ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဘယ်အရာက ပိုကောင်းသလဲ။

#POINT #PointYouthPlatform

ထက်မြတ်သောမန်နေဂျာတစ်ယောက်ဖြစ်ခြင်းက ပြတ်သားခိုင်မာသောခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေအားလုံးက အပေါ်က အရည်အသွေးနှစ်မျိုးစလုံးကို လုပ်ကိုင်ဆောင်ရွက်နိုင်သော သူတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်နေကြသလို အဲ့လို အရည်အသွေးနှစ်မျိုးစလုံးကို ပိုင်ဆိုင်ဖို့ကြိုးစားနေခြင်းက ကျွန်တော်တို့ကို ပျက်ဆီးစေနိုင်ပါတယ်။

ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုကြားက မတူညီမှုတွေကို သိခြင်းက အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ကိုယ့်ရဲ့လုပ်ငန်းတာဝန်ကို နားလည်စေဖို့ အထောက်အကူပြုပါတယ်။ အဲ့လိုမတူညီမှုတွေကို သတိပြုခြင်းအားဖြင့်ကိုယ့်ရဲ့ အစွမ်းအစတွေကို မြှင့်တင်ပေးနိုင်စေသလို အလားအလာကောင်းတွေကိုလည်း ပိုင်ဆိုင်လာနိုင်စေပါတယ်။ မန်နေဂျာတစ်ယောက်နဲ့ ခေါင်းဆောင်တစ်ယောက်ကို ဘာတွေက ပိုင်းခြားထားတယ်ဆိုတာကို သိခြင်းက ခေါင်းဆောင်မှုအရည်အသွေးနှင့် စီမံခန့်ခွဲမှုအရည်အသွေးတွေကို တပြေးညီမျှမျှတတဖြစ်အောင် ဘယ်လိုလုပ်ကိုင်ရယူရမယ်ဆိုတာကိုလည်း သိရှိနားလည်စေပါတယ်။

အခုဆောင်းပါးမှာတော့ ကျွန်တော် ခေါင်းဆောင်နှင့် မန်နေဂျာကြားက တူညီမှုတွေနှင့် မတူညီမှုတွေကို ဖော်ပြမှာဖြစ်ပြီး အဲ့အရည်အသွေးနှစ်မျိုးစလုံး အကောင်းဆုံးအခြေအနေရရှိလာစေအောင် ဘယ်လို လုပ်နိုင်သလည်းဆိုတဲ့အချက်တွေကို ဖော်ပြပေးသွားမှာပါ။

ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုတာ ဘာလဲ။

ခေါင်းဆောင်မှုဆိုတာ ဘာလဲ။

ခေါင်းဆောင်မှုအရည်အသွေးဟာ တခြားသူတွေဆီကို အကူအညီပေးတတ်သော အရည်အသွေးတွေမှ ဖြစ်ပေါ်လာတာပါ။ အဲ့လိုလွှမ်းမိုးနိုင်သော အရည်အချင်းတွေနဲ့ပဲ နဂိုရှိရင်းစွဲအနေအထားတွေကို စိန်ခေါ်မှုပြုလုပ်သလို စိတ်ကူးဖန်တီးမှုတွေကိုလည်း လမ်းညွှန်ပြသပေးပါတယ်။ Ducker ပြောဖူးတာတစ်ခုရှိပါတယ် “ခေါင်းဆောင်တွေက ပိုကောင်းသော အပြောင်းအလဲတွေလုပ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်တတ်ကြပါတယ်” ဆိုတာပါပဲ။ Peter Ducker ကခေါင်းဆောင်တစ်ယောက်ကို အခုလိုပဲ အဓိပ္ပာယ်ဖော်ပြခဲ့ပါတယ်။

“ခေါင်းဆောင်တစ်ယောက်၏ အဓိက သတ်မှတ်ချက်တစ်ခုကတော့ နောက်လိုက်၊ လိုက်နာမယ့်လူရှိခြင်းပါပဲ။ အဲ့လိုနောက်လိုက်တွေရှိရန်အတွက်တော့ လွှမ်းမိုးနိုင်စွမ်းတွေလိုအပ်ပါတယ်။ အဲ့လိုလွှမ်းမိုးနိုင်စွမ်းတွေကို ရရှိစေရာမှာလည်း ရိုးသားဖြောင့်မတ်မှုမရှိပဲ လုပ်ကိုင်ဆောင်ရွက်လို့မရပါဘူး”

စီမံခန့်ခွဲမှုဆိုတာ ဘာလဲ။

မန်နေဂျာတွေ၏ အဓိကတာဝန်ကတော့ မူဝါဒတွေနည်းလမ်းဆောင်ရွက်မှုတွေကို ဝန်ထမ်းတွေ လိုက်နာစေရန် လုပ်ကိုင်ဆောင်ရွက်စေရန် ခိုင်းစေရခြင်းပဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေလုပ်ကိုင်နေသော ဦးတည်ချက်တွေကို ပြည့်မှီအောင်ဆောင်ရွက်ခြင်းတွေလည်း ပါဝင်ပါတယ်။ မန်နေဂျာတွေဟာ အလုပ်အတွက် တာဝန်ရှိသလို လုပ်ကိုင်ဆောင်ရွက်နိုင်သူတွေလည်းဖြစ်ပါတယ် ဒါပေမယ့်လည်း သူတို့ရဲ့လုပ်ဆောင်နိုင်သော အခြေအနေတွေကိုတော့ အဖွဲ့အစည်းရဲ့ စည်းကမ်းတွေက ကန့်သတ်ထားပါတယ်။

မန်နေဂျာတွေဟာ သူတို့ရဲ့စီမံခန့်ခွဲမှုတာဝန်တွေကို အတိအကျသတ်မှတ်ထားခြင်းခံရသူတွေဖြစ်ပြီး အဓိကအရေးကြီးသောအပိုင်းတွေဖြစ်သည့် စီမံကိန်းရေးဆွဲခြင်း၊ ငွေစာရင်းအခြေအနေ၊ အဖွဲ့အစည်းအတွင်းနေရာချခြင်း၊ ရုံးအလုပ်၊ ပြသနာအတွက် ဖြေရှင်းခြင်းနှင့် စီမံခန့်ခွဲမှုတွေကနေ အလုပ်၏ မျှော်မှန်းထားသော ရည်မှန်းချက်တွေရောက်အောင် ဆောင်ရွက်ပေးရသူတွေဖြစ်ပါတယ်။

Translator : Thiha Aung

Career

Leave a Reply

Your email address will not be published. Required fields are marked *