်ထမ်းတွေကို စီမံခန့်ခွဲနေရလျှင် စီးပွားရေးတိုးချဲ့ဖို့၊ အတွေးအခေါ်သစ်တွေကွန့်မြူးဖို့၊ ဝင်ငွေပိုရဖို့ကြိုးပမ်းချိန်တွေရှိတော့မှာ မဟုတ်ပါဘူး။ စီမံခန့်ခွဲဖို့သုံးလိုက်တဲ့အချိန်ဟာ အလဟဿဖြစ်သွားတာပါပဲ။ဆန့်ကျင်ဘက်အနေနဲ့ သင့်အဖွဲ့မှာ intarpreneur တွေ ရှိမယ်ဆိုရင် သူ့ကို သင်လိုချင်တဲ့ရလဒ်အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြသင့်ပါတယ်။

သူကလုပ်နိုင်တယ်ဆိုရင် ဖြစ်မြောက်အောင်လုပ်ပေးဖို့ နည်းလမ်းရှာပါ။ Intrapreneurတွေဟာ project (သို့) ဌာနတစ်ခုမှာဦးဆောင်ဦးရွက်ပြုရတဲ့ ခေါင်းဆောင်တွေပါပဲ။ ရလဒ်တွေကို နောက်ပြန်တွေးစဉ်းစားပြီး ဖြစ်မြောက်အောင် လုပ်ဆောင်ကြပါတယ်။ တစ်ခါမှမလုပ်ဖူးသေးတဲ့အရာတွေကိုလည်း နည်းလမ်းရှာပြီး ရအောင်ဖန်တီးယူကြပါတယ်။

စွန့်ဦးတီထွင်သူတွေအနေနဲ့ သင်ကိုယ်တိုင်သာ သင့်စီးပွားရေးမှာတာဝန်အရှိဆုံးသူ ဖြစ်ပါတယ်။ သင့်ရဲ့အဖွဲ့အစည်းမှာ စိတ်ကူးဉာဏ်ကောင်းတဲ့ intrapreneurတွေရှိမယ်ဆိုရင် သင့်ရဲ့အတွေးအခေါ်၊ အမြင် ၊လုပ်ဆောင်ရမယ့်တာဝန်တွေ၊ လမ်းကြောင်းတွေ၊ ပြီးစီးအောင်လုပ်ရမယ့်အချိန်တွေကို သေချာသိရှိအောင် လုပ်ပေးသင့်ပါတယ်။

ကိုယ်လိုချင်တဲ့အရာကို သေချာရှင်းပြမထားဘူးဆိုရင် ဝန်ထမ်းတွေဟာ နောက်ပိုင်းမှာစိတ်ရှုပ်ပြီး ထွက်သွားနိုင်ပါတယ်။ မှားယွင်းတဲ့ပစ်မှတ်နောက်လိုက်ရင်း အချိန်နဲ့စွမ်းအင်တွေအလကားဖြစ်ရတတ်ပါတယ်။Intrapreneurတွေရဲ့ ကောင်းတဲ့နောက်တစ်ချက်ကတော့ အထွေထွေအသုံးစရိတ်တွေလျော့ကျစေပါတယ်။

ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုနေရာမှာခန့်ပြီး မရင်းနှီးသေးတဲ့ project တစ်ခုလုပ်ခိုင်းရင် သူတို့ဟာကြောက်လန့်ပြီး နောက်ထပ်လူ(၁၀) ယောက်ကို ခန့်ခိုင်းဖို့ တောင်းဆိုပါလိမ့်မယ်။ Intrapreneurတွေဟာ သူတို့ဘာသာသူတို့ဖြေရှင်းဖို့ နည်းလမ်းတွေရှာဖွေနေတတ်ပြီး သင့်မှာရှိတဲ့ အရင်းအမြစ်တွေကို ပိုတိုးပွားအောင်ပြုလုပ်ပေးနိုင်ပါတယ်။

Translator : Su Myat

—————————————————————————————————————————–

#POINT #PointYouthPlatform

Intrapreneurs တွေဟာ သာမန်ဝန်ထမ်းတွေနဲ့ လုံးဝကွဲပြားပါတယ်။ သူတို့မှာ တစ်မူထူးခြားတဲ့အတွေးအခေါ်တွေရှိပြီး သိသာထင်ရှားတဲ့ရလဒ်ကောင်းတွေရအောင် လုပ်ဆောင်ပေးကြပါတယ်။ အဖွဲ့အစည်းတစ်ခုကိုစတင်တည်ထောင်တဲ့အခါ အဖွဲ့ဝင်တိုင်းက intrapreneur စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။

ဝန်ထမ်းဆိုတာ စီမံအုပ်ချုပ်မှုအောက်မှာ နေထိုင်လိုသူ ဖြစ်ပါတယ်။ သူတို့ဟာ ရိုးရှင်းပြီး ထပ်တလဲလဲ လုပ်ရတဲ့အလုပ်တွေကိုသာ လုပ်ချင်ကြတယ်။ စွန့်စားရတဲ့အလုပ်တွေမှာ သင့်ရဲ့ဆုံးဖြတ်ချက်အတိုင်းသာ လိုက်လုပ်ကြပါတယ်။
အကယ်၍ သင်ဟာ ဘာဂါဆိုင်ဖွင့်ပြီး ဘာဂါတွေလိုက်ဝေရုံသာ လူလိုအပ်တယ်ဆိုရင်တော့ သာမန်ဝန်ထမ်းရှိရင် လုံလောက်ပါတယ်။ သင့်ရဲ့အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေအပေါ် အခြေခံပြီး လုပ်ငန်းစမယ်ဆိုရင်တော့ ခိုင်းတာသာလုပ်တဲ့ ဝန်ထမ်းလောက်နဲ့မလုံလောက်တော့ပါဘူး။ သာမန်ဝန်ထမ်းလောက်နဲ့ကျေနပ်တဲ့ စီးပွားရေးလုပ်ငန်းမျိုးမရှိပါဘူး။

