Amazon၏ အမှတ်တံဆိပ်တည်ဆောက်ခြင်းနည်းဗျူဟာများ

*** Unicode ***

#POINT #PointYouthPlatform

သာမန်ဘတ္ထရီလေးတစ်ခုနဲ့စတင်ခဲ့တဲ့ Amazonဟာ ၂ဝဝ၉ခုနှစ်မှာ AmazonBasics လို့ခေါ်တဲ့ ဘရန်းအသစ်တစ်ခုနဲ့ လက်တစ်ဆုပ်စာပစ္စည်းလေးများကိုရောင်းချရင်း လုပ်ငန်းထဲကို တိတ်တဆိတ်ဝင်ရောက်လာခဲ့ပါတယ်။ အစောပိုင်းရောင်းချမှုများက သာမန်စတိုးဆိုင်များတွင် ဝယ်ယူနိုင်သည့် မထင်မရှားထုတ်ကုန်လေးများဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်းမီးကြိုးခွေများ နဲ့ ဘတ္ထရီများကို Energizer နှင့် Duracell စသည့်ဘရန်းများထက် ဈေးနှုန်း၃၀ ရာခိုင်နှုန်း လျော့ချပေးထားပါတယ်။

ရလဒ်များဟာ အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရပါတယ်။ နှစ်ပေါင်းအနည်းငယ်အတွင်းမှာ AmazonBasics ဟာ Energizer နဲ့ Duracell တို့ထက် ရောင်းအားပိုမိုကောင်းမွန်လာခဲ့ပြီး ဘတ္ထရီဈေးကွက်၏သုံးပုံတစ်ပုံကို ရယူထားနိုင်ခဲ့ပါတယ်။

Amazonရဲ့ Seattle ဌာနချုပ်မှာ ဒီအောင်မြင်မှုဟာ အားကျစရာဖြစ်နိုင်ချေတစ်ခုအထိ တိုးတက်လာခဲ့ပါတယ်။ အားထုတ်မှုအနည်းငယ်နဲ့ Amazon ဟာ ဘတ္ထရီဈေးကွက်မှာ ကြီးမားတဲ့အခန်းကဏ္ဍဍဖြစ်လာနိုင်ခဲ့ရင် ကုမ္ပဏီအတွက် ဘာတွေဖြစ်လာနိုင်မလဲ။Amazon site မှာ အမြဲလိုလိုဝင်ရောက်ကြည့်ရှုနေသူတစ်ယောက်ဆိုရင်တော့ ဒီမေးခွန်းကိုဖြေနိုင်မှာပါ။

လက်ရှိမှာ ကုမ္ပဏီကအွန်လိုင်းဈေးကွက်မှာ ကိုယ်ပိုင် Brand ၁ဝဝနီးပါးလောက်ကို ရောင်းချနေပြီဖြစ်ပါတယ်။ မနှစ်ကတစ်နှစ်ထဲမှာတင် Brand ပေါင်း ခြောက်ဆယ်ကျော်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Amazon brand အောက်မှာ ရောင်းချနေတဲ့ပစ္စည်းအနည်းငယ်ပဲရှိပါတယ်။

ကိုယ်ပိုင်ဘရန်းလုပ်ငန်းကို လုပ်ဆောင်လိုက်တာက Amazon အတွက် ပါးနပ်တဲ့ရွေ့တဲ့ကွက်တစ်ကွက်ဖြစ်ပါတယ်။ နောက်နှစ်နှစ်အတွင်းမှာ အမေရိကန်နိုင်ငံက အွန်လိုင်းရှော့ပင်းတစ်ဝက်လောက်ဟာ Amazon ရဲ့လက်အောက်ကို ရောက်ရှိသွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Amazon Prime အစီအစဉ်မှာ ဝင်ရောက်ဖို့ ဝယ်ယူသူတွေအတွက် မက်လုံးပေးတဲ့အနေနဲ့ Primeကဝယ်ယူသူတွေကပဲ Amazon ရဲ့ကိုယ်ပိုင်ထုတ်ကုန်အချို့ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။Amazonကတော့ ကိုယ်ပိုင်တံဆိပ်ကို ဖြည်းဖြည်းချင်းစတင်ခဲ့တာပါလို့ SunTrust ကအင်တာနက်နဲ့ဒီဂျစ်တယ်မီဒီယာသုတေသနပိုင်းဆိုင်ရာမန်နေဂျင်းဒါရိုက်တာ Youssef Squali ကပြောခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်ပိုင်လုပ်ငန်းအရွယ်အစားက ခန့်မှန်းထားတာထက် တကယ့်ရလဒ်ကနည်းပါးမယ်ထင်တာပဲလို့ ထပ်ပြောခဲ့ပါတယ်။ Amazonကတော့ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ မေးခွန်းအားလုံးကိုတုန့်ပြန်တဲ့အနေနဲ့ သူတို့ရဲ့ပန်းတိုင်ကတော့ ဝယ်ယူသူတွေအတွက် ထုတ်ကုန်တွေအများကြီးကို ဖြန့်ချိပေးသွားမယ်လို့ ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

