အလုပ်ပိုဖြစ်အောင် သင့် အီးမေးလ်ကို ဘယ်လို စီမံခန့်ခွဲမလဲ

*** Unicode ***

#POINT #PointYouthPlatform

ရုံးတွေ အလုပ်တွေမှာ အလုပ်လုပ်နိုင်စွမ်းကို အဆိုးဆုံးအနှောင့်အယှက်ပေးနေသည့်အရာတစ်ခုကို ပြောပြပါဆိုရင်တော့ Email တွေပဲဖြစ်မှာပါ။ ဒါဆိုရင် Email တွေကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်စီမံကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်။

၁။ Email တွေကို ပထမဆုံးစစ်နေတာတွေကို ရပ်တန့်လိုက်ပါ

ကိုယ်က လုပ်ငန်းခွင်ထဲမှာအာရုံအပြည့်အဝရပြီးအလုပ်မလုပ်ချင်ရင်တော့ Email တွေကို မနက်ခင်းရုံးရောက်ရောက်ချင်းမှာပဲ စစ်လိုက်ပါ။တကယ်လို့ ကိုယ်က အလုပ်ပိုလုပ်ချင်တယ် ပိုပြီးတော့လည်း အလုပ်တွင်ကျယ်ချင်ရင်တော့ Email တွေကို မနက်ခင်းမှာစစ်တတ်တဲ့ အလေ့အကျင့်ကို ဖျောက်လိုက်ပါ။မနက်ခင်းအစမှာပဲ Email တွေကိုစစ်ခြင်းက တခြားသော မရည်ရွယ်ထားတဲ့ အလုပ်ပိုတွေကို လုပ်ကိုင်ရနိုင်စေပါတယ်။ ဒါ့ကြောင့် မနက်ခင်းကို Email ကြောင့်တွေ့လာတဲ့အလုပ်တွေထက်စာရင် ကိုယ်နဂိုက ရည်ရွယ်ထားတဲ့ အလုပ်တွေကိုလုပ်ကိုင်ပြီး စတင်တာကအကောင်းဆုံးဖြစ်မှာပါ။

၂။ Notification ကို ပိတ်ထားပါ

တကယ်လို့ ကိုယ်ကအလုပ်လုပ်ဖို့စီစဉ်ထားတယ်ဆိုရင်တော့ Email ဝင်လို့ ဒါမှမဟုတ်လည်း တခြားတစ်ခုခုကြောင့်ဖြစ်လာတဲ့ Notification တွေကြောင့်တော့ စိတ်ရှုပ်မခံပါနဲ့။Notification အားလုံးကိုပိတ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။ အလုပ်လုပ်နေချိန်အတွင်းမှာ Email မှ ဒါမှမဟုတ်လည်း တခြားတစ်ခုကြောင့် Notification ကိုမြင်ရတာက သင့်ရဲ့အလုပ်အပေါ်မှာအာရုံစိုက်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေပါတယ်။

၃။ Email ကိုတစ်ချိန်တည်းစစ်ပါ

ကိုယ်ပထမဆုံးလုပ်ဆောင်ရမယ့် အလုပ်လုပ်ပြီးချိန်မှာတော Email စစ်ဖို့အချိန်ကို သတ်မှတ်ကာ Email ကို တစ်ချိန်တည်းစစ်တာက အကောင်းဆုံးပါပဲ။အဲ့လို Email စစ်နေချိန်မှာလည်း ဘယ်တစ်ခုကတော့ အရေးအကြီးဆုံးလဲ ဘယ်တစ်ခုကိုတော့ နောင်ပိုင်းမှပြန်ပို့နိုင်တယ်ဆိုပြီး ပိုင်းခြားသတ်မှတ်ခွဲခြားသင့်ပါတယ်။

၄။ Subscribe စာရင်းပေးသွင်းထားမှုတွေကို ပယ်ဖျက်ပါ

Website တွေ တခြား Blog တွေကနေအကြောင်းကြားစာ (Subscribe) လုပ်ဆောင်ထားမှုတွေကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။ တကယ်လို့ မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုရင်တောင် ကိုယ်အလုပ်က Email မဟုတ်ဘဲ တခြားသော Email တစ်ခုနှင့် အစားထိုးလုပ်ဆောင်သင့်ပါတယ်။ အဲ့လို လုပ်ဆောင်ခြင်းက သင့် Email ထဲကိုရောက်လာသော စာအရေအတွက်ကို သိသိသာသာလျော့ချစေနိုင်မှာပါ။

