ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ အောင်မြင်စေဖို့ အကြံပေးချက် (၇) ချက်

#POINT #PointYouthPlatform

လွန်ခဲ့တဲ့ တစ်နှစ်လောက်က၊ “ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက အမျိုးသမီးများ” ကဏ္ဍမှာ ကျွန်မရဲ့ နောက်ဆုံး စီမံကိန်း ပြီးမြောက်မှုကို တင်ပြဖို့ နဲ့၊ စိ်န်ခေါ်မှုတွေ၊ စွန့်စားမှုတွေကို ဘယ်လိုကိုင်တွယ်ခဲ့လဲ၊ ဒီအခြေအနေတွေကို ထည့်တွက်ပြီး စီမံကိန်းကို ဘယ်လိုအောင်မြင်အောင် လုပ်နိ်ုင်ခဲ့လဲ စတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်တဲ့ ကျွန်မရဲ့ အတွေ့အကြုံကို ဝေမျှပေးဖို့ တောင်းဆိုကြပါတယ်။
ကျွန်မရဲ့ တင်ပြမှုက နည်းပညာနဲ့ စီမံကိန်း ကွပ်ကဲမှု လိုအပ်ချက်တွေကို ခြုံငုံမိစေပါတယ်။ ဒါပေမယ့် ဒီတင်ပြချက်က အစစ်မှန်ဖြစ်ဖို့ လိုသေးတယ်လို့ ခံစားရတယ်။ဒါကြောင့်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်က မိန်းမသားတစ်ယောက်အကြောင်း ပြောပြပေးဖို့ ဆုုံးဖြတ်လိုက်ပါတယ်။
တိတိကျကျပြောရရင်၊ အလားအလာကောင်းပြီး စိန်ခေါ်မှုများတဲ့ ဒီနယ်ပယ်မှာ အောင်မြင်ဖို့ ဘာတွေ ဆောင်ရွက်ရမလဲဆိုတာပေါ့။ အမျိုးသမီးတွေ ဒီလို နယ်ပယ်မှာ ဘယ်လိုထူးချွန်နိုင်တယ်၊ ဘာကြောင့်လဲဆိုတာ ကျွန်မအမြင်ကို ဝေမျှပါရစေ။
အမျိုးသမီးများနဲ့ ပတ်သတ်တဲ့ ပင်ကိုအရည်အချင်းများနဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ အရည်အချင်းတွေကို ကျွန်မတို့ ဘယ်လို အသုံးချလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) အလိုလိုသိခြင်း
အလိုလိုသိတာက အလွန်းလေးနက်ပြီး သဘာဝကျတဲ့အရာဖြစ်ပါတယ်။ အမျိုးသမီးတွေက ထုံးစံအတိုင်း ထက်မြက်တဲ့ အရည်အချင်း (သို့) ဝမ်းတွင်းသိ ရှိကြတယ်လို့ လူသိများပါတယ်။ မကြာမကြာ ဒီအသိကို ယုံမှားဖွယ်ရှိတဲ့ အခြေနေတွေကို ခန့်မှန်းဖို့နဲ့ လက်ဦးမှု ရယူဖို့ အသုံးပြုကြပါတယ်။ ကျွန်မတို့မှာ အတွေ့အကြုံများလာလေ၊ ဒီအသိစိတ်က အားကောင်းလာလေပါပဲ။ အောင်မြင်တဲ့ စီမံကိန်းတစ်ခု ဖြစ်အောင် ဆန်းစစ်ရတဲ့ အန္တရာယ်များတဲ့ စီမံမှုတွေမှာ ဒီအသိကို ကျွန်မတို့ အသုံးချကြပါတယ်။
(၂) မဆုတ်မနစ် ကြိုးပမ်းမှု