Amazon က ကိုယ်ပိုင်တံဆိပ်နဲ့ပတ်သတ်ပြီး တစ်ဦးတည်း ဦးဆောင်နေတာတော့ မဟုတ်ပါဘူး။ Big-box လက်လီရောင်းချသူတွေဖြစ်တဲ့ Walmart တို့ Target တို့က အဝတ်အစားတွေမှာ ကိုယ်ပိုင်တံဆိပ်တွေနဲ့ အပြိုင်အဆိုင်စတင်ရောင်းချနေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ဒါပေမဲ့ Amazon က ကမ္ဘာ့ဈေးကွက်နေရာမှာ ထူးခြားစွာ နေရာယူထားပါတယ်။

၁၉၉၄ အစပိုင်းမှာထဲက Amazon က လက်လီရောင်းချဖို့လုပ်ထားခဲ့တာပါ။Amazon ဝယ်ယူသူတွေက ကိုယ်ပိုင်ထုတ်ကုန်တွေကို သဘောကျတာက ဈေးနှုန်းနည်းပါးမှုကြောင့်ပဲ မဟုတ်ပါဘူး။Amazon ကတော့ တခြားပြိုင်ဘက်တွေနဲ့မတူညီပဲ ဝယ်သူတွေကို ဦးတည်ပေးဖို့ရန် ဈေးကွက်စနစ်ဗဟုသုတတွေကို အသုံးချနေပါတယ်လို့ ကျွမ်းကျင်သူတွေပြောထားပါတယ်။

Amazon ရဲ့ ကိုယ်ပိုင်တံဆိပ်ထွက်ပေါ်လာမှုက နိုင်ငံတဝန်းက ဈေးကွက်လေးတွေမှာ အကျပ်ရိုက်မှုတွေဖြစ်လာစေပါတယ်။ Amazon က ဈေးကွက်ကိုမျှဝေပြီးတော့ အကျိုးအမြတ်ကိုခွဲပေးချင်ရင်တောင်မှ သန်းချီနေတဲ့ဝယ်ယူသူတွေရဲ့ရှေ့မှာ ရောက်နိုင်စေဖို့ သူတို့ကတော့ Amazon ရဲ့လက်အောက်မှာ ရောင်းချဖို့အပြင် ရွေးချယ်စရာမရှိခဲ့ပါဘူး။

ဒါပေမဲ့ Amazon က ကိုယ်ပိုင်တံဆိပ်ကို ကောင်းမွန်လာစေဖို့ သူ့ရဲ့အင်အားကို အသုံးပြုနေပေမဲ့ လုပ်ငန်းထိန်းချုပ်မှုအပိုင်းကိုမြင်ယောင်နိုင်တဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီးတော့ အငြင်းပွားမှုတွေ ရှိနေပါတယ်။Amazonကိုဆန့်ကျင်တဲ့ လုပ်ငန်းထိန်းချုပ်မှုအပိုင်းတွေ ဖြစ်လာနိုင်ချေရှိတယ်ထင်ပါတယ်လို့ Ohio ပြည်နယ် Cleveland-Marshall Collegeက ပရောက်ဖက်ဆာChris Sagers က ပြောကြားခဲ့ပါတယ်။

အီးမေးလ်တုန့်ပြန်မှုမှာ Amazonရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကမ္ဘာတစ်ဝန်းက လက်လီရောင်းချမှုတွေ ယှဉ်ပြိုင်မှုတွေနဲ့ တီထွင်ဖန်တီးမှုတွေက ဝယ်ယူသူတွေအတွက် ကောင်းမွန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။Brandအကြီးတွေက အနိုင်ရဖို့ မဖြစ်နိုင်တဲ့ တိုက်ပွဲတစ်ခုကို တိုက်ခိုက်တော့မှာလား။နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် ဈေးဝယ်သူတွေက Walmart ကစင်တန်းတွေကြားမှာ ကိုလာတွေ ကော်ဖီဘူးတွေကို ဝယ်ယူနေခဲ့ကြတာပါ။

ဒါပေမဲ့ အခုတော့ Amazon နဲ့ သူ့ရဲ့ လက်လီရောင်းချသူတွေက ကိုယ်ပိုင်တံဆိပ်အားထုတ်မှုတွေ တိုးလာနေပါပြီ။ Amazonအတွက် ဘယ်ထုတ်ကုန်တွေကို အစားထိုးရမလဲဆိုတာကို ဆုံးဖြတ်ဖို့ စမှတ်က Target တို့ Walmart တို့လို လက်လီရောင်းချသူတွေလုပ်ကိုင်နေတာနဲ့ သိပ်ပြီးတော့ မကွာခြားပါဘူး။

အွန်လိုင်းမှာ ရောင်းချနေတာတွေကို ကြည့်ပြီး ဒါကိုဈေးသက်သာအောင် ထုတ်လုပ်နိုင်မလားဆိုတာကို အဖြေရှာကြတာပါပဲ။သာမန်လက်လီရောင်းချသူတွေထက် Amazon ရဲ့ အားသာချက်က သူ့ရဲ့စနစ်ကရလာတဲ့အချက်အလက်တွေနဲ့သူ့ရဲ့ဗဟုသုတတွေပဲဖြစ်ပါတယ်။

Writer & Translator : Su Mon

————————————————————————————————————————–

#POINT #PointYouthPlatform

သာမန်ဘတ္ထရီလေးတစ်ခုနဲ့စတင်ခဲ့တဲ့ Amazonဟာ ၂၀ဝ၉ခုနှစ်မှာ AmazonBasics လို့ခေါ်တဲ့ ဘရန်းအသစ်တစ်ခုနဲ့ လက်တစ်ဆုပ်စာပစ္စည်းလေးများကိုရောင်းချရင်း လုပ်ငန်းထဲကို တိတ်တဆိတ်ဝင်ရောက်လာခဲ့ပါတယ်။ အစောပိုင်းရောင်းချမှုများက သာမန်စတိုးဆိုင်များတွင် ဝယ်ယူနိုင်သည့် မထင်မရှားထုတ်ကုန်လေးများဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်းမီးကြိုးခွေများ နဲ့ ဘတ္ထရီများကို Energizer နှင့် Duracell စသည့်ဘရန်းများထက် ဈေးနှုန်း၃၀ ရာခိုင်နှုန်း လျော့ချပေးထားပါတယ်။

ရလဒ်များဟာ အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရပါတယ်။ နှစ်ပေါင်းအနည်းငယ်အတွင်းမှာ AmazonBasics ဟာ Energizer နဲ့ Duracell တို့ထက် ရောင်းအားပိုမိုကောင်းမွန်လာခဲ့ပြီး ဘတ္ထရီဈေးကွက်၏သုံးပုံတစ်ပုံကို ရယူထားနိုင်ခဲ့ပါတယ်။

Amazonရဲ့ Seattle ဌာနချုပ်မှာ ဒီအောင်မြင်မှုဟာ အားကျစရာဖြစ်နိုင်ချေတစ်ခုအထိ တိုးတက်လာခဲ့ပါတယ်။ အားထုတ်မှုအနည်းငယ်နဲ့ Amazon ဟာ ဘတ္ထရီဈေးကွက်မှာ ကြီးမားတဲ့အခန်းကဏ္ဍဖြစ်လာနိုင်ခဲ့ရင် ကုမ္ပဏီအတွက် ဘာတွေဖြစ်လာနိုင်မလဲ။