၅။ Email တွေ အစီစဉ်တကျဖြစ်စေဖို့ Sanebox ကို အသုံးပြုပါ

တကယ်လို့ ကိုယ့်ထဲကို Email တွေအများအပြားဝင်နေတယ်ဆိုရင်တော့ Sanebox လိုမျိုးအသုံးပြုပြီး Email တွေကို အစီစဉ်တကျဖြစ်အောင်လုပ်ဆောင်တာက ပိုမိုထိရောက်သလို အချိန်တိုအတွင်း Email အများစုကို ပြန်လည် ဖတ်ရှုနိုင်မှာပါ။Sanebox မှာပါဝင်သော ဂဏန်းသင်္ချာနှင့်ဆက်စပ်ပြီး နေရာချသည့် နည်းပညာက Email တစ်ခုချင်း၏ အရေးကြီးမှုကို ခွဲခြားထားပေးကာ အရေးမကြီးသော Email တွေကို ကိုယ့် Inbox ၏ အပြင်မှာပို့ဆောင်ပေးခြင်းအားဖြင့် ကိုယ်ပြန်လည်စစ်ဆေးရာမှာလည်း ပိုမိုလျှင်မြန်လာစေပါတယ်။

၆။ ကိုယ့်ရဲ့ဖိုင်တွေ အလုပ်ကိစ္စတွေသိမ်းဆည်းရန်အတွက် Cloud on ကိုအသုံးပြုပါ

Cloud မှာက Microsoft word, Excel နှင့် PowerPoint စသည်တို့ကို အသုံးပြုလုပ်ဆောင်နိုင်သည့်အတွက် သင့်ဖုန်း ဒါမှမဟုတ်လည်း iPad စသည်တို့နှင့်တောင် အလုပ်အတွက်ဖိုင်တွေကို ပြန်လည်တည်ဆောက်နိုင်မှာပါ။ထိုမျှသာမက အသုံးပြုသူတွေကလည်း Dropbox, Google drive နှင့် SkyDrive စသည့် အကောင့်တွေနှင့်လည်း ချိတ်ဆက်ထားနိုင်သည့်အတွက်ကြောင့် ဖိုင်တွေပျက်စီးသွားတယ်ဆိုရင်တောင်မှ ပြန်လည်ရယူနိုင်ပါတယ်။

Translator : Thiha Aung

#POINT #PointYouthPlatform

ရုံးတွေ အလုပ်တွေမှာ အလုပ်လုပ်နိုင်စွမ်းကို အဆိုးဆုံးအနှောင့်အယှက်ပေးနေသည့်အရာတစ်ခုကို ပြောပြပါဆိုရင်တော့ Email တွေပဲဖြစ်မှာပါ။ ဒါဆိုရင် Email တွေကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်စီမံကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်။
၁။ Email တွေကို ပထမဆုံးစစ်နေတာတွေကို ရပ်တန့်လိုက်ပါ
ကိုယ်က လုပ်ငန်းခွင်ထဲမှာအာရုံအပြည့်အဝရပြီးအလုပ်မလုပ်ချင်ရင်တော့ Email တွေကို မနက်ခင်းရုံးရောက်ရောက်ချင်းမှာပဲ စစ်လိုက်ပါ။
တကယ်လို့ ကိုယ်က အလုပ်ပိုလုပ်ချင်တယ် ပိုပြီးတော့လည်း အလုပ်တွင်ကျယ်ချင်ရင်တော့ Email တွေကို မနက်ခင်းမှာစစ်တတ်တဲ့ အလေ့အကျင့်ကို ဖျောက်လိုက်ပါ။
မနက်ခင်းအစမှာပဲ Email တွေကိုစစ်ခြင်းက တခြားသော မရည်ရွယ်ထားတဲ့ အလုပ်ပိုတွေကို လုပ်ကိုင်ရနိုင်စေပါတယ်။ ဒါ့ကြောင့် မနက်ခင်းကို Email ကြောင့်တွေ့လာတဲ့အလုပ်တွေထက်စာရင် ကိုယ်နဂိုက ရည်ရွယ်ထားတဲ့ အလုပ်တွေကိုလုပ်ကိုင်ပြီး စတင်တာကအကောင်းဆုံးဖြစ်မှာပါ။
၂။ Notification ကို ပိတ်ထားပါ
တကယ်လို့ ကိုယ်ကအလုပ်လုပ်ဖို့စီစဉ်ထားတယ်ဆိုရင်တော့ Email ဝင်လို့ ဒါမှမဟုတ်လည်း တခြားတစ်ခုခုကြောင့်ဖြစ်လာတဲ့ Notification တွေကြောင့်တော့ စိတ်ရှုပ်မခံပါနဲ့။
Notification အားလုံးကိုပိတ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။ အလုပ်လုပ်နေချိန်အတွင်းမှာ Email မှ ဒါမှမဟုတ်လည်း တခြားတစ်ခုကြောင့် Notification ကိုမြင်ရတာက သင့်ရဲ့အလုပ်အပေါ်မှာအာရုံစိုက်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေပါတယ်။