သင့်အဖွဲ့ထဲကို ဝန်ထမ်းသွင်းပေးပြီးပြီဆိုရင် စီမံခန့်ခွဲသူဖြစ်လာပါလိမ့်မယ်။ စီမံခန့်ခွဲခြင်းဆိုတာ အချိန်ပိုင်းအလုပ်ဖြစ်ပြီး စွန့်ဦးတီထွင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လုံးဝကွာခြားပါတယ်။ စီမံခန့်ခွဲသူတစ်ယောက်ဟာ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းအတွက် လုပ်ငန်းစဉ်တွေချမှတ်ပေးပြီး မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးရပါမယ်။ ချမှတ်ထားတဲ့လမ်းစဉ်တွေကို ဝန်ထမ်းတွေကောင်းကောင်းလိုက်နာရဲ့လားဆိုတာလည်း သိရှိဖို့လိုအပ်ပါတယ်။ စွန့်ဦးတီထွင်သူတွေအနေနဲ့ ခြေတစ်လှမ်းနောက်ဆုတ်ပြီး အမြင်ကျယ်ကျယ်နဲ့ ကြည့်ရှုဖို့လိုအပ်ပါတယ်။
နောက်တစ်နည်းပြောရရင်တော့ ဝန်ထမ်းတွေကို စီမံခန့်ခွဲနေရလျှင် စီးပွားရေးတိုးချဲ့ဖို့၊ အတွေးအခေါ်သစ်တွေကွန့်မြူးဖို့၊ ဝင်ငွေပိုရဖို့ကြိုးပမ်းချိန်တွေရှိတော့မှာ မဟုတ်ပါဘူး။ စီမံခန့်ခွဲဖို့သုံးလိုက်တဲ့အချိန်ဟာ အလဟဿဖြစ်သွားတာပါပဲ။

ဆန့်ကျင်ဘက်အနေနဲ့ သင့်အဖွဲ့မှာ intarpreneur တွေ ရှိမယ်ဆိုရင် သူ့ကို သင်လိုချင်တဲ့ရလဒ်အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြသင့်ပါတယ်။ သူကလုပ်နိုင်တယ်ဆိုရင် ဖြစ်မြောက်အောင်လုပ်ပေးဖို့ နည်းလမ်းရှာပါ။ Intrapreneurတွေဟာ project (သို့) ဌာနတစ်ခုမှာဦးဆောင်ဦးရွက်ပြုရတဲ့ ခေါင်းဆောင်တွေပါပဲ။ ရလဒ်တွေကို နောက်ပြန်တွေးစဉ်းစားပြီး ဖြစ်မြောက်အောင် လုပ်ဆောင်ကြပါတယ်။ တစ်ခါမှမလုပ်ဖူးသေးတဲ့အရာတွေကိုလည်း နည်းလမ်းရှာပြီး ရအောင်ဖန်တီးယူကြပါတယ်။ စွန့်ဦးတီထွင်သူတွေအနေနဲ့ သင်ကိုယ်တိုင်သာ သင့်စီးပွားရေးမှာတာဝန်အရှိဆုံးသူ ဖြစ်ပါတယ်။ သင့်ရဲ့အဖွဲ့အစည်းမှာ စိတ်ကူးဉာဏ်ကောင်းတဲ့ intrapreneurတွေရှိမယ်ဆိုရင် သင့်ရဲ့အတွေးအခေါ်၊ အမြင် ၊လုပ်ဆောင်ရမယ့်တာဝန်တွေ၊ လမ်းကြောင်းတွေ၊ ပြီးစီးအောင်လုပ်ရမယ့်အချိန်တွေကို သေချာသိရှိအောင် လုပ်ပေးသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကို သေချာရှင်းပြမထားဘူးဆိုရင် ဝန်ထမ်းတွေဟာ နောက်ပိုင်းမှာစိတ်ရှုပ်ပြီး ထွက်သွားနိုင်ပါတယ်။ မှားယွင်းတဲ့ပစ်မှတ်နောက်လိုက်ရင်း အချိန်နဲ့စွမ်းအင်တွေအလကားဖြစ်ရတတ်ပါတယ်။

Intrapreneurတွေရဲ့ ကောင်းတဲ့နောက်တစ်ချက်ကတော့ အထွေထွေအသုံးစရိတ်တွေလျော့ကျစေပါတယ်။ ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုနေရာမှာခန့်ပြီး မရင်းနှီးသေးတဲ့ project တစ်ခုလုပ်ခိုင်းရင် သူတို့ဟာကြောက်လန့်ပြီး နောက်ထပ်လူ(၁၀) ယောက်ကို ခန့်ခိုင်းဖို့ တောင်းဆိုပါလိမ့်မယ်။ Intrapreneurတွေဟာ သူတို့ဘာသာသူတို့ဖြေရှင်းဖို့ နည်းလမ်းတွေရှာဖွေနေတတ်ပြီး သင့်မှာရှိတဲ့ အရင်းအမြစ်တွေကို ပိုတိုးပွားအောင်ပြုလုပ်ပေးနိုင်ပါတယ်။

Translator : Su Myat

Career

Leave a Reply

Your email address will not be published. Required fields are marked *