Amazon site မှာ အမြဲလိုလိုဝင်ရောက်ကြည့်ရှုနေသူတစ်ယောက်ဆိုရင်တော့ ဒီမေးခွန်းကိုဖြေနိုင်မှာပါ။ လက်ရှိမှာ ကုမ္ပဏီကအွန်လိုင်းဈေးကွက်မှာ ကိုယ်ပိုင် Brand ၁၀ဝနီးပါးလောက်ကို ရောင်းချနေပြီဖြစ်ပါတယ်။ မနှစ်ကတစ်နှစ်ထဲမှာတင် Brand ပေါင်း ခြောက်ဆယ်ကျော်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Amazon brand အောက်မှာ ရောင်းချနေတဲ့ပစ္စည်းအနည်းငယ်ပဲရှိပါတယ်။

ကိုယ်ပိုင်ဘရန်းလုပ်ငန်းကို လုပ်ဆောင်လိုက်တာက Amazon အတွက် ပါးနပ်တဲ့ရွှေ့ကွက်တစ်ကွက်ဖြစ်ပါတယ်။ နောက်နှစ်နှစ်အတွင်းမှာ အမေရိကန်နိုင်ငံက အွန်လိုင်းရှော့ပင်းတစ်ဝက်လောက်ဟာ Amazon ရဲ့လက်အောက်ကို ရောက်ရှိသွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Amazon Prime အစီအစဉ်မှာ ဝင်ရောက်ဖို့ ဝယ်ယူသူတွေအတွက် မက်လုံးပေးတဲ့အနေနဲ့ Primeကဝယ်ယူသူတွေကပဲ Amazon ရဲ့ကိုယ်ပိုင်ထုတ်ကုန်အချို့ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Amazonကတော့ ကိုယ်ပိုင်တံဆိပ်ကို ဖြည်းဖြည်းချင်းစတင်ခဲ့တာပါလို့ SunTrust ကအင်တာနက်နဲ့ဒီဂျစ်တယ်မီဒီယာသုတေသနပိုင်းဆိုင်ရာမန်နေဂျင်းဒါရိုက်တာ Youssef Squali ကပြောခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်ပိုင်လုပ်ငန်းအရွယ်အစားက ခန့်မှန်းထားတာထက် တကယ့်ရလဒ်ကနည်းပါးမယ်ထင်တာပဲလို့ ထပ်ပြောခဲ့ပါတယ်။ Amazonကတော့ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ မေးခွန်းအားလုံးကိုတုန့်ပြန်တဲ့အနေနဲ့ သူတို့ရဲ့ပန်းတိုင်ကတော့ ဝယ်ယူသူတွေအတွက် ထုတ်ကုန်တွေအများကြီးကို ဖြန့်ချိပေးသွားမယ်လို့ ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

Amazon က ကိုယ်ပိုင်တံဆိပ်နဲ့ပတ်သတ်ပြီး တစ်ဦးတည်း ဦးဆောင်နေတာတော့ မဟုတ်ပါဘူး။ Big-box လက်လီရောင်းချသူတွေဖြစ်တဲ့ Walmart တို့ Target တို့က အဝတ်အစားတွေမှာ ကိုယ်ပိုင်တံဆိပ်တွေနဲ့ အပြိုင်အဆိုင်စတင်ရောင်းချနေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။

ဒါပေမဲ့ Amazon က ကမ္ဘာ့ဈေးကွက်နေရာမှာ ထူးခြားစွာ နေရာယူထားပါတယ်။ ၁၉၉၄ အစပိုင်းမှာထဲက Amazon က လက်လီရောင်းချဖို့လုပ်ထားခဲ့တာပါ။

Amazon ဝယ်ယူသူတွေက ကိုယ်ပိုင်ထုတ်ကုန်တွေကို သဘောကျတာက ဈေးနှုန်းနည်းပါးမှုကြောင့်ပဲ မဟုတ်ပါဘူး။

Amazon ကတော့ တခြားပြိုင်ဘက်တွေနဲ့မတူညီပဲ ဝယ်သူတွေကို ဦးတည်ပေးဖို့ရန် ဈေးကွက်စနစ်ဗဟုသုတတွေကို အသုံးချနေပါတယ်လို့ ကျွမ်းကျင်သူတွေပြောထားပါတယ်။

Amazon ရဲ့ ကိုယ်ပိုင်တံဆိပ်ထွက်ပေါ်လာမှုက နိုင်ငံတဝန်းက ဈေးကွက်လေးတွေမှာ အကျပ်ရိုက်မှုတွေဖြစ်လာစေပါတယ်။ Amazon က ဈေးကွက်ကိုမျှဝေပြီးတော့ အကျိုးအမြတ်ကိုခွဲပေးချင်ရင်တောင်မှ သန်းချီနေတဲ့ဝယ်ယူသူတွေရဲ့ရှေ့မှာ ရောက်နိုင်စေဖို့ သူတို့ကတော့ Amazon ရဲ့လက်အောက်မှာ ရောင်းချဖို့အပြင် ရွေးချယ်စရာမရှိခဲ့ပါဘူး။

ဒါပေမဲ့ Amazon က ကိုယ်ပိုင်တံဆိပ်ကို ကောင်းမွန်လာစေဖို့ သူ့ရဲ့အင်အားကို အသုံးပြုနေပေမဲ့ လုပ်ငန်းထိန်းချုပ်မှုအပိုင်းကိုမြင်ယောင်နိုင်တဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီးတော့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

Amazonကိုဆန့်ကျင်တဲ့ လုပ်ငန်းထိန်းချုပ်မှုအပိုင်းတွေ ဖြစ်လာနိုင်ချေရှိတယ်ထင်ပါတယ်လို့ Ohio ပြည်နယ် Cleveland-Marshall Collegeက ပရောက်ဖက်ဆာChris Sagers က ပြောကြားခဲ့ပါတယ်။

အီးမေးလ်တုန့်ပြန်မှုမှာ Amazonရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကမ္ဘာတစ်ဝန်းက လက်လီရောင်းချမှုတွေ ယှဉ်ပြိုင်မှုတွေနဲ့ တီထွင်ဖန်တီးမှုတွေက ဝယ်ယူသူတွေအတွက် ကောင်းမွန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Brandအကြီးတွေက အနိုင်ရဖို့ မဖြစ်နိုင်တဲ့ တိုက်ပွဲတစ်ခုကို တိုက်ခိုက်တော့မှာလား။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် ဈေးဝယ်သူတွေက Walmart ကစင်တန်းတွေကြားမှာ ကိုလာတွေ ကော်ဖီဘူးတွေကို ဝယ်ယူနေခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ Amazon နဲ့ သူ့ရဲ့ လက်လီရောင်းချသူတွေက ကိုယ်ပိုင်တံဆိပ်အားထုတ်မှုတွေ တိုးလာနေပါပြီ။ Amazonအတွက် ဘယ်ထုတ်ကုန်တွေကို အစားထိုးရမလဲဆိုတာကို ဆုံးဖြတ်ဖို့ စမှတ်က Target တို့ Walmart တို့လို လက်လီရောင်းချသူတွေလုပ်ကိုင်နေတာနဲ့ သိပ်ပြီးတော့ မကွာခြားပါဘူး။ အွန်လိုင်းမှာ ရောင်းချနေတာတွေကို ကြည့်ပြီး ဒါကိုဈေးသက်သာအောင် ထုတ်လုပ်နိုင်မလားဆိုတာကို အဖြေရှာကြတာပါပဲ။

သာမန်လက်လီရောင်းချသူတွေထက် Amazon ရဲ့ အားသာချက်က သူ့ရဲ့စနစ်ကရလာတဲ့အချက်အလက်တွေနဲ့သူ့ရဲ့ဗဟုသုတတွေပဲဖြစ်ပါတယ်။

Writer & Translator : Su Mon

 

Career

Leave a Reply

Your email address will not be published. Required fields are marked *