၃။ Email ကိုတစ်ချိန်တည်းစစ်ပါ
ကိုယ်ပထမဆုံးလုပ်ဆောင်ရမယ့် အလုပ်လုပ်ပြီးချိန်မှာတော Email စစ်ဖို့အချိန်ကို သတ်မှတ်ကာ Email ကို တစ်ချိန်တည်းစစ်တာက အကောင်းဆုံးပါပဲ။
အဲ့လို Email စစ်နေချိန်မှာလည်း ဘယ်တစ်ခုကတော့ အရေးအကြီးဆုံးလဲ ဘယ်တစ်ခုကိုတော့ နောင်ပိုင်းမှပြန်ပို့နိုင်တယ်ဆိုပြီး ပိုင်းခြားသတ်မှတ်ခွဲခြားသင့်ပါတယ်။
၄။ Subscribe စာရင်းပေးသွင်းထားမှုတွေကို ပယ်ဖျက်ပါ
Website တွေ တခြား Blog တွေကနေအကြောင်းကြားစာ (Subscribe) လုပ်ဆောင်ထားမှုတွေကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။ တကယ်လို့ မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုရင်တောင် ကိုယ်အလုပ်က Email မဟုတ်ဘဲ တခြားသော Email တစ်ခုနှင့် အစားထိုးလုပ်ဆောင်သင့်ပါတယ်။ အဲ့လို လုပ်ဆောင်ခြင်းက သင့် Email ထဲကိုရောက်လာသော စာအရေအတွက်ကို သိသိသာသာလျော့ချစေနိုင်မှာပါ။
၅။ Email တွေ အစီစဉ်တကျဖြစ်စေဖို့ Sanebox ကို အသုံးပြုပါ
တကယ်လို့ ကိုယ့်ထဲကို Email တွေအများအပြားဝင်နေတယ်ဆိုရင်တော့ Sanebox လိုမျိုးအသုံးပြုပြီး Email တွေကို အစီစဉ်တကျဖြစ်အောင်လုပ်ဆောင်တာက ပိုမိုထိရောက်သလို အချိန်တိုအတွင်း Email အများစုကို ပြန်လည် ဖတ်ရှုနိုင်မှာပါ။
Sanebox မှာပါဝင်သော ဂဏန်းသင်္ချာနှင့်ဆက်စပ်ပြီး နေရာချသည့် နည်းပညာက Email တစ်ခုချင်း၏ အရေးကြီးမှုကို ခွဲခြားထားပေးကာ အရေးမကြီးသော Email တွေကို ကိုယ့် Inbox ၏ အပြင်မှာပို့ဆောင်ပေးခြင်းအားဖြင့် ကိုယ်ပြန်လည်စစ်ဆေးရာမှာလည်း ပိုမိုလျှင်မြန်လာစေပါတယ်။
၆။ ကိုယ့်ရဲ့ဖိုင်တွေ အလုပ်ကိစ္စတွေသိမ်းဆည်းရန်အတွက် Cloud on ကိုအသုံးပြုပါ
Cloud မှာက Microsoft word, Excel နှင့် PowerPoint စသည်တို့ကို အသုံးပြုလုပ်ဆောင်နိုင်သည့်အတွက် သင့်ဖုန်း ဒါမှမဟုတ်လည်း iPad စသည်တို့နှင့်တောင် အလုပ်အတွက်ဖိုင်တွေကို ပြန်လည်တည်ဆောက်နိုင်မှာပါ။
ထိုမျှသာမက အသုံးပြုသူတွေကလည်း Dropbox, Google drive နှင့် SkyDrive စသည့် အကောင့်တွေနှင့်လည်း ချိတ်ဆက်ထားနိုင်သည့်အတွက်ကြောင့် ဖိုင်တွေပျက်စီးသွားတယ်ဆိုရင်တောင်မှ ပြန်လည်ရယူနိုင်ပါတယ်။

Translator : Thiha Aung

 

Career

Leave a Reply

Your email address will not be published. Required fields are marked *