ပင်ကိုယ် သဘာဝအရပါပဲ။ ဒါကို ဘယ်သူက ငြင်းပယ်နိုင်မှာလဲ။ ကျွန်မတို့က အဖြေအတွက် “No”ဆိုတာ သိပ်မလုပ်တတ်ကြပါဘူး။ ကျွန်မတို့က ကိုယ်လိုချင်တာ ရအောင်ယူဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြံစည် အားထုတ်ကြတဲ့ ပညာရှင်တွေ ဖြစ်ကြပါတယ်။ အဲဒါကြောင့် စီမံကိန်းတွေကို ဦးဆောင်နေရတဲ့ အမျိုးသမီးတွေက သူတို့ရဲ့အဖွဲ့ကို စိန်ခေါ်မှုတွေ ရောက်လာတဲ့အခါ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ ဘယ်တော့မှ လက်မလျှော့ရမယ့် အရည်အသွေးကို လက်ဆင့်ကမ်းပေးထားပါတယ်။
(၃) တာဝန်ယူမှု များပြားခြင်း
ကျွန်မတို့က စကားပြောတာ၊ အီးမေးလ်ပို့တာ၊ ဖုန်းခေါ်တာကို တစ်ပြိုင်တည်း လုပ်နိုင်တယ်ဆိုတာ အသက်အရွယ် တစ်လျှောက် သက်သေပြပြီးပါပြီ။ ဒါက အမှန်ပဲလို့ မဆိုလိုပါဘူး။ အထူးသဖြင့် စီမံကိန်း ကွပ်ကဲမှု မရှိမဖြစ် လိုအပ်သော၊ အရွယ်အစားကြီးမားပြီး၊ ရှုပ်ထွေးတဲ့ စီမံကိန်းတွေက များပြားပြီး မတူညီတဲ့ အလုပ်တန်းများ စီမံမှု၊ မတူညီတဲ့ အဖွဲ့ဝင်များ၊ အန္တရာယ်ကို ကိုင်တွယ်နိုင်တာ စတာတို့ကိုလိုအပ်ပါတယ်။


(၄) အားနွဲ့မှု
ဒါက ပျော့ညံ့တာ မဟုတ်ပါဘူး။ ဒါက ပတ်ဝန်းကျင်ကို နားစွင့်ကာ၊ နားလည်ပေးတာ၊ ကွဲပြားတဲ့ အနေအထားတွေ၊ စိန်ခေါ်မှုတွေနဲ့ စွန့်စားမှုတွေကို လက်ခံတာ စတဲ့ စစ်မှန်ပွင့်လင်းတဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေက ဆန်းသစ်တဲ့ စိတ်ကူးသစ်တွေ ရှိတဲ့အတွက် လူသိများပါတယ်။ ဒါကတော့ သူတို့ရဲ့ ပွင့်လင်းတဲ့ စိတ်ဓာတ်နဲ့ နှလုံးသား ရှိတဲ့အတွက်ပါပဲ။
(၅) အသေးစိတ် လုပ်ဆောင်တတ်ခြင်း
ဥပမာအဖြစ် အဝတ်ဗီရိုတွေ စဉ်းစားကြည့်ပါ။ ရိုးရှင်းတာတွေပဲ ကျွန်မတို့ အသားပေး ထည့်ပါတယ်။ ပါတီသွားဖို့ ဝတ်စုံတွေ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးက ပွဲတိုးတဲ့ အဝတ်တွေ မဟုတ်ပါဘူး။ အသေးဖွဲလေးတွေကို အာရုံစိုက်တာက ဆောက်လုပ်ရေးမှာ အရေးကြီးပါတယ်။ အထူးသဖြင့် စာရွက်ပေါ်က ဆွဲထားတဲ့ ပုံကို တည်ဆောက်တဲ့အခါ၊ စိတ်ကူးသေးသေးလေးကို ကြီးမားတဲ့ စီမံကိန်းအဖြစ် ပြောင်းလဲတဲ့အခါမှာပေါ့။ အသေးဖွဲက လက်စသတ်ဖို့ အရေးပါပြီး၊ အောင်မြင်အောင် ပို့ဆောင်ပေးပါတယ်။
(၆) အာရုံစိုက်မှု
ကျွန်မတို့က ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာနဲ့ တစ်ချိန်လုံး လိုက်ညှိကြတယ်။ စီမံကိန်းနဲ့ အချက်အလက်တွေ ဖြစ်စေ၊ ကျွန်မတို့နဲ့ အလုပ်တွဲလုပ်တဲ့ အဖွဲ့တွေနဲ့ပေါ့။ အမျိုးသမီးတွေက အမြဲတမ်း နားစွင့်နေတတ်ပါတယ်။ ကျွန်မတို့ လုပ်နေတဲ့အရာမှာ နှလုံးသားနဲ့ ဦးနှောက်ကို ချိတ်ဆက်ထားတဲ့ အတွက်ပါပဲ။ အဖွဲ့က ကျွန်မတို့ သူတို့ကို အလေးထားတယ်ဆိုတာ သိကြတယ်။ ဒါကြောင့် သူတိ်ု့လည်း သစ္စာရှိကြတယ်။ ကျွန်မတို့ စီမံမှုက သူတို့ဆီမှာ နှစ်မြုပ်ထားတယ်ဆိုတာ သိကြတယ်။ ဒါကြောင့် သူတို့ တန်ဖိုးထားကြပါတယ်။
(၇) ဆက်ဆံရေး တည်ဆောက်မှု
ဒါနဲ့ ဆက်စပ်နေတဲ့ မတူညီတဲ့ အမြင်တွေ များစွာရှိပါတယ်။ အဓိကအချက်ကတော့ အမျိုးသမီးတွေက သံတမန်ပရိယာယ်ကြွယ်ဝမှု၊ လူမှုဆက်ဆံရေးနဲ့ စိ်တ်ခံစားချက်ဆိုင်ရာ ပညာသားပါမှု နဲ့ မတူညီတဲ့ အဖွဲ့များကို ထိထိရောက်ရောက် စီမံနိုင်တဲ့ လိမ္မာပါးနပ်မှု စတာတွေကို ဖော်ထုတ် ပြသလိုကြပါတယ်။ ကျွန်မတို့က ကိုယ်လိုအပ်တာကို သိပြီးတော့၊ ဒီလိုမျိုး ပညာရှင်ဆိုင်ရာ ပန်းတိုင်တွေကို အောင်မြင်စေဖို့ ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိကြပါတယ်။ ဒီလိုပြောနိုင်တဲ့အပြင်၊ ကျွန်မတို့က ပြတ်သားပြီး၊ စိတ်ဓာတ်မာကြပါတယ်။ သက်ညာတတ်ပြီး လိုက်လျောညီထွေမှုလည်း ရှိကြပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်လိုမျိုး ကြမ်းတမ်းတဲ့ နယ်ပယ်ထဲမှာ အမျိုးသမီးတွေ ဘာကြောင့် အောင်မြင်နိုင်လဲဆိုတဲ့ အကြောင်းရင်း အနည်းငယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်၊ အမျိုးသမီးတွေက ခေါင်းဆောင်မှု နဲ့ စီမံမှုကြားက ကွဲပြားမှုကို ဖန်တီးနိုင်တဲ့ စိတ်ဓာတ်လှုပ်ဆော်ဖို့ အခွင့်ရေးကောင်း ရှိကြပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ အထွေထွေ စီမံကိန်းကွပ်ကဲမှုက ခေါင်းဆောင်ပိုင်း လိုအပ်လာပါတယ်။အခြားနယ်ပယ်တွေနဲ့ စီးပွားရေး လုပ်ငန်း အတော်များများမှာလည်း ဒါကို အသုံးချနိုင်တယ်လို့ ကျွန်မ ယုံကြည်တယ်။

Translator : Hsu Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *